Showing posts with label aviation. Show all posts
Showing posts with label aviation. Show all posts

Tuesday, July 2, 2019

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER) {တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)}

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER)

မီးရထားတစင္းဆိုက္လာတယ္၊ တံခါးေတြပြင့္လာေတာ့ လူတေယာက္မွ မပါ။
ေလဆိပ္ခန္းမထဲေရာက္ေတာ့ ေလယာဥ္ အတက္အဆင္းခရီးစဥ္ျပ မွန္သားျပင္ေတြမွာ ေလယာဥ္ခရီးစဥ္ အမွတ္ေတြနဲ႔ အခ်ိန္ေတြက လႈပ္ရွားေနေပမယ့္ ခရီးသည္နဲ႔ ေလေၾကာင္းလိုင္း ဝန္ထမ္းေတြ တေယာက္မွမရွိ။
ပစၥည္းေ႐ြးဖို႔ ခါးပတ္ ( baggage reclaim conveyer belt) ႀကီးလႈပ္ရွားလာတယ္။ အိတ္တလုံးမွမပါ။
ဒါေတြကေန႔စဥ္ တကယ္ျဖစ္ေနတာပါ။
စီးသူမရွိတဲ့ ရထားဘူတာ

ေဆာက္ထား တပ္ထားၿပီးသားစက္ေတြ မသုံးျဖစ္လို႔ ဂ်မ္းျဖစ္ၿပီး ရပ္မသြားေအာင္ ေနစဥ္ သုံးစြဲသူမရွိဘဲ လည္ပတ္ အလုပ္လုပ္ခိုင္းထားရတာပါ။ ဘုတ္ေတြမွာ ျပေနတဲ့ ေလယာဥ္ခရီးစဥ္ေတြကေတာ့ အနားက Berlin Schönefeld Airport ေလဆိပ္ကခရီးစဥ္ေတြပါ။
ဥေရာပရဲ႕ စီးပြားေရး အေတာင့္ဆုံး၊ နည္းပညာ အတိုးတက္ဆုံး ဂ်ာမဏီႏိုင္ငံရဲ႕ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးမွာပါ။

သမိုင္းေၾကာင္း

၁၉၈၉ ခု မွာ ဘာလင္တံတိုင္းကိုၿဖိဳခ်ၿပီး အေရွ႕နဲ႔ အေနာက္ဘာလင္ ႏွစ္ျခမ္းျပန္လည္ေပါင္းစည္းခဲ့ပါတယ္.။
၁၉၉၀ မွာ ဂ်ာမဏီ၂ ႏိုင္ငံျပန္လည္ေပါင္းစည္းၿပီး Federal Republic of Germany လို႔ဖြဲစည္းလိုက္တဲ့အခါ ဘာလင္ဟာ ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ျပန္ျဖစ္လာပါတယ္။
ၿမိဳ႕ေတာ္ျပန္ျဖစ္လာတဲ့  ဘာလင္မွာ တိုးတက္လာတဲ့ ေလေၾကာင္းပို႔ေဆာင္ေရး အတြက္ ရွိၿပီးသားေလဆိပ္ေတြနဲ႔ မလုံေလာက္ေတာ့ ပါဘူး။ ႏိုင္ငံေရးေခါင္းေဆာင္ေတြက ဘာလင္ အတြက္ ေခတ္မွီေလဆိပ္သစ္ႀကီးတခုကို တည္ေဆာက္ဆို႔လိုတယ္ဆိုတာကို သေဘာတူခဲ့ၾကပါတယ္။
ဒီလိုနဲ႔ ေလဆိပ္သစ္ႀကီးကိုစီမံခန္႔ခြဲဖို႔အတြက္ ၁၉၉၁ ခုႏွစ္ ေမလမွာ  Berlin Brandenburg Airport holding company ႀကီး ကို တည္ေထာင္ ခဲ့ပါတယ္။
၁၉၉၆ ခုဇြန္လေရာက္မွ လက္ရွိ အသုံးျပဳေနတဲ့ Berlin Schönefeld Airport (SXF) အနားက ေျမေနရာကို အတည္ျပဳပါတယ္။

Berlin Brandenburg Airport (BER) နဲ့ Berlin Schönefeld Airport (SXF)


တခါ ဘယ္ပုဂၢလိကေဆာက္လုပ္ေရးအဖြဲ႕ေတြကို ေဆာက္ဖို႔  ေခၚယူမယ္ဆိုတာနဲ႔ ပတ္သက္ၿပီးျဖစ္တဲ့ ျပသနာေတြေၾကာင့္ ၂၀၀၀ ခုႏွစ္ ႏိုဝင္ဘာလေရာက္မွ ယာယီ စီမံကိန္း အတည္ျဖစ္ပါတယ္။ ေလဆိပ္ကို  ၂၀၀၇ ခုႏွစ္မွာဖြင့္လွစ္ဖို႔စီစဥ္ခဲ့ၾကပါတယ္။
လက္ေတြ႕မွာေတာ့ ေလဆိပ္ေဆာက္မယ့္ေနရာမွာေတြ႕တဲ့ ေရွးေဟာင္း သခ်ႋဳင္းကို ေရွးေဟာင္း သုေတသီေတြက ထူးေဖၚတာကို ေစာင့္ရ၊ နယ္ေျမခံျပည္သူေတြနဲ႔ျပသနာ ၊  ကုန္က်စရိတ္တြက္ခ်က္ရာမွာ မွားယြင္းမႈ စတဲ့ျပသနာေတြကိုေျဖရွင္းေနရလို႔ ၂၀၀၆ ခု စက္တင္ဘာလေရာက္မွ ေဆာက္လုပ္ေရး လုပ္ငန္းေတြကိုတကယ္စတင္ႏိုင္ခဲ့ပါတယ္။
ဒီလိုနဲ႔ ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလ ၃၀ လို႔ ျပင္ဆင္သတ္မွတ္ထားခဲ့ပါတယ္.
ဒါေပမဲ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာ ျပသနာေတြမ်ားလို႔ ေႏွာင့္ေႏွးေနၿပီး ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၂ ခု ဇႏၷဝါရီလု ၃ ရက္၊ ေနာက္ေတာ့ ၂၀၁၂ ဇြန္လလို႔ ထပ္ေျပာင္းပါတယ္။
ဝန္ႀကီးခ်ဳပ္ Angela Merkel ကို ဖိတ္ၿပီး ေလဆိပ္ႀကီးကို ဖြင့္ဖို႔ ျပင္ဆင္ထားရာ ဖြင့္ပြဲမတိုင္မီ တလအလို ၂၀၁၂ ေမလ မွာ မီးေဘးကာကြယ္ေရး စနစ္လက္မွတ္ရဖို႔ စစ္ေဆးေတာ့မွ ဘယ္လိုမွ ေမွ်ာ္မွန္းမထားတဲ့ အေတာ္ဆိုး႐ြားတဲ့ ျပသနာေတြကိုေတြ႕ရလို႔ ဖြင့္ပြဲကို ၂၀၁၃ မတ္လ ၁၇ လို႔ ေျပာင္းရပါတယ္၊ ေနာက္ေတာ့ ၂၀၁၃ ေအာက္တိုဘာ ၂၇ ကို ေ႐ႊ႕ျပန္ပါတယ္။


အခုထိအသုံးမျပဳရေသးတဲ့ ေလဆိပ္အေဆာက္ အဦႀကီး


၂၀၁၃ ဇႏၷဝါရီလအေရာက္မွာေတာ့ ေလဆိပ္တကယ္ဖြင့္မယ့္ရက္ကို မေၾကျငာႏိုင္ေတာဘဲ  ၂၀၁၄ အထိ ဖြင့္ႏိုင္မွာ မဟုတ္ဘူးလို႔သာေၾကျငာႏိုင္ပါေတာ့တယ္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္လည္း ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕က ႏႈတ္ထြက္ၿပီး Berlin Brandenburg Airportရဲ႕ စီအီးအိုကိုလဲ ရာထုးက ျဖဳတ္လိုက္ပါတယ္။
၂၀၁၄ မွာ စီအီးအို အသစ္ Hartmut Mehdorn က ေလဆိပ္ကို ၂၀၁၆ အထိ ဖြင့္လွစ္ႏိုင္ဖြယ္ မရွိလို႔ ေၾကျငာပါတယ္။ တပူေပၚ ႏွစ္ပူဆင့္တက္တက္လာတဲ့ ျပသနာေတြနဲ႔ မေရရာမႈေတြေၾကာင့္ Mehdorn လည္း ၂၀၁၄ ဒီဇင္ဘာလမွာ စီအီးအိုအျဖ့စ္မွ ႏႈတ္ထြက္ခဲ့ပါတယ္။
၂၀၁၅ ဇူလိုင္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္သစ္ Michael Müller က ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕ဥကၠဌ ေနရာကို ရယူၿပီး ေလဆိပ္ကို  ၂၀၁၇ မွာ ဖြင့္လွစ္ႏိုင္ေအာင္ ဦးေဆာင္ျပန္ပါတယ္။
၂၀၁၅ ဩဂုတ္လမွာေတာ့ ေလဆိပ္စီမံကိမ္း အတြင္းက ခ်စားမႈ လာယ္စားမႈေတြ တစၿပီးတစ ထြက္လာပါတယ္။ ေလဆိပ္နည္းပညာဆိုင္ရာ ဒါ႐ိုက္တာ Jochen Grossmann ဟာ ယူ႐ို သန္းတဝက္ လာယ္စားမယ္ဆိုတဲ့ စြဲခ်က္နဲ႔ တရားတေဘာင္ရင္ဆိုင္ေနရပါတယ္။

