အကယ္၍ ကေလးတေယာက္ လိင္ဆိုင္ရာ ျပစ္မႈကိုက်ဳးလြန္ခဲ့လ်င္
အကယ္၍အကယ္၍ ကေလးတေယာက္က ျပစ္မႈတခုကိုက်ဴးလြန္တယ္ဆိုလ်င္
အဲဒီကိစၥရဲ႕ ေနာက္ကြယ္မွာ မထင္မွတ္တဲ့ ႀကီးမားတဲ့ ျပသနာႀကီးေတြ ရွိေကာင္းရွိေနႏိုင္ပါတယ္၊
အဲဒီကေလးကိုလည္း ကာကြယ္ေပးဖို႔ လိုေကာင္းလိုပါလိမ့္မယ္။
အ႐ြယ္မေရာက္ေသးသူတေယာက္ ျပစ္မႈတခုကို က်ဴးလြန္ပါက ရာဇဝတ္မႈ မေျမာက္ဘဲ ကေလးသူငယ္ဆိုးသြမ္းမႈသာျဖစ္တယ္ဆိုပါတယ္။
သူတို႔ကို ရာဇဝတ္မႈ ျပစ္ဒါဏ္မ်ိဳးမခ်မွတ္ဘဲျပျပင္ထိန္းသိမ္းေရး လုပ္ဖို႔ စီစဥ္ေပးရပါတယ္။
သူတို႔ ဟာ ကိုယ္လုပ္တဲ့လုပ္ရပ္တခုရဲ႕ အတိုင္းအတာ အတိမ္အနက္ကို ေသေသခ်ာခ်ာ မသိဘဲ က်ဴးလြန္ၾကတာျဖစ္လို႔ပါ။
ႏိုင္ငံတကာမွာ ျပစ္မႈတခုကို က်ဴးလြန္သူဟာ ကိုယ္လုပ္တဲ့လုပ္ရပ္တခုရဲ႕ အတိုင္းအတာ အတိမ္အနက္ကို ေသေသခ်ာခ်ာ မသိလို႔ က်ဴးလြန္ရင္ အျပစ္မေပးဘဲ သူ႔အတြက္ လိုအပ္တဲ့ ျပဳျပင္မႈ ကုသမႈေတြကို လုပ္ေပးပါတယ္။
ဒါကိုပဲ အခြင့္ေကာင္းယူၿပီးတရားခံေရွ႕ေနေတြက သူတို႔ အမႈသည္ ျပစ္ဒါဏ္မခံရေအာင္ အ႐ူးလက္မွတ္ယူၿပီး လူလည္က်ၾကပါတယ္။
ဒါေပမယ့္ အျပစ္လုပ္သူေတြက ကေလး ေတြဆိုရင္ ပိုအေရးႀကီးပါတယ.
သူတို႔ ကိုအျပစ္တင္ အေရးယူမယ့္ အစား သူတို႔ရဲ႕ျပသနာအရင္းအျမစ္ကိုရွာၿပီး ေျဖရွင္းေပးရပါတယ္။
သူတို႔ကို ႀကိဳးကိုင္းခိုင္းေစသူေတြရွိေနသလား၊
သူတို႔မွာ ဆိုး႐ြားတဲ့ မိသားစု ပတ္ဝန္းက်င္ရွိေနသလား။
မိဘကသိပ္အလိုလိုက္ထားတာလား။ မိဘကႏွိပ္စက္တတ္သလား။
တျခားမိသားစုဝင္ေတြက သူတို႔ကို အႏိုင္က်င့္ေနသလား။
စသည္စသည္ ျပသနာမ်ားစြားကို မေမွ်ာ္လင့္ဘဲေတြ႕လာရတတ္ပါတယ္။
ဒါေၾကာင့္ သူတို႔ ရဲ႕ အနာဂတ္အတြက္ ျပင္ဆင္ေပးရပါမယ္။
အထူးအျဖင့္ေတာ့ စိတ္ပညာနဲ႔စိတ္ေရာဂါ အျခအေနကိုပါ။
ဆရာဝန္၊ ကေလး စိတ္ပညာရွင္၊ ကေလးစိတ္ေရာဂါ ဆရာဝန္ေတြနဲ႔ စစ္ေဆးၿပီး အေျဖရွာရပါတယ္။
ဆိုး႐ြားတဲ့ ပတ္ဝန္းက်င္ ရွိေနလ်င္ ကယ္ထုတ္ေပးဖို႔ လိုေကာင္းလိုႏိုင္ပါတယ္။၊
လိင္နဲ႔ပတ္သက္တဲ့ ျပသနာဆိုလ်င္ေတာ့ပိုဆိုးပါတယ္။
သူတို႔ ဘာေၾကာင့္ဒီလိုလုပ္တယ္ဆိုတာျပသနာရဲ႕ အရင္းအျမစ္ကို ရွာၿပီး ေျဖရွင္းရမွာပါ။.
