Showing posts with label health. Show all posts
Showing posts with label health. Show all posts

Monday, July 1, 2019

အကယ္၍ ကေလးတေယာက္ လိင္ဆိုင္ရာ ျပစ္မႈကိုက်ဳးလြန္ခဲ့လ်င္ (အကယ်၍ ကလေးတယောက် လိင်ဆိုင်ရာ ပြစ်မှုကိုကျုးလွန်ခဲ့လျင်)

အကယ္၍ ကေလးတေယာက္ လိင္ဆိုင္ရာ ျပစ္မႈကိုက်ဳးလြန္ခဲ့လ်င္

အကယ္၍
အကယ္၍ ကေလးတေယာက္က ျပစ္မႈတခုကိုက်ဴးလြန္တယ္ဆိုလ်င္
အဲဒီကိစၥရဲ႕ ေနာက္ကြယ္မွာ မထင္မွတ္တဲ့  ႀကီးမားတဲ့ ျပသနာႀကီးေတြ ရွိေကာင္းရွိေနႏိုင္ပါတယ္၊
အဲဒီကေလးကိုလည္း ကာကြယ္ေပးဖို႔ လိုေကာင္းလိုပါလိမ့္မယ္။

အ႐ြယ္မေရာက္ေသးသူတေယာက္  ျပစ္မႈတခုကို က်ဴးလြန္ပါက ရာဇဝတ္မႈ မေျမာက္ဘဲ ကေလးသူငယ္ဆိုးသြမ္းမႈသာျဖစ္တယ္ဆိုပါတယ္။
သူတို႔ကို ရာဇဝတ္မႈ ျပစ္ဒါဏ္မ်ိဳးမခ်မွတ္ဘဲျပျပင္ထိန္းသိမ္းေရး လုပ္ဖို႔ စီစဥ္ေပးရပါတယ္။
သူတို႔ ဟာ ကိုယ္လုပ္တဲ့လုပ္ရပ္တခုရဲ႕ အတိုင္းအတာ အတိမ္အနက္ကို ေသေသခ်ာခ်ာ မသိဘဲ က်ဴးလြန္ၾကတာျဖစ္လို႔ပါ။
ႏိုင္ငံတကာမွာ  ျပစ္မႈတခုကို က်ဴးလြန္သူဟာ ကိုယ္လုပ္တဲ့လုပ္ရပ္တခုရဲ႕ အတိုင္းအတာ အတိမ္အနက္ကို ေသေသခ်ာခ်ာ မသိလို႔ က်ဴးလြန္ရင္ အျပစ္မေပးဘဲ သူ႔အတြက္ လိုအပ္တဲ့ ျပဳျပင္မႈ ကုသမႈေတြကို လုပ္ေပးပါတယ္။
ဒါကိုပဲ အခြင့္ေကာင္းယူၿပီးတရားခံေရွ႕ေနေတြက သူတို႔ အမႈသည္ ျပစ္ဒါဏ္မခံရေအာင္ အ႐ူးလက္မွတ္ယူၿပီး လူလည္က်ၾကပါတယ္။
ဒါေပမယ့္ အျပစ္လုပ္သူေတြက ကေလး ေတြဆိုရင္ ပိုအေရးႀကီးပါတယ.
သူတို႔ ကိုအျပစ္တင္ အေရးယူမယ့္ အစား သူတို႔ရဲ႕ျပသနာအရင္းအျမစ္ကိုရွာၿပီး ေျဖရွင္းေပးရပါတယ္။
သူတို႔ကို ႀကိဳးကိုင္းခိုင္းေစသူေတြရွိေနသလား၊
သူတို႔မွာ ဆိုး႐ြားတဲ့ မိသားစု  ပတ္ဝန္းက်င္ရွိေနသလား။
မိဘကသိပ္အလိုလိုက္ထားတာလား။ မိဘကႏွိပ္စက္တတ္သလား။
တျခားမိသားစုဝင္ေတြက သူတို႔ကို အႏိုင္က်င့္ေနသလား။
စသည္စသည္ ျပသနာမ်ားစြားကို မေမွ်ာ္လင့္ဘဲေတြ႕လာရတတ္ပါတယ္။
ဒါေၾကာင့္ သူတို႔ ရဲ႕ အနာဂတ္အတြက္ ျပင္ဆင္ေပးရပါမယ္။
အထူးအျဖင့္ေတာ့ စိတ္ပညာနဲ႔စိတ္ေရာဂါ အျခအေနကိုပါ။
ဆရာဝန္၊ ကေလး စိတ္ပညာရွင္၊ ကေလးစိတ္ေရာဂါ ဆရာဝန္ေတြနဲ႔ စစ္ေဆးၿပီး အေျဖရွာရပါတယ္။
 ဆိုး႐ြားတဲ့ ပတ္ဝန္းက်င္ ရွိေနလ်င္ ကယ္ထုတ္ေပးဖို႔ လိုေကာင္းလိုႏိုင္ပါတယ္။၊
လိင္နဲ႔ပတ္သက္တဲ့ ျပသနာဆိုလ်င္ေတာ့ပိုဆိုးပါတယ္။
သူတို႔ ဘာေၾကာင့္ဒီလိုလုပ္တယ္ဆိုတာျပသနာရဲ႕ အရင္းအျမစ္ကို ရွာၿပီး ေျဖရွင္းရမွာပါ။.
တခါတေလမွာ ဒီလို ျပစ္မ်ဳ က်ဳးလြန္သူကေလးေတြကိုယ္တိုင္က တျခားသူေတြရဲ႕  မဟုတ္တာလုပ္တာကို တနည္းနည္းနဲ႔ ခံေနရသူေတြျဖစ္တတ္ပါတယ္
ကေလး ေတြဒီကိစၥေတြကို ဒီလို က်ဳးလြန္ရတယ္လို႔ ဘယ္လိုသိလာသလဲ။
သူတပါးက သူတို႔ကို ဒီလိုပဲလုပ္လို႔လား။
အျပာ ဗြီဒီယိုေတြ ပုံေတြၾကည့္လို႔လား။
တျခားလူႀကီးေတြ ကေလးႀကီးေတြက သင္ေပးလို႔လား။
မိဘေတြကပဲ ဒီလိုအေျခအေနေရာက္ေအာင္တြန္းပို႔ေနတာလား။
လူႀကီး ေတြက ကေလးေတြေရွ႕မွာ မဆင္မခ်င္ ဗြီဒီယိုေတြ ပုံေတြၾကည့္လို႔လား၊ မဆင္မခ်င္ ျပဳမူေနတာကို ကေလးေတြကေတြ႕လို႔ အတုယူတာလား။
စသည္စသည္ အေၾကာင္းရင္းကိုလိုက္ရွာၿပီး ေနာင္ကို ဒီလို မျဖစ္ဖို႔ နည္းလမ္းကိုရွာရပါတယ္။
ေနာင္ကို မျဖစ္ဖို႔ဆိုရာမွာ ကာယကံရွင္ သာမကပါ၊
တျခား ကေလးေတြ၊ ကေလး မိဘေတြအားလုံး ေလ့လာ ပညာယူ ဆင္ျခင္ရပါတယ္။
လိုအပ္လ်င္ ကေလးေတြကို သူတို႔ရဲ႕  ဆိုး႐ြားတဲ့ပတ္ဝန္းက်င္ (သို႔) မိသားစု ကေနကယ္ထုတ္ေပးရပါတယ္။

ဒီေနရာမွာ စနစ္တက် လိင္ပညာေပးျခင္း ကို ေက်ာင္းေတြနဲ႔ လူမႈပတ္ဝန္းက်င္က လက္ခံၾကဖို႔ ေသေသခ်ာခ်ာ စဥ္းစားသင့္ပါတယ္။ 
ဒီေနရာမွာ စနစ္တက် လိင္ပညာေပးျခင္း ကို ေက်ာင္းေတြနဲ႔ လူမႈပတ္ဝန္းက်င္က လက္ခံၾကဖို႔ ေသေသခ်ာခ်ာ စဥ္းစားသင့္ပါတယ္။
စနစ္တက် မသင္လို႔ အမွားကို အမွန္ထင္တဲ့ ျပသနာက ျပင္ရခက္ပါတယ္၊
လူႀကီးေတြမွာေတာင္ ဒီလို အယူအဆမွားေတြ စြဲေနသူအမ်ားႀကီးပါ.
အသက္ အ႐ြယ္အလိုက္ စနစ္တက် လိင္ပညာေပးျခင္း ျဖင့္ မွားယြင္းတဲ့ အေတြးအခၚ  အယူအဆေတြကို တားဆီးႏိုင္မွာပါ။
က်န္းမာေရးဌာနနဲ႔ ပညာေရးဌာနတို႔ကဦးေဆာင္ၿပီး မိဘတိုင္း ၊ ဆရာတိုင္းသာမကာ တာဝန္သိသူ လူမႈေရး အသိစိတ္ရွိသူတိုင္းပါဝင္ၾကသင့္ပါတယ္.။
ျပစ္မႈ က်ဴးလြန္တဲ့ ကေလးေတြ ေတြ႕လ်င္ အျပစ္တင္ရႈတ္ခ်ေနမယ့္အစား ဝိုင္းဝန္းပူးေပါင္း အေျဖရွာလို႔ ကူညီၾကပါ။


ဖိုးသုည
1-7-19




အကယ်၍ ကလေးတယောက် လိင်ဆိုင်ရာ ပြစ်မှုကိုကျုးလွန်ခဲ့လျင် (ယူနီကုဒ်) 



အကယ်၍ ကလေးတယောက်က ပြစ်မှုတခုကိုကျူးလွန်တယ်ဆိုလျင် 
အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ မထင်မှတ်တဲ့  ကြီးမားတဲ့ ပြသနာကြီးတွေ ရှိကောင်းရှိနေနိုင်ပါတယ်၊ 
အဲဒီကလေးကိုလည်း ကာကွယ်ပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။ 

အရွယ်မရောက်သေးသူတယောက်  ပြစ်မှုတခုကို ကျူးလွန်ပါက ရာဇဝတ်မှု မမြောက်ဘဲ ကလေးသူငယ်ဆိုးသွမ်းမှုသာဖြစ်တယ်ဆိုပါတယ်။
သူတို့ကို ရာဇဝတ်မှု ပြစ်ဒါဏ်မျိုးမချမှတ်ဘဲပြပြင်ထိန်းသိမ်းရေး လုပ်ဖို့ စီစဉ်ပေးရပါတယ်။
သူတို့ ဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တခုရဲ့ အတိုင်းအတာ အတိမ်အနက်ကို သေသေချာချာ မသိဘဲ ကျူးလွန်ကြတာဖြစ်လို့ပါ။
နိုင်ငံတကာမှာ  ပြစ်မှုတခုကို ကျူးလွန်သူဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တခုရဲ့ အတိုင်းအတာ အတိမ်အနက်ကို သေသေချာချာ မသိလို့ ကျူးလွန်ရင် အပြစ်မပေးဘဲ သူ့အတွက် လိုအပ်တဲ့ ပြုပြင်မှု ကုသမှုတွေကို လုပ်ပေးပါတယ်။
ဒါကိုပဲ အခွင့်ကောင်းယူပြီးတရားခံရှေ့နေတွေက သူတို့ အမှုသည် ပြစ်ဒါဏ်မခံရအောင် အရူးလက်မှတ်ယူပြီး လူလည်ကျကြပါတယ်။
ဒါပေမယ့် အပြစ်လုပ်သူတွေက ကလေး တွေဆိုရင် ပိုအရေးကြီးပါတယ.
သူတို့ ကိုအပြစ်တင် အရေးယူမယ့် အစား သူတို့ရဲ့ပြသနာအရင်းအမြစ်ကိုရှာပြီး ဖြေရှင်းပေးရပါတယ်။
သူတို့ကို ကြိုးကိုင်းခိုင်းစေသူတွေရှိနေသလား၊
သူတို့မှာ ဆိုးရွားတဲ့ မိသားစု  ပတ်ဝန်းကျင်ရှိနေသလား။
မိဘကသိပ်အလိုလိုက်ထားတာလား။ 
မိဘကနှိပ်စက်တတ်သလား။
တခြားမိသားစုဝင်တွေက သူတို့ကို အနိုင်ကျင့်နေသလား။
စသည်စသည် ပြသနာများစွားကို မမျှော်လင့်ဘဲတွေ့လာရတတ်ပါတယ်။
ဒါကြောင့် သူတို့ ရဲ့ အနာဂတ်အတွက် ပြင်ဆင်ပေးရပါမယ်။
 ဆိုးရွားတဲ့ ပတ်ဝန်းကျင် ရှိနေလျင် ကယ်ထုတ်ပေးဖို့ လိုကောင်းလိုနိုင်ပါတယ်။၊
အထူးအဖြင့်တော့ စိတ်ပညာနဲ့စိတ်ရောဂါ အခြအနေကိုပါ။
ဆရာဝန်၊ ကလေး စိတ်ပညာရှင်၊ ကလေးစိတ်ရောဂါ ဆရာဝန်တွေနဲ့ စစ်ဆေးပြီး အဖြေရှာရပါတယ်။

