Saturday, June 29, 2019

ကလစ္ကေလး တခ်က္ႏွိပ္လိုက္တာနဲ႔ ပုံေပၚကအဝတ္ေတြ ကြာက်သြားတယ္၊ (ကလစ်ကလေး တချက်နှိပ်လိုက်တာနဲ့ ပုံပေါ်ကအဝတ်တွေ ကွာကျသွားတယ်၊)

Deepnude ပ႐ိုဂရမ္ေရးသူက ျပန္ၿပီး ျဖဳတ္ခ်လိုက္ပါၿပီ။

အမ်ိဳးသမီးတေယာက္ရဲ႕ဓါတ္ပုံကို app ထဲမွာ ဖြင့္လိုက္တယ္
ကလစ္ကေလး တခ်က္ႏွိပ္လိုက္တာနဲ႔ ပုံေပၚကအဝတ္ေတြ ကြာက်သြားတယ္၊
တခဏအတြင္း သူမပုံက အဝတ္ေတြ မပါတဲ့ ကိုယ္လုံးတီးျဖစ္သြားတယ္။
စိတ္ဝင္စားစရာေကာင္းတယ္မထင္ဘူးလား။
ဒီေနရာမွာ ကိုယ့္မိသားစုဝင္ တေယာက္ေယာက္ အေမ၊ ႏွမ၊ အမ၊ ဇနီးမယား သို႔မဟုတ္ ကိုယ့္ ခ်စ္သူရဲ႕ပုံကို သူတပါးက ဒီလိုလုပ္ၾကည့္မယ္ဆို ဘယ္လိုေနမလဲ။
ပိုဆိုးတာက အမ်ိဳးသမီးေကာင္းေတြရဲ႕ပုံေတြကိုဒီလိုလုပ္ၿပီး အင္တာနက္မွာ တင္လိုက္ ျဖန႔္လိုက္မယ္ဆိုရင္ ဒါေတြကိုသုံးၿပီးေငြညႇစ္ၾကရင္ဘယ္ေလာက္ဆိုးသြားမလဲ။
သတ္ေသတဲ့ ဇာတ္လမ္းေတြေတာင္ ျဖစ္လာႏိုင္ပါတယ္။
A screenshot of a portion of the DeepNude website


Deepnude.com ဆိုတဲ့ ဝဘ္ဆိုဒ္မွာၿပီးခဲ့တဲ့ ဇြန္ခ ၂၃ရက္ကစလို႔ အဲဒီ app ကို ေဒၚလာ ၅၀ နဲ႔ ေရာင္းေနရာက ဝင္ေရာက္ၾကည့္ရႈသူမ်ားလို႔ ဆာဗာေတာင္ က်သြားခဲ့ရတယ္ ဆိုပါတယ္ ။ ဒီ app ကိုသုံးၿပီးမဟုတ္တာလုပ္မဲ့ ျပသနာေၾကာင့္ ပ႐ိုဂရမ္ေရးသူက ျပန္ၿပီး ျဖဳတ္ခ်လိုက္ပါၿပီ။
ဒါေပမယ့္ ျဖဳတ္မခ်မီ သူဘယ္ေလာက္ ေရာင္းခဲ့ရတယ္ဆိုတာေတာ့ မသိပါဘူး။
 ဒါမ်ိဳး app ေတြက ေမွာင္ခိုေဈးကြက္မွာ ေပါေပါေလာေလာ ျပန္ရနိင္တာျဖစ္လို႔ လုံးဝ ေပ်ာက္သြားတာမဟုတ္ပါဘူး။
ဒါမ်ိဳး app ေတြထပ္ေပၚလာရင္ အမ်ိဳးေကာင္းသမီးေတြရဲ႕ပုံေတြကို ျပဳျပင္ၿပီး ၿခိမ္းေျခာက္သူေတြ ေပၚလာႏိုင္ပါတယ္။
သိကၡာခ်တာ ေငြညႇစ္တာ၊ ၿခိမ္းေျခာက္ အၾကပ္ကိုင္တာ ေတြ လုပ္လာႏိုင္လို႔  အမ်ိဳးသမီးမ်ားအခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္သူေတြက စိုးရိမ္ၾကပါတယ္။

Deepnude ဆိုတာဘာလဲ 

ဒီ app အမ်ိဳးသမီးတေယာက္ပုံကို အေပၚက AI နည္းပညာနဲ႔ အဝတ္ေတြကို ဖယ္ၿပီး ဝတ္လစ္စလစ္လို႔ ျမင္ရေအာင္ လုပ္ေပးတာပါ။ app ထဲမွာစုထားတဲ့ ဝတ္လစ္စလစ္ပုံေတြကို သုံးတယ္ဆိုပါတယ္။
တကယ့္ ကာယကံရွင္ရဲ႕ ကိုယ္လုံးမဟုတ္ဘဲ ဆင္တူၿပီး အဝတ္မပါတဲ့ တျခားကိုယ္လုံးပုံနဲ႔ အစားထိုးလိုက္တာပါ။ ႐ုတ္တရက္ၾကည့္လိုက္ေတာ့ ဓါတ္ပုံပိုင္ရွင္ရဲ႕ပုံမွာ အဝတ္ေတြ ခြာခ်လိုက္သလို ျဖစ္သြားတယ္ဆိုပါတယ္။
AI နည္းပညာသုံးထားေတာ့ ကိုယ္လုံး၊ အသားအေရေတြ အေတာ္ နီးစပ္ေအာင္ ေ႐ြးေပးႏိုင္ပါတယ္။ မူရင္းပုံမွာ ပုံပိုင္ရွင္ရဲ႕ အသားအေရ ကိုျမင္ရတဲ့ ဧရိယာမ်ားလ်င္ (ဥပမာ ေရကူးဝတ္စုံနဲ႔ပုံ) ရလာဒ္က ပိုေကာင္းပါတယ္တဲ့။ ပုံေတြရဲ႕ အရည္အေသြးနဲ႔ လုပ္ထားပုံေတြကအေတာ္ကိုေသသပ္တယ္ဆိုပါတယ္။
ပုံရဲ႕ ဝဲဘက္ အထက္ေဒါင့္မွာ “"FAKE” ဆိုတဲ့ စာလုံးကို ထည့္ထားေပးေပမယ့္ အလြယ္တကူ ဖ်က္ပစ္လို႔ရတဲ့ ေနရာမွာ ရွိေနတာလို႔ ဆိုပါတယ္။
အမ်ိဳးသမီးပုံအတြက္ပဲ ျဖစ္လို႔ အမ်ိဳးသားပုံကို အပ္ထဲမွာ အဝတ္ခြာၾကည့္လိုက္ရင္ေတာ့ အကြဲေၾကာင္းကလေလးနဲ႔ ျဖတ္ေဖါက္ခ်ဳပ္ပုံထြက္လာမွာပါ။
Fake စာလုံးကို ထည့္ထားေပးေပမယ့္ အလြယ္တကူ ဖ်က္ပစ္လို႔ရ

အခုလည္း ပုံေတြကို ဖိုတိုေရွာ့နဲ႔ ျဖတ္ညႇပ္ကပ္ေတြ လုပ္လို႔ရေနတာပဲ ဘာထူးလဲလို႔ ေမးစရာရွိပါတယ္။ ဖိုတိုေရွာ့မွာပုံကိုျပင္တယ္ဆိုတာက ျပင္သူအေနနဲ႔ ျဖတ္၊ ကပ္မယ့္ ပုံနဲ႔ သင့္ေတာ္တဲ့ပုံကိုရွာရမယ္၊ အသားအေရ၊ အလင္းအေမွာင္၊ အပိန္အဝ စသျဖင့္ လုပ္ရတဲ့အဆင့္ေတြမ်ားလို႔ လူတိုင္းလည္းမလုပ္တတ္ပါဘူး။
Deepnude ကေတာ့ AI နည္းပညာကိုသုံးထားေတာ့  တခ်က္ကလစ္ႏွိပ္႐ုံနဲ႔ အေတာ္ကေလး ပီျပင္တဲ့ပုံရတယ္ဆိုပါတယ္။
အလြယ္တကူ လုပ္လို႔ရေတာ့ မဟုတ္တဲ့ေနရာမွာ အသုံးခ်ခ်င္သူေတြပိုမ်ားလာမွာပါ။

ကိုယ္ေဖ့ဘြတ္မွာ တင္ထားတဲ့ ကမ္းေျခမွာ ေလညႇင္းခံေနတဲ့ပုံကေလး အင္တာနက္မွာ ဝတ္လစ္စလစ္နဲ႔ ျပန႔္လာတယ္ဆိုတာမ်ိဳးျဖစ္လာရင္ေတာ့ မေတြးဝံ့စရာပါ။
အမ်ိဴသမီးမ်ားအေနတဲ့ တဦးတည္း တကိုယ္လုံးပါတဲ့ပုံေတြကိုအမ်ားျပည္သူေတြ႕လို႔ ကူးယူလို႔ရေအာင္ တင္လ်င္ သတိထားသင့္ပါတယ္။
ကိုယ့္ရဲ႕ ႏုပ်ိဳလွပမႉကို ျပခ်င္ရင္လဲ ဂ႐ုပုံတို႔ ကိုယ္တပိုင္းပုံတို႔
ထိုင္ေနတဲ့ပုံတို႔ေလာက္ဆိုရင္ေတာ့ သိပ္ျပသနာရွိမယ္မထင္ပါ။

ကိုကို၊ညီညီမ်ားကို သတိေပးပါရေစ ဒီလို app မ်ိဳး ေဈးေပါေပါနဲ႔ ေမွာင္ခိုေဈးကြက္မွာေတြ႕ရင္ ေဝးေဝးကေရွာင္ပါ၊ ဗိုင္းရပ္ေတြ ထ႐ိုဂ်န္ေတြနဲ႔ ျပည့္ေနတတ္ပါတယ္

ကိုယ္တင္ထားတဲ့ ကမ္းေျခမွာ လမ္းေလွ်ာက္ေနတဲ့ပုံကေလး အင္တာနက္မွာ ဝတ္လစ္စလစ္နဲ႔ ျပန႔္လာၿပီဆိုရင္ေတာ့ မေတြးဝံ့စရာပါ။
တဦးတည္း တကိုယ္လုံးပါတဲ့ပုံေတြကိုအမ်ားျပည္သူေတြ႕လို႔ ကူးယူလို႔ရေအာင္ မတင္တာေကာင္းပါတယ္။
ကိုယ့္ရဲ႕ ႏုပ်ိဳလွပမႉကို ျပခ်င္ရင္လဲ ႐ုပုံတို႔ ကိုယ္တပိုင္းပုံတို႔
ထိုင္ေနတဲ့ပုံတို႔ေလာက္ဆိုရင္ေတာ့ သိပ္ျပသနာရွိမယ္မထင္ပါ။

