Showing posts with label Jet airways. Show all posts
Showing posts with label Jet airways. Show all posts

Thursday, June 13, 2019

ခ်စ္လြန္းလို႔အႀကံႀကီးႀကံ၊ ေထာင္တသက္စံ (ချစ်လွန်းလို့အကြံကြီးကြံ၊ ထောင်တသက်စံ)

ခ်စ္လြန္းလို႔အႀကံႀကီးႀကံ၊ ေထာင္တသက္စံ

ဟန္ေဆာင္ ေလယာဥ္ျပန္ေပးဆြဲမႈနဲ႔  တရားစြဲခံရတဲ့ အိႏၵိယႏိုင္ငံသား စီးပြားေရးသမား Birju Salla ကို တရား႐ုံးတခုက အဂၤါေန႔က ေထာင္ဒါဏ္တသက္နဲ႔ေငြဒါဏ္ ႐ူပီး သန္း၅၀ ခ်မွတ္လိုက္ပါတယ္။ 





သူက ၂၀၁၇ ေအာက္တိုဘာလက အိႏၵိယႏိုင္ငံ မြန္ဘိုင္ ကေန ေဒလီ ကိုပ်ံတဲ့ ဂ်က္အဲယားေဝး ေလယာဥ္ flight 9W-339 ေပၚမွာ “ျပန္ေပးသမား ၁၂ေယာက္နဲ႔ ေဖါက္ခြဲေရးပစၥည္းေတြပါတယ္၊ ေလေယာဥ္ကို ပါကစၥတန္ႏိုင္ငံထိန္းခ်ဳပ္ထားနဲ႔ ကက္ရွ္မီးယားျပည္နယ္ကို လမ္းေၾကာင္းေျပာင္းပ်ံပါ” လို႔ ၿခိမ္းေျခာက္တဲ့စာကို Business class ေလယာဥ္ အိမ္သာထဲမွာခ်ထားတဲ့တာပါ။ အဲဒီစာကို ေလယာဥ္မယ္တေယာက္ကေတြ႕ၿပီး ေနာက္ေလယာဥ္ကို Ahmedabad ေလဆိပ္မွာ အရးေပၚဆင္းသက္ခဲ့ပါတယ္။  ေလယာဥ္ကို သီးသန္႔ေနရာမွာ ရပ္ေစၿပီး ခရီးသည္နဲ႔ ဝန္ထမ္းေတြကိုလည္း တဦးခ်င္း စစ္ေဆး မွတ္တမ္းတင္၊ ေလယာဥ္တစီးလုံးကိုလည္း ရွာေဖြၿပီး ဘာမွမေတြ႕မွ ေဒလီကို ခရီးဆက္ခဲ့ရပါတယ္။ ခရီးဆက္ရာမွာ အဲယားမာရွယ္ ၂ေယာက္ပါလိုက္ပါခဲ့ၿပီး ပုံမွန္ထက္ ၇ နာရီ ေနာက္က်ၿပီးမွ ေဒလီကိုေရာက္ပါေတာ့တယ္။



ေလယာဥ္ဝန္ထမ္းေတြက Birju Salla တေယာက္တည္းသာ အဲဒီ အိမ္သာကိုသုံးခဲ့တယ္လို႔  စစ္ေဆးသူေတြကို ေျပာခဲ့တယ္ဆိုပါတယ္။ သူက အူရ္ဒူစာမတတ္လို႔ ေရးထားတဲ့စာကို  ဂူးဂဲလ္ကိုသုံးၿပီး ဘာသာျပန္ခဲ့တဲ့ အတြက္လည္း အဲဒီစာနဲ႔ Birju Salla ကို ဆက္စပ္လို႔ ရသြားနဲ႔အတြက္ သူ႔ကိုဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ သူသာအီေကာ္ေနာ္မီတန္းမွာစီးၿပီး အဲဒီကအိမ္သာထဲမွာ စာကိုထားခဲ့ရင္ေတာ့ ဆက္စပ္ဖို႔ အဲဒီေလာက္  လြယ္မယ္ မထင္ပါါ။
သူဟာ အနည္းဆုံးေထာင္ဒါဏ္ တသက္ကေန ေသဒါဏ္အထိ အျပစ္ေပးလို႔ရတဲ့ အိႏၵိယရဲ႕ အပိုင္စီးမႈဆိုင္ရာ ဥပေဒအသစ္ (၂၀၁၆) နဲ႔ စီရင္တာကိုခံရတဲ့ ပထမဆုံး တရားခံျဖစ္ပါတယ္။
သူကေလယာဥ္ကို အပိုင္စီးဖို႔ အားမထုတ္ခဲ့ေသာ္လည္း အဲလိုၿခိမ္းေျခာက္စာကိုထားတာဟာ အပိုင္စီးဖို႔ႀကံစည္တယ္လို႔ ယူဆလို႔ရတယ္လို႔ ဥပေဒအရာရွိကဆိုခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ရပ္က ခရီးသည္နဲ႔ ေလယာဥ္အမႈထမ္းေတြရဲံလုံၿခဳံေရးကို ၿခိမ္းေျခာက္တာပဲလို႔ တာဝန္ရွိသူေတြကဆိုပါတယ္။