လိင်နဲ့ပတ်သက်တဲ့ ပြသနာဆိုလျင်တော့ပိုဆိုးပါတယ်။
သူတို့ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာပြသနာရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းရမှာပါ။.
တခါတလေမှာ ဒီလို ပြစ်မျု ကျုးလွန်သူကလေးတွေကိုယ်တိုင်က တခြားသူတွေရဲ့  မဟုတ်တာလုပ်တာကို တနည်းနည်းနဲ့ ခံနေရသူတွေဖြစ်တတ်ပါတယ်။
ကလေး တွေဒီကိစ္စတွေကို ဒီလို ကျုးလွန်ရတယ်လို့ ဘယ်လိုသိလာသလဲ။
သူတပါးက သူတို့ကို ဒီလိုပဲလုပ်လို့လား။
အပြာ ဗွီဒီယိုတွေ ပုံတွေကြည့်လို့လား။
တခြားလူကြီးတွေ ကလေးကြီးတွေက သင်ပေးလို့လား။
မိဘတွေကပဲ ဒီလိုအခြေအနေရောက်အောင်တွန်းပို့နေတာလား။
လူကြီး တွေက ကလေးတွေရှေ့မှာ မဆင်မချင် ဗွီဒီယိုတွေ ပုံတွေကြည့်လို့လား၊ မဆင်မချင် ပြုမူနေတာကို ကလေးတွေကတွေ့လို့ အတုယူတာလား။
စသည်စသည် အကြောင်းရင်းကိုလိုက်ရှာပြီး နောင်ကို ဒီလို မဖြစ်ဖို့ နည်းလမ်းကိုရှာရပါတယ်။
နောင်ကို မဖြစ်ဖို့ဆိုရာမှာ ကာယကံရှင် သာမကပါ၊
တခြား ကလေးတွေ၊ ကလေး မိဘတွေအားလုံး လေ့လာ ပညာယူ ဆင်ခြင်ရပါတယ်။
လိုအပ်လျင် ကလေးတွေကို သူတို့ရဲ့  ဆိုးရွားတဲ့ပတ်ဝန်းကျင် (သို့) မိသားစု ကနေကယ်ထုတ်ပေးရပါတယ်။

ဒီနေရာမှာ စနစ်တကျ လိင်ပညာပေးခြင်း ကို ကျောင်းတွေနဲ့ လူမှုပတ်ဝန်းကျင်က လက်ခံကြဖို့ သေသေချာချာ စဉ်းစားသင့်ပါတယ်။
စနစ်တကျ မသင်လို့ အမှားကို အမှန်ထင်တဲ့ ပြသနာက ပြင်ရခက်ပါတယ်၊
လူကြီးတွေမှာတောင် ဒီလို အယူအဆမှားတွေ စွဲနေသူအများကြီးပါ.
အသက် အရွယ်အလိုက် စနစ်တကျ လိင်ပညာပေးခြင်း ဖြင့် မှားယွင်းတဲ့ အတွေးအခါ်  အယူအဆတွေကို တားဆီးနိုင်မှာပါ။
ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနတို့ကဦးဆောင်ပြီး မိဘတိုင်း ၊ ဆရာတိုင်းသာမကာ တာဝန်သိသူ လူမှုရေး အသိစိတ်ရှိသူတိုင်းပါဝင်ကြသင့်ပါတယ်.။
ပြစ်မှု ကျူးလွန်တဲ့ ကလေးတွေ တွေ့လျင် အပြစ်တင်ရှုတ်ချနေမယ့်အစား ဝိုင်းဝန်းပူးပေါင်း အဖြေရှာလို့ ကူညီကြပါ။

ဖိုးသုည
1-7-19

Saturday, June 15, 2019

အမ်ိဳးသားမ်ားက်န္းမာေရး (Men’s health)အမျိုးသားများကျန်းမာရေး

အမ်ိဳးသားမ်ားက်န္းမာေရး (Men’s health)

ဒီကေန႔ 16-6-19 ဟာ အေဖမ်ားေန႔ Father’s day ပါ။ လူအမ်ားစုက အေဖမ်ားေန႔ကိုသိၾကေပမယ့္ အဲဒီအေဖမ်ားျဖစ္တဲ့ ပုရိသေယာက်ၤားတို႔ရဲ႕ က်န္းမားေရးအတြက္ ေဆာ္ဩေပးတဲ့ ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ international Men's health week နဲ႔ Wear Blue day ကိုေတာ့ မသိၾကတာမ်ားပါတယ္။ တခ်ိန္တည္းမွာပဲ မဟာပုရိသမ်ားရဲ႕ က်န္းမာေရးျပသနာမ်ားနဲ႔ ဝိုင္းဝန္း ေစာင့္ေရွာက္ေပးႏိုင္တဲ့ နည္းလမ္းမ်ားကိုလည္း သတိမမူမိၾကပါဘူး ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ရဲ႕ ေသာၾကာေန႔ ကိုေတာ့ Wear Blue day အျပာေရာင္ ဝတ္ဆင္ေရးေန႔လို႔ သတ္မွတ္ပါတယ္။ ဒီႏွစ္ ၂၀၁၉ ခုဇြန္လ ၁၀ ရက္ကေန ၁၆ ရက္ အထိကို အမ်ိဳးသားမ်ားက်န္းမာေရး ရက္သတၱပတ္ Men’s health week လို႔ သတ္မွတ္ထားပါတယ္။ ၂၀၁၉ အတြက္ အျပာေရာင္ ဝတ္ဆင္ေရးေန႔ဟာ ဇြန္လ ၁၄ ရက္ေန႔ပါ။ လူအမ်ားစုက အမ်ိဳးသားမ်ားက်န္းမာေရး ဆိုလ်င္ ကာမအားတိုးေဆး ဗီယာဂရာ ကိုပဲ ေျပးျမင္ၾကပါတယ္။ က်န္းမာေရးဆိုတာ ကိုယ္ကာယာ စိတ္ နဲ႔ လူမႈဆက္ဆံေရး သုံးမ်ိဳးလုံးက်န္းမာမွ က်န္းမာတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ဖြင့္ဆိုထားပါတယ္၊



ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္။ (Men’s health week)

အဲဒီရက္သတၱပတ္မွာ က်န္းမာေရးနဲ႔ လူမႈေရး အဖြဲ႕မ်ားက က်န္းမာေရး ၊ လုပ္ငန္းခြင္အႏၲရာယ္ႏွင့္ လုပ္ငန္းခြင္ႏွင့္ဆက္စပ္ေရာဂါမ်ားကာကြယ္ေရး ပညာေပးေဟာေျပာပြဲ က်န္းမာေရးစစ္ေပးျခင္း၊ အားကစား လႈပ္ရွားမႈနဲ႔  အျခားလူထုအသြင္ လႈပ္ရွားမႈမ်ားလုပ္ၾကပါတယ္။

ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္။ (Men’s health week) ဘယ္လိုျဖစ္ေပၚလာတာလဲ 
၁၉၉၄ ခုမွာ အေမရိကန္ ကြန္ဂရက္က အမ်ိဳသားမ်ားက်န္းမာေရး ကြန္ယက္ကို အတည္ျပဳေပးခဲ့ ၿပီး အဲဒီကြန္ယက္က အေမရိကန္ အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးအတြက္ ေလ့လာဆန္းစစ္မႈမ်ားျပဳလုပ္ျခင္း၊ အႀကံေပးျခင္း၊ က်န္းမာေရး လုပ္ငန္းခြင္ အႏၲရာယ္ကင္းရွင္းေရး ပညာေပးျခင္း ေဟာေျပာျခင္း အမ်ားသိလာေအာင္ လႈပ္ရွားမႈမ်ားလုပ္ေပးျခငးစသည္ျဖင့္ ေဆာင္႐ြက္ခဲ့တာပါ။
ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ကိုေတာ့  အေမရိကား နဲ႔ ၿဗိတိန္၊ အီးယူ၊ ဩစေတးသွ် အပါဝင္ စိတ္ဝင္စားတဲ့ ႏိုင္ငံအခ်ိဳ႕က အမ်ိဳးသားမ်ားက်န္းမာေရး လႈပ္ရွားမႈ အသင္းအဖြဲ႕မ်ားရဲ႕  ၂၀၀၁ စုံညီအစည္းအေဝးမွာ အဆိုျပဳခဲ့ၿပီး ၂၀၀၂ ဗီယင္နာ ေၾကညာခ်က္နဲ႔အတူစတင္ခဲ့တာပါ။
ႏွစ္စဥ္ အေဖမ်ားေန႔က်င္းပတဲ့ ရက္သတၱပတ္ ကို ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္လို႔ သတ္မွတ္ပါတယ္။
ရည္႐ြယ္ခ်က္ကေတာ့ အမ်ိဳးသမီးမ်ားထက္ က်န္းမာေရးခ်ိဳ႕တဲ့ၿပီး အသက္တိုၾကတဲ့ အမ်ိဳးသားမ်ားအၾကားမွာ က်န္းမာေရး အသိပညာမ်ားတိုးတက္လာေစရန္, က်န္းမာေရးစစ္ေဆးမႈမ်ားပုံမွန္လုပ္ၿပီး ကာကြယ္လို႔ရတဲ့ ေရာဂါမ်ား၊ လုပ္ငန္းခြင္ အႏၲရာယ္မ်ားကို ကာကြယ္၊ ေရာဂါျဖစ္လာလ်င္လည္း အခ်ိန္မီ ေစာစီးစြာကုသမႈခံယူႏိုင္ဖို႔၊ စိတ္၊ ကိုယ္နဲ႔ လူမႈေရး အဘက္ဘက္မွာ က်န္းမာစြာ သက္တန္းျပည့္ေနႏိုင္ေစဖို႔ျဖစ္ပါတယ္။


Mens'Health သည္ အမ်ိဳးသားမ်ားအတြက္သာမဟုတ္

တကယ္ေတာ့ အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးကိစၥေတြက သူတို႔ အတြက္သာ အေရးႀကီးတာ မဟုတ္ပါ။
သူတို႔ ကို ခ်စ္ေသာ မိသားစုဝင္မ်ား၊ သူတိုကို မွီခိုေနသူမ်ား အတြက္လည္း အေရးႀကီးတာျဖစ္လို႔၊
အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးကိစၥေတြကို လူတိုင္းလူတိုင္းသိထားသင့္ၿပီး မိမိတို႔ရဲ႕ အေဖ၊ အကို၊ ေမာင္၊ သား၊ ဦးႀကီး ဦးေလး တိုရဲ႕ က်န္းမာေရးကို ဝိုင္းဝန္းေစာင့္ေရွာက္ၾကရမွာ ျဖစ္ပါတယ္။

ျပည္ျမန္မာအေျခအေန

၂၀၁၄ သန္ေကာင္စာရင္းအရ ျမန္မာျပည္မွာ အမ်ိဳးသားဦးေရက အမ်ိဳးသမီးဦးေရထက္ ၁.၈၃၇ သန္း ေလ်ာ့နည္းပါတယ္။

၁. စုစုေပါင္း က်ား၊ မ လူဦးေရ (၂၀၁၄ သန္းေကာင္စာရင္း)


ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ၂၀၁၆ မွာ ထုတ္ျပန္တဲ့ ကိန္းဂဏန္းမ်ားအရ ျမန္မာျပည္မွာ ၂၀၁၆ မွာ ကေလးတေယာက္ေမြးလာတဲ့ အခါ သူေနရမဲ့ ခန္႔မွန္းသက္တမ္း (life expectancy at birth ) ဟာ မိန္းခေလးဆို ၆၉ ႏွစ္ ရွိေပမဲ့ ေယာက်ၤားေလးဆိုရင္ေတာ့ ေလးႏွစ္ အသက္ပိုတိုၿပီး ၆၅ ႏွစ္ပဲရွိပါတယ္။

၂. က်ား၊ မ ခန္႔မွန္း သက္တမ္း (WHO၂၀၁၆)


ေမြးကင္းစမွာ ေယာက်ၤားေလးဦးေရကမသိမသာပိုမ်ားေပမဲ့ အသက္ ၂၀ ေက်ာ္လာတာတဲ့ နဲ႔ အမွ် အမ်ိဳးသားဦးေရ က်ဆင္းလာပါတယ္။
အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီး ဦးေရ ၁၀၀ ရွိတိုင္း ႐ြယ္တူ အမ်ိဳးသားက ၈၇ ေယာက္ေလာက္ပဲရွိေတာ့ၿပီး၊ အသက္ ၈၀ ရွိတဲ့ အမ်ိဳးသမီး ဦးေရ ၁၀၀ ရွိတိုင္း သက္တူ႐ြယ္တူ အမ်ိဳးသားက ၆၄  ေယာက္ေလာက္ပဲရွိပါေတာ့တယ္။
အဲဲဒီသက္ႀကီး က်ားမ ဦးေရ ကြာျခားခ်က္ဟာ ၁၉၈၃ ခုစာရင္းေကာက္တုန္းက အသက္ ၆၀ ေက်ာ္လာမွ  သိသိသာသာကြာလာတာျဖစ္ၿပီး ၂၀၁၄ စာရင္ အရ ကြာျခားမႈထက္ ၂ဆပိုလာတာကိုေတြ႕ရပါတယ္။
၃က. အသက္အလိုက္ က်ား၊ မလူဦးေရ ျခားနားလာမႈ အေျခ အေန (၂၀၁၄ သန္းေကာင္စာရင္း)
၃ခ. အသက္အလိုက္ က်ား၊ မလူဦးေရ ျခားနားလာမႈ အေျခ အေန  (၂၀၁၄ သန္းေကာင္စာရင္း)


အထီးက်န္တာလား အမက်န္တာလား
မုဆိုးဖို အေရအတြက္ဟာ အသက္ ၅၀ ေက်ာ္ အ႐ြယ္မွ စတင္မ်ားျပားလာၿပီး အသက္၇၅ ေက်ာ္မွသိသိသာသာ မ်ားလာေပမဲ့ မုဆိုးမအေရအတြက္ကေတာ့ အသက္ ၄၀ ေလာက္ကတည္းက စတင္မ်ားျပားလာၿပီး အသက္ ၆၀ ေလာက္မွာ သိသိသာသာမ်ားလာပါတယ္။
၄. အသက္အလိုက္ မုဆိုးဖို ျဖစ္မႈ (အသက္အလိုက္ အိမ္ေထာင္ရွိ အမ်ိဳးသမီး ေသဆုံးမႈ) (၂၀၁၄ သန္းေကာင္စာရင္း)

၅.  အသက္အလိုက္ မုဆိုးမ ျဖစ္မႈ (အသက္အလိုက္ အိမ္ေထာင္ရွိ အမ်ိဳးသား ေသဆုံးမႈ) (၂၀၁၄ သန္းေကာင္စာရင္း)