ဒီလို app  တခုစေပၚရင္ ေနာက္က တပုံတပင္ႀကီးလာၾကမွာ။
၂၀၁၇ တုန္းကလည္း deepkfake ဆိုတဲ့ အလားတူ app ေပၚလာလို႔  မီဒီယာေတြ ဥပေဒသမားေတြအလုပ္ရႈပ္သြားခဲ့ပါေသးတယ္။
တကယ္ေတာ့ နည္းပညာတိုးတက္မႈကို တလြဲသုံးမႈတခုပါ။
ဘာပဲျဖစ္ျဖစ္ သတိထားဆင္ျခင္ရမွာကေတာ့ ကိုယ့္တာဝန္ေပါ့ေလ။

ဖိုးသုည
29-6-19


Deepnude app ကိုပရိုဂရမ်ရေးသူက ပြန်ပြီး ဖြုတ်ချလိုက်ပါပြီ။

အမျိုးသမီးတယောက်ရဲ့ဓါတ်ပုံကို app ထဲမှာ ဖွင့်လိုက်တယ်
ကလစ်ကလေး တချက်နှိပ်လိုက်တာနဲ့ ပုံပေါ်ကအဝတ်တွေ ကွာကျသွားတယ်၊
တခဏအတွင်း သူမပုံက အဝတ်တွေ မပါတဲ့ ကိုယ်လုံးတီးဖြစ်သွားတယ်။
စိတ်ဝင်စားစရာကောင်းတယ်မထင်ဘူးလား။
ဒီနေရာမှာ ကိုယ့်မိသားစုဝင် တယောက်ယောက် အမေ၊ နှမ၊ အမ၊ ဇနီးမယား သို့မဟုတ် ကိုယ့် ချစ်သူရဲ့ပုံကို သူတပါးက ဒီလိုလုပ်ကြည့်မယ်ဆို ဘယ်လိုနေလဲ။
ပိုဆိုးတာက အမျိုးသမီးကောင်းတွေရဲ့ပုံတွေကိုဒီလိုလုပ်ပြီး အင်တာနက်မှာ တင်လိုက် ဖြန့်လိုက်မယ်ဆိုရင် ဒါတွေကိုသုံးပြီးငွေညှစ်ကြရင်ဘယ်လောက်ဆိုးသွားမလဲ။
သတ်သေတဲ့ ဇာတ်လမ်းတွေတောင် ဖြစ်လာနိုင်ပါတယ်။

Deepnude.com ဆိုတဲ့ ဝဘ်ဆိုဒ်မှာပြီးခဲ့တဲ့ ဇွန်ခ ၂၃ရက်ကစလို့ အဲဒီ app ကို ဒေါ်လာ ၅၀ နဲ့ ရောင်းနေရာက ဝင်ရောက်ကြည့်ရှုသူများလို့ ဆာဗာတောင် ကျသွားခဲ့ရတယ် ဆိုပါတယ် ။ ဒီ app ကိုသုံးပြီးမဟုတ်တာလုပ်မဲ့ ပြသနာကြောင့် ပရိုဂရမ်ရေးသူက ပြန်ပြီး ဖြုတ်ချလိုက်ပါပြီ။
ဒါပေမယ့် ဖြုတ်မချမီ သူဘယ်လောက် ရောင်းခဲ့ရတယ်ဆိုတာတော့ မသိပါဘူး။
 ဒါမျိုး app တွေက မှောင်ခိုဈေးကွက်မှာ ပေါပေါလောလော ပြန်ရနိင်တာဖြစ်လို့ လုံးဝ ပျောက်သွားတာမဟုတ်ပါဘူး။
ဒါမျိုး app တွေထပ်ပေါ်လာရင် အမျိုးကောင်းသမီးတွေရဲ့ပုံတွေကို ပြုပြင်ပြီး ခြိမ်းခြောက်သူတွေ ပေါ်လာနိုင်ပါတယ်
သိက္ခာချတာ ငွေညှစ်တာ၊ ခြိမ်းခြောက် အကြပ်ကိုင်တာ တွေ လုပ်လာနိုင်လို့  အမျိုးသမီးများအခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူတွေက စိုးရိမ်ကြပါတယ်။

 Deepnude ဆိုတာဘာလဲ

ဒီ app အမျိုးသမီးတယောက်ပုံကို အပေါ်က AI နည်းပညာနဲ့ အဝတ်တွေကို ဖယ်ပြီး ဝတ်လစ်စလစ်လို့ မြင်ရအောင် လုပ်ပေးတာပါ။ app ထဲမှာစုထားတဲ့ ဝတ်လစ်စလစ်ပုံတွေကို သုံးတယ်ဆိုပါတယ်။
တကယ့် ကာယကံရှင်ရဲ့ ကိုယ်လုံးမဟုတ်ဘဲ ဆင်တူပြီး အဝတ်မပါတဲ့ တခြားကိုယ်လုံးပုံနဲ့ အစားထိုးလိုက်တာပါ။ ရုတ်တရက်ကြည့်လိုက်တော့ ဓါတ်ပုံပိုင်ရှင်ရဲ့ပုံမှာ အဝတ်တွေ ခွာချလိုက်သလို ဖြစ်သွားတယ်ဆိုပါတယ်။
AI နည်းပညာသုံးထားတော့ ကိုယ်လုံး၊ အသားအရေတွေ အတော် နီးစပ်အောင် ရွေးပေးနိုင်ပါတယ်။ မူရင်းပုံမှာ ပုံပိုင်ရှင်ရဲ့ အသားအရေ ကိုမြင်ရတဲ့ ဧရိယာများလျင် (ဥပမာ ရေကူးဝတ်စုံနဲ့ပုံ) ရလာဒ်က ပိုကောင်းပါတယ်တဲ့။ ပုံတွေရဲ့ အရည်အသွေးနဲ့ လုပ်ထားပုံတွေကအတော်ကိုသေသပ်တယ်ဆိုပါတယ်။
ပုံရဲ့ ဝဲဘက် အထက်ဒေါင့်မှာ “"FAKE” ဆိုတဲ့ စာလုံးကို ထည့်ထားပေးပေမယ့် အလွယ်တကူ ဖျက်ပစ်လို့ရတဲ့ နေရာမှာ ရှိနေတာလို့ ဆိုပါတယ်။
အမျိုးသမီးပုံအတွက်ပဲ ဖြစ်လို့ အမျိုးသားပုံကို အပ်ထဲမှာ အဝတ်ခွာကြည့်လိုက်ရင်တော့ အကွဲကြောင်းကလလေးနဲ့ ဖြတ်ဖေါက်ချုပ်ပုံထွက်လာမှာပါ

အခုလည်း ပုံတွေကို ဖိုတိုရှော့နဲ့ ဖြတ်ညှပ်ကပ်တွေ လုပ်လို့ရနေတာပဲ ဘာထူးလဲလို့ မေးစရာရှိပါတယ်။ ဖိုတိုရှော့မှာပုံကိုပြင်တယ်ဆိုတာက ပြင်သူအနေနဲ့ ဖြတ်၊ ကပ်မယ့် ပုံနဲ့ သင့်တော်တဲ့ပုံကိုရှာရမယ်၊ အသားအရေ၊ အလင်းအမှောင်၊ အပိန်အဝ စသဖြင့် လုပ်ရတဲ့အဆင့်တွေများလို့ လူတိုင်းလည်းမလုပ်တတ်ပါဘူး။
Deepnude ကတော့ AI နည်းပညာကိုသုံးထားတော့  တချက်ကလစ်နှိပ်ရုံနဲ့ အတော်ကလေး ပီပြင်တဲ့ပုံရတယ်ဆိုပါတယ်။
အလွယ်တကူ လုပ်လို့ရတော့ မဟုတ်တဲ့နေရာမှာ အသုံးချချင်သူတွေပိုများလာမှာပါ။

ကိုယ်ဖေ့ဘွတ်မှာ တင်ထားတဲ့ ကမ်းခြေမှာ လေညှင်းခံနေတဲ့ပုံကလေး အင်တာနက်မှာ ဝတ်လစ်စလစ်နဲ့ ပြန့်လာတယ်ဆိုတာမျိုးဖြစ်လာရင်တော့ မတွေးဝံ့စရာပါ။
အမျိူသမီးများအနေတဲ့ တဦးတည်း ကိုယ်လုံးပါတဲ့ပုံတွေကိုအများပြည်သူတွေ့လို့ ကူးယူလို့ရအောင် တင်လျင် သတိထားသင့်ပါတယ်
ကိုယ့်ရဲ့ နုပျိုလှပမှူကို ပြချင်ရင်လဲ ရုပုံတို့ ကိုယ်တပိုင်းပုံတို့
ထိုင်နေတဲ့ပုံတို့လောက်ဆိုရင်တော့ သိပ်ပြသနာရှိမယ်မထင်ပါ။

ကိုကိုညီညီများကို သတိပေးပါရစေ ဒီလို app မျိုး ဈေးပေါပေါနဲ့ မှောင်ခိုဈေးကွက်မှာတွေ့ရင် ဝေးဝေးကရှောင်ပါ၊ ဗိုင်းရပ်တွေ ထရိုဂျန်တွေနဲ့ ပြည့်နေတတ်ပါတယ်

ကိုယ်တင်ထားတဲ့ ကမ်းခြေမှာ လမ်းလျှောက်နေတဲ့ပုံကလေး အင်တာနက်မှာ ဝတ်လစ်စလစ်နဲ့ ပြန့်လာပြီဆိုရင်တော့ မတွေးဝံ့စရာပါ။
တဦးတည်း ကိုယ်လုံးပါတဲ့ပုံတွေကိုအများပြည်သူတွေ့လို့ ကူးယူလို့ရအောင် မတင်တာကောင်းပါတယ်။
ကိုယ့်ရဲ့ နုပျိုလှပမှူကို ပြချင်ရင်လဲ ရုပုံတို့ ကိုယ်တပိုင်းပုံတို့
ထိုင်နေတဲ့ပုံတို့လောက်ဆိုရင်တော့ သိပ်ပြသနာရှိမယ်မထင်ပါ။

ဒီလို app  တခုစပေါ်ရင် နောက်က တပုံတပင်ကြီးလာကြမှာ။
၂၀၁၇ တုန်းကလည်း deepkfake ဆိုတဲ့ အလားတူ app ပေါ်လာလို့  မီဒီယာတွေ ဥပဒေသမားတွေအလုပ်ရှုပ်သွားခဲ့ပါသေးတယ်။
တကယ်တော့ နည်းပညာတိုးတက်မှုကို တလွဲသုံးမှုတခုပါ။
ဘာပဲဖြစ်ဖြစ် သတိထားဆင်ခြင်ရမှာကတော့ ကိုယ့်တာဝန်ပေါ့လေ။

ဖိုးသုည
29-6-19


Friday, June 28, 2019

လွ်ပ္စစ္မီတာခ ႏႈန္းထားအသစ္နဲ႔ မီတာသုံးစြဲခ တြက္နည္း


လွ်ပ္စစ္မီတာခ ႏႈန္းထားအသစ္နဲ႔ မီတာသုံးစြဲခ  တြက္နည္း

၂၀၁၉ ဇူလိုင္လ တရက္ေန႔ကစၿပီး လွ်ပ္စစ္မီတာခေတြကို ႏႈန္းထား အသစ္နဲ႔ ေကာက္ခံေတာ့မွာပါ။ 

