၁ ။ CCTV ဆိုတာ တချိန်လုံး မျက်စေ့ဒေါက်ထောက်ကြည့်နေနိုင်မှ တခုခုဖြစ်ရင် ချက်ချင်းသိတာပါ။ အဲလိုကြည့်မနေလျင် ဖြစ်ပြီးမှ ပြန်ကြည့်လို့ပဲရပါတယ်။ ကာကွယ်လို့မရပါ။ နပ်တဲ့သူခိုးက CCTV စက်ပါဖြုတ်သွားလို့ ဘာမှတ်တမ်းမှ မကျန်ခဲ့တာ တွေ့ဖူးပါတယ်။
၂၊ မဖြစ်ခင်ကာကွယ်ချင်လျင် Burgler alarm စနစ်တွေ ဝယ်လို့ရပါတယ်။ တံခါးဟသွားလျင် မြည်တဲ့ Door sensor , တံခါးရှေ့၊ ပြုတင်းပေါက်၊ အခန်းထဲ က လှုပ်ရှားမှုတွေ ရှိလျင် မြည်တဲ့ Motion sensor တွေ တပ်ရပါတယ်။ အိမ်မွေး တိရိစ္ဆာန်ရှိလို့ လိုက်ကာလေထဲလွင့်လို့ မတော်တဆ ထထမြည်မှာ ၊ လူမနေဘဲထားခဲ့တဲ့ဆိုင်မှာ တပ်မှာ၊ စသည်အခြေအနေတွေကို ထည့်တွက်ပြီး ကိုယ်လိုသလိုရွေးတပ်လို့ရပါတယ်။ Motion sensor ကို မီးလုံး မီးချောင်းအနီးမှာတပ်မိလျင် ပိုးကောင်ဖမ်းတဲ့ အိမ်မြှောင်တွေကြောင့် ထမြည်ပါတယ်။ စနစ်ကိုလိုက်လို့ တချို့က
အင်တာနက်ချိတ်ထားပြီးလျင် alert message ကို ဖုန်းထဲ အီးမေးထဲပို့ပေးပါတယ်။ SIM ထည့်ထားပြီး ထည့်ပေးထားတဲ့ နံပတ်တွေကို ခေါ်ပေးတာလည်းရှိပါတယ်။
၃။ တချို့ CCTV မှာ alarm system တွဲတပ်လို့ရပါတယ်။ သူလဲ အီးမေးတို့ မက်ဆေ့တို့ ပို့ပါတယ်
၎။ အာမခံသေတ္တာ၊ မီးခံသေတ္တာဆိုတာ သေးလျင် မ ပြီး ယူသွားလိုရတာကြောင့် အဲလို မဖြစ်အောင် နံရံမှာ အသေစွဲထားရပါတယ်။ တချို့တွေက အနောက်နံရံ (သို့) အခင်းနဲ့ မူလီတွေနဲ့ အခိုင်အမာစွဲထားပါတယ်။ အဲလိုစွဲမထားလျင်တော့ သော့ခတ်ထားတဲ့ လေးလံသော သေတ္တာတလုံးဆိုတာထက်မပိုပါဘူး။ ကွန်ကရစ်နဲ့ ငုံထားလျင် အစိုဓါတ်မများဖို့ သတိထားသင့်ပါတယ်။ မိုးတွင်းမှာ အထဲကပစ္စည်းတွေ ပိုက်ဆံကပါလာတဲ့ မှိုတက်လို့ လူကိုလည်း ကျန်းမာရေးထိချုက်ပါတယ်။ မဝယ်ခင် မိမိထားမယ့်နေရာကိုလိုက်ပြီး သော့ အမျိုးစားကိုလည်း လိုအပ်ချက်အလိုက် သေသေချာချာရွေးဝယ်သင့်ပါတယ်။တန်ဖိုးကြီးတာတွေ ထည့်ဖို့ ဖြစ်တာကြောင့် သေတ္တာတန်ဖိုးကို အလေးထားမရွေးသင့်ပါ။
ကိုယ်သိသလောက်မျှဝေတာပါ။
သူတို့ကလက်နက်ပါတတ်သလို လူသတ်မိဖို့ ဝန်လေးမယ်မထင်။ security alarm မြည်လျင်တော့ ဆက်မဝင်ပဲ ထွက်ပြေးဖို့ များပါတယ်။ ပတ်ဝန်းကျင်ပါနိုးတာကိုး ။ ရပ်ကွက် မီးကင်ရှိရင်လဲ သတိထားမိစေပါတယ်။ alarm မြည်လျင် မီးတချို့ကို remote နဲ့ ဖွင့်လိုက်လျင် သူတို့ ဆက်မကြိုးစားလိုကြပါ။ အိမ်အပြင်မှာ Security စနစ်တပ်ထားကြောင်း ကပ်ထားတာက အူကြောင်ကြောင်နိုင်တယ်ထင်ကြပေမယ့် စာဖတ်တတ်တဲ့ သူခိုးကိုတော့ အဟန့်ဖြစ်စေပါတယ်။
သိလို့ တတ်လို့ မဟုတ်ဘဲ ကိုယ်ဖတ်မိ ကြားသိတာကလေးတွေကို သင်ယူနေရင်းနဲ့ မျှဝေတာပါ။
Friday, June 14, 2019
Subscribe to:
Post Comments (Atom)
-
Deepnude ပရိုဂရမ်ရေးသူက ပြန်ပြီး ဖြုတ်ချလိုက်ပါပြီ။ အမျိုးသမီးတယောက်ရဲ့ဓါတ်ပုံကို app ထဲမှာ ဖွင့်လိုက်တယ် ကလစ်ကလေး တချက်နှိပ်လိုက်တာနဲ့ ပ...
-
လျှပ်စစ်မီတာခ နှုန်းထားအသစ်နဲ့ မီတာသုံးစွဲခ တွက်နည်း ၂၀၁၉ ဇူလိုင်လ တရက်နေ့ကစပြီး လျှပ်စစ်မီတာခတွေကို နှုန်းထား အသစ်နဲ့ ကောက်ခံတော့မှာပါ။ ...
-
ဗိုက်ထဲကမျှော့နဲ့ ကန်စွမ်းရွက် ဇာတ်လမ်း၊ ကျွတ်တို့ မျှော့တို့ က ကိုယ်ခန္ဓာ အပူချိန်ထဲ မှာ မရှင်ဘူး။ အစာအိမ်ထဲက အက်ဆစ်နဲ့ အူထဲက အစာခြေရည် က လူ...
No comments:
Post a Comment