၂၀၁၆ ဒီဇင္ဘာလမွာေတာ့ ေနာက္ဆုံးရည္မွန္းထားတဲ့ ၂၀၁၇ မွာေလဆိပ္ဖြင့္လွစ္ႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူးဆိုျပန္ပါတယ္။
မီးလုံးေတြမွားတပ္တာ၊ တံခါးေတြကို နံပတ္တပ္မွားေနတာ၊ မီးခလုပ္ေတြ မရွိတာ၊ မွားယြင္းတဲ့ မီးႀကိဳးသြယ္တန္းမႈ၊ မီးေဘးအခ်က္ေပး စနစ္ မွားယြင္းမႈ စတာေတြကေန အေဆာက္အဦအမိုးက သတ္မွတ္ထားတာထက္ ၂ဆေက်ာ္ပိုေလးေနတယ္ဆိုတဲ့ ျပသနာ အႀကီးႀကီးအထိ၊ ျပသနာေပါင္း (၅၅၀၀၀၀) သန္းတဝက္ေက်ာ္ေလာက္ကိုျပင္ဆင္ရမယ္ဆိုတာ ေတြ႕ရွိလာရလို႔ပါ။

ဘာေတြမွားခဲ့တာလဲ 

ပညာရွင္နဲ႔ ႏိုင္ငံေရးသမား ေနရာမွား

အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်ေပးရတဲ့ ေလဆိပ္ေဆာက္လုပ္ေရး ႀကီးၾကပ္မႈ ဘုတ္အဖြဲ႕ဝင္ေတြဟာ လုပ္ငန္းကြၽမ္းက်င္သူ စပယ္ရွယ္လစ္ေတြ ျဖစ္ရမယ့္အစား ဒီလုပ္ငန္းေတြနဲ႔ နီးစပ္မႈ မရွိတဲ့ ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ဘာလင္ၿမိဳ႕ေတာ္ဝန္ နဲ႔  Brandenburg ျပည္နယ္ဝန္ႀကီးခ်ဳပ္ တို႔ ျဖစ္ေနပါတယ္။  စီမံကိန္းအႀကီးကဲ၊ နည္းပညာအႀကီးအကဲေတြကလည္း ဆိုင္ရာနယ္ပယ္မွာ မကြၽမ္းက်င္ၾကလို႔ လူေတြတေယာက္ၿပီး တေယာက္ေျပာင္းရပါတယ္။
သူတို႔က ေဆာက္လုပ္ေရးလုပ္ငန္းေတြကို အေတြ႕အႀကဳံရင့္ ကုမၸဏီႀကီးတခုကို အပ္ၿပီး စီမံခန္႔ခြဲေစတာမ်ိဳးမဟုတ္ဘဲ လုပ္ငန္း ကန္ထ႐ိုက္  ၃၀ -၄၀ ေလာက္ကို ေဈးသက္သက္သာသာနဲ႔ ခိုင္းလို႔ရတဲ့ ကုမၸဏီ အငယ္ကေလးေတြကို တိုက္႐ိုက္ခြဲေပးခဲ့ပါတယ္။ အဲဒီမွာလုပ္ငန္းေတြအၾကားညႇိႏႈိင္းထိန္းခ်ဳပ္ရတာေတြက ရႈပ္ေထြးကုန္ပါတယ္။

ဗိသုကာဆိုင္ရာျပသနာမ်ား

ဗိသုကာဆိုင္ရာ မွားယြင္းတဲ့ထဲမွာ ျပသနာ္ႀကီးတခုကေတာ့ပါ။ ဒီဇိုင္းဆြဲတဲ့ ဗိသုကာက ပူၿပီး အထက္ကိုဆန္တက္တတ္တဲ့ မီးခိုးေတြကို ေလဆိပ္ခန္းမေအာက္ေျခကေနစုပ္ထုတ္ဖို႔ လုပ္ထားပါတယ္၊  အစအဆုံးျပန္ျပင္ရပါတယ္။
ခ်က္အင္လုပ္ဖို႔ေကာင္တာေတြက သိပ္နည္းေနၿပီး ခရီးသည္ေတြအိတ္ေတြကို ျပန္ေ႐ြးဖို႔ စနစ္ကနည္းလုံေလာက္မႈမရွိပါ။
အေအးေပးစနစ္က အလြန္အားနည္းလို႔ အပူလြန္ၿပီး ကြန္ျပဴတာစနစ္ေတြကို အလိုေလွ်ာက္ျဖတ္ေတာက္ လိုက္ရင္ ေလဆိပ္တခုလုံး ကကြန္ျပဳူတာေတြရပ္သြားႏိုင္ပါတယ္။
မီးအေရးေပၚလ်င္ အလိုေလွ်ာက္ပိတ္ရမယ့္တံခါးေတြ မပိတ္လို႔ ျပန္ျပင္ရမွာ တံခါး တေထာင္ေလာက္ရွိပါသတဲ့ ၊ ျပန္လုပ္ရမယ့္ လွ်ပ္စစ္ႀကိဳးေတြက ကီလိုမီတာေပါင္မ်ားစြာ။
ေလယာဥ္ေတြပ်ံသန္းတဲ့ လမ္းေၾကာင္းနဲ႔ ဆူညံသံကာကြယ္ေပးဖို႔ လိုအပ္တဲ့ ေနရာေတြကို တြက္ခ်က္တာကလဲ လြဲေနပါတယ္။
ေလဆိပ္ဗိသုကာ Meinhard von Gerkan's က ေလဆိပ္မွာ ေဈးဝယ္တာကို မႀကိဳက္သူျဖစ္လို႔ ေလဆိပ္ဒီဇိုင္းမွာ ဆိုင္ေတြ နည္းႏိုင္သမွ်နည္းေအာင္ ေလွ်ာ့ထားခဲ့ ပါတယ္။ ဒီအေၾကာင္းကို ေလဆိပ္ကုမၸဏီက သိတာေနာက္က်လို႔ ဆိုင္ခန္းေတြအတြက္ အထပ္တခု ထပ္တိုးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ေလဆိပ္ေတြက အဲဒီလိုဆိုင္ခန္းငွားခေတြကေန ဝင္ေငြ အမ်ားအျပားရေနၾကတာပါ။
ျပသနာက အဲလိုထပ္တိုးတဲ့ အထပ္အတြက္ လိုအပ္လာတဲ့ မီးသတ္စနစ္လို မီးခိုးစုပ္ထုတ္စနစ္လို စနစ္ေတြကို ထပ္ျဖည့္ရမွာျဖစ္ၿပီး ဘယ္လို ထပ္ျဖည့္ထားတယ္ဆိုတာ ဘယ္သူမွ ေသခ်ာမသိဘူးဆိုပါတယ္။
ေလဆိပ္ႀကီးရဲ႕ မီးေဘးကာကြယ္ေရးစနစ္ စီမံကိန္းကိုေရးဆြဲသူ Alfredo di Mauro ဟာ လက္မွတ္ရအင္ဂ်င္နီယာတေယာက္မဟုတ္ဘဲ technical draftsman တေယာက္သာျဖစ္ပါသတဲ့ ။
The Magic Carpet နဲ႔ မၿပီးႏိုင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္

အနာဂတ္အတြက္ႀကိဳတင္ျပင္ဆင္မႈအားနည္းခ်က္မ်ား

ေလဆိပ္စီမံကိန္းကို စတင္စဥ္က တႏွစ္ကို ခရီးသည္ ၂၇ သန္း အတြက္ရည္႐ြယ္ခဲ့ေပမယ့္ ေလဆိပ္ဖြင့္လွစ္ဖို႔ ေႏွာင္ေႏွးတာနဲ႔အမွ် အကယ္ဖြင့္လွစ္မယ့္အခ်ိန္မွာ ေလဆိပ္ႀကီး အေနနဲ႔ လက္ခံရမယ့္ ခရီးစဥ္နဲ႔ခရီးသည္အေရအတြက္က  အမ်ားႀကီးပိုလာမွာျဖစ္ပါတယ္။  ဒါေၾကာင့္ ဖြင့္လွစ္ၿပီးတာနဲ႔ တိုးခ်ဲ႕တဲ့လုပ္ငန္းကို  စတင္ရမယ့္ အေနအထားမွာရွိေနပါတယ္.
ေဆာက္လုပ္တာ အခ်ိန္ၾကာတာနဲ႔ အမွ် ေလေၾကာင္းလုပ္ငန္းေတြက ေျပာင္းလဲလာေတာ့ လိုအပ္ခ်က္ အသစ္ေတြ တိုးတိုးလာပါတယ္။ အခုေနာက္ပိုင္း ေဈးသက္သာတဲ့ ဘတ္ဂ်က္ေလေၾကာင္းလိုင္းေတြ အလ်င္အျမန္တိုးခ်ဲ႕တြင္က်ယ္လာတဲ့အခါ ေလဆိပ္ေတြမွာ သူတို႔ဖို႔ ေဈးေပါေပါနဲ႔ အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြလိုလာပါတယ္။ မူလဒီဇိုင္းမွာ အဲလို ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြမပါဘဲ  လုပ္ငန္းစရိတ္ႀကီးတဲ့ "jet bridges" ေတြပဲပါပါတယ္၊။ ဒါပမယ့္ ႀကီးၾကပ္ေရးဘုတ္အဖြဲ႕ဝင္ ႏိုင္ငံေရးသမားေတြကို လိုအပ္တဲ့ ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြ ထည့္ေပးဖို႔ထက္ Airbus A380 ေလယာဥ္ႀကီးေတြတြက္ ဂိတ္ေတြထည့္ဖို႔ကိုတြန္းအားေပးပါတယ္။
တဖက္ကလည္း အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြ မျဖစ္မေနလိုအပ္လာေတာ့ သူတို႔အတြက္ ေနာက္ထပ္ ေနရာအသစ္တိုးခ်ဲ႕ရျပန္ပါတယ္၊ ဒီလို႔ အသစ္ျဖည့္စြက္ရတာေတြမ်ားလာေတာ့ ေလဆိပ္ေဆာက္လုပ္သူေတြမွာလည္း ဘယ္ကဘယ္လိုဆက္လုပ္ရမယ္ဆိုတာမသိေအာင္ ရႈပ္ေထြးကုန္ပါတယ္။