ကမာၻ႔တျခားႏိုင္ငံေတြက ပုရိသမ်ားအေျခအေန
ဒီလို က်ားမ လူဦးေရနဲ႔ သက္တန္းကြာျခားမႈေတြက ျမန္မာျပည္မွာသာမဟုတ္ဘဲ ကမာၻ႔ႏိုင္ငံအမ်ားစုမွာျဖစ္ေနတာပါ။

အားႏြဲ႕ေသာ ေယာက်ၤားသဘာဝ

အေမရိကန္ရဲ႕ အမ်ိဳးသားမ်ားက်န္းမာေရး ကြန္ယက္ရဲ႕ ေလ့လာဆန္းစစ္ခ်က္မ်ားအရ
_ ကိုယ္ဝန္ေဆာင္စဥ္မွာ မိန္းမေလး သေႏၶသား ၁၀၀ ရွိတိုင္း ေယာက်ၤားေလး သေႏၶသား ၁၁၅ ေယာက္ရွိပါတယ္
- မိခင္ရဲ႕ ဝမ္းတြင္းမွာရွိစဥ္ကိုယ္ဝန္ပ်က္က်တဲ့အခါ ေယာက်ၤားေလး သေႏၶသားမ်ားက ပိုပ်က္က်ဖို႔လြယ္ပါတယ္။
- ေမြးကင္းစကေလးငယ္ေတြေသဆုံးမႈမွာ ေယာက်ၤားေလး ၂၅ ရာႏႈန္းပိုမ်ားပါတယ္။
- ပုခက္တြင္း ကေလး ေသဆုံးမႈ ၅ ေယာက္မွာ ၃ ေယာက္က ေယာက်ၤားေလးေတြပါ။
- အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားထက္ အၾကားအား႐ုံခ်ိဳ႕ယြင္မႈ ၂ ဆမ်ားပါတယ္။
- အမ်ိဳးသားေတြမွာ ေရာဂါပိုးေတြကိုခုခံေပးတဲ့ တီဆဲလ္ ေတြပိုနည္းပါတယ္။
- က်ားေဟာ္မုန္းက ဆိုးက်ိဳးေပးတဲ့ LDL ကိုလက္စထေရာမ်ားၿပီး ေကာင္းက်ိဳးေပးတဲ့  HDLနည္းပါးျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။
- အမ်ိဳးသမီးမ်ားဟာ ဆရာဝန္နဲ႔ ပုံမွန္က်န္းမာေရး စစ္ေဆးျခင္းနဲ႔ ကာကြယ္ျခင္းမ်ားကို လုပ္ေဆာင္မႈမွာ အမ်ိဳးသားထက္ ၁၀၀ ရာႏႈန္းပိုပါတယ္။
- အမ်ိဳးသားမ်ားက သူတပါးရဲ႕သတ္ျဖတ္ခံရမႈပိုမ်ားပါတယ္။ စစ္ပြဲေတြျဖစ္ေနတဲ့ ႏိုင္ငံေတြမ်ာေတာ့ ပိုဆိုးပါတယ္။

-အမ်ိဳးသားမ်ားက စိတ္က်ေရာဂါခံစားရတာပိုမ်ားၿပီး မိမိကိုယ္မိမိ ေသေၾကာင္းႀကံတာလည္း အမ်ိဳးသမီးမ်ားထက္ မ်ားပါတယ္။
- ႏွလုံးေရာဂါ၊ ကင္ဆာ၊ ထိခိုက္ဒါဏ္ရာရရွိမႈ၊ ေလျဖတ္ျခင္း၊ မိမိကိုယ္ သတ္ေသျခင္းတို႔ေၾကာင့္ ေသဆုံးမႈေတြမွာ အမ်ိဳးသားမ်ားက ပိုမ်ားပါတယ္။
- အမ်ိဳးသားမ်ားငဘာဝက အသက္အႏၲရာယ္ရွိတဲ့ စြန္႔စားမႈမ်ားကို ပိုမိုလုပ္ေလ့ရွိလို႔ ထိခိုက္ဒါဏ္ရာရတာ ေသၾကပ်က္စီးတာပိုမ်ားပါတယ္။
- အႏၲရာယ္ရွိေသာ အလုပ္၊ က်န္းမာေရးကို ထိခိုက္ေစေသာလုပ္ငန္းေတြမွာ အလုပ္လုပ္သူေတြ အမ်ားစုဟာ အမ်ိဳးသားမ်ားျဖစ္ၾကပါတယ္။

အထက္ပါအေၾကာင္းမ်ိဳးစုံတို႔ေၾကာင့္ ကမာၻတလႊားမွာ အမ်ိဳးသားမ်ားရဲ႕ သက္တန္းဟာ အမ်ိဳးသမီးမ်ားထက္ ၃ႏွစ္ကေန ၇ ႏွစ္အထိပိုၿပီးေတာ့ တိုတာကိုေတြ႕ႏိုင္ပါတယ္။
အဲဒီလိုမျဖစ္ရေလေအာင္ အမ်ိဳးသားမ်ားက မိမိတို႔ က်န္းမာေရး  နဲ႔ ဆက္စပ္ျပသနာမ်ား အေၾကာင္းကိုပိုမိုသိရွိသေဘာေပါက္လာၾကၿပီး ပုံမွန္ စစ္ေဆး၊ ကာကြယ္, ကုသၾကရမွာျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံ အမ်ိဳးသားမ်ားက်န္းမာေရးကြန္ယက္ Men’s Health Network မွ Get it checked ဆိုတဲ့ လက္ကမ္းစာေဆာင္မွ အမ်ိဳးသားမ်ား ပုံမွန္လုပ္ေဆာင္သင့္တဲ့ က်န္းမာေရး စစ္ေဆးခ်က္မ်ားကို ကို ျမန္မာမႈ ျပဳထားပါတယ္။


အသက္ကေလးရယ္တဲ့ ရွည္ေစလို၊ ပုရိသမ်ား ဘာေတြလုပ္ၾကသင့္သလဲ
၆. အမ်ိဳးသားမ်ားက်န္းမာေရးအတြက္ ပုံမွန္စစ္ေဆးသင့္သည္မ်ား (Men’s Health Network မွ Get it checked လက္ကမ္းစာေဆာင္ကို ျမန္မာမႈ ျပဳထားပါသည္။) 

ဖိုးသုည
၁၆၊၀၆၊၂၀၁၉

အမျိုးသားများကျန်းမာရေး (Men’s health) (ယူနီကုဒ်)


ဒီကနေ့ 16-6-19 ဟာ အဖေများနေ့ Father’s day ပါ။
လူအများစုက အဖေများနေ့ကိုသိကြပေမယ့် အဲဒီအဖေများဖြစ်တဲ့ ပုရိသယောင်္ကျားတို့ရဲ့ ကျန်းမားရေးအတွက် ဆော်ဩပေးတဲ့ ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ် international Men's health week နဲ့ Wear Blue day ကိုတော့ မသိကြတာများပါတယ်။
တချိန်တည်းမှာပဲ မဟာပုရိသများရဲ့ ကျန်းမာရေးပြသနာများနဲ့ ဝိုင်းဝန်း စောင့်ရှောက်ပေးနိုင်တဲ့ နည်းလမ်းများကိုလည်း သတိမမူမိကြပါဘူး
ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ရဲ့ သောကြာနေ့ ကိုတော့ Wear Blue day အပြာရောင် ဝတ်ဆင်ရေးနေ့လို့ သတ်မှတ်ပါတယ်။
ဒီနှစ် ၂၀၁၉ ခုဇွန်လ ၁၀ ရက်ကနေ ၁၆ ရက် အထိကို အမျိုးသားများကျန်းမာရေး ရက်သတ္တပတ်  Men’s health week လို့ သတ်မှတ်ထားပါတယ်။
၂၀၁၉ အတွက် အပြာရောင် ဝတ်ဆင်ရေးနေ့ဟာ ဇွန်လ ၁၄ ရက်နေ့ပါ။
လူအများစုက အမျိုးသားများကျန်းမာရေး ဆိုလျင် ကာမအားတိုးဆေး ဗီယာဂရာ ကိုပဲ ပြေးမြင်ကြပါတယ်။
ကျန်းမာရေးဆိုတာ ကိုယ်ကာယာ စိတ် နဲ့ လူမှုဆက်ဆံရေး သုံးမျိုးလုံးကျန်းမာမှ ကျန်းမာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖွင့်ဆိုထားပါတယ်၊


ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week)


အဲဒီရက်သတ္တပတ်မှာ ကျန်းမာရေးနဲ့ လူမှုရေး အဖွဲ့များက ကျန်းမာရေး ၊ လုပ်ငန်းခွင်အန္တရာယ်နှင့် လုပ်ငန်းခွင်နှင့်ဆက်စပ်ရောဂါများကာကွယ်ရေး ပညာပေးဟောပြောပွဲ ကျန်းမာရေးစစ်ပေးခြင်း၊ အားကစား လှုပ်ရှားမှုနဲ့  အခြားလူထုအသွင် လှုပ်ရှားမှုများလုပ်ကြပါတယ်။



ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week) ဘယ်လိုဖြစ်ပေါ်လာတာလဲ 

၁၉၉၄ ခုမှာ အမေရိကန် ကွန်ဂရက်က အမျိုသားများကျန်းမာရေး ကွန်ယက်ကို အတည်ပြုပေးခဲ့ ပြီး အဲဒီကွန်ယက်က အမေရိကန် အမျိုးသားများရဲ့ ကျန်းမာရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း၊ အကြံပေးခြင်း၊ ကျန်းမာရေး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ပညာပေးခြင်း ဟောပြောခြင်း အများသိလာအောင် လှုပ်ရှားမှုများလုပ်ပေးခြငးစသည်ဖြင့် ဆောင်ရွက်ခဲ့တာပါ။

ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကိုတော့  အမေရိကား နဲ့ ဗြိတိန်၊ အီးယူ၊ ဩစတေးသျှ အပါဝင် စိတ်ဝင်စားတဲ့ နိုင်ငံအချို့က အမျိုးသားများကျန်းမာရေး လှုပ်ရှားမှု အသင်းအဖွဲ့များရဲ့  ၂၀၀၁ စုံညီအစည်းအဝေးမှာ အဆိုပြုခဲ့ပြီး ၂၀၀၂ ဗီယင်နာ ကြေညာချက်နဲ့အတူစတင်ခဲ့တာပါ။

နှစ်စဉ် အဖေများနေ့ကျင်းပတဲ့ ရက်သတ္တပတ် ကို ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်လို့ သတ်မှတ်ပါတယ်။

ရည်ရွယ်ချက်ကတော့ အမျိုးသမီးများထက် ကျန်းမာရေးချို့တဲ့ပြီး အသက်တိုကြတဲ့ အမျိုးသားများအကြားမှာ ကျန်းမာရေး အသိပညာများတိုးတက်လာစေရန်, ကျန်းမာရေးစစ်ဆေးမှုများပုံမှန်လုပ်ပြီး ကာကွယ်လို့ရတဲ့ ရောဂါများ၊ လုပ်ငန်းခွင် အန္တရာယ်များကို ကာကွယ်၊ ရောဂါဖြစ်လာလျင်လည်း အချိန်မီ စောစီးစွာကုသမှုခံယူနိုင်ဖို့၊ စိတ်၊ ကိုယ်နဲ့ လူမှုရေး အဘက်ဘက်မှာ ကျန်းမာစွာ သက်တန်းပြည့်နေနိုင်စေဖို့ဖြစ်ပါတယ်။





Mens'Health သည် အမျိုးသားများအတွက်သာမဟုတ်


တကယ်တော့ အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေက သူတို့ အတွက်သာ အရေးကြီးတာ မဟုတ်ပါ။

သူတို့ ကို ချစ်သော မိသားစုဝင်များ၊ သူတိုကို မှီခိုနေသူများ အတွက်လည်း အရေးကြီးတာဖြစ်လို့၊

အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေကို လူတိုင်းလူတိုင်းသိထားသင့်ပြီး မိမိတို့ရဲ့ အဖေ၊ အကို၊ မောင်၊ သား၊ ဦးကြီး ဦးလေး တိုရဲ့ ကျန်းမာရေးကို ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။



ပြည်မြန်မာအခြေအနေ


၂၀၁၄ သန်ကောင်စာရင်းအရ မြန်မာပြည်မှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၁.၈၃၇ သန်း လျော့နည်းပါတယ်။
၁. စုစုပေါင်း ကျား၊ မ လူဦးရေ (၂၀၁၄ သန်းကောင်စာရင်း)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၆ မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ ၂၀၁၆ မှာ ကလေးတယောက်မွေးလာတဲ့ အခါ သူနေရမဲ့ ခန့်မှန်းသက်တမ်း (life expectancy at birth ) ဟာ မိန်းခလေးဆို ၆၉ နှစ် ရှိပေမဲ့ ယောင်္ကျားလေးဆိုရင်တော့ လေးနှစ် အသက်ပိုတိုပြီး ၆၅ နှစ်ပဲရှိပါတယ်။
၂. ကျား၊ မ ခန့်မှန်း သက်တမ်း (WHO၂၀၁၆)



မွေးကင်းစမှာ ယောင်္ကျားလေးဦးရေကမသိမသာပိုများပေမဲ့ အသက် ၂၀ ကျော်လာတာတဲ့ နဲ့ အမျှ အမျိုးသားဦးရေ ကျဆင်းလာပါတယ်။

အသက် ၅၀ အရွယ် အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း ရွယ်တူ အမျိုးသားက ၈၇ ယောက်လောက်ပဲရှိတော့ပြီး၊ အသက် ၈၀ ရှိတဲ့ အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း သက်တူရွယ်တူ အမျိုးသားက ၆၄  ယောက်လောက်ပဲရှိပါတော့တယ်။

အဲဒီသက်ကြီး ကျားမ ဦးရေ ကွာခြားချက်ဟာ ၁၉၈၃ ခုစာရင်းကောက်တုန်းက အသက် ၆၀ ကျော်လာမှ  သိသိသာသာကွာလာတာဖြစ်ပြီး ၂၀၁၄ စာရင် အရ ကွာခြားမှုထက် ၂ဆပိုလာတာကိုတွေ့ရပါတယ်။
၃က. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ (၂၀၁၄ သန်းကောင်စာရင်း)