ေလထဲက ဖူးစာနဲ့ ေထာင္တန္တဲ့ အၾကံ 

Birju Kishore Salla က အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕က စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္ၿပီး မၾကာခဏခရီးထြက္ရသူျဖစ္ပါတယ္။  ေလယာဥ္မယ္ေတြဂ႐ုစိုက္ၾကတဲ့ Business class ကေနမၾကာခဏစီးတဲ့ ဘီရာဂ်ဴးတေယာက္ ေဒလီက ဂ်က္အဲယားေဝး ေလယာဥ္မယ္တဦးနဲ႔ ရည္ငံမိပါေတာ့တယ္။
သူ႔ခ်စ္သူကို မြန္ဘိုင္းမွာ သူနဲ႔အတူလာေနဖို႔ အႀကိမ္ႀကိမ္ခၚခဲ့ေပမယ့္ သူမကျငင္းပယ္ေနခဲ့ပါတယ္။
အႀကံႀကီးသူဘီရာဂ်ဴးက သူမအလုပ္လုပ္ေနတဲ့ ဂ်က္အဲယားေဝးသာ နာမည္ပ်က္လို႔ ေဒလီခရီးစဥ္ေတြကိုဖ်က္သိမ္းလိုက္ရရင္ေတာ့ သူ႔ခ်စ္သူေလယာဥ္မယ္လည္းအလုပ္ျပဳတ္မယ္။  အဲဒီအခါမွာေတာ့ သူမလည္း သူ႔စကားနားေထာင္ကာ သူနဲ႔လိုက္ေနမယ္လို႔ ေမွ်ာ္လင့္ၿပီး ဒီလိုလုပ္ခဲ့တာဆိုပါတယ္။
ကံဆိုးခ်င္ေတာ့ သူ႔ကေထာင္ဒါဏ္တသက္နဲ႔ ေငြဒါဏ္က်ခံရကာနီး ဒီႏွစ္ဆန္းပိုင္းဧၿပီလမွာ သူဒုကၡေပးခ်င္တဲ့ ဂ်က္အဲယားေဝးႀကီး စီးပြားတကယ္ပ်က္ၿပီး ျပည္တြင္းျပည္ပခရီးစဥ္အားလုံးရပ္နာထားရပါၿပီ။



သူကေတာ့ ခ်စ္သူနဲ႔ အိမ္ေထာင္မက်ဘဲ အက်ဥ္းေထာင္ တသက္လုံးက်ခံရပါေတာ့မယ္။
ဘီရာဂ်ဴးရဲ႕ေရွ႕ေနကေတာ့ အယူခံဝင္ဦးမယ္ဆိုပါတယ္။
တခ်ိဳ႕သူေတြအတြက္ေတာ့ အခ်စ္ဆိုတာ မ်က္စိမပါ႐ုံမက ဦးေႏွာက္ကိုပါ အေမွာင္ဖုံးေစတာကလား။
ဖိုးသုည
13-6-19


ချစ်လွန်းလို့အကြံကြီးကြံ၊ ထောင်တသက်စံ (ယူနီကုဒ်)