စရိတ္ စရိတ္ စရိတ္

၂၀၀၆ မွာ စတင္စဥ္က ယူ႐ို ၂.၅ဘီလီယံနဲ႔ ေရးဆြဲခဲ့တဲ့ စီမံကိန္းႀကီးဟာ ၂၀၁၇ မွာ ယူ႐ို ၆.၅ ဘီလီယံအထိကုန္က်ၿပီးျဖစ္ပါတယ္။  ေလဆိပ္ကိုမဖြင့္ရေသးလို႔ ဝင္ေငြမဝင္ေပမယ့္  ၇ ႏွစ္ေက်ာ္ ေႏွာင့္ေႏွးေနတဲ့ ေလဆိပ္မွာ ေန႔စဥ္နဲ႔အမွ် ထိမ္းသိမ္းရတဲ့စရိတ္ေတြတက္ေနသလို LCD display လို တခ်ိဳ႕ပစၥည္းေတြဆို မသုံးရေသးခင္ အသစ္နဲ႔ အစားထိုးရတဲ့ အေနအထားေရာက္ေနပါတယ္။ စက္ပစၥည္းေတြကိုလည္း မသုံးတာၾကာၿပီးဂ်မ္းမျဖစ္ေအာင္ ေန႔စဥ္ေမာင္းေပးေနရပါတယ္။ အစိုးရပိုင္ ေလဆိပ္ကုမၸဏီႀကီးက ေလဆိပ္ကို ထိန္းသိမ္းရတဲ့ စရိတ္ဟာ တလကို ယူ႐ို ၁၇ သန္းရွိပါတယ္။

All 750 of the monitors showing flight information had to be replaced earlier in 2018 - at a cost of €500,000 (Credit: Getty Images)

အခုထိျပင္ရတာေတြကလည္း ျပင္မဆုံးျဖစ္ေနလို႔ဒီေလဆိပ္ကို ဆက္မျပင္ေတာ့ဘဲ ဖ်က္ပစ္ၿပီး အသစ္တခုကို အစကျပန္စတာ အကုန္အက် ပိုသက္သာမယ္လို႔ အႀကံေပးတာေတြလည္းရွိပါတယ္။
ရထားဘူတာကထြက္လာတဲ့ စက္ေလွကားတခ်ိဳ႕ဟာ သိတ္တိုလြန္းတယ္၊ျပန္ျပင္ဖို႔ ကလည္း စားရိတ္အလြန္ႀကီးမယ္

ျပည္သူေတြေပးထားတဲ့ အခြန္ေတြကို ဒီေလာက္မ်ားမ်ားသုံးထားၿပီးမွ ျပန္ဖ်က္ဖို႔ မျဖစ္ေတာ့ဘူး တခုခုအေကာင္အထည္ ျပႏိုင္ေအာင္လုပ္ရေတာ့မယ္ point of no reture ကိုေရာက္ေနၿပီလို႔ ဆိုၿပီး ဆက္လုပ္ေနၾကတာပါ။
အခု ေနာက္ဆုံး သတ္မွတ္ထားတဲ့ ေလဆိပ္ဖြင့္ရက္ကေတာ့ ၂၀၂၀ ေအာက္တိုဘာလထဲမွာ ျဖစ္မယ္လို႔ ဆိုထားပါတယ္။ ဒီသတ္မွတ္ထားတဲ့ ရက္ကိုလည္း စိတ္ဝင္စားသူမရွိသေလာက္ျဖစ္ေနပါၿပီ။
တခ်ိန္က ကမာၻႀကီးကိုၿခိမ္းေျခာက္ခဲ့တဲ့ နာဇီ ဂ်ာမဏီရဲ႕ ၿမိဳ႕ေတာ္၊ အခုလည္းဥေရာပမွာ စီးပြားေရးနဲ႔နည္းပညာမွာ ေရွ႕ကဦးေဆာင္ေနတဲ့ ေခတ္သစ္ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ ဘာလင္ဟာ ေလာေလာဆယ္မွာေတာ့ ၁၉၃၄ ခုႏွစ္ကတည္းကေဆာက္ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ႔ ၁၉၄၈ မွာ ရက္ ၉၀ နဲ႔ တည္ေဆာက္ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို႔ကိုပဲဆက္လက္ အားထားေနရပါတယ္။
ဒီ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးရဲ႕ျပသနာကေတာ့ ႏိုင္ငံတကာ မွာလည္း ျဖစ္တတ္တာေၾကာင့္ တိုင္ျပည္အုပ္ခ်ဳပ္သူေတြနဲ႔ ပညာရွင္ေတြ အားလုံး သခၤန္းစာယူရမယ့္ နမူႀကီးတခုျဖစ္ပါတယ္။ 

ဖိုးသုည
2/7/19

တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)

မီးရထားတစင်းဆိုက်လာတယ်၊ တံခါးတွေပွင့်လာတော့ လူတယောက်မှ မပါ။ 
လေဆိပ်ခန်းမထဲရောက်တော့ လေယာဉ် အတက်အဆင်းခရီးစဉ်ပြ မှန်သားပြင်တွေမှာ လေယာဉ်ခရီးစဉ် အမှတ်တွေနဲ့ အချိန်တွေက လှုပ်ရှားနေပေမယ့် ခရီးသည်နဲ့ လေကြောင်းလိုင်း ဝန်ထမ်းတွေ တယောက်မှမရှိ။ 
ပစ္စည်းရွေးဖို့ ခါးပတ် ( baggage reclaim conveyer belt) ကြီးလှုပ်ရှားလာတယ်။ အိတ်တလုံးမှမပါ။ 
ဒါတွေကနေ့စဉ် တကယ်ဖြစ်နေတာပါ။ 
ဆောက်ထား တပ်ထားပြီးသားစက်တွေ မသုံးဖြစ်လို့ ဂျမ်းဖြစ်ပြီး ရပ်မသွားအောင် နေစဉ် သုံးစွဲသူမရှိဘဲ လည်ပတ် အလုပ်လုပ်ခိုင်းထားရတာပါ။ ဘုတ်တွေမှာ ပြနေတဲ့ လေယာဉ်ခရီးစဉ်တွေကတော့ အနားက Berlin Schönefeld Airport လေဆိပ်ကခရီးစဉ်တွေပါ။ 
ဥရောပရဲ့ စီးပွားရေး အတောင့်ဆုံး၊ နည်းပညာ အတိုးတက်ဆုံး ဂျာမဏီနိုင်ငံရဲ့ Berlin Brandenburg Airport (BER) လေဆိပ်ကြီးမှာပါ။

သမိုင်းကြောင်း

၁၉၈၉ ခု မှာ ဘာလင်တံတိုင်းကိုဖြိုချပြီး အရှေ့နဲ့ အနောက်ဘာလင် နှစ်ခြမ်းပြန်လည်ပေါင်းစည်းခဲ့ပါတယ်.။
၁၉၉၀ မှာ ဂျာမဏီ၂ နိုင်ငံပြန်လည်ပေါင်းစည်းပြီး Federal Republic of Germany လို့ဖွဲစည်းလိုက်တဲ့အခါ ဘာလင်ဟာ ဂျာမဏီရဲ့မြို့တော်ပြန်ဖြစ်လာပါတယ်။ 
မြို့တော်ပြန်ဖြစ်လာတဲ့  ဘာလင်မှာ တိုးတက်လာတဲ့ လေကြောင်းပို့ဆောင်ရေး အတွက် ရှိပြီးသားလေဆိပ်တွေနဲ့ မလုံလောက်တော့ ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေက ဘာလင် အတွက် ခေတ်မှီလေဆိပ်သစ်ကြီးတခုကို တည်ဆောက်ဆို့လိုတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။
ဒီလိုနဲ့ လေဆိပ်သစ်ကြီးကိုစီမံခန့်ခွဲဖို့အတွက် ၁၉၉၁ ခုနှစ် မေလမှာ  Berlin Brandenburg Airport holding company ကြီး ကို တည်ထောင် ခဲ့ပါတယ်။ 
၁၉၉၆ ခုဇွန်လရောက်မှ လက်ရှိ အသုံးပြုနေတဲ့ Berlin Schönefeld Airport (SXF) အနားက မြေနေရာကို အတည်ပြုပါတယ်။  
MAP
တခါ ဘယ်ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့တွေကို ဆောက်ဖို့  ခေါ်ယူမယ်ဆိုတာနဲ့ ပတ်သက်ပြီးဖြစ်တဲ့ ပြသနာတွေကြောင့် ၂၀၀၀ ခုနှစ် နိုဝင်ဘာလရောက်မှ ယာယီ စီမံကိန်း အတည်ဖြစ်ပါတယ်။ လေဆိပ်ကို  ၂၀၀၇ ခုနှစ်မှာဖွင့်လှစ်ဖို့စီစဉ်ခဲ့ကြပါတယ်။ 
လက်တွေ့မှာတော့ လေဆိပ်ဆောက်မယ့်နေရာမှာတွေ့တဲ့ ရှေးဟောင်း သင်္ချိုင်းကို ရှေးဟောင်း သုတေသီတွေက ထူးဖေါ်တာကို စောင့်ရ၊ နယ်မြေခံပြည်သူတွေနဲ့ပြသနာ ၊  ကုန်ကျစရိတ်တွက်ချက်ရာမှာ မှားယွင်းမှု စတဲ့ပြသနာတွေကိုဖြေရှင်းနေရလို့ ၂၀၀၆ ခု စက်တင်ဘာလရောက်မှ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတကယ်စတင်နိုင်ခဲ့ပါတယ်။ 
ဒီလိုနဲ့ လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ လို့ ပြင်ဆင်သတ်မှတ်ထားခဲ့ပါတယ်. 
ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပြသနာတွေများလို့ နှောင့်နှေးနေပြီး လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၂ ခု ဇန္နဝါရီလု ၃ ရက်၊ နောက်တော့ ၂၀၁၂ ဇွန်လလို့ ထပ်ပြောင်းပါတယ်။ 
ဝန်ကြီးချုပ် Angela Merkel ကို ဖိတ်ပြီး လေဆိပ်ကြီးကို ဖွင့်ဖို့ ပြင်ဆင်ထားရာ ဖွင့်ပွဲမတိုင်မီ တလအလို ၂၀၁၂ မေလ မှာ မီးဘေးကာကွယ်ရေး စနစ်လက်မှတ်ရဖို့ စစ်ဆေးတော့မှ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အတော်ဆိုးရွားတဲ့ ပြသနာတွေကိုတွေ့ရလို့ ဖွင့်ပွဲကို ၂၀၁၃ မတ်လ ၁၇ လို့ ပြောင်းရပါတယ်၊ နောက်တော့ ၂၀၁၃ အောက်တိုဘာ ၂၇ ကို ရွှေ့ပြန်ပါတယ်။ 
၂၀၁၃ ဇန္နဝါရီလအရောက်မှာတော့ လေဆိပ်တကယ်ဖွင့်မယ့်ရက်ကို မကြေငြာနိုင်တောဘဲ  ၂၀၁၄ အထိ ဖွင့်နိုင်မှာ မဟုတ်ဘူးလို့သာကြေငြာနိုင်ပါတော့တယ်၊ ဘာလင်မြို့တော်ဝန်လည်း ကြီးကြပ်ရေး ဘုတ်အဖွဲ့က နှုတ်ထွက်ပြီး Berlin Brandenburg Airportရဲ့ စီအီးအိုကိုလဲ ရာထုးက ဖြုတ်လိုက်ပါတယ်။ 
၂၀၁၄ မှာ စီအီးအို အသစ် Hartmut Mehdorn က လေဆိပ်ကို ၂၀၁၆ အထိ ဖွင့်လှစ်နိုင်ဖွယ် မရှိလို့ ကြေငြာပါတယ်။ တပူပေါ် နှစ်ပူဆင့်တက်တက်လာတဲ့ ပြသနာတွေနဲ့ မရေရာမှုတွေကြောင့် Mehdorn လည်း ၂၀၁၄ ဒီဇင်ဘာလမှာ စီအီးအိုအဖြ့စ်မှ နှုတ်ထွက်ခဲ့ပါတယ်။ 
၂၀၁၅ ဇူလိုင်၊ ဘာလင်မြို့တော်ဝန်သစ် Michael Müller က ကြီးကြပ်ရေး ဘုတ်အဖွဲ့ဥက္ကဌ နေရာကို ရယူပြီး လေဆိပ်ကို  ၂၀၁၇ မှာ ဖွင့်လှစ်နိုင်အောင် ဦးဆောင်ပြန်ပါတယ်။ 
၂၀၁၅ ဩဂုတ်လမှာတော့ လေဆိပ်စီမံကိမ်း အတွင်းက ချစားမှု လာယ်စားမှုတွေ တစပြီးတစ ထွက်လာပါတယ်။ လေဆိပ်နည်းပညာဆိုင်ရာ ဒါရိုက်တာ Jochen Grossmann ဟာ ယူရို သန်းတဝက် လာယ်စားမယ်ဆိုတဲ့ စွဲချက်နဲ့ တရားတဘောင်ရင်ဆိုင်နေရပါတယ်။