၃ခ. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ  (၂၀၁၄ သန်းကောင်စာရင်း)



အထီးကျန်တာလား အမကျန်တာလား

မုဆိုးဖို အရေအတွက်ဟာ အသက် ၅၀ ကျော် အရွယ်မှ စတင်များပြားလာပြီး အသက်၇၅ ကျော်မှသိသိသာသာ များလာပေမဲ့ မုဆိုးမအရေအတွက်ကတော့ အသက် ၄၀ လောက်ကတည်းက စတင်များပြားလာပြီး အသက် ၆၀ လောက်မှာ သိသိသာသာများလာပါတယ်။
၄. အသက်အလိုက် မုဆိုးဖို ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသမီး သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)

၅.  အသက်အလိုက် မုဆိုးမ ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသား သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)





ကမ္ဘာ့တခြားနိုင်ငံတွေက ပုရိသများအခြေအနေ

ဒီလို ကျားမ လူဦးရေနဲ့ သက်တန်းကွာခြားမှုတွေက မြန်မာပြည်မှာသာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်နေတာပါ။



အားနွဲ့သော ယောင်္ကျားသဘာဝ


အမေရိကန်ရဲ့ အမျိုးသားများကျန်းမာရေး ကွန်ယက်ရဲ့ လေ့လာဆန်းစစ်ချက်များအရ

_ ကိုယ်ဝန်ဆောင်စဉ်မှာ မိန်းမလေး သန္ဓေသား ၁၀၀ ရှိတိုင်း ယောင်္ကျားလေး သန္ဓေသား ၁၁၅ ယောက်ရှိပါတယ်

- မိခင်ရဲ့ ဝမ်းတွင်းမှာရှိစဉ်ကိုယ်ဝန်ပျက်ကျတဲ့အခါ ယောင်္ကျားလေး သန္ဓေသားများက ပိုပျက်ကျဖို့လွယ်ပါတယ်။

- မွေးကင်းစကလေးငယ်တွေသေဆုံးမှုမှာ ယောင်္ကျားလေး ၂၅ ရာနှုန်းပိုများပါတယ်။

- ပုခက်တွင်း ကလေး သေဆုံးမှု ၅ ယောက်မှာ ၃ ယောက်က ယောင်္ကျားလေးတွေပါ။

- အမျိုးသားများက အမျိုးသမီးများထက် အကြားအားရုံချို့ယွင်မှု ၂ ဆများပါတယ်။

- အမျိုးသားတွေမှာ ရောဂါပိုးတွေကိုခုခံပေးတဲ့ တီဆဲလ် တွေပိုနည်းပါတယ်။

- ကျားဟော်မုန်းက ဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောများပြီး ကောင်းကျိုးပေးတဲ့  HDLနည်းပါးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

- အမျိုးသမီးများဟာ ဆရာဝန်နဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းနဲ့ ကာကွယ်ခြင်းများကို လုပ်ဆောင်မှုမှာ အမျိုးသားထက် ၁၀၀ ရာနှုန်းပိုပါတယ်။

- အမျိုးသားများက သူတပါးရဲ့သတ်ဖြတ်ခံရမှုပိုများပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ နိုင်ငံတွေမျာတော့ ပိုဆိုးပါတယ်။



-အမျိုးသားများက စိတ်ကျရောဂါခံစားရတာပိုများပြီး မိမိကိုယ်မိမိ သေကြောင်းကြံတာလည်း အမျိုးသမီးများထက် များပါတယ်။

- နှလုံးရောဂါ၊ ကင်ဆာ၊ ထိခိုက်ဒါဏ်ရာရရှိမှု၊ လေဖြတ်ခြင်း၊ မိမိကိုယ် သတ်သေခြင်းတို့ကြောင့် သေဆုံးမှုတွေမှာ အမျိုးသားများက ပိုများပါတယ်။

- အမျိုးသားများငဘာဝက အသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုများကို ပိုမိုလုပ်လေ့ရှိလို့ ထိခိုက်ဒါဏ်ရာရတာ သေကြပျက်စီးတာပိုများပါတယ်။

- အန္တရာယ်ရှိသော အလုပ်၊ ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းတွေမှာ အလုပ်လုပ်သူတွေ အများစုဟာ အမျိုးသားများဖြစ်ကြပါတယ်။



အထက်ပါအကြောင်းမျိုးစုံတို့ကြောင့် ကမ္ဘာတလွှားမှာ အမျိုးသားများရဲ့ သက်တန်းဟာ အမျိုးသမီးများထက် ၃နှစ်ကနေ ၇ နှစ်အထိပိုပြီးတော့ တိုတာကိုတွေ့နိုင်ပါတယ်။

အသက်ကလေးရယ်တဲ့ ရှည်စေလို၊ ပုရိသများ ဘာတွေလုပ်ကြသင့်သလဲ

အဲဒီလိုမဖြစ်ရလေအောင် အမျိုးသားများက မိမိတို့ ကျန်းမာရေး  နဲ့ ဆက်စပ်ပြသနာများ အကြောင်းကိုပိုမိုသိရှိသဘောပေါက်လာကြပြီး ပုံမှန် စစ်ဆေး၊ ကာကွယ်, ကုသကြရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အမျိုးသားများကျန်းမာရေးကွန်ယက် Men’s Health Network မှ Get it checked ဆိုတဲ့ လက်ကမ်းစာဆောင်မှ အမျိုးသားများ ပုံမှန်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးချက်များကို ကို မြန်မာမှု ပြုထားပါတယ်။

၆. အမျိုးသားများကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်သည်များ 




ဖိုးသုည
၁၆၊၀၆၊၂၀၁၉







Saturday, June 8, 2019

လူဦးေရ ၂၅ ေယာက္တိုင္းမွာ တေယာက္ ကာလသားေရာဂါရ (လူဦးရေ ၂၅ ယောက်တိုင်းမှာ တယောက် ကာလသားရောဂါရ)


ကာလသားေရာဂါ ကူးစက္ခံရသူ တေန႔တသန္းေက်ာ္ရွိေန

ကမာၻ႔က်န္းမာေရးအဖြဲ႕ပႀကီးက ၂၀၁၉ ဇြန္ ၂ ရက္က ထုတ္ျပန္တဲ့ သတင္းတခုမွာ

" ယေန႔ ကမာၻတြင္ ေသခ်ာကုသလ်င္ ေပ်ာက္ကင္းႏိုင္ေသာ ကာလသားေရာဂါ sexually transmitted infections (STIs) ကူးစက္ခံရသူ  ေန႔စဥ္ တေန႔တသန္းေက်ာ္ရွိေန" တယ္လို႔ဆိုပါတယ္။

သုေတသနေတြ႕ရွိခ်က္မ်ားအရ ႏွစ္စဥ္ အသက္ ၁၅ ႏွစ္ နဲ႔ ၄၉ ႏွစ္ၾကား လူဦးေရ ၃၇၅ သန္းဟာ  chlamydia, gonorrhoea, trichomoniasis, and syphilis ဆိုတဲ့ ကာလသားေရာဂါေတြကို ကူးစက္ခံေနရတယ္ဆိုပါတယ္။

တနည္းအားျဖင့္ လူဦးေရ ၂၅ ေယာက္တိုင္းမွာ တေယာက္ဟာ အဆိုပါကာလသားေရာဂါတခုခုသို႔မဟုတ္ထိုထက္ပိုၿပီး ကူးစက္ခံေနရတာပါ။

စာရင္းမ်ားအရ ၂၀၁၆  ႏွစ္မွာ


chlamydia ဆီးပူေညာင္းက် ေရာဂါကူးစက္ခံရသူ ၁၂၇ သန္း  (အမ်ားစုေရာဂါလကၡဏာမခံစားရ)

gonorrhoea ဂႏို ဆီးပူေညာင္းက် ၈၇ သန္း

trichomoniasis,  ၁၅၆ သန္း (70 % ေရာဂါလကၡဏာမခံစားရ)

syphilis (ဆစ္ဖလစ္) ၆.၃သန္း ရွိၿပီး  (အမ်ားစုေရာဂါလကၡဏာမခံစားရ / သတိမထားမိလိုက္မီ လကၡဏာေပ်ာက္) အခုထိ ကာလသားေရာဂါျပန္႔ပြားမႈ ရပ္တန္႔ေအာင္ေဆာင္႐ြက္ခ်က္ေတြဟာ တိုးတက္မႈမရွိေသးတာကို ေတြ႕ရတယ္ဆိုပါတယ္။


ျပသနာတခုကေတာ့ ေရာဂါရွိသူအေတာ္မ်ားမ်ား ဟာ ဘာေရာဂါလကၡဏာကိုမွမခံစားရတဲ့အတြက္ စစ္ေဆးၿပီး ေဆးကုသမႉခံယူဖို႔ လိုမွန္း မသိၾကပါဘူး။

ေနာက္ျပသနာတခုကေတာ့ တခ်ိဳ႕ေဒသေတြမွာ ေရာဂါကိုစစ္ေဆးဖို႔ နဲ႔ စနစ္တက်ကုသေပးဖို႔ ေဆး႐ုံေဆးခန္းေတြနဲ႔ အလွမ္းကြာေဝးေနတာလည္းျဖစ္ပါတယ္။

အဆိုးဆုံးကေတာ့ စနစ္တက် ကုမ်ဳမခံျခင္းရဲ႕ ေနာက္ဆက္တြဲ ေဆးယဥ္ပါးေသာပိုးမ်ား  ( စူပါဂႏို)  ျပန္႔ပြားေနလို႔ သုံးေနက်ေဆးေတြနဲ႔ ကုလို႔မရေတာ့တဲ့ျပသနာပါ။


ေရာဂါ လကၡဏာတခ်ိဳ႕


ဆစ္ဖလစ္ရာဂါသည္တခ်ိဳ႕မွာ ပါးစပ္နဲ႔ လိင္အဂၤါေတြမွာ နာက်င္မႈမရွိတဲ့ ခပ္မာမာ ရွန္ကာအနာတာေတြျဖစ္တတ္ သလို တခ်ိဳ႕မွာေတာ့

လက္ဖဝါးေျခဖဝါးအေရျပားကြာတာ 

အေရျပားမွာ အဖုပိတ့္ထြက္တာ၊ 

ေပါင္ၿခံအက်ိတ္ေတြႀကီးတတ္ၿပီး ေရာဂါရင့္သြားလ်င္ လကၡဏာေတြ သူ႔ဟာသူျပန္ေပ်ာက္သြားတတ္ပါတယ္။

က်န္ေရာဂါသုံးမ်ိဳးကေတာ့

ဆီးပူျခင္း ဆီးက်င္ျခင္း

ဆီးလမ္းမွ ျပည္က်ျခင္း,

တန္ဆာမွာယားယံျခင္း ၊

ေဝွးေစ့ေယာင္ျခင္း၊

အမ်ိဳးသမီးမ်ား အျဖဴဆင္းျခင္း၊

ရာသီလာစဥ္နာက်င္ျခင္း စသည္ လကၡဏာမ်ားျပတတ္ပါတယ္။


 https://www.cdc.gov/std/syphilis/images/chancre-penile.htm

https://www.cdc.gov/std/syphilis/images/rash-gbr.htm

https://www.cdc.gov/std/syphilis/images/rash-palmar.htm


ေနာက္ဆက္တြဲျပသနာမ်ား


အဆိုပါေရာဂါေတြကို ႏုစဥ္မွာ ေသခ်ာမကုပါက အာ႐ုံေၾကာနဲ႔ ႏွလုံး( ဆစ္ဖလစ္)၊ ေတြကို ထိခိုက္သလို ကေလးမရႏိုင္ဘဲ ၿမဳံသြားျခင္း၊ သားအိမ္ျပင္ပတြင္သေႏၶတည္ျခင္း၊ ကေလးအေသေမြးျခင္း၊ တို႔ျဖစ္ႏိုင္ပါတယ္။

ကာလသားေရာဂါကုးစက္ခံရသူတိုင္းမွာ အိတ္ခ်္အိုင္ဗြီပိုးနဲ႔ အသားဝါဘီပိုးကူစက္ခံရႏိုင္ေျခလည္းပိုမ်ားပါတယ္။

ဆစ္ဖလစ္ တမ်ိဳးတည္းေၾကာင့္ ကေလးအေသေမြးတာနဲ႔ ေမြးကင္းစကေလးေသဆုံးတဲ့ အေရအတြက္ဟာေတာင္ ၂၀၁၆ ႏွစ္မွာ ႏွစ္သန္းအထိရွိတယ္လို႔ ဆိုပါတယ္။


ကူးစက္ျခင္းနဲ႔ ကာကြယ္ျခင္း


ဒီေရာဂါေတြကူးစက္တာ အမ်ားစုက အကာကြယ္မယူတဲ့ လိင္ဆက္ဆံမႈပါ။

ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္းကလည္း ကာလသားေရာဂါကူးပါတယ္။

ေရာဂါရွိသူမိခင္ကေန ကေလးကိုကူးတာလည္းရွိပါတယ္။

ေနာက္တခုကေတာ့ ေရာဂါရွိသူရဲ႕ ေသြး/ ေသြးရည္ၾကည္ကို မသိလို႔သြင္းမိလ်င္လည္းကူးပါတယ္။

တကယ္ေတာ့  ေဘးအႏၲရာယ္ကင္းေသာ လိင္ဆက္ဆံေရး နဲ႔ ကြန္ဒုံးကို စနစ္တက် သုံးစြဲျခင္း စတဲ့ လိင္ပညာေပးျခင္းျဖင့္ အဲဒီကာလသားေရးဂါေတြမကူးစက္ေအာင္တားဆီးကာကြယ္ႏိုင္ပါတယ္။