လူအမ်ားသိခ်င္ၾကတာကေတာ့ အိမ္သုံးမီတာခေတြတြက္နည္းပါ။
သုံးစြဲတဲ့ ယူနစ္နည္းလ်င္ ႏႈန္းထားေလွ်ာ့ေပးထားတာေၾကာင့္တြက္ရတာ အနည္းငယ္ရႈပ္ေထြးႏိုင္ပါတယ္။
က်ေနာ္ တတ္ႏိုင္သေလာက္ ရွင္းေအာင္ ျပထားပါတယ္။
 လွ်ပ္စစ္မီတာခ ႏႈန္းထား အသစ္

 ၁. အဆင္သင့္တြက္ထားေသာ ဇယား

 မိမိသုံးစြဲေသာ လွ်ပ္စစ္ ဓါတ္အားယူ နစ္နဲ႔ အနီးစပ္ဆုံးကို အလြယ္ တကူမွန္းၾကည့္လို႔ရေအာင္ ပုံ ၁ တြင္တြက္ထားေပးပါတယ္။
ပုံ ၁။ အဆင္သင့္တြက္ထားေသာ လွ်ပ္စစ္ဓါတ္အားသုံးစြဲခမ်ား။ 

၂. အလြယ္တြက္နည္း

ပုံ ၂ တြင္ျပထားေသာ ေဖၚျမဴလာကို သုံး၍ မိမိသုံးစြဲေသာ လွ်ပ္စစ္ဓါတ္အားယူနစ္အတြက္ က်သင့္ေငြကို အတိအက် တြက္ယူႏိုင္ပါသည္။
၂။  ၂၀၁၉ ဇူလိုင္ တရက္ေန႔မွ စတင္မည့္ လွ်ပ္စစ္ဓါတ္အားႏႈန္ုးထားအသစ္ျဖင့္ က်င့္ေငြ တြက္နည္း

၃. Microsoft Excel ထဲတြင္  ေဖၚျမဴလာထည့္ထားၿပီး မိမိသုံးစြဲေသာ လွ်ပ္စစ္ဓါတ္အားယူနစ္ကို သက္ဆိုင္ရာ အကြက္မွာ ႐ိုက္ထည့္႐ုံနဲ႔  က်သင့္ေငြကို တြက္ေပးမွာျဖစ္ပါတယ္။ 

ဒီဖိုင္မွာ  လွ်ပ္စစ္ မီတာ ယူနစ္ အလႊာေတြကို လိုင္း ၁ ကေန ၇ အထိနဲ႔ ေရးထားၿပီး ေကာ္လံေတြကိုေတာ့  ကႀကီး ခေကြးနဲ႔ေဖၚျပထားပါတယ္။
မိမိ မီတာရဲ႕ ယူနစ္ ဘယ္ "ယူနစ္ အလႊာ" မွာ ဝင္သလဲဆိုတာကိုၾကည့္ၿပီးဆိုင္ရာလိုင္းနဲ႔ ေကာ္လံ "ခ" တို႔ ဆုံတဲ့ အကြက္မွာ မိမိ မီတာယူနစ္ကို ဂဏန္းပဲ ႐ိုက္ထည့္ပါ။ ယာဘက္ဆုံးေကာ္လံ" ဇ" မွာ က်သင့္ေငြကို ေဖၚျပေပးပါလိမ့္မယ္။
ဒီဖိုင္ကို ေဒါင္းဖို႔လင့္က ဒီမွာပါ https://drive.google.com/file/d/1qnn5J278Q-QnJY_Wdud2XO-rtqmOc9iV/view?usp=sharing 

  1. အဲဒီဖိုင္ကို download လုပ္ၿပီး ကြန္ျပဴတာမွာ Excel program နဲ႔ သုံးလို႔ရပါတယ္။ 
  2. PC Google Chrome ( အပ္ဒိပ္လုပ္ထားလ်င္) မွာ တိုက္႐ိုက္ဖြင့္ၿပီး အေပၚမွာ ပါလာတဲ့ "Open with Google Sheet " နဲ႔ အြန္လိုင္းသုံးလို႔ရပါတယ္။ 
  3. android ဖုန္းမွာ Google Chrome (သို႔) Google Drive ကေနဖြင့္ၿပီး Google Sheet app သုံးကာ တြက္လို႔ရပါတယ္။ 

Chrome ေပၚတြင္ Google Sheet သုံးၿပီး  online တြက္ရန္

၄. အေသးစိပ္ အဆင့္ဆင့္ တြက္ ခ်က္ပုံ

မိမိသုံးတဲ့လွ်ပ္စစ္မီတာယူနစ္ (KWHr) က တယူနစ္မွ ယူနစ္ ၃၀ အတြင္းမွာရွိလ်င္
 မိမိမီတာယူနစ္ကို ၃၅ က်ပ္နဲ႔ ေျမႇာက္႐ုံပဲျဖစ္လို႔ ျပသနာမရွိပါ ။

မိမိသုံးတဲ့လွ်ပ္စစ္မီတာယူနစ္ (KWHr) က ၃၁ - ၅၀ အတြင္းမွာရွိလ်င္ ေတာ့ ႏႈန္းထား ၂မ်ိဳးနဲ႔တြက္ရပါမယ္။
ပထမ ယူနစ္ ၃၀ အတြက္ ၃၅ က်ပ္ႏႈန္းနဲ႔  ၁၀၅၀ က်ပ္ပါ။
က်န္တဲ့ ယူနစ္ကိုေတာ့  တယူနစ္ ကို ၅၀ က်ပ္ႏႈန္းနဲ႔ တြက္ရပါမယ္။
ၿပီးေတာ့မွ ပထမ ယူနစ္ ၃၀ အတြက္ က် သင့္ေငြနဲ႔ ေပါင္းရပါမယ္။

ဥပမာ ၄၅ ယူနစ္သုံးသူအတြက္
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
က်န္ယူနစ္ = ၄၅ - ၃၀ = ၁၅ ယူနစ္
အဆိုပါ ၁၅ ယူနစ္ကို တယူနစ္ ၅၀ က်ပ္နဲ႔ေပးရပါမယ္။
အဲ ဒီ ၁၅ ယူနစ္  x  ၅၀ က်ပ္ = ၇၅၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀ နဲ႔ ေနာက္ ၁၅ ယူနစ္ဖိုး ၇၅၀ ေပါင္းေတာ့ ၁၈၀၀ က်ပ္ပါ။ အဲဒါ ၄၅  ယူနစ္ သုံးစြဲခပါ  ( မီတာ ထိန္းသိမ္းခကို သတ္သတ္တြက္ပါလိမ့္မယ္ထင္ပါတယ္)

ဥပမာ ၇၀ ယူနစ္သုံးသူအတြက္ ( ၅၁ မွ ၇၅ ယူနစ္ထိ တယူနစ္ ၇၀ က်ပ္)
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္
ဒုတိယ ယူနစ္ ၂၀  x ၅၀ က်ပ္ = ၁၀၀၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
က်န္ယူနစ္ = ၇၀ - ၃၀ - ၂၀  = ၂၀ ယူနစ္
အဆိုပါ ၂၀ ယူနစ္ကို တယူနစ္ ၇၀ က်ပ္နဲ႔ေပးရပါမယ္။ ( ၅၁ မွ ၇၅ ယူနစ္ထိ တယူနစ္ ၇၀ က်ပ္)
အဲ ဒီ ၂၀ ယူနစ္  x  ၇၀ က်ပ္ = ၁၄၀၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀၊ ေနာက္ ၂၀ ယူနစ္ဖိုး ၁၀၀၀ နဲ႔ ေနာက္ဆုုံး ၂၀ ယူနစ္ဖိုး ၁၄၀၀  ေပါင္းေတာ့ ၃၄၅၀ က်ပ္ပါ။ အဲဒါ ၇၀  ယူနစ္သုံးစြဲခပါ

ဥပမာ ၉၄ ယူနစ္သုံးသူအတြက္ ( ၇၆ မွ ၁၀၀ ယူနစ္ထိ တယူနစ္ ၉၀ က်ပ္)
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္
ဒုတိယ ယူနစ္ ၂၀  x ၅၀ က်ပ္ = ၁၀၀၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
တတိယ ၂၅ ယူနစ္  x ၇၀  က်ပ္ = ၁၇၅၀ က်ပ္ (၅၁ မွ ၇၅ ယူနစ္ အထိ တယူနစ္  ၇၀ က်ပ္)
က်န္ယူနစ္ = ၉၄ - ၃၀ - ၂၀ -၂၅ = ၁၉ ယူနစ္
အဆိုပါ ၁၉ ယူနစ္ကို တယူနစ္ ၉၀ က်ပ္နဲ႔ေပးရပါမယ္။ ( ၇၆ မွ ၁၀၀ ယူနစ္ထိ တယူနစ္ ၉၀ က်ပ္)
အဲ ဒီ ၁၉ ယူနစ္  x  ၉၀ က်ပ္ = ၁၇၁၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀၊ ေနာက္ ၂၀ ယူနစ္ဖိုး ၁၀၀၀၊ ေနာ္က ၂၅ ယူနစ္ ၁၇၅၀ နဲ႔ ေနာက္ဆုံး ၁၉ ယူနစ္ဖိုး ၁၇၁၀  ေပါင္းေတာ့ ၅၅၁၀ က်ပ္ပါ။ အဲဒါ ၉၄  ယူနစ္သုံးစြဲခပါ

ဥပမာ ၁၈၆ ယူနစ္သုံးသူအတြက္ ( ၁၅၁ မွ ၂၀၀ ယူနစ္ထိ တယူနစ္ ၁၂၀ က်ပ္)
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္
ဒုတိယ ယူနစ္ ၂၀  x ၅၀ က်ပ္ = ၁၀၀၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
တတိယ ၂၅ ယူနစ္  x ၇၀  က်ပ္ = ၁၇၅၀ က်ပ္ (၅၁ မွ ၇၅ ယူနစ္ အထိ တယူနစ္  ၇၀ က်ပ္)
ေနာက္ထပ္ ၂၅ ယူနစ္  x ၉၀ က်ပ္ = ၂၂၅၀ က်ပ္ (၇၆ မွ ၁၀၀ ယူနစ္ထိ တယူနစ္ ၉၀ က်ပ္)
ေနာက္ထပ္ ၅၀ ယူနစ္  x ၁၁၀ က်ပ္ = ၅၅၀၀ က်ပ္ (၁၀၁ မွ ၁၅၀ ယူနစ္ထိ တယူနစ္ ၁၁၀ က်ပ္)
က်န္ယူနစ္ = ၁၈၆ - ၃၀ - ၂၀ -၂၅-၂၅-၅၀  = ၃၆ ယူနစ္
အဆိုပါ ၃၆ ယူနစ္ကို တယူနစ္ ၁၂၀ က်ပ္နဲ႔ေပးရပါမယ္။ ( ၁၅၁ မွ ၂၀၀ ယူနစ္ထိ တယူနစ္ ၁၂၀ က်ပ္)
အဲ ဒီ ၃၆ ယူနစ္  x  ၁၂၀ က်ပ္ = ၄၃၂၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀၊ ေနာက္ ၂၀ ယူနစ္ဖိုး ၁၀၀၀၊ ေနာက္ ၂၅ ယူနစ္ ၁၇၅၀၊  ေနာက္ ၂၅ ယူနစ္ ၂၂၅၀ ေနာက္ ၅၀ ယူနစ္ ၅၅၀၀၊ နဲ႔ ေနာက္ဆုံး ၃၆ ယူနစ္ဖိုး ၄၃၂၀  ေပါင္းေတာ့ ၁၅၈၇၀ က်ပ္ပါ။ အဲဒါ ၁၈၆  ယူနစ္သုံးစြဲခပါ