၂၀၁၆ ဒီဇင်ဘာလမှာတော့ နောက်ဆုံးရည်မှန်းထားတဲ့ ၂၀၁၇ မှာလေဆိပ်ဖွင့်လှစ်နိုင်ဖို့ မဖြစ်နိုင်ပါဘူးဆိုပြန်ပါတယ်။ 
မီးလုံးတွေမှားတပ်တာ၊ တံခါးတွေကို နံပတ်တပ်မှားနေတာ (၄၀၀၀)၊ မီးခလုပ်တွေ မရှိတာ၊ မှားယွင်းတဲ့ မီးကြိုးသွယ်တန်းမှု၊ မီးဘေးအချက်ပေး စနစ် မှားယွင်းမှု စတာတွေကနေ အဆောက်အဦအမိုးက သတ်မှတ်ထားတာထက် ၂ဆကျော်ပိုလေးနေတယ်ဆိုတဲ့ ပြသနာ အကြီးကြီးအထိ၊ ပြသနာပေါင်း (၅၅၀၀၀၀) သန်းတဝက်ကျော်လောက်ကိုပြင်ဆင်ရမယ်ဆိုတာ တွေ့ရှိလာရလို့ပါ။ 

ဘာတွေမှားခဲ့တာလဲ 

ပညာရှင်နဲ့ နိုင်ငံရေးသမား နေရာမှား

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရတဲ့ လေဆိပ်ဆောက်လုပ်ရေး ကြီးကြပ်မှု ဘုတ်အဖွဲ့ဝင်တွေဟာ လုပ်ငန်းကျွမ်းကျင်သူ စပယ်ရှယ်လစ်တွေ ဖြစ်ရမယ့်အစား ဒီလုပ်ငန်းတွေနဲ့ နီးစပ်မှု မရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဘာလင်မြို့တော်ဝန် နဲ့  Brandenburg ပြည်နယ်ဝန်ကြီးချုပ် တို့ ဖြစ်နေပါတယ်။  စီမံကိန်းအကြီးကဲ၊ နည်းပညာအကြီးအကဲတွေကလည်း ဆိုင်ရာနယ်ပယ်မှာ မကျွမ်းကျင်ကြလို့ လူတွေတယောက်ပြီး တယောက်ပြောင်းရပါတယ်။ 
သူတို့က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အတွေ့အကြုံရင့် ကုမ္ပဏီကြီးတခုကို အပ်ပြီး စီမံခန့်ခွဲစေတာမျိုးမဟုတ်ဘဲ လုပ်ငန်း ကန်ထရိုက်  ၃၀ -၄၀ လောက်ကို ဈေးသက်သက်သာသာနဲ့ ခိုင်းလို့ရတဲ့ ကုမ္ပဏီ အငယ်ကလေးတွေကို တိုက်ရိုက်ခွဲပေးခဲ့ပါတယ်။ အဲဒီမှာလုပ်ငန်းတွေအကြားညှိနှိုင်းထိန်းချုပ်ရတာတွေက ရှုပ်ထွေးကုန်ပါတယ်။ 

ဗိသုကာဆိုင်ရာပြသနာများ

ဗိသုကာဆိုင်ရာ မှားယွင်းတဲ့ထဲမှာ ပြသနာ်ကြီးတခုကတော့ပါ။ ဒီဇိုင်းဆွဲတဲ့ ဗိသုကာက ပူပြီး အထက်ကိုဆန်တက်တတ်တဲ့ မီးခိုးတွေကို လေဆိပ်ခန်းမအောက်ခြေကနေစုပ်ထုတ်ဖို့ လုပ်ထားပါတယ်၊  အစအဆုံးပြန်ပြင်ရပါတယ်။ 
ချက်အင်လုပ်ဖို့ကောင်တာတွေက သိပ်နည်းနေပြီး ခရီးသည်တွေအိတ်တွေကို ပြန်ရွေးဖို့ စနစ်ကနည်းလုံလောက်မှုမရှိပါ။ 
အအေးပေးစနစ်က အလွန်အားနည်းလို့ အပူလွန်ပြီး ကွန်ပြူတာစနစ်တွေကို အလိုလျှောက်ဖြတ်တောက် လိုက်ရင် လေဆိပ်တခုလုံး ကကွန်ပြုူတာတွေရပ်သွားနိုင်ပါတယ်။  
မီးအရေးပေါ်လျင် အလိုလျှောက်ပိတ်ရမယ့်တံခါးတွေ မပိတ်လို့ ပြန်ပြင်ရမှာ တံခါး တထောင်လောက်ရှိပါသတဲ့ ၊ ပြန်လုပ်ရမယ့် လျှပ်စစ်ကြိုးတွေက ကီလိုမီတာပေါင်များစွာ။
လေယာဉ်တွေပျံသန်းတဲ့ လမ်းကြောင်းနဲ့ ဆူညံသံကာကွယ်ပေးဖို့ လိုအပ်တဲ့ နေရာတွေကို တွက်ချက်တာကလဲ လွဲနေပါတယ်။ 
လေဆိပ်ဗိသုကာ Meinhard von Gerkan's က လေဆိပ်မှာ ဈေးဝယ်တာကို မကြိုက်သူဖြစ်လို့ လေဆိပ်ဒီဇိုင်းမှာ ဆိုင်တွေ နည်းနိုင်သမျှနည်းအောင် လျှော့ထားခဲ့ ပါတယ်။ ဒီအကြောင်းကို လေဆိပ်ကုမ္ပဏီက သိတာနောက်ကျလို့ ဆိုင်ခန်းတွေအတွက် အထပ်တခု ထပ်တိုးဖို့ တောင်းဆိုခဲ့ပါတယ်။ လေဆိပ်တွေက အဲဒီလိုဆိုင်ခန်းငှားခတွေကနေ ဝင်ငွေ အများအပြားရနေကြတာပါ။ 
ပြသနာက အဲလိုထပ်တိုးတဲ့ အထပ်အတွက် လိုအပ်လာတဲ့ မီးသတ်စနစ်လို မီးခိုးစုပ်ထုတ်စနစ်လို စနစ်တွေကို ထပ်ဖြည့်ရမှာဖြစ်ပြီး ဘယ်လို ထပ်ဖြည့်ထားတယ်ဆိုတာ ဘယ်သူမှ သေချာမသိဘူးဆိုပါတယ်။ 
လေဆိပ်ကြီးရဲ့ မီးဘေးကာကွယ်ရေးစနစ် စီမံကိန်းကိုရေးဆွဲသူ Alfredo di Mauro ဟာ လက်မှတ်ရအင်ဂျင်နီယာတယောက်မဟုတ်ဘဲ technical draftsman တယောက်သာဖြစ်ပါသတဲ့ ။ 

အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များ

လေဆိပ်စီမံကိန်းကို စတင်စဉ်က တနှစ်ကို ခရီးသည် ၂၇ သန်း အတွက်ရည်ရွယ်ခဲ့ပေမယ့် လေဆိပ်ဖွင့်လှစ်ဖို့ နှောင်နှေးတာနဲ့အမျှ အကယ်ဖွင့်လှစ်မယ့်အချိန်မှာ လေဆိပ်ကြီး အနေနဲ့ လက်ခံရမယ့် ခရီးစဉ်နဲ့ခရီးသည်အရေအတွက်က  အများကြီးပိုလာမှာဖြစ်ပါတယ်။  ဒါကြောင့် ဖွင့်လှစ်ပြီးတာနဲ့ တိုးချဲ့တဲ့လုပ်ငန်းကို  စတင်ရမယ့် အနေအထားမှာရှိနေပါတယ်. 
ဆောက်လုပ်တာ အချိန်ကြာတာနဲ့ အမျှ လေကြောင်းလုပ်ငန်းတွေက ပြောင်းလဲလာတော့ လိုအပ်ချက် အသစ်တွေ တိုးတိုးလာပါတယ်။ အခုနောက်ပိုင်း ဈေးသက်သာတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းတွေ အလျင်အမြန်တိုးချဲ့တွင်ကျယ်လာတဲ့အခါ လေဆိပ်တွေမှာ သူတို့ဖို့ ဈေးပေါပေါနဲ့ အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေလိုလာပါတယ်။ မူလဒီဇိုင်းမှာ အဲလို ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေမပါဘဲ  လုပ်ငန်းစရိတ်ကြီးတဲ့ "jet bridges" တွေပဲပါပါတယ်၊။ ဒါပမယ့် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် နိုင်ငံရေးသမားတွေကို လိုအပ်တဲ့ ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေ ထည့်ပေးဖို့ထက် Airbus A380 လေယာဉ်ကြီးတွေတွက် ဂိတ်တွေထည့်ဖို့ကိုတွန်းအားပေးပါတယ်။ 
တဖက်ကလည်း အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေ မဖြစ်မနေလိုအပ်လာတော့ သူတို့အတွက် နောက်ထပ် နေရာအသစ်တိုးချဲ့ရပြန်ပါတယ်၊ ဒီလို့ အသစ်ဖြည့်စွက်ရတာတွေများလာတော့ လေဆိပ်ဆောက်လုပ်သူတွေမှာလည်း ဘယ်ကဘယ်လိုဆက်လုပ်ရမယ်ဆိုတာမသိအောင် ရှုပ်ထွေးကုန်ပါတယ်။  

စရိတ် စရိတ် စရိတ်

၂၀၀၆ မှာ စတင်စဉ်က ယူရို ၂.၅ဘီလီယံနဲ့ ရေးဆွဲခဲ့တဲ့ စီမံကိန်းကြီးဟာ ၂၀၁၇ မှာ ယူရို ၆.၅ ဘီလီယံအထိကုန်ကျပြီးဖြစ်ပါတယ်။  လေဆိပ်ကိုမဖွင့်ရသေးလို့ ဝင်ငွေမဝင်ပေမယ့်  ၇ နှစ်ကျော် နှောင့်နှေးနေတဲ့ လေဆိပ်မှာ နေ့စဉ်နဲ့အမျှ ထိမ်းသိမ်းရတဲ့စရိတ်တွေတက်နေသလို LCD display လို တချို့ပစ္စည်းတွေဆို မသုံးရသေးခင် အသစ်နဲ့ အစားထိုးရတဲ့ အနေအထားရောက်နေပါတယ်။ စက်ပစ္စည်းတွေကိုလည်း မသုံးတာကြာပြီးဂျမ်းမဖြစ်အောင် နေ့စဉ်မောင်းပေးနေရပါတယ်။ အစိုးရပိုင် လေဆိပ်ကုမ္ပဏီကြီးက လေဆိပ်ကို ထိန်းသိမ်းရတဲ့ စရိတ်ဟာ တလကို ယူရို ၁၇ သန်းရှိပါတယ်။ 
အခုထိပြင်ရတာတွေကလည်း ပြင်မဆုံးဖြစ်နေလို့ဒီလေဆိပ်ကို ဆက်မပြင်တော့ဘဲ ဖျက်ပစ်ပြီး အသစ်တခုကို အစကပြန်စတာ အကုန်အကျ ပိုသက်သာမယ်လို့ အကြံပေးတာတွေလည်းရှိပါတယ်။ 
ပြည်သူတွေပေးထားတဲ့ အခွန်တွေကို ဒီလောက်များများသုံးထားပြီးမှ ပြန်ဖျက်ဖို့ မဖြစ်တော့ဘူး တခုခုအကောင်အထည် ပြနိုင်အောင်လုပ်ရတော့မယ် point of no reture ကိုရောက်နေပြီလို့ ဆိုပြီး ဆက်လုပ်နေကြတာပါ။
အခု နောက်ဆုံး သတ်မှတ်ထားတဲ့ လေဆိပ်ဖွင့်ရက်ကတော့ ၂၀၂၀ အောက်တိုဘာလထဲမှာ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဒီသတ်မှတ်ထားတဲ့ ရက်ကိုလည်း စိတ်ဝင်စားသူမရှိသလောက်ဖြစ်နေပါပြီ။ 
တချိန်က ကမ္ဘာကြီးကိုခြိမ်းခြောက်ခဲ့တဲ့ နာဇီ ဂျာမဏီရဲ့ မြို့တော်၊ အခုလည်းဥရောပမှာ စီးပွားရေးနဲ့နည်းပညာမှာ ရှေ့ကဦးဆောင်နေတဲ့ ခေတ်သစ်ဂျာမဏီရဲ့မြို့တော် ဘာလင်ဟာ လောလောဆယ်မှာတော့ ၁၉၃၄ ခုနှစ်ကတည်းကဆောက်ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ့ ၁၉၄၈ မှာ ရက် ၉၀ နဲ့ တည်ဆောက်ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို့ကိုပဲဆက်လက် အားထားနေရပါတယ်။ 
ဒီ Berlin Brandenburg Airport (BER) လေဆိပ်ကြီးရဲ့ပြသနာကတော့ နိုင်ငံတကာ မှာလည်း ဖြစ်တတ်တာကြောင့် တိုင်ပြည်အုပ်ချုပ်သူတွေနဲ့ ပညာရှင်တွေ အားလုံး သင်္ခန်းစာယူရမယ့် နမူကြီးတခုဖြစ်ပါတယ်။ 

ဖိုးသုည
2/7/19

Wednesday, June 19, 2019

Boeing 737 Max ဆုံးရႈံးသြားတဲ့ ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား (Boeing 737 Max ဆုံးရှုံးသွားတဲ့ ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား)

Boeing 737 Max ဆုံးရႈံးသြားတဲ့  ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား






ပဲရစ္ ေလေၾကာင္းပြဲ ဒုတိယေန႔မွာေတာ့ ရင္တမမျဖစ္ေနတဲ့ ဘိုးအင္း အသက္ရွဴေခ်ာင္သြားပါၿပီ။
International Airlines Group IAG  ဆိုတဲ့ ဥေရာပ ကုမၠဏီႀကီးက MCAS  ျပသနာေၾကာင့္ ေလာေလာဆယ္ ေျမနားထားရတဲ့  Boeing 737 Max ေလယာဥ္ အမ်ိဴးစား ၂၀၀ ကိုဝယ္ဖို႔ ရွိတယ္လို႔ ေၾကျငာလိုက္ပါတယ္။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ႔ တျခားဥေရာပ ေလေၾကာင္းတခ်ိဳ႕ကိုပိုင္တဲ့ စီးပြားေရးအုပ္စုႀကီးပါ။ လက္ရွိ IAGရဲ႕  narrow Body ေလယာဥ္ေတြက  Airbus A320 ပဲျဖစ္ၿပီး ဘိုးအင္းေလယာဥ္ေတြကိုေတာ့ wide body ေလယာဥ္ႀကီးေတြပဲသုံးေနတာပါ။ IAG CEO က သူတို႔ရဲ႕ ႀကီးမားတဲ့ လုပ္ငန္းပမာဏအရ A320 တခုတည္းေပၚမွာ တြယ္မေနသင့္ဘူးလို႔ဆိုပါတယ္။ ဒီလို အၿပိင္အဆိုင္ျဖစ္ေအာင္ေ႐ြးလိုက္ေတာ့ Airbus ကလည္း သူတိုကို ေဈးေလွ်ာ့ၿပီး ေအာ္ဖါလုပ္ဦးမွာပါ။
ဘိုအင္းအတြက္ အလြန္ အဖိုးတန္တဲ့ ေအာ္ဒါပါ။ ေဒၚလာ ၂၄ ဘီလီယံ တန္ဖိုးရွိတဲ့ ေအာ္ဒါကို ေဈး အမ်ားႀကီးေလွ်ာ့ေပးမွာကေတာ့ ေသခ်ာပါတယ္။ ေလယာဥ္ထုတ္လုပ္သူေတြဟာ တျခား ကုန္ထုတ္လုပ္သူေတြလိုပဲ သူတို႔ပစၥည္းကို ျပပြဲမွာ ဝယ္လ်င္ ေဈးေလွ်ာေပးပါတယ္။
ဒါေပမယ့္ ဒီေအာ္ဒါက တျခားေအာ္ဒါေတြထက္ထူးျခားပါတယ္။ နာမယ္ပ်က္ကို ျပန္ အဖတ္ဆယ္ရမယ့္ Boeing 737 Max ေမာ္ဒယ္ကို အမ်ားႀကီး ဝယ္လိုက္တာဟာ အဲဒီေလယာဥ္အေပၚ ယုံၾကည္မႈရွိတာကို ျပရာေရာက္တဲ့ အတြက္ အရင္ကအရိပ္မည္းႀကီးကို  တစိပ္တေဒသ ဖယ္ေပးလိုက္ရာေရာက္ပါတယ္။
Airbus အတြက္လည္း အထိနာတယ္လို႔ဆိုရမွာပါ။ သူ႔ A320 Neo, A321 Neo , A321 XLR ေတြကိုပြဲထုတ္ ေနခ်ိန္မွာ သူတို႔ ေဖါက္သည္ေဟာင္းက သူတို႔ရဲ႕ၿပိဳင္ဖက္ကို ပါလက္တြဲလိုက္လို႔ပါ။ Airbus CEO ကေတာ့ ဒီလိုလုပ္တာ သူတို႔ကုမၸဏီကို မထိခိုက္ပါဘူးလို႔ဆိုပါတယ္။
ေလာေလာဆယ္မွာေတာ့ ပ်ံသန္းခြင့္ပိတ္ခံထားရတဲ့ Boeing 737 Max ေတြကို ဒီႏွစ္ ကုန္အထိ ေကာင္းကင္မွာျမင္ႏိုင္ဖို႔ မျမင္ေသးပါဘူး။