တခါတေလမွာ ဒီလို ျပစ္မ်ဳ က်ဳးလြန္သူကေလးေတြကိုယ္တိုင္က တျခားသူေတြရဲ႕ မဟုတ္တာလုပ္တာကို တနည္းနည္းနဲ႔ ခံေနရသူေတြျဖစ္တတ္ပါတယ္။
ကေလး ေတြဒီကိစၥေတြကို ဒီလို က်ဳးလြန္ရတယ္လို႔ ဘယ္လိုသိလာသလဲ။
သူတပါးက သူတို႔ကို ဒီလိုပဲလုပ္လို႔လား။
အျပာ ဗြီဒီယိုေတြ ပုံေတြၾကည့္လို႔လား။
တျခားလူႀကီးေတြ ကေလးႀကီးေတြက သင္ေပးလို႔လား။
မိဘေတြကပဲ ဒီလိုအေျခအေနေရာက္ေအာင္တြန္းပို႔ေနတာလား။
လူႀကီး ေတြက ကေလးေတြေရွ႕မွာ မဆင္မခ်င္ ဗြီဒီယိုေတြ ပုံေတြၾကည့္လို႔လား၊ မဆင္မခ်င္ ျပဳမူေနတာကို ကေလးေတြကေတြ႕လို႔ အတုယူတာလား။
စသည္စသည္ အေၾကာင္းရင္းကိုလိုက္ရွာၿပီး ေနာင္ကို ဒီလို မျဖစ္ဖို႔ နည္းလမ္းကိုရွာရပါတယ္။
ေနာင္ကို မျဖစ္ဖို႔ဆိုရာမွာ ကာယကံရွင္ သာမကပါ၊
တျခား ကေလးေတြ၊ ကေလး မိဘေတြအားလုံး ေလ့လာ ပညာယူ ဆင္ျခင္ရပါတယ္။
လိုအပ္လ်င္ ကေလးေတြကို သူတို႔ရဲ႕ ဆိုး႐ြားတဲ့ပတ္ဝန္းက်င္ (သို႔) မိသားစု ကေနကယ္ထုတ္ေပးရပါတယ္။
ဒီေနရာမွာ စနစ္တက် လိင္ပညာေပးျခင္း ကို ေက်ာင္းေတြနဲ႔ လူမႈပတ္ဝန္းက်င္က လက္ခံၾကဖို႔ ေသေသခ်ာခ်ာ စဥ္းစားသင့္ပါတယ္။
ဒီေနရာမွာ စနစ္တက် လိင္ပညာေပးျခင္း ကို ေက်ာင္းေတြနဲ႔ လူမႈပတ္ဝန္းက်င္က လက္ခံၾကဖို႔ ေသေသခ်ာခ်ာ စဥ္းစားသင့္ပါတယ္။
စနစ္တက် မသင္လို႔ အမွားကို အမွန္ထင္တဲ့ ျပသနာက ျပင္ရခက္ပါတယ္၊
လူႀကီးေတြမွာေတာင္ ဒီလို အယူအဆမွားေတြ စြဲေနသူအမ်ားႀကီးပါ.