ဥပမာ ၃၀၀ ယူနစ္သုံးသူအတြက္ ( ၂၀၁ ယူနစ္ႏွင့္ အထက္ တယူနစ္ ၁၂၅ က်ပ္)
ပထမ ယူနစ္ ၃၀ x ၃၅ က်ပ္ = ၁၀၅၀ က်ပ္
ဒုတိယ ယူနစ္ ၂၀  x ၅၀ က်ပ္ = ၁၀၀၀ က်ပ္ (၃၁ မွ ၅၀ ယူနစ္ အထိ တယူနစ္  ၅၀ က်ပ္)
တတိယ ၂၅ ယူနစ္  x ၇၀  က်ပ္ = ၁၇၅၀ က်ပ္ (၅၁ မွ ၇၅ ယူနစ္ အထိ တယူနစ္  ၇၀ က်ပ္)
ေနာက္ထပ္ ၂၅ ယူနစ္  x ၉၀ က်ပ္ = ၂၂၅၀ က်ပ္ (၇၆ မွ ၁၀၀ ယူနစ္ထိ တယူနစ္ ၉၀ က်ပ္)
ေနာက္ထပ္ ၅၀ ယူနစ္  x ၁၁၀ က်ပ္ = ၅၅၀၀ က်ပ္ (၁၀၁ မွ ၁၅၀ ယူနစ္ထိ တယူနစ္ ၁၁၀ က်ပ္)
ေနာက္ထပ္ ၅၀ ယူနစ္  x ၁၁၀ က်ပ္ = ၅၅၀၀ က်ပ္ ( ၁၅၁ မွ ၂၀၀ ယူနစ္ထိ တယူနစ္ ၁၂၀ က်ပ္)
က်န္ယူနစ္ = ၃၀၀ - ၃၀ - ၂၀ -၂၅-၂၅-၅၀-၅၀ = ၁၀၀ ယူနစ္
အဆိုပါ ၁၀၀ ယူနစ္ကို တယူနစ္ ၁၂၅ က်ပ္နဲ႔ေပးရပါမယ္။ (  ၂၀၁ ယူနစ္ႏွင့္ အထက္ တယူနစ္ ၁၂၅ က်ပ္)
အဲ ဒီ ၁၀၀ ယူနစ္  x  ၁၂၅ က်ပ္ = ၁၂၅၀၀ က်ပ္
အဲဒီ ၃၀ ယူနစ္ ၁၀၅၀၊ ေနာက္ ၂၀ ယူနစ္ဖိုး ၁၀၀၀၊ ေနာက္ ၂၅ ယူနစ္ ၁၇၅၀၊  ေနာက္ ၂၅ ယူနစ္ ၂၂၅၀ ေနာက္ ၅၀ ယူနစ္ ၅၅၀၀၊ ေနာက္ ၅၀ ယူနစ္ ၆၀၀၀နဲ႔ ေနာက္ဆုံး ၁၀၀ ယူနစ္ဖိုး ၁၂၅၀၀  ေပါင္းေတာ့ ၃၀၀၅၀ က်ပ္ပါ။ အဲဒါ ၃၀၀  ယူနစ္သုံးစြဲခပါ

အဆင္မေျပတာရွိလ်င္ ေအာက္မွာ မန္႔သြားေပးပါ

၅ ပရိုဂရမ္မာေတြကေတာ့ ဒီလိုလုပ္လိုက္တယ္

တညေနလုံး မီတာခတြက္နည္းထိုင္ေရးလိုက္တာ ခါးပါခ်ည့္။
ကိုယ္က ပ႐ိုဂရမ္းမင္းမတတ္ေတာ့ app ေတြ webpage ေတြနဲ႔ အဆင္သင့္တြက္လို႔ ရေအာင္ လုပ္မေပးတတ္တာကိုး.
ၿပီးသြားလို႔ publish post လုပ္ၿပီး ဖဘလည္းတင္မယ္ဆိုေရာ ေဟာ ပညာရွင္မ်ားတင္ထားတဲ့ အဆင္သင့္တြက္ လင့္ကေလးကေရာက္ေနၿပီ။
ပညာဆိုတာဒါပါပဲ
အဆင္သင့္တြက္ https://meterbill.drkzn.net/
ေက်းဇူးၾကီးပါေပတယ္ ဆရာသမားတို့ရယ္၊👍👍😄😄

ဖိုးသုည
26-6-19


လျှပ်စစ်မီတာခ နှုန်းထားအသစ်နဲ့ မီတာသုံးစွဲခ  တွက်နည်း (ယူနီကုဒ်)

၂၀၁၉ ဇူလိုင်လ တရက်နေ့ကစပြီး လျှပ်စစ်မီတာခတွေကို နှုန်းထား အသစ်နဲ့ ကောက်ခံတော့မှာပါ။ 

လူအများသိချင်ကြတာကတော့ အိမ်သုံးမီတာခတွေတွက်နည်းပါ။
သုံးစွဲတဲ့ ယူနစ်နည်းလျင် နှုန်းထားလျှော့ပေးထားတာကြောင့်တွက်ရတာ အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။
ကျနော် တတ်နိုင်သလောက် ရှင်းအောင် ပြထားပါတယ်။


 လျှပ်စစ်မီတာခ နှုန်းထား အသစ်

၁. အဆင်သင့်တွက်ထားသော ဇယား

 မိမိသုံးစွဲသော လျှပ်စစ် ဓါတ်အားယူ နစ်နဲ့ အနီးစပ်ဆုံးကို အလွယ် တကူမှန်းကြည့်လို့ရအောင် ပုံ ၁ တွင်တွက်ထားပေးပါတယ်။

ပုံ ၁။ အဆင်သင့်တွက်ထားသော လျှပ်စစ်ဓါတ်အားသုံးစွဲခများ။ 


၂. အလွယ်တွက်နည်း

ပုံ ၂ တွင်ပြထားသော ဖေါ်မြူလာကို သုံး၍ မိမိသုံးစွဲသော လျှပ်စစ်ဓါတ်အားယူနစ်အတွက် ကျသင့်ငွေကို အတိအကျ တွက်ယူနိုင်ပါသည်။
 ၂။  ၂၀၁၉ ဇူလိုင် တရက်နေ့မှ စတင်မည့် လျှပ်စစ်ဓါတ်အားနှုန်ုးထားအသစ်ဖြင့် ကျင့်ငွေ တွက်နည်း


၃. Microsoft Excel ထဲတွင်  ဖေါ်မြူလာထည့်ထားပြီး မိမိသုံးစွဲသော လျှပ်စစ်ဓါတ်အားယူနစ်ကို သက်ဆိုင်ရာ အကွက်မှာ ရိုက်ထည့်ရုံနဲ့  ကျသင့်ငွေကို တွက်ပေးမှာဖြစ်ပါတယ်။ 

ဒီဖိုင်မှာ လျှပ်စစ် မီတာ ယူနစ် အလွှာတွေကို လိုင်း ၁ ကနေ ၇ အထိနဲ့ ရေးထားပြီး ကော်လံတွေကိုတော့  ကကြီး ခကွေးနဲ့ဖေါ်ပြထားပါတယ်။
မိမိ မီတာရဲ့ ယူနစ် ဘယ် "ယူနစ် အလွှာ" မှာ ဝင်သလဲဆိုတာကိုကြည့်ပြီးဆိုင်ရာလိုင်းနဲ့ ကော်လံ "ခ" တို့ ဆုံတဲ့ အကွက်မှာ မိမိ မီတာယူနစ်ကို ဂဏန်းပဲ ရိုက်ထည့်ပါ။ ယာဘက်ဆုံးကော်လံ" ဇ" မှာ ကျသင့်ငွေကို ဖေါ်ပြပေးပါလိမ့်မယ်။

ဒီဖိုင်ကို ဒေါင်းဖို့လင့်က ဒီမှာပါ https://drive.google.com/file/d/1qnn5J278Q-QnJY_Wdud2XO-rtqmOc9iV/view?usp=sharing

  1. အဲဒီဖိုင်ကို download လုပ်ပြီး ကွန်ပြူတာမှာ Excel program နဲ့ သုံးလို့ရပါတယ်။ 
  2. PC Google Chrome ( အပ်ဒိပ်လုပ်ထားလျင်) မှာ တိုက်ရိုက်ဖွင့်ပြီး အပေါ်မှာ ပါလာတဲ့ "Open with Google Sheet " နဲ့ အွန်လိုင်းသုံးလို့ရပါတယ်။ 
  3. android ဖုန်းမှာ Google Chrome (သို့) Google Drive ကနေဖွင့်ပြီး Google Sheet app သုံးကာ တွက်လို့ရပါတယ်။ 

Chrome ပေါ်တွင် Google Sheet သုံးပြီး  online တွက်ရန်


၄. အသေးစိပ် အဆင့်ဆင့် တွက် ချက်ပုံ

မိမိသုံးတဲ့လျှပ်စစ်မီတာယူနစ် (KWHr) က တယူနစ်မှ ယူနစ် ၃၀ အတွင်းမှာရှိလျင်
 မိမိမီတာယူနစ်ကို ၃၅ ကျပ်နဲ့ မြှောက်ရုံပဲဖြစ်လို့ ပြသနာမရှိပါ ။

မိမိသုံးတဲ့လျှပ်စစ်မီတာယူနစ် (KWHr) က ၃၁ - ၅၀ အတွင်းမှာရှိလျင် တော့ နှုန်းထား ၂မျိုးနဲ့တွက်ရပါမယ်။
ပထမ ယူနစ် ၃၀ အတွက် ၃၅ ကျပ်နှုန်းနဲ့  ၁၀၅၀ ကျပ်ပါ။
ကျန်တဲ့ ယူနစ်ကိုတော့  တယူနစ် ကို ၅၀ ကျပ်နှုန်းနဲ့ တွက်ရပါမယ်။
ပြီးတော့မှ ပထမ ယူနစ် ၃၀ အတွက် ကျ သင့်ငွေနဲ့ ပေါင်းရပါမယ်။