ဘယ္သူေတြက ေရာဂါျဖန္႔ျဖဴးေနတာလဲ

 ဒီေန႔ေခတ္မွာ ကာလသားေရာဂါကိုေပးတာ  ျပည့္တန္ဆာတြခ်ည္းပဲ မဟုတ္ပါ။ အငွားမယား၊ အေပ်ာ္တြဲသူေတြကေန သမီးရည္းစား၊ အိမ္ေတာင္ဖက္အထိက ေရာဂါေပးႏိုင္ပါတယ္။

 တဦးကို တဦး ရာႏႈန္းျပည့္ယုံၾကည္ဖို႔ကခက္လာပါတယ္။

ေရာဂါရွိသူတခ်ိဳ႕မွာ ဘာေရာဂါလကၡဏာမွမျပလို႔ သူတို႔ကိုယ္သူတို႔ ေရာဂါမရွိဘူးထင္ၿပီး သူတို႔ရဲ႕အိမ္ေထာင္ဖက္နဲ႔ ဆက္ဆံရာကေနလည္း အိမ္ေထာင္ဖက္ကို ကူးစက္ႏိုင္ပါတယ္။

သူတို႔က ေသြးတို႔ ေသြးရည္ၾကည္တို႔ကိုလႉရာမွာ ပိုးစစ္လို႔ မရေသးတဲ့ကာလ (Window period) ျဖစ္ေနပါက မသိႏိုင္လို႔ ေနမေကာင္းသူေတြကိုသြင္းမိၿပီးလည္းကူးပါတယ္။



တခ်ိဳ႕ေတြက ျပည့္တန္ဆာတို႔ လို လူတကာနဲ႔ လိင္ဆက္ဆံသူေတြနဲ႔ မွသာ အကာကြယ္ ( ကြန္ဒုံး) သုံးၾကၿပီး အငွားမယား၊ အေပ်ာ္တြဲသူေတြ၊ သမီးရည္းစား ေတြမွာေတာ့ ေရာဂါမရွိႏိုင္ဘူးလို႔ယူဆၿပီး အကာအကြယ္မယူတတ္ၾကပါဘူး။ 

တကယ္ေတာ့ တလင္တမယားအျပင္က ဘယ္သူနဲ႔မဆို လိင္ဆက္ဆံလ်င္ အကာကြယ္ယူရမွာျဖစ္ပါတယ္။

အိမ္ေထာင္ရွင္မ်ား မိမိတို႔ အိမ္ေထာင္ဖက္အေပၚသစၥာရွိရမွာျဖစ္သလို အကယ္၍ အိမ္ေထာင္ျပင္ပမွာ  ကိစၥေတြျဖစ္ခဲ့လ်င္လည္း အကာကြယ္ေသခ်ာယူသင့္ပါတယ္။

တခါက အမ်ိဳးသမီးမ်ားက်န္းမာေရးပညာေပး ေဟာေျပာပြဲတခုမွ ဆရာဝန္မႀကီးတေယာက္က ေျပာဖူးပါတယ္။ "မၾကာခဏခရီးသြားရတဲ့ ေယာက်ၤားတို႔ရဲ႕ အမ်ိဳးသမီးမ်ား  မိမိတို႔ လင္ေယာက်ၤားအိတ္ထဲမွာ ကြန္ဒုံးေတြ႕လ်င္ စိတ္မဆိုးပါနဲ႔ ၊ သူက ကိုယ္နဲ႔ေဝးေနလို႔ အျပင္မွာ အေပ်ာ္ရွာေပမယ့္ ကိုယ့္ကို ေရာဂါမရေအာင္ကာကြယ္ေပးတယ္လို႔ ေက်းဇူးတင္ပါ။ ကြန္ဒုံးေတြ နည္းလာရင္ ဝယ္ျဖည့္ေပးလိုက္ပါ" တဲ့။

ကြန္ဒုံးသုံးျခင္းျဖင့္ မလိုလားအပ္ေသာ မေတာ္တဆ ကိုယ္ဝန္ရျခင္းမွ ကာကြယ္႐ုံသာမက အိတ္ခ်္အိုင္ဗြီအပါအဝင္ ကာလသားေရာဂါမ်ားကူးစက္ျခင္းကလည္းကာကြယ္ေပးပါတယ္။ 

 ကုသျခင္း


ေရာဂါရွိသူမ်ားသာမက အိမ္ေထာင္ဖက္အပါအဝင္ သူတို႔နဲ႔ လိင္ဆက္ဖူးသူမ်ားကိုပါ ကုသဖို႔လိုပါတယ္။

စနစ္တက် ေဆးပတ္လည္ေအာင္ ကုရသလို ျပန္လည္စစ္ေဆးဖို႔လို ေကာင္းလိုႏိုင္ပါတယ္။

ေရာဂါ လုံးဝ ေပ်ာက္ကင္းခ်ိန္အထိ လိင္ဆက္ဆံျခင္းကို ေရွာင္ သင့္သလို မရွာင္ႏိုင္ပါက ကြန္ုဒုံးသုံးရပါမယ္။

ေဆးပတ္လည္ေအာင္ မေသာက္သူေတြေၾကာင့္ ေဆးယဥ္ပါးေသာပိုးမ်ား  (ဥပမာ စူပါဂႏို)  ျပန္႔ပြားေနၿပီျဖစ္တာေၾကာင့္ စနစ္တက်စစ္ေဆးကုသဖို႔ အေရးႀကီးေၾကာင္း သတင္းလက္ဆင့္

ကမ္းရပါတယ္.

အခုေခတ္စားလာေနတဲ့ LGBTေတြမွာလည္း ကာလသားေရာဂါေတြ ကူစက္ျပန္႔ပြားပါတယ္။ ပိုေတာင္ဆိုးတတ္ပါတယ္။


ဖိုးသုည

8/6/19



https://www.who.int/news-room/detail/06-06-2019-more-than-1-million-new-curable-sexually-transmitted-infections-every-day

https://www.cdc.gov/std/chlamydia/stdfact-chlamydia.htm

https://www.cdc.gov/std/trichomonas/stdfact-trichomoniasis.htm

https://www.cdc.gov/std/gonorrhea/stdfact-gonorrhea.htm

https://www.cdc.gov/std/syphilis/stdfact-syphilis.htm

ကာလသားရောဂါ ကူးစက်ခံရသူ တနေ့တသန်းကျော်ရှိနေ(ယူနီကုဒ်)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပကြီးက ၂၀၁၉ ဇွန် ၂ ရက်က ထုတ်ပြန်တဲ့ သတင်းတခုမှာ
" ယနေ့ ကမ္ဘာတွင် သေချာကုသလျင် ပျောက်ကင်းနိုင်သော ကာလသားရောဂါ sexually transmitted infections (STIs) ကူးစက်ခံရသူ  နေ့စဉ် တနေ့တသန်းကျော်ရှိနေ" တယ်လို့ဆိုပါတယ်။

သုတေသနတွေ့ရှိချက်များအရ နှစ်စဉ် အသက် ၁၅ နှစ် နဲ့ ၄၉ နှစ်ကြား လူဦးရေ ၃၇၅ သန်းဟာ  chlamydia, gonorrhoea, trichomoniasis, and syphilis ဆိုတဲ့ ကာလသားရောဂါတွေကို ကူးစက်ခံနေရတယ်ဆိုပါတယ်။ 
တနည်းအားဖြင့် လူဦးရေ ၂၅ ယောက်တိုင်းမှာ တယောက်ဟာ အဆိုပါကာလသားရောဂါတခုခုသို့မဟုတ်ထိုထက်ပိုပြီး ကူးစက်ခံနေရတာပါ။
စာရင်းများအရ ၂၀၁၆  နှစ်မှာ
chlamydia ဆီးပူညောင်းကျ ရောဂါကူးစက်ခံရသူ ၁၂၇ သန်း (အများစုရောဂါလက္ခဏာမခံစားရ)
gonorrhoea ဂနို ဆီးပူညောင်းကျ ၈၇ သန်း 
trichomoniasis,  ၁၅၆ သန်း (70 % ရောဂါလက္ခဏာကိုမခံစားရ)
syphilis (ဆစ်ဖလစ်) ၆.၃သန်း ရှိပြီး  (အများစုရောဂါလက္ခဏာမခံစားရ / သတိမထားမိလိုက်မီ လက္ခဏာပျောက်) အခုထိ ကာလသားရောဂါပြန့်ပွားမှု ရပ်တန့်အောင်ဆောင်ရွက်ချက်တွေဟာ တိုးတက်မှုမရှိသေးတာကို တွေ့ရတယ်ဆိုပါတယ်။

ပြသနာတခုကတော့ ရောဂါရှိသူအတော်များများ ဟာ ဘာရောဂါလက္ခဏာကိုမှမခံစားရတဲ့အတွက် စစ်ဆေးပြီး ဆေးကုသမှူခံယူဖို့ လိုမှန်း မသိကြပါဘူး။
နောက်ပြသနာတခုကတော့ တချို့ဒေသတွေမှာ ရောဂါကိုစစ်ဆေးဖို့ နဲ့ စနစ်တကျကုသပေးဖို့ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းကွာဝေးနေတာလည်းဖြစ်ပါတယ်။ 
အဆိုးဆုံးကတော့ စနစ်တကျ ကုမျုမခံခြင်းရဲ့ နောက်ဆက်တွဲ ဆေးယဉ်ပါးသောပိုးများ  ( စူပါဂနို)  ပြန့်ပွားနေလို့ သုံးနေကျဆေးတွေနဲ့ ကုလို့မရတော့တဲ့ပြသနာပါ။ 


ရောဂါ လက္ခဏာတချို့

ဆစ်ဖလစ်ရာဂါသည်တချို့မှာ ပါးစပ်နဲ့ လိင်အင်္ဂါတွေမှာ နာကျင်မှုမရှိတဲ့ ခပ်မာမာ ရှန်ကာအနာတာတွေဖြစ်တတ် သလို တချို့မှာတော့ 
လက်ဖဝါးခြေဖဝါးအရေပြားကွာတာ 
အရေပြားမှာ အဖုပိတ့်ထွက်တာ 
ပေါင်ခြံအကျိတ်တွေကြီးတတ်ပြီး ရောဂါရင့်သွားလျင် လက္ခဏာတွေ သူ့ဟာသူပြန်ပျောက်သွားတတ်ပါတယ်။
ကျန်ရောဂါသုံးမျိုးကတော့ 
ဆီးပူခြင်း ဆီးကျင်ခြင်း 
ဆီးလမ်းမှ ပြည်ကျခြင်း, 
တန်ဆာမှာယားယံခြင်း ၊
ဝှေးစေ့ယောင်ခြင်း၊ 
အမျိုးသမီးများ အဖြူဆင်းခြင်း၊ 
ရာသီလာစဉ်နာကျင်ခြင်း စသည် လက္ခဏာများပြတတ်ပါတယ်။ 

 https://www.cdc.gov/std/syphilis/images/chancre-penile.htm
https://www.cdc.gov/std/syphilis/images/rash-gbr.htm
https://www.cdc.gov/std/syphilis/images/rash-palmar.htm

နောက်ဆက်တွဲပြသနာများ

အဆိုပါရောဂါတွေကို နုစဉ်မှာ သေချာမကုပါက အာရုံကြောနဲ့ နှလုံး( ဆစ်ဖလစ်)၊ တွေကို ထိခိုက်သလို ကလေးမရနိုင်ဘဲ မြုံသွားခြင်း၊ သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း၊ ကလေးအသေမွေးခြင်း၊ တို့ဖြစ်နိုင်ပါတယ်။ 
ကာလသားရောဂါကုးစက်ခံရသူတိုင်းမှာ အိတ်ချ်အိုင်ဗွီပိုးနဲ့ အသားဝါဘီပိုးကူစက်ခံရနိုင်ခြေလည်းပိုများပါတယ်။ 
ဆစ်ဖလစ် တမျိုးတည်းကြောင့် ကလေးအသေမွေးတာနဲ့ မွေးကင်းစကလေးသေဆုံးတဲ့ အရေအတွက်ဟာတောင် ၂၀၁၆ နှစ်မှာ နှစ်သန်းအထိရှိတယ်လို့ ဆိုပါတယ်။ 


ကူးစက်ခြင်းနဲ့ ကာကွယ်ခြင်း


ဒီရောဂါတွေကူးစက်တာ အများစုက အကာကွယ်မယူတဲ့ လိင်ဆက်ဆံမှုပါ။
ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကလည်း ကာလသားရောဂါကူးပါတယ်။ 
ရောဂါရှိသူမိခင်ကနေ ကလေးကိုကူးတာလည်းရှိပါတယ်။ 
နောက်တခုကတော့ ရောဂါရှိသူရဲ့ သွေး/ သွေးရည်ကြည်ကို မသိလို့သွင်းမိလျင်လည်းကူးပါတယ်။ 
တကယ်တော့  ဘေးအန္တရာယ်ကင်းသော လိင်ဆက်ဆံရေး နဲ့ ကွန်ဒုံးကို စနစ်တကျ သုံးစွဲခြင်း စတဲ့ လိင်ပညာပေးခြင်းဖြင့် အဲဒီကာလသားရေးဂါတွေမကူးစက်အောင်တားဆီးကာကွယ်နိုင်ပါတယ်။ 


ဘယ်သူတွေက ရောဂါဖြန့်ဖြူးနေတာလဲ

 ဒီနေ့ခေတ်မှာ ကာလသားရောဂါကိုပေးတာ ပြည့်တန်ဆာတွချည်းပဲ မဟုတ်ပါ။ အငှားမယား၊ အပျော်တွဲသူတွေကနေ သမီးရည်းစား၊ အိမ်တောင်ဖက်အထိက ရောဂါပေးနိုင်ပါတယ်။ 
 တဦးကို တဦး ရာနှုန်းပြည့်ယုံကြည်ဖို့ကခက်လာပါတယ်။ 
ရောဂါရှိသူတချို့မှာ ဘာရောဂါလက္ခဏာမှမပြလို့ သူတို့ကိုယ်သူတို့ ရောဂါမရှိဘူးထင်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်နဲ့ ဆက်ဆံရာကနေလည်း အိမ်ထောင်ဖက်ကို ကူးစက်နိုင်ပါတယ်။
သူတို့က သွေးတို့ သွေးရည်ကြည်တို့ကိုလှူရာမှာ ပိုးစစ်လို့ မရသေးတဲ့ကာလ (Window period) ဖြစ်နေပါက မသိနိုင်လို့ နေမကောင်းသူတွေကိုသွင်းမိပြီးလည်းကူးပါတယ်။ 