ဟန်ဆောင် လေယာဉ်ပြန်ပေးဆွဲမှုနဲ့  တရားစွဲခံရတဲ့ အိန္ဒိယနိုင်ငံသား စီးပွားရေးသမား Birju Salla ကို တရားရုံးတခုက အင်္ဂါနေ့က ထောင်ဒါဏ်တသက်နဲ့ငွေဒါဏ် ရူပီး သန်း၅၀ ချမှတ်လိုက်ပါတယ်။
သူက ၂၀၁၇ အောက်တိုဘာလက အိန္ဒိယနိုင်ငံ မွန်ဘိုင် ကနေ ဒေလီ ကိုပျံတဲ့ ဂျက်အဲယားဝေး လေယာဉ် flight 9W-339 ပေါ်မှာ “ပြန်ပေးသမား ၁၂ယောက်နဲ့ ဖေါက်ခွဲရေးပစ္စည်းတွေပါတယ်၊ လေယောဉ်ကို ပါကစ္စတန်နိုင်ငံထိန်းချုပ်ထားနဲ့ ကက်ရှ်မီးယားပြည်နယ်ကို လမ်းကြောင်းပြောင်းပျံပါ” လို့ ခြိမ်းခြောက်တဲ့စာကို Business class လေယာဉ် အိမ်သာထဲမှာချထားတဲ့တာပါ။ အဲဒီစာကို လေယာဉ်မယ်တယောက်ကတွေ့ပြီး နောက် လေယာဉ်ကို Ahmedabad လေဆိပ်မှာ အရးပေါ်ဆင်းသက်ခဲ့ပါတယ်။  လေယာဉ်ကို သီးသန့်နေရာမှာ ရပ်စေပြီး ခရီးသည်နဲ့ ဝန်ထမ်းတွေကိုလည်း တဦးချင်း စစ်ဆေး မှတ်တမ်းတင်၊ လေယာဉ်တစီးလုံးကိုလည်း ရှာဖွေပြီး ဘာမှမတွေ့မှ ဒေလီကို ခရီးဆက်ခဲ့ရပါတယ်။ ခရီးဆက်ရာမှာ အဲယားမာရှယ် ၂ယောက်ပါလိုက်ပါခဲ့ပြီး ပုံမှန်ထက် ၇ နာရီ နောက်ကျပြီးမှ ဒေလီကိုရောက်ပါတော့တယ်။
လေယာဉ်ဝန်ထမ်းတွေက Birju Salla တယောက်တည်းသာ အဲဒီ အိမ်သာကိုသုံးခဲ့တယ်လို့  စစ်ဆေးသူတွေကို ပြောခဲ့တယ်ဆိုပါတယ်။ သူက အူရ်ဒူစာမတတ်လို့ ရေးထားတဲ့စာကို  ဂူးဂဲလ်ကိုသုံးပြီး ဘာသာပြန်ခဲ့တဲ့ အတွက်လည်း အဲဒီစာနဲ့ Birju Salla ကို ဆက်စပ်လို့ ရသွားနဲ့အတွက် သူ့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူသာအီကော်နော်မီတန်းမှာစီးပြီး အဲဒီကအိမ်သာထဲမှာ စာကိုထားခဲ့ရင်တော့ ဆက်စပ်ဖို့ အဲဒီလောက် လွယ်မယ် မထင်ပါ။
သူဟာ အနည်းဆုံးထောင်ဒါဏ် တသက်ကနေ သေဒါဏ်အထိ အပြစ်ပေးလို့ရတဲ့ အိန္ဒိယရဲ့ အပိုင်စီးမှုဆိုင်ရာ ဥပဒေအသစ် (၂၀၁၆) နဲ့ စီရင်တာကိုခံရတဲ့ ပထမဆုံး တရားခံဖြစ်ပါတယ်။
သူကလေယာဉ်ကို အပိုင်စီးဖို့ အားမထုတ်ခဲ့သော်လည်း အဲလိုခြိမ်းခြောက်စာကိုထားတာဟာ အပိုင်စီးဖို့ကြံစည်တယ်လို့ ယူဆလို့ရတယ်လို့ ဥပဒေအရာရှိကဆိုခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်က ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေရဲံလုံခြုံရေးကို ခြိမ်းခြောက်တာပဲလို့ တာဝန်ရှိသူတွေကဆိုပါတယ်။

လေထဲက ဖူးစာနဲ့ ထောင်တန်တဲ့ အကြံ 

Birju Kishore Salla က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး မကြာခဏခရီးထွက်ရသူဖြစ်ပါတယ်။  လေယာဉ်မယ်တွေဂရုစိုက်ကြတဲ့ Business class ကနေမကြာခဏစီးတဲ့ ဘီရာဂျူးတယောက် ဒေလီက ဂျက်အဲယားဝေး လေယာဉ်မယ်တဦးနဲ့ ရည်ငံမိပါတော့တယ်။
သူ့ချစ်သူကို မွန်ဘိုင်းမှာ သူနဲ့အတူလာနေဖို့ အကြိမ်ကြိမ်ခါ်ခဲ့ပေမယ့် သူမကငြင်းပယ်နေခဲ့ပါတယ်။
အကြံကြီးသူဘီရာဂျူးက သူမအလုပ်လုပ်နေတဲ့ ဂျက်အဲယားဝေးသာ နာမည်ပျက်လို့ ဒေလီခရီးစဉ်တွေကိုဖျက်သိမ်းလိုက်ရရင်တော့ သူ့ချစ်သူလေယာဉ်မယ်လည်းအလုပ်ပြုတ်မယ်။  အဲဒီအခါမှာတော့ သူမလည်း သူ့စကားနားထောင်ကာ သူနဲ့လိုက်နေမယ်လို့ မျှော်လင့်ပြီး ဒီလိုလုပ်ခဲ့တာဆိုပါတယ်။
ကံဆိုးချင်တော့ သူ ထောင်ဒါဏ်တသက်နဲ့ ငွေဒါဏ်ကျခံရကာနီး ဒီနှစ်ဆန်းပိုင်းဧပြီလမှာ သူဒုက္ခပေးချင်တဲ့ ဂျက်အဲယားဝေးကြီး စီးပွားတကယ်ပျက်ပြီး ပြည်တွင်းပြည်ပခရီးစဉ်အားလုံးရပ်နာထားရပါပြီ
သူကတော့ ချစ်သူနဲ့ အိမ်ထောင်မကျဘဲ အကျဉ်းထောင် တသက်လုံးကျခံရပါတော့မယ်။
ဘီရာဂျူးရဲ့ရှေ့နေကတော့ အယူခံဝင်ဦးမယ်ဆိုပါတယ်။
တချို့သူတွေအတွက်တော့ အချစ်ဆိုတာ မျက်စိမပါရုံမက ဦးနှောက်ကိုပါ အမှောင်ဖုံးစေတာကလား။
ဖိုးသုည
13-6-19