ဥပမာ ၄၅ ယူနစ်သုံးသူအတွက်
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
ကျန်ယူနစ် = ၄၅ - ၃၀ = ၁၅ ယူနစ်
အဆိုပါ ၁၅ ယူနစ်ကို တယူနစ် ၅၀ ကျပ်နဲ့ပေးရပါမယ်။
အဲ ဒီ ၁၅ ယူနစ်  x  ၅၀ ကျပ် = ၇၅၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀ နဲ့ နောက် ၁၅ ယူနစ်ဖိုး ၇၅၀ ပေါင်းတော့ ၁၈၀၀ ကျပ်ပါ။ အဲဒါ ၄၅  ယူနစ် သုံးစွဲခပါ  ( မီတာ ထိန်းသိမ်းခကို သတ်သတ်တွက်ပါလိမ့်မယ်ထင်ပါတယ်)

ဥပမာ ၇၀ ယူနစ်သုံးသူအတွက် ( ၅၁ မှ ၇၅ ယူနစ်ထိ တယူနစ် ၇၀ ကျပ်)
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ်
ဒုတိယ ယူနစ် ၂၀  x ၅၀ ကျပ် = ၁၀၀၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
ကျန်ယူနစ် = ၇၀ - ၃၀ - ၂၀  = ၂၀ ယူနစ်
အဆိုပါ ၂၀ ယူနစ်ကို တယူနစ် ၇၀ ကျပ်နဲ့ပေးရပါမယ်။ ( ၅၁ မှ ၇၅ ယူနစ်ထိ တယူနစ် ၇၀ ကျပ်)
အဲ ဒီ ၂၀ ယူနစ်  x  ၇၀ ကျပ် = ၁၄၀၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀၊ နောက် ၂၀ ယူနစ်ဖိုး ၁၀၀၀ နဲ့ နောက်ဆုုံး ၂၀ ယူနစ်ဖိုး ၁၄၀၀  ပေါင်းတော့ ၃၄၅၀ ကျပ်ပါ။ အဲဒါ ၇၀  ယူနစ်သုံးစွဲခပါ


ဥပမာ ၉၄ ယူနစ်သုံးသူအတွက် ( ၇၆ မှ ၁၀၀ ယူနစ်ထိ တယူနစ် ၉၀ ကျပ်)
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ်
ဒုတိယ ယူနစ် ၂၀  x ၅၀ ကျပ် = ၁၀၀၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
တတိယ ၂၅ ယူနစ်  x ၇၀  ကျပ် = ၁၇၅၀ ကျပ် (၅၁ မှ ၇၅ ယူနစ် အထိ တယူနစ်  ၇၀ ကျပ်)
ကျန်ယူနစ် = ၉၄ - ၃၀ - ၂၀ -၂၅ = ၁၉ ယူနစ်
အဆိုပါ ၁၉ ယူနစ်ကို တယူနစ် ၉၀ ကျပ်နဲ့ပေးရပါမယ်။ ( ၇၆ မှ ၁၀၀ ယူနစ်ထိ တယူနစ် ၉၀ ကျပ်)
အဲ ဒီ ၁၉ ယူနစ်  x  ၉၀ ကျပ် = ၁၇၁၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀၊ နောက် ၂၀ ယူနစ်ဖိုး ၁၀၀၀၊ နော်က ၂၅ ယူနစ် ၁၇၅၀ နဲ့ နောက်ဆုံး ၁၉ ယူနစ်ဖိုး ၁၇၁၀  ပေါင်းတော့ ၅၅၁၀ ကျပ်ပါ။ အဲဒါ ၉၄  ယူနစ်သုံးစွဲခပါ


ဥပမာ ၁၈၆ ယူနစ်သုံးသူအတွက် ( ၁၅၁ မှ ၂၀၀ ယူနစ်ထိ တယူနစ် ၁၂၀ ကျပ်)
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ်
ဒုတိယ ယူနစ် ၂၀  x ၅၀ ကျပ် = ၁၀၀၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
တတိယ ၂၅ ယူနစ်  x ၇၀  ကျပ် = ၁၇၅၀ ကျပ် (၅၁ မှ ၇၅ ယူနစ် အထိ တယူနစ်  ၇၀ ကျပ်)
နောက်ထပ် ၂၅ ယူနစ်  x ၉၀ ကျပ် = ၂၂၅၀ ကျပ် (၇၆ မှ ၁၀၀ ယူနစ်ထိ တယူနစ် ၉၀ ကျပ်)
နောက်ထပ် ၅၀ ယူနစ်  x ၁၁၀ ကျပ် = ၅၅၀၀ ကျပ် (၁၀၁ မှ ၁၅၀ ယူနစ်ထိ တယူနစ် ၁၁၀ ကျပ်)
ကျန်ယူနစ် = ၁၈၆ - ၃၀ - ၂၀ -၂၅-၂၅-၅၀  = ၃၆ ယူနစ်
အဆိုပါ ၃၆ ယူနစ်ကို တယူနစ် ၁၂၀ ကျပ်နဲ့ပေးရပါမယ်။ ( ၁၅၁ မှ ၂၀၀ ယူနစ်ထိ တယူနစ် ၁၂၀ ကျပ်)
အဲ ဒီ ၃၆ ယူနစ်  x  ၁၂၀ ကျပ် = ၄၃၂၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀၊ နောက် ၂၀ ယူနစ်ဖိုး ၁၀၀၀၊ နောက် ၂၅ ယူနစ် ၁၇၅၀၊  နောက် ၂၅ ယူနစ် ၂၂၅၀ နောက် ၅၀ ယူနစ် ၅၅၀၀၊ နဲ့ နောက်ဆုံး ၃၆ ယူနစ်ဖိုး ၄၃၂၀  ပေါင်းတော့ ၁၅၈၇၀ ကျပ်ပါ။ အဲဒါ ၁၈၆  ယူနစ်သုံးစွဲခပါ

ဥပမာ ၃၀၀ ယူနစ်သုံးသူအတွက် ( ၂၀၁ ယူနစ်နှင့် အထက် တယူနစ် ၁၂၅ ကျပ်)
ပထမ ယူနစ် ၃၀ x ၃၅ ကျပ် = ၁၀၅၀ ကျပ်
ဒုတိယ ယူနစ် ၂၀  x ၅၀ ကျပ် = ၁၀၀၀ ကျပ် (၃၁ မှ ၅၀ ယူနစ် အထိ တယူနစ်  ၅၀ ကျပ်)
တတိယ ၂၅ ယူနစ်  x ၇၀  ကျပ် = ၁၇၅၀ ကျပ် (၅၁ မှ ၇၅ ယူနစ် အထိ တယူနစ်  ၇၀ ကျပ်)
နောက်ထပ် ၂၅ ယူနစ်  x ၉၀ ကျပ် = ၂၂၅၀ ကျပ် (၇၆ မှ ၁၀၀ ယူနစ်ထိ တယူနစ် ၉၀ ကျပ်)
နောက်ထပ် ၅၀ ယူနစ်  x ၁၁၀ ကျပ် = ၅၅၀၀ ကျပ် (၁၀၁ မှ ၁၅၀ ယူနစ်ထိ တယူနစ် ၁၁၀ ကျပ်)
နောက်ထပ် ၅၀ ယူနစ်  x ၁၁၀ ကျပ် = ၅၅၀၀ ကျပ် ( ၁၅၁ မှ ၂၀၀ ယူနစ်ထိ တယူနစ် ၁၂၀ ကျပ်)
ကျန်ယူနစ် = ၃၀၀ - ၃၀ - ၂၀ -၂၅-၂၅-၅၀-၅၀ = ၁၀၀ ယူနစ်
အဆိုပါ ၁၀၀ ယူနစ်ကို တယူနစ် ၁၂၅ ကျပ်နဲ့ပေးရပါမယ်။ (  ၂၀၁ ယူနစ်နှင့် အထက် တယူနစ် ၁၂၅ ကျပ်)
အဲ ဒီ ၁၀၀ ယူနစ်  x  ၁၂၅ ကျပ် = ၁၂၅၀၀ ကျပ်
အဲဒီ ၃၀ ယူနစ် ၁၀၅၀၊ နောက် ၂၀ ယူနစ်ဖိုး ၁၀၀၀၊ နောက် ၂၅ ယူနစ် ၁၇၅၀၊  နောက် ၂၅ ယူနစ် ၂၂၅၀ နောက် ၅၀ ယူနစ် ၅၅၀၀၊ နောက် ၅၀ ယူနစ် ၆၀၀၀နဲ့ နောက်ဆုံး ၁၀၀ ယူနစ်ဖိုး ၁၂၅၀၀  ပေါင်းတော့ ၃၀၀၅၀ ကျပ်ပါ။ အဲဒါ ၃၀၀  ယူနစ်သုံးစွဲခပါ

 ၅ ပရိုဂရမ်မာတွေကတော့ ဒီလိုလုပ်လိုက်တယ်

တညနေလုံး မီတာခတွက်နည်းထိုင်ရေးလိုက်တာ ခါးပါချည့်။
ကိုယ်က ပရိုဂရမ်းမင်းမတတ်တော့ app တွေ webpage တွေနဲ့ အဆင်သင့်တွက်လို့ ရအောင် လုပ်မပေးတတ်တာကိုး. 
ပြီးသွားလို့ publish post လုပ်ပြီး ဖဘလည်းတင်မယ်ဆိုရော ဟော ပညာရှင်များတင်ထားတဲ့ အဆင်သင့်တွက် လင့်ကလေးကရောက်နေပြီ။ 
ပညာဆိုတာဒါပါပဲ

အဆင်သင့်တွက် https://meterbill.drkzn.net/
ကျေးဇူးကြီးပါပေတယ် ဆရာသမားတို့ရယ်၊👍👍😄😄

အဆင်မပြေတာရှိလျင် အောက်မှာ မန့်သွားပေးပါ
ဖိုးသုည
26-6-19

https://www.facebook.com/MOIWebportalMyanmar/posts/2138220502972471


https://www.moee.gov.mm/mm/index.php/ignite/contentView/1914?fbclid=IwAR1TBzHXHg_oufg46BGCaVVUysjPq_j0R7E1S5H4dcRNwSyG4wWY-WgIWXo

https://www.rfa.org/burmese/program_2/electricity-rate-06142019162157.html

https://www.mmtimes.com/news/myanmar-electricity-rates-soar-next-month.html

https://www.facebook.com/794653527401217/photos/%E1%80%9C%E1%80%BA%E1%80%95%E1%80%B9%E1%80%85%E1%80%85%E1%80%B9%E1%80%99%E1%80%AE%E1%80%90%E1%80%AC%E1%80%81-%E1%80%90%E1%80%BC%E1%80%80%E1%80%B9%E1%80%94%E1%80%8A%E1%80%B9%E1%80%B8%E1%80%9A%E1%80%B1%E1%80%94%E1%82%94-%E1%80%B1%E1%80%81%E1%80%90%E1%80%B9-%E1%80%99%E1%80%BD%E1%80%AC-%E1%80%B1%E1%80%94%E1%80%9B%E1%80%AC-%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9C%E1%80%BD%E1%80%BA%E1%80%95%E1%80%B9%E1%80%85%E1%80%85%E1%80%B9%E1%80%99%E1%80%AE%E1%80%B8-%E1%80%9B%E1%80%9C%E1%80%AC-%E1%81%BE%E1%80%80%E1%80%95%E1%80%AB-%E1%81%BF/824986434367926/