အသက္ အ႐ြယ္အလိုက္ စနစ္တက် လိင္ပညာေပးျခင္း ျဖင့္ မွားယြင္းတဲ့ အေတြးအခၚ အယူအဆေတြကို တားဆီးႏိုင္မွာပါ။
က်န္းမာေရးဌာနနဲ႔ ပညာေရးဌာနတို႔ကဦးေဆာင္ၿပီး မိဘတိုင္း ၊ ဆရာတိုင္းသာမကာ တာဝန္သိသူ လူမႈေရး အသိစိတ္ရွိသူတိုင္းပါဝင္ၾကသင့္ပါတယ္.။
ျပစ္မႈ က်ဴးလြန္တဲ့ ကေလးေတြ ေတြ႕လ်င္ အျပစ္တင္ရႈတ္ခ်ေနမယ့္အစား ဝိုင္းဝန္းပူးေပါင္း အေျဖရွာလို႔ ကူညီၾကပါ။
ဖိုးသုည
1-7-19
အကယ်၍ ကလေးတယောက် လိင်ဆိုင်ရာ ပြစ်မှုကိုကျုးလွန်ခဲ့လျင် (ယူနီကုဒ်)
အကယ်၍ ကလေးတယောက်က ပြစ်မှုတခုကိုကျူးလွန်တယ်ဆိုလျင်
အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ မထင်မှတ်တဲ့ ကြီးမားတဲ့ ပြသနာကြီးတွေ ရှိကောင်းရှိနေနိုင်ပါတယ်၊
အဲဒီကလေးကိုလည်း ကာကွယ်ပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။
အရွယ်မရောက်သေးသူတယောက်
ပြစ်မှုတခုကို ကျူးလွန်ပါက ရာဇဝတ်မှု မမြောက်ဘဲ ကလေးသူငယ်ဆိုးသွမ်းမှုသာဖြစ်တယ်ဆိုပါတယ်။
သူတို့ကို ရာဇဝတ်မှု ပြစ်ဒါဏ်မျိုးမချမှတ်ဘဲပြပြင်ထိန်းသိမ်းရေး
လုပ်ဖို့ စီစဉ်ပေးရပါတယ်။
သူတို့ ဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တခုရဲ့ အတိုင်းအတာ အတိမ်အနက်ကို
သေသေချာချာ မသိဘဲ ကျူးလွန်ကြတာဖြစ်လို့ပါ။
နိုင်ငံတကာမှာ ပြစ်မှုတခုကို
ကျူးလွန်သူဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တခုရဲ့ အတိုင်းအတာ အတိမ်အနက်ကို သေသေချာချာ မသိလို့
ကျူးလွန်ရင် အပြစ်မပေးဘဲ သူ့အတွက် လိုအပ်တဲ့ ပြုပြင်မှု ကုသမှုတွေကို လုပ်ပေးပါတယ်။
ဒါကိုပဲ အခွင့်ကောင်းယူပြီးတရားခံရှေ့နေတွေက သူတို့ အမှုသည် ပြစ်ဒါဏ်မခံရအောင်
အရူးလက်မှတ်ယူပြီး လူလည်ကျကြပါတယ်။
ဒါပေမယ့် အပြစ်လုပ်သူတွေက ကလေး တွေဆိုရင် ပိုအရေးကြီးပါတယ.
သူတို့ ကိုအပြစ်တင် အရေးယူမယ့် အစား သူတို့ရဲ့ပြသနာအရင်းအမြစ်ကိုရှာပြီး
ဖြေရှင်းပေးရပါတယ်။
သူတို့ကို ကြိုးကိုင်းခိုင်းစေသူတွေရှိနေသလား၊
သူတို့မှာ ဆိုးရွားတဲ့
မိသားစု ပတ်ဝန်းကျင်ရှိနေသလား။
မိဘကသိပ်အလိုလိုက်ထားတာလား။
မိဘကနှိပ်စက်တတ်သလား။
တခြားမိသားစုဝင်တွေက သူတို့ကို
အနိုင်ကျင့်နေသလား။
စသည်စသည် ပြသနာများစွားကို
မမျှော်လင့်ဘဲတွေ့လာရတတ်ပါတယ်။
ဒါကြောင့် သူတို့ ရဲ့ အနာဂတ်အတွက် ပြင်ဆင်ပေးရပါမယ်။
ဆိုးရွားတဲ့ ပတ်ဝန်းကျင်
ရှိနေလျင် ကယ်ထုတ်ပေးဖို့ လိုကောင်းလိုနိုင်ပါတယ်။၊
အထူးအဖြင့်တော့ စိတ်ပညာနဲ့စိတ်ရောဂါ အခြအနေကိုပါ။
ဆရာဝန်၊ ကလေး စိတ်ပညာရှင်၊ ကလေးစိတ်ရောဂါ ဆရာဝန်တွေနဲ့ စစ်ဆေးပြီး
အဖြေရှာရပါတယ်။
လိင်နဲ့ပတ်သက်တဲ့ ပြသနာဆိုလျင်တော့ပိုဆိုးပါတယ်။
သူတို့ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာပြသနာရဲ့ အရင်းအမြစ်ကို ရှာပြီး
ဖြေရှင်းရမှာပါ။.