 မတ္လလယ္ကစလို႔  ထုတ္ၿပီးသား Boeing 737 Max ေတြကိုလည္း ဝယ္သူေတြလက္ကို မအပ္ရဘဲ ဘိုးအင္းက ေနရာရွာၿပီး ထိန္းသိမ္းထားရပါတယ္။ လက္ထဲမွာရွိထားၿပီးနားထားရတဲ့ေလေၾကာင္းလိုင္းေတြကလည္း အဲဒီေလယာဥ္ေတြ မပ်ံရမခ်င္း ေန႔စဥ္နဲ႔ အမွ်ဆုံးရွိမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ တခ်ိဳ႕လိုင္းေတြကလည္းအဲဒီဆုံးရႈံးမႈေတြအတြက္ ဘိုးအင္းကေန ေလွ်ာ္ေၾကးေတာင္းဖို႔လုပ္ေနၾကပါတယ္။

Add caption

ေလေၾကာင္းလိုင္းေတြဟာ လုပ္ငန္ေတြခ်ဲ႕ ေနၾကေပမယ့္ အနာဂတ္မွာ သူတို႔လိုအပ္မယ့္ ေလယာဥ္အေတာ္မ်ားမ်ားကို ေအာ္ဒါလုပ္ထားၿပီးလို႔ ေစာင့္ေနၾကၿပီျဖစ္တာေၾကာင့္ ဒီႏွစ္ ပဲရစ္ျပပြဲမွာ ခရီးသည္တင္ေလယာဥ္ေဈးကြက္က အရင္ႏွစ္ေတြကေလာက္ေတာ့ သြက္မွာ ဟုတ္ဘူးလို႔ သုံးသပ္ၾကပါတယ္။
ဖိုးသုည
19-6-19


Boeing 737 Max ဆုံးရှုံးသွားတဲ့  ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား  (ယူနီကုဒ်) 

ပဲရစ် လေကြောင်းပွဲ ဒုတိယနေ့မှာတော့ ရင်တမမဖြစ်နေတဲ့ ဘိုးအင်း အသက်ရှူချောင်သွားပါပြီ။
International Airlines Group IAG  ဆိုတဲ့ ဥရောပ ကုမ္ကဏီကြီးက MCAS  ပြသနာကြောင့် လောလောဆယ် မြေနားထားရတဲ့  Boeing 737 Max လေယာဉ် အမျိူးစား ၂၀၀ ကိုဝယ်ဖို့ ရှိတယ်လို့ ကြေငြာလိုက်ပါတယ်။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ့ တခြားဥရောပ လေကြောင်းတချို့ကိုပိုင်တဲ့ စီးပွားရေးအုပ်စုကြီးပါ။ လက်ရှိ IAGရဲ့  narrow Body လေယာဉ်တွေက  Airbus A320 ပဲဖြစ်ပြီး ဘိုးအင်းလေယာဉ်တွေကိုတော့ wide body လေယာဉ်ကြီးတွေပဲသုံးနေတာပါ။ IAG CEO က သူတို့ရဲ့ ကြီးမားတဲ့ လုပ်ငန်းပမာဏအရ A320 တခုတည်းပေါ်မှာ တွယ်မနေသင့်ဘူးလို့ဆိုပါတယ်။ ဒီလို အပြိင်အဆိုင်ဖြစ်အောင်ရွေးလိုက်တော့ Airbus ကလည်း သူတိုကို ဈေးလျှော့ပြီး အော်ဖါလုပ်ဦးမှာပါ။
ဘိုအင်းအတွက် အလွန် အဖိုးတန်တဲ့ အော်ဒါပါ။ ဒေါ်လာ ၂၄ ဘီလီယံ တန်ဖိုးရှိတဲ့ အော်ဒါကို ဈေး အများကြီးလျှော့ပေးမှာကတော့ သေချာပါတယ်။ လေယာဉ်ထုတ်လုပ်သူတွေဟာ တခြား ကုန်ထုတ်လုပ်သူတွေလိုပဲ သူတို့ပစ္စည်းကို ပြပွဲမှာ ဝယ်လျင် ဈေးလျှောပေးပါတယ်။
ဒါပေမယ့် ဒီအော်ဒါက တခြားအော်ဒါတွေထက်ထူးခြားပါတယ်။ နာမယ်ပျက်ကို ပြန် အဖတ်ဆယ်ရမယ့် Boeing 737 Max မော်ဒယ်ကို အများကြီး ဝယ်လိုက်တာဟာ အဲဒီလေယာဉ်အပေါ် ယုံကြည်မှုရှိတာကို ပြရာရောက်တဲ့ အတွက် အရင်ကအရိပ်မည်းကြီးကို  တစိပ်တဒေသ ဖယ်ပေးလိုက်ရာရောက်ပါတယ်။
Airbus အတွက်လည်း အထိနာတယ်လို့ဆိုရမှာပါ။ သူ့ A320 Neo, A321 Neo , A321 XLR တွေကိုပွဲထုတ် နေချိန်မှာ သူတို့ ဖေါက်သည်ဟောင်းက သူတို့ရဲ့ပြိုင်ဖက်ကို ပါလက်တွဲလိုက်လို့ပါ။ Airbus CEO ကတော့ ဒီလိုလုပ်တာ သူတို့ကုမ္ပဏီကို မထိခိုက်ပါဘူးလို့ဆိုပါတယ်။
လောလောဆယ်မှာတော့ ပျံသန်းခွင့်ပိတ်ခံထားရတဲ့ Boeing 737 Max တွေကို ဒီနှစ် ကုန်အထိ ကောင်းကင်မှာမြင်နိုင်ဖို့ မမြင်သေးပါဘူး၊ မတ်လလယ်ကစလို့  ထုတ်ပြီးသား Boeing 737 Max တွေကိုလည်း ဝယ်သူတွေလက်ကို မအပ်ရဘဲ ဘိုးအင်းက နေရာရှာပြီး ထိန်းသိမ်းထားရပါတယ်။ လက်ထဲမှာရှိထားပြီးနားထားရတဲ့လေကြောင်းလိုင်းတွေကလည်း အဲဒီလေယာဉ်တွေ မပျံရမချင်း နေ့စဉ်နဲ့ အမျှဆုံးရှိမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့လိုင်းတွေကလည်းအဲဒီဆုံးရှုံးမှုတွေအတွက် ဘိုးအင်းကနေ လျှော်ကြေးတောင်းဖို့လုပ်နေကြပါတယ်။
လေကြောင်းလိုင်းတွေဟာ လုပ်ငန်တွေချဲ့ နေကြပေမယ့် အနာဂတ်မှာ သူတို့လိုအပ်မယ့် လေယာဉ်အတော်များများကို အော်ဒါလုပ်ထားပြီးလို့ စောင့်နေကြပြီဖြစ်တာကြောင့် ဒီနှစ် ပဲရစ်ပြပွဲမှာ ခရီးသည်တင်လေယာဉ်ဈေးကွက်က အရင်နှစ်တွေကလောက်တော့ သွက်မှာ ဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
ဖိုးသုည
19-6-19

Tuesday, June 18, 2019

အမေရိကန် သမတ၏ မိုးပျံး ရုံးခန်း ၊ Air Force One. ( ယူနီကုဒ်)

အမေရိကန် သမတ၏ မိုးပျံ ရုံးခန်း ၊   Air Force One.

Standby….Liberty 2–4 is changing call signs, Liberty 2–4 is now Air Force One”
၁၉၉၇ က မင်းသားကြီး ဟယ်ရီစင်ဖို့ဒ် သရုပ်ဆောင်တဲ့ Air Force One ရုပ်ရှင်ထဲက ဇာတ်ဝင် စကားတခုပါ။
လစ်ဘာတီ ၂၄ ဆိုတဲ့ ဆီဖြည့် လေယာဉ်ကြီးက သမတကြီးကို ကယ်တင်ပြီးနောက် သူ့လေယာဉ်ကြီးက သမတစီးတဲ့ လေယာဉ်ဖြစ်သွားလို့ ဆက်သွယ်ရေး သင်္ကေတ ကို  Liberty 2–4  ကနေ Air Force One” လို့ပြောင်းလိုက်တာပါ


air force one လေထဲတွင်ဆီဖြည့်နေစဉ်

Air Force One ဆိုတာဘာလဲ

လက်ရှိ အမေရိကန်သမတ ရှိနေတဲ့ လေယာဉ်ကို  Air Force One, ရဟတ်ယာဉ်ကို Marine One
လို့ခေါ်တာကိုတော့ အများသိကြပါတယ်။
 Air Force One ရုပ်ရှင်ကလည်းနာမည်ကြီးခဲ့တာကိုး။
လက်ရှိ Air Force One (လေတပ်အခေါ် VC-25A) အနေနဲ့ အသုံးတော်ခံရတဲ့ လေယာဉ်ကြီးက၊ ချွတ်စွတ်တူတဲ့ အမွှာ ဘိုးအင်း 747-200B လေယာဉ်ကြီး ၂စီး၊ မှတ်ပုံတင် အမှတ် SAM 28000 နဲ့ SAM 29000 အထဲက သမတစီးတဲ့ တစီးစီးကိုခေါ်တာပါ။
လေယာဉ်ကို သမတမစီးသေးသရွေ့ Air Force One မဖြစ်ပါဘူး။
အခုနောက်ပိုင်း အမေရိကန်လေတပ်က အမေရိကန်နိုင်ငံရဲ့ စစ်ဦးစီးချုပ် Commander-in-Chief ( သမတ) စီးတဲ့ အထူး လေယာဉ် (မိုးပျံ အမိန့်ပေးစခန်း) ကို Air Force One လို့ ခေါ်တယ်ဆိုပါတယ်။