Wednesday, June 19, 2019

Boeing 737 Max ဆုံးရႈံးသြားတဲ့ ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား (Boeing 737 Max ဆုံးရှုံးသွားတဲ့ ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား)

Boeing 737 Max ဆုံးရႈံးသြားတဲ့  ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား






ပဲရစ္ ေလေၾကာင္းပြဲ ဒုတိယေန႔မွာေတာ့ ရင္တမမျဖစ္ေနတဲ့ ဘိုးအင္း အသက္ရွဴေခ်ာင္သြားပါၿပီ။
International Airlines Group IAG  ဆိုတဲ့ ဥေရာပ ကုမၠဏီႀကီးက MCAS  ျပသနာေၾကာင့္ ေလာေလာဆယ္ ေျမနားထားရတဲ့  Boeing 737 Max ေလယာဥ္ အမ်ိဴးစား ၂၀၀ ကိုဝယ္ဖို႔ ရွိတယ္လို႔ ေၾကျငာလိုက္ပါတယ္။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ႔ တျခားဥေရာပ ေလေၾကာင္းတခ်ိဳ႕ကိုပိုင္တဲ့ စီးပြားေရးအုပ္စုႀကီးပါ။ လက္ရွိ IAGရဲ႕  narrow Body ေလယာဥ္ေတြက  Airbus A320 ပဲျဖစ္ၿပီး ဘိုးအင္းေလယာဥ္ေတြကိုေတာ့ wide body ေလယာဥ္ႀကီးေတြပဲသုံးေနတာပါ။ IAG CEO က သူတို႔ရဲ႕ ႀကီးမားတဲ့ လုပ္ငန္းပမာဏအရ A320 တခုတည္းေပၚမွာ တြယ္မေနသင့္ဘူးလို႔ဆိုပါတယ္။ ဒီလို အၿပိင္အဆိုင္ျဖစ္ေအာင္ေ႐ြးလိုက္ေတာ့ Airbus ကလည္း သူတိုကို ေဈးေလွ်ာ့ၿပီး ေအာ္ဖါလုပ္ဦးမွာပါ။
ဘိုအင္းအတြက္ အလြန္ အဖိုးတန္တဲ့ ေအာ္ဒါပါ။ ေဒၚလာ ၂၄ ဘီလီယံ တန္ဖိုးရွိတဲ့ ေအာ္ဒါကို ေဈး အမ်ားႀကီးေလွ်ာ့ေပးမွာကေတာ့ ေသခ်ာပါတယ္။ ေလယာဥ္ထုတ္လုပ္သူေတြဟာ တျခား ကုန္ထုတ္လုပ္သူေတြလိုပဲ သူတို႔ပစၥည္းကို ျပပြဲမွာ ဝယ္လ်င္ ေဈးေလွ်ာေပးပါတယ္။
ဒါေပမယ့္ ဒီေအာ္ဒါက တျခားေအာ္ဒါေတြထက္ထူးျခားပါတယ္။ နာမယ္ပ်က္ကို ျပန္ အဖတ္ဆယ္ရမယ့္ Boeing 737 Max ေမာ္ဒယ္ကို အမ်ားႀကီး ဝယ္လိုက္တာဟာ အဲဒီေလယာဥ္အေပၚ ယုံၾကည္မႈရွိတာကို ျပရာေရာက္တဲ့ အတြက္ အရင္ကအရိပ္မည္းႀကီးကို  တစိပ္တေဒသ ဖယ္ေပးလိုက္ရာေရာက္ပါတယ္။
Airbus အတြက္လည္း အထိနာတယ္လို႔ဆိုရမွာပါ။ သူ႔ A320 Neo, A321 Neo , A321 XLR ေတြကိုပြဲထုတ္ ေနခ်ိန္မွာ သူတို႔ ေဖါက္သည္ေဟာင္းက သူတို႔ရဲ႕ၿပိဳင္ဖက္ကို ပါလက္တြဲလိုက္လို႔ပါ။ Airbus CEO ကေတာ့ ဒီလိုလုပ္တာ သူတို႔ကုမၸဏီကို မထိခိုက္ပါဘူးလို႔ဆိုပါတယ္။
ေလာေလာဆယ္မွာေတာ့ ပ်ံသန္းခြင့္ပိတ္ခံထားရတဲ့ Boeing 737 Max ေတြကို ဒီႏွစ္ ကုန္အထိ ေကာင္းကင္မွာျမင္ႏိုင္ဖို႔ မျမင္ေသးပါဘူး။




 မတ္လလယ္ကစလို႔  ထုတ္ၿပီးသား Boeing 737 Max ေတြကိုလည္း ဝယ္သူေတြလက္ကို မအပ္ရဘဲ ဘိုးအင္းက ေနရာရွာၿပီး ထိန္းသိမ္းထားရပါတယ္။ လက္ထဲမွာရွိထားၿပီးနားထားရတဲ့ေလေၾကာင္းလိုင္းေတြကလည္း အဲဒီေလယာဥ္ေတြ မပ်ံရမခ်င္း ေန႔စဥ္နဲ႔ အမွ်ဆုံးရွိမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ တခ်ိဳ႕လိုင္းေတြကလည္းအဲဒီဆုံးရႈံးမႈေတြအတြက္ ဘိုးအင္းကေန ေလွ်ာ္ေၾကးေတာင္းဖို႔လုပ္ေနၾကပါတယ္။

Add caption

ေလေၾကာင္းလိုင္းေတြဟာ လုပ္ငန္ေတြခ်ဲ႕ ေနၾကေပမယ့္ အနာဂတ္မွာ သူတို႔လိုအပ္မယ့္ ေလယာဥ္အေတာ္မ်ားမ်ားကို ေအာ္ဒါလုပ္ထားၿပီးလို႔ ေစာင့္ေနၾကၿပီျဖစ္တာေၾကာင့္ ဒီႏွစ္ ပဲရစ္ျပပြဲမွာ ခရီးသည္တင္ေလယာဥ္ေဈးကြက္က အရင္ႏွစ္ေတြကေလာက္ေတာ့ သြက္မွာ ဟုတ္ဘူးလို႔ သုံးသပ္ၾကပါတယ္။
ဖိုးသုည
19-6-19


Boeing 737 Max ဆုံးရှုံးသွားတဲ့  ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား  (ယူနီကုဒ်) 

ပဲရစ် လေကြောင်းပွဲ ဒုတိယနေ့မှာတော့ ရင်တမမဖြစ်နေတဲ့ ဘိုးအင်း အသက်ရှူချောင်သွားပါပြီ။
International Airlines Group IAG  ဆိုတဲ့ ဥရောပ ကုမ္ကဏီကြီးက MCAS  ပြသနာကြောင့် လောလောဆယ် မြေနားထားရတဲ့  Boeing 737 Max လေယာဉ် အမျိူးစား ၂၀၀ ကိုဝယ်ဖို့ ရှိတယ်လို့ ကြေငြာလိုက်ပါတယ်။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ့ တခြားဥရောပ လေကြောင်းတချို့ကိုပိုင်တဲ့ စီးပွားရေးအုပ်စုကြီးပါ။ လက်ရှိ IAGရဲ့  narrow Body လေယာဉ်တွေက  Airbus A320 ပဲဖြစ်ပြီး ဘိုးအင်းလေယာဉ်တွေကိုတော့ wide body လေယာဉ်ကြီးတွေပဲသုံးနေတာပါ။ IAG CEO က သူတို့ရဲ့ ကြီးမားတဲ့ လုပ်ငန်းပမာဏအရ A320 တခုတည်းပေါ်မှာ တွယ်မနေသင့်ဘူးလို့ဆိုပါတယ်။ ဒီလို အပြိင်အဆိုင်ဖြစ်အောင်ရွေးလိုက်တော့ Airbus ကလည်း သူတိုကို ဈေးလျှော့ပြီး အော်ဖါလုပ်ဦးမှာပါ။
ဘိုအင်းအတွက် အလွန် အဖိုးတန်တဲ့ အော်ဒါပါ။ ဒေါ်လာ ၂၄ ဘီလီယံ တန်ဖိုးရှိတဲ့ အော်ဒါကို ဈေး အများကြီးလျှော့ပေးမှာကတော့ သေချာပါတယ်။ လေယာဉ်ထုတ်လုပ်သူတွေဟာ တခြား ကုန်ထုတ်လုပ်သူတွေလိုပဲ သူတို့ပစ္စည်းကို ပြပွဲမှာ ဝယ်လျင် ဈေးလျှောပေးပါတယ်။
ဒါပေမယ့် ဒီအော်ဒါက တခြားအော်ဒါတွေထက်ထူးခြားပါတယ်။ နာမယ်ပျက်ကို ပြန် အဖတ်ဆယ်ရမယ့် Boeing 737 Max မော်ဒယ်ကို အများကြီး ဝယ်လိုက်တာဟာ အဲဒီလေယာဉ်အပေါ် ယုံကြည်မှုရှိတာကို ပြရာရောက်တဲ့ အတွက် အရင်ကအရိပ်မည်းကြီးကို  တစိပ်တဒေသ ဖယ်ပေးလိုက်ရာရောက်ပါတယ်။
Airbus အတွက်လည်း အထိနာတယ်လို့ဆိုရမှာပါ။ သူ့ A320 Neo, A321 Neo , A321 XLR တွေကိုပွဲထုတ် နေချိန်မှာ သူတို့ ဖေါက်သည်ဟောင်းက သူတို့ရဲ့ပြိုင်ဖက်ကို ပါလက်တွဲလိုက်လို့ပါ။ Airbus CEO ကတော့ ဒီလိုလုပ်တာ သူတို့ကုမ္ပဏီကို မထိခိုက်ပါဘူးလို့ဆိုပါတယ်။
လောလောဆယ်မှာတော့ ပျံသန်းခွင့်ပိတ်ခံထားရတဲ့ Boeing 737 Max တွေကို ဒီနှစ် ကုန်အထိ ကောင်းကင်မှာမြင်နိုင်ဖို့ မမြင်သေးပါဘူး၊ မတ်လလယ်ကစလို့  ထုတ်ပြီးသား Boeing 737 Max တွေကိုလည်း ဝယ်သူတွေလက်ကို မအပ်ရဘဲ ဘိုးအင်းက နေရာရှာပြီး ထိန်းသိမ်းထားရပါတယ်။ လက်ထဲမှာရှိထားပြီးနားထားရတဲ့လေကြောင်းလိုင်းတွေကလည်း အဲဒီလေယာဉ်တွေ မပျံရမချင်း နေ့စဉ်နဲ့ အမျှဆုံးရှိမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့လိုင်းတွေကလည်းအဲဒီဆုံးရှုံးမှုတွေအတွက် ဘိုးအင်းကနေ လျှော်ကြေးတောင်းဖို့လုပ်နေကြပါတယ်။
လေကြောင်းလိုင်းတွေဟာ လုပ်ငန်တွေချဲ့ နေကြပေမယ့် အနာဂတ်မှာ သူတို့လိုအပ်မယ့် လေယာဉ်အတော်များများကို အော်ဒါလုပ်ထားပြီးလို့ စောင့်နေကြပြီဖြစ်တာကြောင့် ဒီနှစ် ပဲရစ်ပြပွဲမှာ ခရီးသည်တင်လေယာဉ်ဈေးကွက်က အရင်နှစ်တွေကလောက်တော့ သွက်မှာ ဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
ဖိုးသုည
19-6-19

Tuesday, June 18, 2019

အမေရိကန် သမတ၏ မိုးပျံး ရုံးခန်း ၊ Air Force One. ( ယူနီကုဒ်)

အမေရိကန် သမတ၏ မိုးပျံ ရုံးခန်း ၊   Air Force One.