တချို့တွေက ပြည့်တန်ဆာတို့ လို လူတကာနဲ့ လိင်ဆက်ဆံသူတွေနဲ့ မှသာ အကာကွယ် ( ကွန်ဒုံး) သုံးကြပြီး အငှားမယား၊ အပျော်တွဲသူတွေ၊ သမီးရည်းစား တွေမှာတော့ ရောဂါမရှိနိုင်ဘူးလို့ယူဆပြီး အကာအကွယ်မယူတတ်ကြပါဘူး။ 
တကယ်တော့ တလင်တမယားအပြင်က ဘယ်သူနဲ့မဆို လိင်ဆက်ဆံလျင် အကာကွယ်ယူရမှာဖြစ်ပါတယ်။
အိမ်ထောင်ရှင်များ မိမိတို့ အိမ်ထောင်ဖက်အပေါ်သစ္စာရှိရမှာဖြစ်သလို အကယ်၍ အိမ်ထောင်ပြင်ပမှာ  ကိစ္စတွေဖြစ်ခဲ့လျင်လည်း အကာကွယ်သေချာယူသင့်ပါတယ်။
တခါက အမျိုးသမီးများကျန်းမာရေးပညာပေး ဟောပြောပွဲတခုမှ ဆရာဝန်မကြီးတယောက်က ပြောဖူးပါတယ်။ "မကြာခဏခရီးသွားရတဲ့ ယောင်္ကျားတို့ရဲ့ အမျိုးသမီးများ  မိမိတို့ လင်ယောင်္ကျားအိတ်ထဲမှာ ကွန်ဒုံးတွေ့လျင် စိတ်မဆိုးပါနဲ့ ၊ သူက ကိုယ်နဲ့ဝေးနေလို့ အပြင်မှာ အပျော်ရှာပေမယ့် ကိုယ့်ကို ရောဂါမရအောင်ကာကွယ်ပေးတယ်လို့ ကျေးဇူးတင်ပါ။ ကွန်ဒုံးတွေ နည်းလာရင် ဝယ်ဖြည့်ပေးလိုက်ပါ" တဲ့။ 
ကွန်ဒုံးသုံးခြင်းဖြင့် မလိုလားအပ်သော မတော်တဆ ကိုယ်ဝန်ရခြင်းမှ ကာကွယ်ရုံသာမက အိတ်ချ်အိုင်ဗွီအပါအဝင် ကာလသားရောဂါများကူးစက်ခြင်းကလည်းကာကွယ်ပေးပါတယ်။ 


 ကုသခြင်း

ရောဂါရှိသူများသာမက အိမ်ထောင်ဖက်အပါအဝင် သူတို့နဲ့ လိင်ဆက်ဖူးသူများကိုပါ ကုသဖို့လိုပါတယ်။
စနစ်တကျ ဆေးပတ်လည်အောင် ကုရသလို ပြန်လည်စစ်ဆေးဖို့လို ကောင်းလိုနိုင်ပါတယ်။
ရောဂါ လုံးဝ ပျောက်ကင်းချိန်အထိ လိင်ဆက်ဆံခြင်းကို ရှောင် သင့်သလို မရှာင်နိုင်ပါက ကွန်ုဒုံးသုံးရပါမယ်။ 
ဆေးပတ်လည်အောင် မသောက်သူတွေကြောင့် ဆေးယဉ်ပါးသောပိုးများ  (ဥပမာ စူပါဂနို)  ပြန့်ပွားနေပြီဖြစ်တာကြောင့် စနစ်တကျစစ်ဆေးကုသဖို့ အရေးကြီးကြောင်း သတင်းလက်ဆင့်
ကမ်းရပါတယ်.
အခုခေတ်စားလာနေတဲ့ LGBTတွေမှာလည်း ကာလသားရောဂါတွေ ကူစက်ပြန့်ပွားပါတယ်။ ပိုတောင်ဆိုးတတ်ပါတယ်။ 

ဖိုးသုည
8/6/19 


https://www.who.int/news-room/detail/06-06-2019-more-than-1-million-new-curable-sexually-transmitted-infections-every-day
https://www.cdc.gov/std/chlamydia/stdfact-chlamydia.htm
https://www.cdc.gov/std/trichomonas/stdfact-trichomoniasis.htm
https://www.cdc.gov/std/gonorrhea/stdfact-gonorrhea.htm
https://www.cdc.gov/std/syphilis/stdfact-syphilis.htm

Sunday, June 2, 2019

ငွက္ဖ်ားေရာဂါပိုးသယ္ေဆာင္ျဖန္ျဖဴးေပးတဲ့ အေနာ့ဖီးလစ္ ျခင္မ်ားကို ႏွိမ္နင္းရန္နည္းသစ္ေတြ႕ (ငှက်ဖျားရောဂါပိုးသယ်ဆောင်ဖြန်ဖြူးပေးတဲ့ အနော့ဖီးလစ် ခြင်များကို နှိမ်နင်းရန်နည်းသစ်တွေ့)

ငွက္ဖ်ားေရာဂါပိုးသယ္ေဆာင္ျဖန္ျဖဴးေပးတဲ့ အေနာ့ဖီးလစ္ ျခင္မ်ားကို ႏွိမ္နင္းရန္နည္းသစ္ေတြ႕

ႏွစ္စဥ္ လူ ၂၁၉ သန္းေလာက္ကို ေရာဂါရေစၿပီး ေလသိန္းေလာက္ေသေစတဲ့ ငွက္ဖ်ားေရာဂါဆိုတာ အေနာ့ဖီးလစ္ဆိုတဲ့ ျခင္ကသယ္ေဆာင္ေပးတဲ့ Plasmodium ဆိုတဲ့ ကပ္ပါးပိုေၾကာင့္ ျဖစ္တာပါ။
ဆင္းရဲတဲ့ အာဖရိကနဲ႔ အာရွႏိုင္ငံေတြမွာ အျဖစ္မ်ားထဲ့ ငွက္ဖ်ားပိုးဟာ ေငြေၾကးနဲ႔ အသိပညာခ်ိဳ႕တဲ့မႈၾကာင့္ ေဆးေတြကို စနစ္တက်မသုံးႏိုင္ျခင္းရဲ႕ အက်ိဳးဆက္အျဖစ္ လက္ရွိေဆးအားလုံးနီးပါးကို ယဥ္ပါးလို႔ ကုန္ပါၿပီ။
ေဆးသိပၸံပညာရွင္ေတြက အဲဒီပိုးေတြကိုသတ္ဖို႔ ေဆးသစ္ေတြကို ရွိေဖြရသလို ကာကြယ္ေဆးထုတ္လုပ္ဖို႔လည္း က်ိဳးစားေနၾကတာ ဆယ္စုႏွစ္မ်ားစြာၾကာၿပီးျဖစ္ပါတယ္။
အဲဒီပိုးရဲ႕ ဘဝျဖစ္စဥ္တစိတ္တပိုင္းဟာ အဆိုပါ အေနာ့ဖီးလစ္ ျခင္ထဲမွာ မျဖစ္မေန ေျပာင္းလဲရတာျဖစ္လို႔ ျခင္ကိုက္မခံရေအာင္ကာကြယ္ျခင္းနဲ႔ ျခင္ႏွိမ္နင္းျခင္းတို႔ဟာလည္း ငွက္ဖ်ားေရာဂါ ကူးစက္ျပန္႔ပြားျခင္းမွ ကာကြယ္ေရးမွာ အသုံးဝင္တဲ့ နည္းေတြျဖစ္ပါတယ္။အဲဒီလိုေဆာင္႐ြက္ရာမွာ ျခင္ေဆးျဖန္းျခင္း၊ ေဆးရည္စိမ္ျခင္ေထာင္မ်ား သုံးစြဲေစျခင္းတို႔ျဖင့္ ဆယ္စုႏွစ္နဲ႔ ခ်ီၿပီးေဆာင္႐ြက္လာရာ အခုအခါ ျခင္ေတြကလည္း အဆိုပါေဆးေတြကို ယဥ္ပါးလာျပန္ပါတယ္။
မေန႔ကေတာ့ အေမရိကန္ႏိုင္ငံ ေမရီလင္းတကၠသိုလ္နဲ႔ အေနာက္အာဖရိကက ဘာကီးနာ ဖါဆို ႏိုင္ငံရွိ IRSS သုေတသနဌာနတို႔ပူးေပါင္းေဆာင္႐ြက္ေနတဲ့ သုေတသနတခုက သတင္းေကာင္းတခုကို ေၾကျငာခဲ့ပါတယ္။
မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားတဲ့ မႈိတမ်ိဳးက ငွက္ဖ်ားျခင္  ၉၉ ရာႏႈန္းကို  ၄၅ ရက္အတြင္း ေသေစႏိုင္ခဲ့တယ္ဆိုတဲ့သူတို႔ရဲ႕ ေတြ႕ရွိခ်က္ကို   Science, ဆိုတဲ့ ဂ်ာနယ္မွာ မေန႔ကေဖၚျပခဲ့တာပါ။
ပညာရွင္ေတြက အေနာဖီလစ္ျခင္ေတြမွာ သဘာဝအေလွ်ာက္ကူးစက္တတ္တဲ့ Metarhizium pingshaense ဆိုတဲ့ မႈိတမ်ိဳးကို ေ႐ြးခ်ယ္ၿပီး မ်ိဳး႐ိုးဗီဇျပဳျပင္နည္းနဲ႔ေျပာင္းလဲေပးလိုက္ပါတယ္။ အဲလိုေျပာင္းလဲအၿပီးမွာေတာ့ အဲဒီမႈိေတြဟာဩစေတးသွ်ႏိုင္ငံမွာေတြ႕ရတဲ့ funnel-web spider ဆိုတဲ့ပင့္ကူရဲ႕ အဆိပ္အျဖစ္ေျပာင္းသြားပါတယ္။
သဘာဝအားျဖင့္ အဆိုပါပင့္ကူမ်ိဳးက အေနာဖိလစ္ျခင္ကို အစြယ္နဲ႔ထိုးၿပီး အဆိပ္ကိုသြင္းသတ္တာပါ။ အဲဒီပင့္ကူကိုက္လို႔ ျခင္ေသရသလိုျဖစ္ေအာင္ သုေတသီေတြက ပင့္ကူအစြယ္အစား Metarhizium မႈိကို သုံးလိုက္တာပါ။
၆၅၀၀ စတုရန္းေပရွိတဲ့ေနရာမွာ ျခင္လုံဇကာ ၂ထပ္ကာၿပီး လူေန႐ြာအတုတခုကို ဖန္တီးထားကာ ျခင္အေကာင္ ၁၅၀၀ ကို စမ္းတယ္ဆိုပါတယ္။ ျပဳျပင္ထားတဲ့ မႈိမ်ိဳးေစ့ေတြကို ႏွမ္းဆီနဲ႔ေရာနယ္ၿပီး ဝါဂြမ္းအခ်ပ္ေတြမွာသုတ္ထားပါတယ္။ ျခင္ေတြက အဲဒီအေပၚကို လာနားလ်င္ မႈိကူးစက္တာခံရၿပီးေသၾကတာပါ။ ၄၅ ရက္အၾကာမွာ အဲဒီ ျခင္ ၁၅၀၀ က ေန ၁၃ ေကာင္ပဲက်န္ေတာ့တာကို ဝမ္းသာစြာေတြ႕ခဲ့ရတာပါ။ ဒီသုေတသနက အဲဒီျခင္ေတြကို မ်ိဳးတုန္းေအာင္လုပ္ဖို႔မဟုတ္ဘဲ ငွက္ဖ်ားတိုက္ဖ်က္ေရးကိုသာဦးတည္တာဆိုပါတယ္။
အခုထိေတြ႕ရွိခ်က္ေတြအရကေတာ့ အဲဒီ မႈိမ်ိဳးက အေနာဖိလစ္ျခင္အမ်ိဳးအစားကိုပဲကူးစက္တာျဖစ္ၿပီး  တျခားအင္းဆက္ပိုးေတြကို ( အထူးသျဖင့္ပ်ားေကာင္မ်ား)လုံးဝဒုကၡမေပးဘူးဆိုပါတယ္။ ဒီနည္းကို  လက္ေတြအသုံးမျပဳခင္ သဘာဝသက္ရွိ အေကာင္နဲ႔ အပင္ေတြကို ေဘးမျဖစ္ေၾကာင္းေသခ်ာေအာင္ ေလ့လာစိပ္သပ္တင္ျပရဦးမွာပါ။
ဘယ္လိုပဲျဖစ္ျဖစ္ ဒါဟာငွက္ဖ်ားေပါတဲ့ ျမန္မာႏိုင္ငံေတာင္ေပၚေဒသမွာ ေနထိုင္သူေတြအတြက္ ေတာ့သတင္းေကာင္းတခုပါ။
မႏွစ္ကလည္းဩစေတးသွ်ႏိုင္ငံမွာ လုပ္ေနတဲ့ သူေတသနက ေသြးလြန္တုပ္ေကြးနဲ႔ဇီကာေရာဂါ ကို ျပန္႔ပြားေစတဲ့ ေအးဒီးစ္ (Aedes) ျခင္ေတြကို ဝိုလ္ဘားခ်ီးယား (Wolbachia) ဆိုတဲ့ အႏၲရာယ္မေပးတတ္တဲ့ ဘက္တီးရီးဘားပိုးတမ်ိဳး ထည့္သြင္းေပးျခင္းျဖင့္ အဲဒီျခင္ေတြရဲ႕ ကိုယ္တြင္းမွာ ဗိုင္းရပ္စ္ပိုးေတြ မျပန္႔ပြားႏိုင္ေအာင္ တားဆီးႏိုင္တာကို ေတြ႕ရွိခဲ့ၾကပါတယ္။
ဖိုးသုည
02-06-19