မိုးပျံအမိန့်ပေးစခန်း (mobile command center)


2001 ခု စက်တင်ဘာ ၁၁ ရက်နေ့ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦနဲ့ပင်တာဂွန် စစ်ဌာနချုပ်တို့ကို အပိုင်စီးထားတဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်ခံရချိန်မှာ အကြမ်းဖက်သမားတွေက ဝါရှင်တန်ရှိ သမတအိမ်ဖြူကိုလည်း အဲလို တိုက်ခိုက်ဖို့ ယူနိုက်တက် ဖလိုက် ၉၃ လေယာဉ်ကို အပိုင်စီးပြီးသွားခဲ့တာပါ။ လေယာဉ်ပေါ်ပါခရီးသည်တွေနဲ့ ဝန်ထမ်းတွေက အခြားအပိုင်စီးခံလေယာဉ်တွေကိုသုံပြီး အကြမ်းဖက်တိုက်ခိုက်တဲ့သတင်းကို ဖုန်းအဆက်အသွယ်တွေကနေသိသွားကြလို့ အပိုင်စီးသူတွေကို ပြန်ခုခံတိုက်ခိုက်ကြတဲ့ အတွက် လေယာဉ်လည်းလိုရာမရောက်ဘဲ ပျက်ကျခဲ့ပါတယ်။  အဲဒီတုန်းက သမတ ဘုရှ်ကိုသူ့ရဲ့ လုံခြုံရေးတွေက  Air Force One ကြီးပေါ်တင်ပြီး ဘာဖြစ်တယ်ဆိုတာ သေချာသိပြီး အခြေအနေတွေ ရှင်းလင်းတဲ့အထိ လေထဲမှာ ၈ နနာရီကြာအောင် ပျံဝဲနေခဲ့ပါတယ်။ သမတလည်း လေထဲကနေ ဖုန်းနဲ့ စီမံခန့်ခွဲမှုတွေကို လုပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအချိန်မှာအမေရိကန်တနိုင်ငံလုံးရဲ့လေပိုင်နက်ကိုတော့ ပိတ်ထားပြီး တခြားဘာလေယာဉ်မှ ပျံသန်းခွင့်မပြုပါ။ အဲ ဒီတကြိမ်ကလွဲရင် Air Force One က သမတရဲ့ ခရီးသွား စီးတော်ယာဉ်အဖြစ်ပဲအသုံးတော်ခံရတာပါ။

သမိုင်းကြောင်း

Guess Where II 1943

အမေရိကန်သမတအတွက် သီးသန့်လေယာဉ်တွေရဲ့အစဟာ C-87A (Liberator Express) ဆိုတဲ့ အင်ဂျင်လေးလုံးတပ် လေယာဉ်ကြီးလို့ ဆိုရမှာပါ။ Consolidated Aircraft ကုမ္ပဏီကထုတ်တဲ့ serial 41-24159 နဲ့ C-87A လေယာဉ်တစီးကို ၁၉၄၃ ခုမှာ အဲဒီအချိန်က သမတ ဖရင်ကလင် ရုစဗဲရဲ့နိုင်ငံတကာခရီးစဉ်တွေမှာ သုံးဖို့ အထူးပြင်ဆင်မှုတွေလုပ်ပြီး Guess Where II လို့ အမည်ပေးခဲ့ပါတယ်။ ဒါပေမယ့် သမတရဲ့ အထူးလုံခြုံရေးတပ်က C-87A တွေရဲ့ ဘေးကင်းမှုမှတ်တမ်းတွေကို စိတ်မချလို့  ငြင်းပယ်ခဲ့ပါတယ်။



Sacred Cow 1942-45

ဒီလိုနဲ့ C-87A အစား ဒေါက် ဂလပ်စ် ကုမ္ပဏီကထုတ်တဲ့ C-54 Skymaster (VC-54C) လေယာဉ်ကို ရေဒီယိုတယ်လီဖုန်း၊ အိပ်ဖို့နေရာနဲ့ သမတရုစဗဲရဲ့ ဘီးတပ်ခုံတက်ဖို့ ဓါတ်လှေကားတွေပါတပ်ပြီး တကယ်သုံးဖြစ်တဲ့ ပထမဆုံး အမေရိကန်သမတစီး သီးသန့်လေယာဉ်ရယ်လို့ ဖြစ်လာပါတယ်။ Sacred Cow လို့နာမည်ပြောင်ပေးထားတဲ့ အဲဒီလေယာဉ်ကို အမေရိကန်လေတပ်ပြတိုက် National Museum of the United States Air Force. မှာ ပြထားပါတယ်။ Sacred Cow အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့် https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195813/douglas-vc-54c-sacred-cow/  မှာကြည့်လို့ရပါတယ်။



 C-54 Skymaster (VC-54C)
Sacred Cow 

၁၉၄၃ ခုက သမတရုစဗဲ ဟာ အင်္ဂလန်က ဝန်ကြီးချုပ်ချာချီနဲ့ တွေ့ဖို့ သွားတဲ့ အခါ ဘိုးအင်းကထုတ်တဲ့ Boeing 314 Clipper ဆိုတဲ့ ရေယာဉ်ပျံကိုလည်းသုံးခဲ့ပါသေးတယ်။

Boeing 314 Clipper 

Independence 1947-53

၁၉၄၇ ခုနှစ်မှာတော့ သမတ ထရူးမင်းလက်ထက်မှာ ဒေါက်ဂလပ်စ်ကုမ္ပဏီထုတ် DC-6 Liftmaster (VC-118) လေယာဉ်ကို  အမည်ပေးပြီး Sacred Cow နေရာမှာ အစားထိုးခဲ့ပါတယ်။ လူ၂၄ယောက်စီးနိုင်နဲ့ အဲဒီလေယာဉ်ကိုလည်း အမေရိကန်လေတပ်ပြတိုက် National Museum of the United States Air Force. မှာတွေ့နိုင်ပါတယ်။  The Independence အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့် https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195804/douglas-vc-118-independence/  မှာကြည့်လို့ရပါတယ်။

The Independence





The Independence

Columbine II and III and Aero Commanders

သမတ အိုင်စင်ဟောင်ဝါလက်ထက်မှာတော့ Independence အပြင် Columbine II and Columbine III လို့ အမည်ပေးထားတဲ့ Lockheed ကုမ္ပဏီထုတ် C-121 Super Constellations (VC-121E) လေယာဉ် ၂စီးကိုလည်းသုံးခဲ့ပါသေးတယ်။ Columbine III  အကြောင်း အသေးစိပ်နဲ့ ပုံတွေကို ဒီလင့်

Columbine_II
The VC-121 Columbine III used by President Eisenhower



Special Air Mission 970 (1959-1962)

သမတ အိုင်စင်ဟောင်ဝါ လက်ထက်မှာ ၁၉၅၉ ခုမှ ပထမဆုံး သမတစီး ဂျက်လေယာဉ် အဖြစ်  Boeing 707-120 ကို SAM 970,  ဆိုတဲ့ အမည်နဲ့ Columbine III နေရာကို အစားထိုးလိုက်ပါတယ်။  SAM 970 ကို သမတ အိုင်စင်ဟောင်ဝါ ၊ ကေနဒီ၊ ဂျွန်ဆင် နဲ့ နစ်ဆင်တို့ သုံးခဲ့ကြပါတယ်။ အသေးစိပ် အချက်အလက်တွေကို   https://www.museumofflight.org/aircraft/boeing-vc-137b-707-120sam-970-air-force-one မှာကြည့်နိုင်ပါတယ်။ 

Special Air Mission 26000 and 27000

၁၉၆၂ သမတ ကနေဒီလက်ထက် မှာ ပိုသစ်တဲ့ Boeing 707 VC-137C လေယာဉ်ကို အစားထိုးပြီး
Special Air Mission SAM 26000 and 27000 လို့ မှတ်ပုံတင်ခဲ့ပါတယ်။ ဒီလေယာဉ်တွေဟာ သမတအတွက် အထူးဒီဇိုင်းတွေနဲ့ ပြင်ဆင်ထားတဲ့ ပထမဆုံး လေယာဉ်တွေလို့ဆိုပါတယ်၊ အပြင်ဘက်မှာလည်းပိုမိုခံညားတဲ့ အပြာနဲ့ အဖြူဆေးရာင်ကိုသုတ်ခဲ့ပါတယ်။
SAM 26000  နဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဓါတ်ပုံတွေကို https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195807/boeing-vc-137c-sam-26000/ မှာတွေ့နိုင်ပါတယ်၊ 



လက်ရှိ Air Force One အဖြစ်အသုံးတော်ခံလေယာဉ်များ (Special Air Mission 28000 and 29000 )(လေတပ်အခေါ်  VC-25A)

၁၉၉၀ ခုနှစ် မှာတော့ သတမရဲ့လေတပ်အုပ်စုထဲကို  ဘိုးအင်း 747-200B လေယာဉ်သစ်၂ စီး ရောက်ရှိလာပါတယ်။  အမှတ် 28000 ( ဒီဇင်ဘာ ၈ရက်) နဲ့ 29000 (ဒီဇင်ဘာ ၂၃)  တို့ပါ။