Standby….Liberty 2–4 is changing call signs, Liberty 2–4 is now Air Force One”
၁၉၉၇ က မင်းသားကြီး ဟယ်ရီစင်ဖို့ဒ် သရုပ်ဆောင်တဲ့ Air Force One ရုပ်ရှင်ထဲက ဇာတ်ဝင် စကားတခုပါ။
လစ်ဘာတီ ၂၄ ဆိုတဲ့ ဆီဖြည့် လေယာဉ်ကြီးက သမတကြီးကို ကယ်တင်ပြီးနောက် သူ့လေယာဉ်ကြီးက သမတစီးတဲ့ လေယာဉ်ဖြစ်သွားလို့ ဆက်သွယ်ရေး သင်္ကေတ ကို  Liberty 2–4  ကနေ Air Force One” လို့ပြောင်းလိုက်တာပါ


air force one လေထဲတွင်ဆီဖြည့်နေစဉ်

Air Force One ဆိုတာဘာလဲ

လက်ရှိ အမေရိကန်သမတ ရှိနေတဲ့ လေယာဉ်ကို  Air Force One, ရဟတ်ယာဉ်ကို Marine One
လို့ခေါ်တာကိုတော့ အများသိကြပါတယ်။
 Air Force One ရုပ်ရှင်ကလည်းနာမည်ကြီးခဲ့တာကိုး။
လက်ရှိ Air Force One (လေတပ်အခေါ် VC-25A) အနေနဲ့ အသုံးတော်ခံရတဲ့ လေယာဉ်ကြီးက၊ ချွတ်စွတ်တူတဲ့ အမွှာ ဘိုးအင်း 747-200B လေယာဉ်ကြီး ၂စီး၊ မှတ်ပုံတင် အမှတ် SAM 28000 နဲ့ SAM 29000 အထဲက သမတစီးတဲ့ တစီးစီးကိုခေါ်တာပါ။
လေယာဉ်ကို သမတမစီးသေးသရွေ့ Air Force One မဖြစ်ပါဘူး။
အခုနောက်ပိုင်း အမေရိကန်လေတပ်က အမေရိကန်နိုင်ငံရဲ့ စစ်ဦးစီးချုပ် Commander-in-Chief ( သမတ) စီးတဲ့ အထူး လေယာဉ် (မိုးပျံ အမိန့်ပေးစခန်း) ကို Air Force One လို့ ခေါ်တယ်ဆိုပါတယ်။

မိုးပျံအမိန့်ပေးစခန်း (mobile command center)


2001 ခု စက်တင်ဘာ ၁၁ ရက်နေ့ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦနဲ့ပင်တာဂွန် စစ်ဌာနချုပ်တို့ကို အပိုင်စီးထားတဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်ခံရချိန်မှာ အကြမ်းဖက်သမားတွေက ဝါရှင်တန်ရှိ သမတအိမ်ဖြူကိုလည်း အဲလို တိုက်ခိုက်ဖို့ ယူနိုက်တက် ဖလိုက် ၉၃ လေယာဉ်ကို အပိုင်စီးပြီးသွားခဲ့တာပါ။ လေယာဉ်ပေါ်ပါခရီးသည်တွေနဲ့ ဝန်ထမ်းတွေက အခြားအပိုင်စီးခံလေယာဉ်တွေကိုသုံပြီး အကြမ်းဖက်တိုက်ခိုက်တဲ့သတင်းကို ဖုန်းအဆက်အသွယ်တွေကနေသိသွားကြလို့ အပိုင်စီးသူတွေကို ပြန်ခုခံတိုက်ခိုက်ကြတဲ့ အတွက် လေယာဉ်လည်းလိုရာမရောက်ဘဲ ပျက်ကျခဲ့ပါတယ်။  အဲဒီတုန်းက သမတ ဘုရှ်ကိုသူ့ရဲ့ လုံခြုံရေးတွေက  Air Force One ကြီးပေါ်တင်ပြီး ဘာဖြစ်တယ်ဆိုတာ သေချာသိပြီး အခြေအနေတွေ ရှင်းလင်းတဲ့အထိ လေထဲမှာ ၈ နနာရီကြာအောင် ပျံဝဲနေခဲ့ပါတယ်။ သမတလည်း လေထဲကနေ ဖုန်းနဲ့ စီမံခန့်ခွဲမှုတွေကို လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်မှာအမေရိကန်တနိုင်ငံလုံးရဲ့လေပိုင်နက်ကိုတော့ ပိတ်ထားပြီး တခြားဘာလေယာဉ်မှ ပျံသန်းခွင့်မပြုပါ။ အဲ ဒီတကြိမ်ကလွဲရင် Air Force One က သမတရဲ့ ခရီးသွား စီးတော်ယာဉ်အဖြစ်ပဲအသုံးတော်ခံရတာပါ။

သမိုင်းကြောင်း

Guess Where II 1943

အမေရိကန်သမတအတွက် သီးသန့်လေယာဉ်တွေရဲ့အစဟာ C-87A (Liberator Express) ဆိုတဲ့ အင်ဂျင်လေးလုံးတပ် လေယာဉ်ကြီးလို့ ဆိုရမှာပါ။ Consolidated Aircraft ကုမ္ပဏီကထုတ်တဲ့ serial 41-24159 နဲ့ C-87A လေယာဉ်တစီးကို ၁၉၄၃ ခုမှာ အဲဒီအချိန်က သမတ ဖရင်ကလင် ရုစဗဲရဲ့နိုင်ငံတကာခရီးစဉ်တွေမှာ သုံးဖို့ အထူးပြင်ဆင်မှုတွေလုပ်ပြီး Guess Where II လို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမယ့် သမတရဲ့ အထူးလုံခြုံရေးတပ်က C-87A တွေရဲ့ ဘေးကင်းမှုမှတ်တမ်းတွေကို စိတ်မချလို့  ငြင်းပယ်ခဲ့ပါတယ်။



Sacred Cow 1942-45

ဒီလိုနဲ့ C-87A အစား ဒေါက် ဂလပ်စ် ကုမ္ပဏီကထုတ်တဲ့ C-54 Skymaster (VC-54C) လေယာဉ်ကို ရေဒီယိုတယ်လီဖုန်း၊ အိပ်ဖို့နေရာနဲ့ သမတရုစဗဲရဲ့ ဘီးတပ်ခုံတက်ဖို့ ဓါတ်လှေကားတွေပါတပ်ပြီး တကယ်သုံးဖြစ်တဲ့ ပထမဆုံး အမေရိကန်သမတစီး သီးသန့်လေယာဉ်ရယ်လို့ ဖြစ်လာပါတယ်။ Sacred Cow လို့နာမည်ပြောင်ပေးထားတဲ့ အဲဒီလေယာဉ်ကို အမေရိကန်လေတပ်ပြတိုက် National Museum of the United States Air Force. မှာ ပြထားပါတယ်။ Sacred Cow အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့် https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195813/douglas-vc-54c-sacred-cow/  မှာကြည့်လို့ရပါတယ်။



 C-54 Skymaster (VC-54C)
Sacred Cow 

၁၉၄၃ ခုက သမတရုစဗဲ ဟာ အင်္ဂလန်က ဝန်ကြီးချုပ်ချာချီနဲ့ တွေ့ဖို့ သွားတဲ့ အခါ ဘိုးအင်းကထုတ်တဲ့ Boeing 314 Clipper ဆိုတဲ့ ရေယာဉ်ပျံကိုလည်းသုံးခဲ့ပါသေးတယ်။

Boeing 314 Clipper 

Independence 1947-53

၁၉၄၇ ခုနှစ်မှာတော့ သမတ ထရူးမင်းလက်ထက်မှာ ဒေါက်ဂလပ်စ်ကုမ္ပဏီထုတ် DC-6 Liftmaster (VC-118) လေယာဉ်ကို  အမည်ပေးပြီး Sacred Cow နေရာမှာ အစားထိုးခဲ့ပါတယ်။ လူ၂၄ယောက်စီးနိုင်နဲ့ အဲဒီလေယာဉ်ကိုလည်း အမေရိကန်လေတပ်ပြတိုက် National Museum of the United States Air Force. မှာတွေ့နိုင်ပါတယ်။  The Independence အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့် https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195804/douglas-vc-118-independence/  မှာကြည့်လို့ရပါတယ်။

The Independence





The Independence

Columbine II and III and Aero Commanders

သမတ အိုင်စင်ဟောင်ဝါလက်ထက်မှာတော့ Independence အပြင် Columbine II and Columbine III လို့ အမည်ပေးထားတဲ့ Lockheed ကုမ္ပဏီထုတ် C-121 Super Constellations (VC-121E) လေယာဉ် ၂စီးကိုလည်းသုံးခဲ့ပါသေးတယ်။ Columbine III  အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့်

Columbine_II
The VC-121 Columbine III used by President Eisenhower



Special Air Mission 970 (1959-1962)

သမတ အိုင်စင်ဟောင်ဝါ လက်ထက်မှာ ၁၉၅၉ ခုမှ ပထမဆုံး သမတစီး ဂျက်လေယာဉ် အဖြစ်  Boeing 707-120 ကို SAM 970,  ဆိုတဲ့ အမည်နဲ့ Columbine III နေရာကို အစားထိုးလိုက်ပါတယ်။  SAM 970 ကို သမတ အိုင်စင်ဟောင်ဝါ ၊ ကေနဒီ၊ ဂျွန်ဆင် နဲ့ နစ်ဆင်တို့ သုံးခဲ့ကြပါတယ်။ အသေးစိပ် အချက်အလက်တွေကို   https://www.museumofflight.org/aircraft/boeing-vc-137b-707-120sam-970-air-force-one မှာကြည့်နိုင်ပါတယ်။ 

Special Air Mission 26000 and 27000

၁၉၆၂ သမတ ကနေဒီလက်ထက် မှာ ပိုသစ်တဲ့ Boeing 707 VC-137C လေယာဉ်ကို အစားထိုးပြီး
Special Air Mission SAM 26000 and 27000 လို့ မှတ်ပုံတင်ခဲ့ပါတယ်။ ဒီလေယာဉ်တွေဟာ သမတအတွက် အထူးဒီဇိုင်းတွေနဲ့ ပြင်ဆင်ထားတဲ့ ပထမဆုံး လေယာဉ်တွေလို့ဆိုပါတယ်၊ အပြင်ဘက်မှာလည်းပိုမိုခံညားတဲ့ အပြာနဲ့ အဖြူဆေးရာင်ကိုသုတ်ခဲ့ပါတယ်။
SAM 26000  နဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဓါတ်ပုံတွေကို https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195807/boeing-vc-137c-sam-26000/ မှာတွေ့နိုင်ပါတယ်၊ 