တခါတလေမှာ ဒီလို ပြစ်မျု ကျုးလွန်သူကလေးတွေကိုယ်တိုင်က တခြားသူတွေရဲ့ မဟုတ်တာလုပ်တာကို တနည်းနည်းနဲ့ ခံနေရသူတွေဖြစ်တတ်ပါတယ်။
ကလေး တွေဒီကိစ္စတွေကို ဒီလို ကျုးလွန်ရတယ်လို့ ဘယ်လိုသိလာသလဲ။
သူတပါးက သူတို့ကို ဒီလိုပဲလုပ်လို့လား။
အပြာ ဗွီဒီယိုတွေ ပုံတွေကြည့်လို့လား။
တခြားလူကြီးတွေ ကလေးကြီးတွေက သင်ပေးလို့လား။
မိဘတွေကပဲ ဒီလိုအခြေအနေရောက်အောင်တွန်းပို့နေတာလား။
လူကြီး တွေက ကလေးတွေရှေ့မှာ မဆင်မချင် ဗွီဒီယိုတွေ ပုံတွေကြည့်လို့လား၊
မဆင်မချင် ပြုမူနေတာကို ကလေးတွေကတွေ့လို့ အတုယူတာလား။
စသည်စသည် အကြောင်းရင်းကိုလိုက်ရှာပြီး နောင်ကို ဒီလို မဖြစ်ဖို့
နည်းလမ်းကိုရှာရပါတယ်။
နောင်ကို မဖြစ်ဖို့ဆိုရာမှာ ကာယကံရှင် သာမကပါ၊
တခြား ကလေးတွေ၊ ကလေး မိဘတွေအားလုံး လေ့လာ ပညာယူ ဆင်ခြင်ရပါတယ်။
လိုအပ်လျင် ကလေးတွေကို သူတို့ရဲ့ ဆိုးရွားတဲ့ပတ်ဝန်းကျင် (သို့) မိသားစု ကနေကယ်ထုတ်ပေးရပါတယ်။
ဒီနေရာမှာ စနစ်တကျ လိင်ပညာပေးခြင်း ကို ကျောင်းတွေနဲ့ လူမှုပတ်ဝန်းကျင်က
လက်ခံကြဖို့ သေသေချာချာ စဉ်းစားသင့်ပါတယ်။
စနစ်တကျ မသင်လို့ အမှားကို အမှန်ထင်တဲ့ ပြသနာက ပြင်ရခက်ပါတယ်၊
လူကြီးတွေမှာတောင် ဒီလို အယူအဆမှားတွေ စွဲနေသူအများကြီးပါ.
အသက် အရွယ်အလိုက် စနစ်တကျ လိင်ပညာပေးခြင်း ဖြင့် မှားယွင်းတဲ့
အတွေးအခါ် အယူအဆတွေကို တားဆီးနိုင်မှာပါ။
ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနတို့ကဦးဆောင်ပြီး မိဘတိုင်း ၊ ဆရာတိုင်းသာမကာ
တာဝန်သိသူ လူမှုရေး အသိစိတ်ရှိသူတိုင်းပါဝင်ကြသင့်ပါတယ်.။
ပြစ်မှု ကျူးလွန်တဲ့ ကလေးတွေ တွေ့လျင် အပြစ်တင်ရှုတ်ချနေမယ့်အစား
ဝိုင်းဝန်းပူးပေါင်း အဖြေရှာလို့ ကူညီကြပါ။
ဖိုးသုည
1-7-19
No comments:
Post a Comment