ငှက်ဖျားရောဂါပိုးသယ်ဆောင်ဖြန်ဖြူးပေးတဲ့ အနော့ဖီးလစ် ခြင်များကို နှိမ်နင်းရန်နည်းသစ်တွေ့ (ယူနီကုဒ်)

နှစ်စဉ် လူ ၂၁၉ သန်းလောက်ကို ရောဂါရစေပြီး လေသိန်းလောက်သေစေတဲ့ ငှက်ဖျားရောဂါဆိုတာ အနော့ဖီးလစ်ဆိုတဲ့ ခြင်ကသယ်ဆောင်ပေးတဲ့ Plasmodium ဆိုတဲ့ ကပ်ပါးပိုကြောင့် ဖြစ်တာပါ။
ဆင်းရဲတဲ့ အာဖရိကနဲ့ အာရှနိုင်ငံတွေမှာ အဖြစ်များထဲ့ ငှက်ဖျားပိုးဟာ ငွေကြေးနဲ့ အသိပညာချို့တဲ့မှုကြာင့် ဆေးတွေကို စနစ်တကျမသုံးနိုင်ခြင်းရဲ့ အကျိုးဆက်အဖြစ် လက်ရှိဆေးအားလုံးနီးပါးကို ယဉ်ပါးလို့ ကုန်ပါပြီ။
ဆေးသိပ္ပံပညာရှင်တွေက အဲဒီပိုးတွေကိုသတ်ဖို့ ဆေးသစ်တွေကို ရှိဖွေရသလို ကာကွယ်ဆေးထုတ်လုပ်ဖို့လည်း ကျိုးစားနေကြတာ ဆယ်စုနှစ်များစွာကြာပြီးဖြစ်ပါတယ်။
အဲဒီပိုးရဲ့ ဘဝဖြစ်စဉ်တစိတ်တပိုင်းဟာ အဆိုပါ အနော့ဖီးလစ် ခြင်ထဲမှာ မဖြစ်မနေ ပြောင်းလဲရတာဖြစ်လို့ ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းနဲ့ ခြင်နှိမ်နင်းခြင်းတို့ဟာလည်း ငှက်ဖျားရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရေးမှာ အသုံးဝင်တဲ့ နည်းတွေဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ခြင်ဆေးဖြန်းခြင်း၊ ဆေးရည်စိမ်ခြင်ထောင်များ သုံးစွဲစေခြင်းတို့ဖြင့် ဆယ်စုနှစ်နဲ့ ချီပြီးဆောင်ရွက်လာရာ အခုအခါ ခြင်တွေကလည်း အဆိုပါဆေးတွေကို ယဉ်ပါးလာပြန်ပါတယ်။
မနေ့ကတော့ အမေရိကန်နိုင်ငံ မေရီလင်းတက္ကသိုလ်နဲ့ အနောက်အာဖရိကက ဘာကီးနာ ဖါဆို နိုင်ငံရှိ IRSS သုတေသနဌာနတို့ပူးပေါင်းဆောင်ရွက်နေတဲ့ သုတေသနတခုက သတင်းကောင်းတခုကို ကြေငြာခဲ့ပါတယ်။
မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ မှိုတမျိုးက ငှက်ဖျားခြင်  ၉၉ ရာနှုန်းကို  ၄၅ ရက်အတွင်း သေစေနိုင်ခဲ့တယ်ဆိုတဲ့သူတို့ရဲ့ တွေ့ရှိချက်ကို   Science, ဆိုတဲ့ ဂျာနယ်မှာ မနေ့ကဖေါ်ပြခဲ့တာပါ။
ပညာရှင်တွေက အနောဖီလစ်ခြင်တွေမှာ သဘာဝအလျှောက်ကူးစက်တတ်တဲ့ Metarhizium pingshaense ဆိုတဲ့ မှိုတမျိုးကို ရွေးချယ်ပြီး မျိုးရိုးဗီဇပြုပြင်နည်းနဲ့ပြောင်းလဲပေးလိုက်ပါတယ်။ အဲလိုပြောင်းလဲအပြီးမှာတော့ အဲဒီမှိုတွေဟာဩစတေးသျှနိုင်ငံမှာတွေ့ရတဲ့ funnel-web spider ဆိုတဲ့ပင့်ကူရဲ့ အဆိပ်အဖြစ်ပြောင်းသွားပါတယ်။
သဘာဝအားဖြင့် အဆိုပါပင့်ကူမျိုးက အနောဖိလစ်ခြင်ကို အစွယ်နဲ့ထိုးပြီး အဆိပ်ကိုသွင်းသတ်တာပါ။ အဲဒီပင့်ကူကိုက်လို့ ခြင်သေရသလိုဖြစ်အောင် သုတေသီတွေက ပင့်ကူအစွယ်အစား Metarhizium မှိုကို သုံးလိုက်တာပါ။
၆၅၀၀ စတုရန်းပေရှိတဲ့နေရာမှာ ခြင်လုံဇကာ ၂ထပ်ကာပြီး လူနေရွာအတုတခုကို ဖန်တီးထားကာ ခြင်အကောင် ၁၅၀၀ ကို စမ်းတယ်ဆိုပါတယ်။ ပြုပြင်ထားတဲ့ မှိုမျိုးစေ့တွေကို နှမ်းဆီနဲ့ရောနယ်ပြီး ဝါဂွမ်းအချပ်တွေမှာသုတ်ထားပါတယ်။ ခြင်တွေက အဲဒီအပေါ်ကို လာနားလျင် မှိုကူးစက်တာခံရပြီးသေကြတာပါ။ ၄၅ ရက်အကြာမှာ အဲဒီ ခြင် ၁၅၀၀ က နေ ၁၃ ကောင်ပဲကျန်တော့တာကို ဝမ်းသာစွာတွေ့ခဲ့ရတာပါ။ ဒီသုတေသနက အဲဒီခြင်တွေကို မျိုးတုန်းအောင်လုပ်ဖို့မဟုတ်ဘဲ ငှက်ဖျားတိုက်ဖျက်ရေးကိုသာဦးတည်တာဆိုပါတယ်။
အခုထိတွေ့ရှိချက်တွေအရကတော့ အဲဒီ မှိုမျိုးက အနောဖိလစ်ခြင်အမျိုးအစားကိုပဲကူးစက်တာဖြစ်ပြီး  တခြားအင်းဆက်ပိုးတွေကို ( အထူးသဖြင့်ပျားကောင်များ)လုံးဝဒုက္ခမပေးဘူးဆိုပါတယ်။ ဒီနည်းကို  လက်တွေအသုံးမပြုခင် သဘာဝသက်ရှိ အကောင်နဲ့ အပင်တွေကို ဘေးမဖြစ်ကြောင်းသေချာအောင် လေ့လာစိပ်သပ်တင်ပြရဦးမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာငှက်ဖျားပေါတဲ့ မြန်မာနိုင်ငံတောင်ပေါ်ဒေသမှာ နေထိုင်သူတွေအတွက် တော့သတင်းကောင်းတခုပါ။
မနှစ်ကလည်းဩစတေးသျှနိုင်ငံမှာ လုပ်နေတဲ့ သူတေသနက သွေးလွန်တုပ်ကွေးနဲ့ဇီကာရောဂါ ကို ပြန့်ပွားစေတဲ့ အေးဒီးစ် (Aedes) ခြင်တွေကို ဝိုလ်ဘားချီးယား (Wolbachia) ဆိုတဲ့ အန္တရာယ်မပေးတတ်တဲ့ ဘက်တီးရီးဘားပိုးတမျိုး ထည့်သွင်းပေးခြင်းဖြင့် အဲဒီခြင်တွေရဲ့ ကိုယ်တွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ မပြန့်ပွားနိုင်အောင် တားဆီးနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
ဖိုးသုည
02-06-19

Thursday, May 30, 2019

ေခတ္စားလာတဲ့ ေဟာ့ေပါ့၊ ဘူေဖး နဲ႔က်န္းမာေရး။ (ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။)

ေခတ္စားလာတဲ့ ေဟာ့ေပါ့၊ ဘူေဖး နဲ႔က်န္းမာေရး။ (ေဇာ္ဂ်ီ)

ဘူေဖးဆိုတာ ကိုယ့္ေလာဘနဲ႔ ကိုယ့္ကို ျပန္သတ္တဲ့ စားေသာက္နည္းပါ။
ဘူေဖးဆိုင္မွာ ကိုယ္ႀကိဳက္တာကို လိုသေလာက္ပဲေ႐ြးၿပီး ခ်င့္ခ်ိန္စားတယ္ဆိုတာ တစ္ ရာခိုင္ႏႈန္းေတာင္ရွိမယ္မထင္ပါ။ 
ဒီဖက္ေခတ္မွာ ၿမိဳ႕ႀကီးေတြသာမက ၿမိဳ႕အလတ္စားေတြမွာပါ ေဟာ့ေပါ့ ဘူေဖးေတြ အလွ်ိဳလွ်ိဳေပၚလာပါတယ္၊ 
မန္ဘာကဒ္နဲ႔ မန္ဘာဒစ္စေကာင့္၊ ေန႔လည္စာအထူး စသည္ျဖင့္နည္းမ်ိဳးစုံ ပ႐ိုမိုးရွင္းလုပ္ၾကပါတယ္။
မၾကာမၾကာလာစားျဖစ္ေအာင္ နည္းမ်ိဳးစုံနဲ႔ဆြယ္ပါတယ္။ 
ေဟာ့ေပါ့ဘူေဖးေတြရဲ႕ ေယဘူရ အေကာင္းအဆိုးမ်ား-

ဘာေတြေကာင္းလဲ

ေဆြမ်ိဳးေတြ မိသားစုေတြ ဆုံလို႔၊ မိတ္ေဆြ အေပါင္းအသင္းေတြဆုံလို႔၊ အထိမ္းအမွတ္ပြဲတခုခု စုစားခ်င္လို႔ ဆိုတာမ်ိဳး လူအမ်ားစုစားတဲ့အခါ သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္ ျပသနာမရွိေတာ့ပါ။ စားသူက ကိုယ္ႀကိဳက္တာကိုယ္ယူစား႐ုံပါ။
ေကြၽးသူက မွာထားတာ မေလာက္မွာမပူရသလို ပိုလွ်ံမွာလည္း ပူစရာမလိုပါ။
အစားႀကီးသူမ်ားအတြက္ တြက္ေျခကိုက္ပါတယ္။

မေကာင္းတာမ်ား

အစားနည္းသူမ်ားအတြက္ စားႏိုင္တာထက္ပိုေပးရလို႔ ေပးရတာမတန္ပါ၊ ေဈးမ်ားပါတယ္။
အျပဳတ္မႀကိဳက္သူမ်ားအတြက္ ေ႐ြးစရာနည္းပါတယ္။
အေရးအႀကီးဆုံးကေတာ့ က်န္းမာေရးနဲ႔ လုံးမညီၫြတ္ပါ။

က်န္းမာေရးအတြက္ မေကာင္းတဲ့ အေၾကာင္းေတြကေတာ့

၁၊ ပမာဏ

ဘူေဖးျဖစ္လို႔  အမ်ားစုက ေပးထားတာ တန္ေအာင္ စားႏိုင္သမွ်စားၾကပါတယ္၊ ပုံမွန္ထက္မ်ားစြာ (ႏွစ္ဆမက) ပိုစားပါတယ္။ 

၂၊ ကိုလက္စထေရာ

 ေဈးႀကီးေသာပင္လယ္စာကို မ်ားမ်ားစားတတ္ၾကပါတယ္၊ ဂဏန္း ပုဇြန္ ကမာ ဆိတ္၊ အမဲ၊ ဝက္သား စသည္တို႔မွာ ကိုလက္စထေရာအလြန္မ်ားသျဖင့္ ဆင္ဆင္ျခင္ျခင္ စားရမည့္ အမ်ိဳးအစားထဲတြင္ပါေသာ္လည္း ဘူေဖးျဖစ္လို႔ ေပးရတာတန္ေအာင္ အဲဒါေတြမ်ားမ်ားစားၾက။

၃။ ဆား နဲ႔ အခ်ိဳမႈန႔္ 

သထူးသျဖင့္ အသားေတြမွာ အလြန္မ်ားပါတယ္။ ပုံမွန္အစားအေသာက္ေတြမွာထက္ပိုငံပါတယ္။ 
ဆားနဲ႔ အခ်ိဳ႕မႈန႔္ပါ ဆိုဒီယံေၾကာင့္ ေသြးေပါင္ခ်ိန္တက္ပါတယ္။ ေက်ာက္ကပ္မေကာင္းလ်င္ ေဖာေယာင္ပါတယ္၊ ႏွလုံးအားနည္းလ်င္ မညႇစ္ႏိုင္ပဲ အေမာေဖါက္ႏိုင္ပါတယ္။  ျပဳတ္ရည္ကို နည္းနည္းၾကာလ်င္ ေရေႏြးေရာ (သို႔) အသစ္လဲသင့္ပါတယ္၊ မေသာက္သင့္ပါ။  
အသားငါးေတြကို အခ်ည္ရည္မ်ိဳးစုံနဲ႔ တို႔စားလို႔ အဲဒီေဆာ့စ္ ေတြထဲကအငံဓါတ္ေတြကို ပိုစားမိၾကျပန္ပါတယ္။ 

၄၊ အသား

ေဟာ့ေပါ့စားသူေတြက အသားေတြကိုအစားမ်ားပါတယ္ အသားေတြမွာ ျပည့္ဝအဆီေတြမ်ားသလို အမဲသားဆိတ္သားေတြက ယူရစ္အက္ဆစ္လည္း မ်ားပါတယ္၊ အသားပ႐ိုတိန္းကို တျခားအစားေတြနဲ႔ အခ်ိဳးမမွ်ေအာင္မ်ားမ်ားစားလ်င္ ဝမ္းလည္းခ်ဳပ္ပါတယ္၊ ေက်ာက္ကပ္လည္း ဝန္ပိပါတယ္။ 