လက်ရှိ Air Force One အဖြစ်အသုံးတော်ခံလေယာဉ်များ (Special Air Mission 28000 and 29000 )(လေတပ်အခေါ်  VC-25A)

၁၉၉၀ ခုနှစ် မှာတော့ သတမရဲ့လေတပ်အုပ်စုထဲကို  ဘိုးအင်း 747-200B လေယာဉ်သစ်၂ စီး ရောက်ရှိလာပါတယ်။  အမှတ် 28000 ( ဒီဇင်ဘာ ၈ရက်) နဲ့ 29000 (ဒီဇင်ဘာ ၂၃)  တို့ပါ။

ဒီလေယာဉ်ကြီးတွေမှာ F-16  တိုက်လေယာဉ်တွေမှာ သုံးတဲ့ Heads up Display (HUD)၊ အဆင့်မြင့်ရေဒါစနစ် နဲ့ သူများရေဒါကို ပိတ်ဆို့တဲ့ စနစ်၊  နျူကလီးယားပေါက်ကွဲမှက ထွက်ပေါ်လာတဲ့ ရေဒီယို လျှပ်စစ်သံလိုက်လှိုင်း electromagnetic pulse (EMP) တွေဒါဏ်ခံနိုင်အောင် ကွယ်ထားတဲ့ ဆက်သွယ်ရေးစနစ်၊ ရေငုပ်သင်္ဘောတွေနဲ့ ဆက်သွယ်ဖို့ Very Low Frequency (AVLF)ဆက်သွယ်ရေး၊ အနားရောက်လာတဲ့ အပူရှာ ဒုံးကျဉ်ကို မီးကျဉ်တွေဖြန့်ကြဲပြီလမ်းလွှဲကာ ဖေါက်ခွဲပစ်မယ့် ဒုံးကျဉ်ကာကွယ်ရေးစနစ် directed infrared countermeasures (DIRCM)၊ လေထဲမှာ ဆီဖြည့်တဲ့ စနစ်၊ နဲ့ အခြား လျှိုဝှက်စနစ်တွေပါဝင်လို့  စစ်ဖြစ်လာလျင် လေထဲမှာပျံသန်းရင်း ကွပ်ကဲ အမိန့်ပေးတဲ့ စခန်းအဖြစ်အသုံးပြုနိုင်ပါတယ်။

Radar, HF Radio, IR Radiation


engine, APU and noise


Oxygen system


Tools and equipment


Aircraft interior

အထပ်သုံးထပ်ပါတဲ့ လေယာဉ်ကြီးမှာ သမတနဲ့ မိသားစုအတွက် ရေချိုးခန်း အိမ်သာ၊ အဝတ်လဲခန်းပါတဲ့ အိပ်ခန်၊း နားနေခန်း ကွန်ဖရန့် ခန်းမ၊ သမတရုံးခန်း , လျှိ့ဝှက် ထောက်လှမ်းရေးနဲ့ သမတရဲ့ လက်ထောက် အဖွဲ့များ နဲ့ သတင်း သမားများ နေဖို့ အဆောင်၊ စာသောက်ခန်း၊ ဆေးခန်းနဲ့ ခွဲစိပ်ခန်းငယ်တို့ ပါဝင်ပါတယ်။
ဝန်ထမ်း ၂၆ ယောက် မှာ လေယာဉ်ဝန်ထမ်းတွေသာမက  စားဖိုမှုး၊ ဆရာဝန်၊ သူနာပြုတို့ပါပါဝင်ပါတယ်။
ဒီလေယာဉ်ကြီးတွေ တနာရီပျံတိုင် ကုန်ကျစားရိတ်  ပြည်သူတွေ ပေးထားတဲ့ အခွန်ငွေထဲက  ဒေါ်လာတသိန်းရှစ်သောင်း ကုန်ကျတယ်ဆိုပါတယ်။
၂၀၀၁ ခု 9/11 အချိန်တုန်းက သမတ ဘုရှ်က လေယာဉ်ပေါ်ကနေ  ဗွီဒီယိုကွန်ဖရန့်လုပ်လို့မရသလို  သတင်းဗွီဒီယိုတွေကိုလည်းကြည့်လို့ မရလို့ အြဒီကိစ္စပြီးပြီးချင်း လေယာဉ်ပေါ်က ဆက်သွယ်ရေးစနစ်ကို ဒေါ်လာ သန်း ၅၀ အကုန်ခံပြီး အရေးပေါ် အဆင့် မြှင့်ခဲ့ရပါသေးတယ်။
ဒီလေယာဉ်ကြီးတွေအကြောင် အသးစိတ်အချက်အလက်တွေကိုတေ့ာ https://www.flightglobal.com/news/articles/usaf-offers-rare-glimpse-of-vc-25b-configurations-450587/
https://www.globalsecurity.org/military/systems/aircraft/vc-25-schem02.htm တွေမှာ ရှာလို့ ရနိုင်ပါတယ်။

အနာဂတ်ရဲ့ Air Force One.


သက်တန်း ၃၀ကျော်ပြီဖြစ်တဲ့ ဒီ လေယာဉ်ကြီး ၂စီးကို အစားထိုးဖို့လေတပ်က ပိုကြီးပြီး ပိုခေတ်မှီတဲ့ စနစ်တွေပါတဲ့ ဘိုးအင်းရဲ့ 747-8 ၂စီးကို အော်ဒါလုပ်ထားပါတယ်။ ၂၀၂၄ ဒီဇင်ဘာမှာ လက်ခံရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
အနာဂတ်ရဲ့ Air Force One.
လက်ရှိနဲ့ အနာဂတ် Air Force One. နှိုင်းယှဉ်ချက်


747-8  ဆိုတာကတော့ ဘိုးအင်းရဲ့  747 မိသားစုရဲ့ နောက်ဆုံးပေါ် အဆင့်မြှင့်ထားတဲ့ မော်ဒယ်ပါ။ ဒါပေမယ့် လေကြောင်းလိုင်းတွေက ဒီ 747-8 ခရီးသည်တင်လေယာဉ်တွေ ထပ်မဝယ်တော့ဘဲ ဆီစား ပိုပြီးသက်သာတဲ့ အင် ဂျင် ၂လုံးတပ်လေယာဉ်တွေကို ပြောင်းသုံးနေကြပါပြီ။ ဘိုးအင်းကလည်း အခုနောက်ပိုင်းမှာ 747-8 ကို ကုန်တင်လေယာဉ်တွေပဲ အသစ်ထုတ်တော့တာပါ။ ဒီလေယာဉ်ကြီး ၂စီးကိုတော့ ရုရှားက Transaero, လေကြောင်းလိုင်းအတွက်ဆောက်ထားခဲ့တာပါ။  လက်လွှဲမပေးနိုင်မီ ၂၀၁၅ မှာအဲဒီလေကြောင်းလိုင်း ဒေဝါလီခံသွားလို့ ပိုက်မိနေတဲ့ ဒီလေယာဉ်ကြီး ၂စီးကို လေတပ်ကို ရောင်းတဲ့အခါ အသစ်အော်ဒါမှာတာထက် ၁.၄ ဘီလီယံ ဈေးသက်သာသွားတယ်ဆိုပါတယ်။

 လက်ရှိ အမေရိကန်သမတ ဒေါ်နယ်ထရမ့် တက်ကာစ ၂၀၁၆ ခုတုန်းက Air Force One အသစ်အော်ဒါတွေကို စားရိတ်ကြီးလို့ ရပ်ဆိုင်းထားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အဲဒီလေယာဉ်၂စီးကို ဝယ်ဖို့ ဒေါ်လာ ၃.၉ ဘီလီယံနဲ့ အတည်ပြုပေးခဲ့တယ်ဆိုပါတယ်။ ထရမ့်က လက်ရှိ ဆေး ရောင်နဲ့ဒီဇိုင်းကို ပြောင်းပြီး ပိုပြီး အမေရိကန်ဆန်တဲ့ အပြာရင့် ဝမ်းဘိုက်နဲ့ အနီ အဖြူစင်းတွေပါတဲ့ သူ့ရဲ့ မျိုးချစ် အမေရိကန်ဒီဇိုင်း သစ်ကို အေဘီစီ သတင်းထောက်ကိုပြခဲ့ပါသေးတယ်။  အမေရိကန်အလံကအရောင်တွေကို အခြေခံထားတဲ့ ဒီဇိုင်းပါ။ အရင်က ယူအက်စ်အဲယားဝေးလေကြောင်း ကလေယာဉ်ပုံစံ သွားတူနေတယ်လို့ ဝေဘန်သူတွေကဆိုကြပါတယ်။


ထရမ့်ရဲ့  Air Force One အသစ် ဆေးခြယ်သပုံ


ယူအက်စ် အဲယားဝေး ဆေးဒီဇိုင်း


ရက်ပိုင်းအကြာမှာ ကွန်ဂရက်က အဲဒီလို ဆေး အသစ်ပြာင်းသုတ်မယ့် အစီအစဉ်ကို အပိုစားရိတ်ကိုချွေတာဖို့ အကြောင်းပြပြီး ပယ်ချလိုက်ပါတယ်။ ၂၀၁၄ မှာ Air Force One.ဖြစ်လာမယ့်လေယာဉ်ကြီးတွေကို ဘယ်လိုပုံစံနဲ့ တွေ့ရမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ

ဖိုးသုည

18-06-19

ကိုးကား

https://www.whitehouse.gov/about-the-white-house/air-force-one/
https://en.wikipedia.org/wiki/Consolidated_C-87_Liberator_Express
http://www.whitehousemuseum.org/special/AF1/
https://www.nationalmuseum.af.mil/
https://www.museumofflight.org/aircraft/boeing-vc-137b-707-120sam-970-air-force-one
https://www.usatoday.com/story/money/2016/12/06/trump-attacks-boeings-deal-new-air-force-one/95033188/
https://www.boeing.com/defense/air-force-one/index.page
https://abcnews.go.com/Politics/video/trump-reveals-patriotic-air-force-63681427
https://liveandletsfly.boardingarea.com/2019/06/13/air-force-one-us-airways-airways-livery/
https://www.npr.org/2019/06/16/732671495/trump-designs-on-revamped-air-force-one-may-not-take-off
https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195807/boeing-vc-137c-sam-26000/
https://www.aerotime.aero/clement.charpentreau/22100-air-force-one-the-flying-white-house 
https://www.globalsecurity.org/military/systems/aircraft/vc-25.htm
https://www.flightglobal.com/news/articles/usaf-offers-rare-glimpse-of-vc-25b-configurations-450587/
https://www.af.mil/About-Us/Fact-Sheets/Display/Article/104588/vc-25-air-force-one/