၅၊ ၾကာရွည္ခံေအာင္လုပ္ထားေသာအစာမ်ား

အသားလုံး ငါးလုံး ဂဏန္းလိပ္ ပုဇြန္လိပ္ ဖက္ထုပ္ ခဲၿပီးလႊာထားေသာ အသားေတြမွာ က်န္းမာေရးထိခိုက္ေစတဲ့   ၾကာရွည္ခံေစတဲ့ ဓါတုပစၥည္းေတြပါပါတယ္၊ နည္းနည္းပါးပါးက သိပ္မသိသာေပမဲ့ အမ်ားႀကီး မစားသင့္ပါ။ 
မၾကာမၾကာစားသူမ်ား ကင္ဆာေရာဂါျဖစ္ဖို႔ အႏၲရာယ္ပိုမ်ားလာေစပါတယ္။
အသားငါးသာမက ဂ်ဳံလိုကစီဓါတ္မ်ားတဲ့ ပစၥည္းေတြပါလို႔ အစာေျခၿပီးလ်င္ ေသြးထဲမွာ သၾကားဓါတ္တက္ပါတယ္၊ ကိုယ္က ေခါက္ဆြဲ ၾကာဇံထည့္မစားေတာင္ အဲဒီ အသားလုံး ဂဏန္းလိပ္ေတြကေန ကာဗိုဟိုက္ၿဒိတ္ေတြ အမ်ားႀကီး ဝင္ပါတယ္။ ဆီးခ်ိဳသမားမ်ား သတိထားစရာပါ။ 
အစာအိမ္နဲ႔ အူလမ္းေၾကာင္းကင္ဆာအပါအဝင္ကင္ဆာမ်ိဳးစုံကို ျဖစ္ေစႏိုင္ပါတယ္။

၅၊ အ႐ြက္

ဘူေဖးစားတာျဖစ္လို႔ လူအမ်ားက 
အလြယ္တကူ ဗိုက္ျပည့္ေစတဲ့ က်န္းမာေရးအတြက္ တန္ဖိုးရွိတဲ့ ေဈးေပါတဲ့ အ႐ြက္ေတြကို သိပ္မယူတတ္ၾကပါ။ အသားကိုပိုစားၾကတာမ်ားပါတယ္

၆၊ အခ်ိဳပြဲ

ဘူေဖးျဖစ္လို႔ အကန႔္သတ္မရွိတဲ့ အခ်ိဳရည္ေတြမ်ားမ်ားေသာက္တတ္ၾကသလို ေရခဲမုန႔္ေတြ အမ်ိဳးကလည္းစုံေတာ့ အမ်ားႀကီးစားတတ္ၾကပါတယ္ အခ်ိဳမ်ားသလို ေရခဲမုန႔္မွာ အဆီဓါတ္လည္းမ်ားပါတယ္။ မျခားအခ်ိဳမ်ိဳးစုံလည္းရေတာ့ ပုံမွန္  စားေနက်အခ်ိဳထက္ အဆမ်ားစြာပိုစားပါတယ္။ 

သၾကားဓါတ္မ်ားလို႔ ဆီးခ်ိဳ ေသြးခ်ိဳတက္သလို အဝလြန္ေစပါတယ္။ 

ရ။ ေရ

ဗိုက္မဆံ့မွာစိုးလို႔ ေရအေသာက္နည္းတတ္ၾကပါတယ္။

၈၊ အစားအေသာက္ သန႔္ရွင္းမႉ

အသုတ္နဲ႔ အထူးသျဖင့္ အခ်ည္ရည္မ်ိဳးစုံတို႔ဟာ ေသခ်ာခ်က္ျပဳတ္ထားတာမရွိလို႔ မသန႔္လ်င္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ႏိုင္ပါတယ္။ 

ခ်ဳပ္ရလ်င္ေတာ့ ဒီလို ဘူေဖးေဟာ့ေပါ့ေတြကို 
ေသြးတိုး၊ ႏွလုံး၊ ဆီးခ်ိဳ၊ ေက်ာက္ကပ္နဲ႔ ဆီးေရာဂါရွိသူ၊ အစာအိမ္ေရာဂါရွိသူ၊ အစာအိမ္အက္ဆစ္ အထက္ကို ျပန္ဆန္တတ္တဲ့ ရီဖလက္ရွိသူ၊ သည္းေျခေက်ာက္ရွိသူ သည္းေျခအိတ္ထုတ္ထားသူ၊ အဝလြန္သူတို႔အတြက္ေတာ့  ေဝးေဝးကေရွာင္သင့္ပါတယ္။ 

 ရွားရွားပါးပါး တႏွစ္မွ တေခါက္ ႏွစ္ေခါက္ေလာက္သြားစားသူေတြ အတြက္ သိပ္မဆိုးေပမဲ့ မၾကာခဏသြားစားျဖစ္ေနရင္ေတာ့ ေဆးဖိုးလည္း စုသာထားဖို႔လိုႏိုင္ပါေၾကာင္း အသိေပးရပါတယ္ အမ်ိဳးတို႔ခင္ဗ်ား။

ဖိုးသုည
30-5-19

ခေတ်စားလာတဲ့ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး။ ( ယူနီကုဒ်) 

ဘူဖေးဆိုတာ ကိုယ့်လောဘနဲ့ ကိုယ့်ကို ပြန်သတ်တဲ့ စားသောက်နည်းပါ။
ဘူဖေးဆိုင်မှာ ကိုယ်ကြိုက်တာကို လိုသလောက်ပဲရွေးပြီး ချင့်ချိန်စားတယ်ဆိုတာ တစ် ရာခိုင်နှုန်းတောင်ရှိမယ်မထင်ပါ။
ဒီဖက်ခေတ်မှာ မြို့ကြီးတွေသာမက မြို့အလတ်စားတွေမှာပါ ဟော့ပေါ့ ဘူဖေးတွေ အလျှိုလျှိုပေါ်လာပါတယ်၊
မန်ဘာကဒ်နဲ့ မန်ဘာဒစ်စကောင့်နေ့လည်စာအထူး စသည်ဖြင့်နည်းမျိုးစုံ ပရိုမိုးရှင်းလုပ်ကြပါတယ်။
မကြာမကြာလာစားဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ပါတယ်။
ဟော့ပေါ့ဘူဖေးတွေရဲ့ ယေဘူရ အကောင်းအဆိုးများ-

 ဘာတွေကောင်းလဲ

ဆွေမျိုးတွေ မိသားစုတွေ ဆုံလို့၊ မိတ်ဆွေ အပေါင်းအသင်းတွေဆုံလို့၊ အထိမ်းအမှတ်ပွဲတခုခု စုစားချင်လို့ ဆိုတာမျိုး လူအများစုစားတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက် ပြသနာမရှိတော့ပါ။ စားသူက ကိုယ်ကြိုက်တာကိုယ်ယူစားရုံပါ။
ကျွေးသူက မှာထားတာ မလောက်မှာမပူရသလို ပိုလျှံမှာလည်း ပူစရာမလိုပါ။
အစားကြီးသူများအတွက် တွက်ခြေကိုက်ပါတယ်။

မကောင်းတာများ

အစားနည်းသူများအတွက် စားနိုင်တာထက်ပိုပေးရလို့ ပေးရတာမတန်ပါ၊ ဈေးများပါတယ်
အပြုတ်မကြိုက်သူများအတွက် ရွေးစရာနည်းပါတယ်
အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ လုံးမညီညွတ်ပါ။

ကျန်းမာရေးအတွက် မကောင်းတဲ့ အကြောင်းတွေကတော့

၁၊ ပမာဏ

ဘူဖေးဖြစ်လို့  အများစုက ပေးထားတာ တန်အောင် စားနိုင်သမျှစားကြပါတယ်၊ ပုံမှန်ထက်များစွာ (နှစ်ဆမက) ပိုစားပါတယ်

၂၊  ကိုလက်စထရော

ဈေးကြီးသောပင်လယ်စာကို များများစားတတ်ကြပါတယ်၊ ဂဏန်း ပုဇွန် ကမာ နဲ့ ဆိတ်၊ အမဲ၊ ဝက်သားစသည်တို့မှာ ကိုလက်စထရောအလွန်များသဖြင့် ဆင်ဆင်ခြင်ခြင် စားရမည့် အမျိုးအစားထဲတွင်ပါသော်လည်း ဘူဖေးဖြစ်လို့ ပေးရတာတန်အောင် အဲဒါတွေများများစားကြ။

၃။ ဆား နဲ့ အချိုမှုန့်

သထူးသဖြင့် အသားတွေမှာ အလွန်များပါတယ်။ ပုံမှန်အစားအသောက်တွေမှာထက်ပိုငံပါတယ်။
ဆားနဲ့ အချို့မှုန့်ပါ ဆိုဒီယံကြောင့် သွေးပေါင်ချိန်တက်ပါတယ်။ ကျောက်ကပ်မကောင်းလျင် ဖောယောင်ပါတယ်၊ နှလုံးအားနည်းလျင် မညှစ်နိုင်ပဲ အမောဖေါက်နိုင်ပါတယ်။  ပြုတ်ရည်ကို နည်းနည်းကြာလျင် ရေနွေးရော (သို့) အသစ်လဲသင့်ပါတယ်၊ မသောက်သင့်ပါ။ 
အသားငါးတွေကို အချည်ရည်မျိုးစုံနဲ့ တို့စားလို့ အဲဒီဆော့စ် တွေထဲကအငံဓါတ်တွေကို ပိုစားမိကြပြန်ပါတယ်။

၄၊ အသား

ဟော့ပေါ့စားသူတွေက အသားတွေကိုအစားများပါတယ် အသားတွေမှာပြည့်ဝအဆီတွေများသလို အမဲသားဆိတ်သားတွေက ယူရစ်အက်ဆစ်လည်း များပါတယ်၊ အသားပရိုတိန်းကို တခြားအစားတွေနဲ့ အချိုးမမျှအောင်များများစားလျင် ဝမ်းလည်းချုပ်ပါတယ်၊ ကျောက်ကပ်လည်း ဝန်ပိပါတယ်။ 

၅၊ ကြာရှည်ခံအောင်လုပ်ထားသောအစာများ

အသားလုံး ငါးလုံး ဂဏန်းလိပ် ပုဇွန်လိပ် ဖက်ထုပ် ခဲပြီးလွှာထားသော အသားတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့   ကြာရှည်ခံစေတဲ့ ဓါတုပစ္စည်းတွေပါပါတယ်၊ နည်းနည်းပါးပါးက သိပ်မသိသာပေမဲ့ အများကြီး မစားသင့်ပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာအပါအဝင်ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။

မကြာမကြာစားသူများ ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်ပိုများလာစေပါတယ်။ 
အသားငါးသာမက ဂျုံလိုကစီဓါတ်များတဲ့ ပစ္စည်းတွေပါလို့ အစာခြေပြီးလျင် သွေးထဲမှာ သကြားဓါတ်တက်ပါတယ်၊ ကိုယ်က ခေါက်ဆွဲ ကြာဇံထည့်မစားတောင် အဲဒီ အသားလုံး ဂဏန်းလိပ်တွေကနေ ကာဗိုဟိုက်ဒြိတ်တွေ အများကြီး ဝင်ပါတယ်။ ဆီးချိုသမားများ သတိထားစရာပါ။

၅၊ အရွက်

ဘူဖေးစားတာဖြစ်လို့ လူအများက
အလွယ်တကူ ဗိုက်ပြည့်စေတဲ့ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ဈေးပေါတဲ့ အရွက်တွေကို သိပ်မယူတတ်ကြပါ။ အသားကိုပိုစားကြတာများပါတယ်

၆၊ အချိုပွဲ

ဘူဖေးဖြစ်လို့ အကန့်သတ်မရှိတဲ့ အချိုရည်တွေများများသောက်တတ်ကြသလို ရေခဲမုန့်တွေ အမျိုးကလည်းစုံတော့ အများကြီးစားတတ်ကြပါတယ် အချိုများသလို ရေခဲမုန့်မှာ အဆီဓါတ်လည်းများပါတယ်။ မခြားအချိုမျိုးစုံလည်းရတော့ ပုံမှန်  စားနေကျအချိုထက် အဆများစွာပိုစားပါတယ်။ 
သကြားဓါတ်များလို့ ဆီးချို သွေးချိုတက်သလို အဝလွန်စေပါတယ်။ 

ရ။ ရေ

ဗိုက်မဆံ့မှာစိုးလို့ ရေအသောက်နည်းတတ်ကြပါတယ်။

၈၊ အစားအသောက် သန့်ရှင်းမှူ

အသုတ်နဲ့ အထူးသဖြင့် အချည်ရည်မျိုးစုံတို့ဟာ သေချာချက်ပြုတ်ထားတာမရှိလို့ မသန့်လျင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

ချုပ်ရလျင်တော့ ဒီလို ဘူဖေးဟော့ပေါ့တွေကို သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်နဲ့ ဆီးရောဂါရှိသူ၊ အစာအိမ်ရောဂါရှိသူ၊ အစာအိမ်အက်ဆစ် အထက်ကို ပြန်ဆန်တတ်တဲ့ ရီဖလက်ရှိသူ၊ သည်းခြေကျောက်ရှိသူ သည်းခြေအိတ်ထုတ်ထားသူ၊ အဝလွန်သူတို့အတွက်တော့  ဝေးဝေးကရှောင်သင့်ပါတယ်

 ရှားရှားပါးပါး တနှစ်မှ တခေါက် နှစ်ခေါက်လောက်သွားစားသူတွေ အတွက် သိပ်မဆိုးပေမဲ့ မကြာခဏသွားစားဖြစ်နေရင်တော့ ဆေးဖိုးလည်း စုသာထားဖို့လိုနိုင်ပါကြောင်း အသိေပးရပါတယ် အမျိုးတို့ခင်ဗျား။


ဖိုးသုည

30-5-19-