ဒီလေယာဉ်ကြီးတွေမှာ F-16  တိုက်လေယာဉ်တွေမှာ သုံးတဲ့ Heads up Display (HUD)၊ အဆင့်မြင့်ရေဒါစနစ် နဲ့ သူများရေဒါကို ပိတ်ဆို့တဲ့ စနစ်၊  နျူကလီးယားပေါက်ကွဲမှက ထွက်ပေါ်လာတဲ့ ရေဒီယို လျှပ်စစ်သံလိုက်လှိုင်း electromagnetic pulse (EMP) တွေဒါဏ်ခံနိုင်အောင် ကွယ်ထားတဲ့ ဆက်သွယ်ရေးစနစ်၊ ရေငုပ်သင်္ဘောတွေနဲ့ ဆက်သွယ်ဖို့ Very Low Frequency (AVLF)ဆက်သွယ်ရေး၊ အနားရောက်လာတဲ့ အပူရှာ ဒုံးကျဉ်ကို မီးကျဉ်တွေဖြန့်ကြဲပြီလမ်းလွှဲကာ ဖေါက်ခွဲပစ်မယ့် ဒုံးကျဉ်ကာကွယ်ရေးစနစ် directed infrared countermeasures (DIRCM)၊ လေထဲမှာ ဆီဖြည့်တဲ့ စနစ်၊ နဲ့ အခြား လျှိုဝှက်စနစ်တွေပါဝင်လို့  စစ်ဖြစ်လာလျင် လေထဲမှာပျံသန်းရင်း ကွပ်ကဲ အမိန့်ပေးတဲ့ စခန်းအဖြစ်အသုံးပြုနိုင်ပါတယ်။

Radar, HF Radio, IR Radiation


engine, APU and noise


Oxygen system


Tools and equipment


Aircraft interior

အထပ်သုံးထပ်ပါတဲ့ လေယာဉ်ကြီးမှာ သမတနဲ့ မိသားစုအတွက် ရေချိုးခန်း အိမ်သာ၊ အဝတ်လဲခန်းပါတဲ့ အိပ်ခန်၊း နားနေခန်း ကွန်ဖရန့် ခန်းမ၊ သမတရုံးခန်း , လျှိ့ဝှက် ထောက်လှမ်းရေးနဲ့ သမတရဲ့ လက်ထောက် အဖွဲ့များ နဲ့ သတင်း သမားများ နေဖို့ အဆောင်၊ စာသောက်ခန်း၊ ဆေးခန်းနဲ့ ခွဲစိပ်ခန်းငယ်တို့ ပါဝင်ပါတယ်။
ဝန်ထမ်း ၂၆ ယောက် မှာ လေယာဉ်ဝန်ထမ်းတွေသာမက  စားဖိုမှုး၊ ဆရာဝန်၊ သူနာပြုတို့ပါပါဝင်ပါတယ်။
ဒီလေယာဉ်ကြီးတွေ တနာရီပျံတိုင် ကုန်ကျစားရိတ်  ပြည်သူတွေ ပေးထားတဲ့ အခွန်ငွေထဲက  ဒေါ်လာတသိန်းရှစ်သောင်း ကုန်ကျတယ်ဆိုပါတယ်။
၂၀၀၁ ခု 9/11 အချိန်တုန်းက သမတ ဘုရှ်က လေယာဉ်ပေါ်ကနေ  ဗွီဒီယိုကွန်ဖရန့်လုပ်လို့မရသလို  သတင်းဗွီဒီယိုတွေကိုလည်းကြည့်လို့ မရလို့ အြဒီကိစ္စပြီးပြီးချင်း လေယာဉ်ပေါ်က ဆက်သွယ်ရေးစနစ်ကို ဒေါ်လာ သန်း ၅၀ အကုန်ခံပြီး အရေးပေါ် အဆင့် မြှင့်ခဲ့ရပါသေးတယ်။
ဒီလေယာဉ်ကြီးတွေအကြောင် အသးစိတ်အချက်အလက်တွေကိုတေ့ာ https://www.flightglobal.com/news/articles/usaf-offers-rare-glimpse-of-vc-25b-configurations-450587/
https://www.globalsecurity.org/military/systems/aircraft/vc-25-schem02.htm တွေမှာ ရှာလို့ ရနိုင်ပါတယ်။

အနာဂတ်ရဲ့ Air Force One.


သက်တန်း ၃၀ကျော်ပြီဖြစ်တဲ့ ဒီ လေယာဉ်ကြီး ၂စီးကို အစားထိုးဖို့လေတပ်က ပိုကြီးပြီး ပိုခေတ်မှီတဲ့ စနစ်တွေပါတဲ့ ဘိုးအင်းရဲ့ 747-8 ၂စီးကို အော်ဒါလုပ်ထားပါတယ်။ ၂၀၂၄ ဒီဇင်ဘာမှာ လက်ခံရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
အနာဂတ်ရဲ့ Air Force One.
လက်ရှိနဲ့ အနာဂတ် Air Force One. နှိုင်းယှဉ်ချက်


747-8  ဆိုတာကတော့ ဘိုးအင်းရဲ့  747 မိသားစုရဲ့ နောက်ဆုံးပေါ် အဆင့်မြှင့်ထားတဲ့ မော်ဒယ်ပါ။ ဒါပေမယ့် လေကြောင်းလိုင်းတွေက ဒီ 747-8 ခရီးသည်တင်လေယာဉ်တွေ ထပ်မဝယ်တော့ဘဲ ဆီစား ပိုပြီးသက်သာတဲ့ အင် ဂျင် ၂လုံးတပ်လေယာဉ်တွေကို ပြောင်းသုံးနေကြပါပြီ။ ဘိုးအင်းကလည်း အခုနောက်ပိုင်းမှာ 747-8 ကို ကုန်တင်လေယာဉ်တွေပဲ အသစ်ထုတ်တော့တာပါ။ ဒီလေယာဉ်ကြီး ၂စီးကိုတော့ ရုရှားက Transaero, လေကြောင်းလိုင်းအတွက်ဆောက်ထားခဲ့တာပါ။  လက်လွှဲမပေးနိုင်မီ ၂၀၁၅ မှာအဲဒီလေကြောင်းလိုင်း ဒေဝါလီခံသွားလို့ ပိုက်မိနေတဲ့ ဒီလေယာဉ်ကြီး ၂စီးကို လေတပ်ကို ရောင်းတဲ့အခါ အသစ်အော်ဒါမှာတာထက် ၁.၄ ဘီလီယံ ဈေးသက်သာသွားတယ်ဆိုပါတယ်။

 လက်ရှိ အမေရိကန်သမတ ဒေါ်နယ်ထရမ့် တက်ကာစ ၂၀၁၆ ခုတုန်းက Air Force One အသစ်အော်ဒါတွေကို စားရိတ်ကြီးလို့ ရပ်ဆိုင်းထားမယ်လို့ ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အဲဒီလေယာဉ်၂စီးကို ဝယ်ဖို့ ဒေါ်လာ ၃.၉ ဘီလီယံနဲ့ အတည်ပြုပေးခဲ့တယ်ဆိုပါတယ်။ ထရမ့်က လက်ရှိ ဆေး ရောင်နဲ့ဒီဇိုင်းကို ပြောင်းပြီး ပိုပြီး အမေရိကန်ဆန်တဲ့ အပြာရင့် ဝမ်းဘိုက်နဲ့ အနီ အဖြူစင်းတွေပါတဲ့ သူ့ရဲ့ မျိုးချစ် အမေရိကန်ဒီဇိုင်း သစ်ကို အေဘီစီ သတင်းထောက်ကိုပြခဲ့ပါသေးတယ်။  အမေရိကန်အလံကအရောင်တွေကို အခြေခံထားတဲ့ ဒီဇိုင်းပါ။ အရင်က ယူအက်စ်အဲယားဝေးလေကြောင်း ကလေယာဉ်ပုံစံ သွားတူနေတယ်လို့ ဝေဘန်သူတွေကဆိုကြပါတယ်။


ထရမ့်ရဲ့  Air Force One အသစ် ဆေးခြယ်သပုံ


ယူအက်စ် အဲယားဝေး ဆေးဒီဇိုင်း


ရက်ပိုင်းအကြာမှာ ကွန်ဂရက်က အဲဒီလို ဆေး အသစ်ပြာင်းသုတ်မယ့် အစီအစဉ်ကို အပိုစားရိတ်ကိုချွေတာဖို့ အကြောင်းပြပြီး ပယ်ချလိုက်ပါတယ်။ ၂၀၁၄ မှာ Air Force One.ဖြစ်လာမယ့်လေယာဉ်ကြီးတွေကို ဘယ်လိုပုံစံနဲ့ တွေ့ရမယ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ

ဖိုးသုည

18-06-19

ကိုးကား

https://www.whitehouse.gov/about-the-white-house/air-force-one/
https://en.wikipedia.org/wiki/Consolidated_C-87_Liberator_Express
http://www.whitehousemuseum.org/special/AF1/
https://www.nationalmuseum.af.mil/
https://www.museumofflight.org/aircraft/boeing-vc-137b-707-120sam-970-air-force-one
https://www.usatoday.com/story/money/2016/12/06/trump-attacks-boeings-deal-new-air-force-one/95033188/
https://www.boeing.com/defense/air-force-one/index.page
https://abcnews.go.com/Politics/video/trump-reveals-patriotic-air-force-63681427
https://liveandletsfly.boardingarea.com/2019/06/13/air-force-one-us-airways-airways-livery/
https://www.npr.org/2019/06/16/732671495/trump-designs-on-revamped-air-force-one-may-not-take-off
https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195807/boeing-vc-137c-sam-26000/
https://www.aerotime.aero/clement.charpentreau/22100-air-force-one-the-flying-white-house 
https://www.globalsecurity.org/military/systems/aircraft/vc-25.htm
https://www.flightglobal.com/news/articles/usaf-offers-rare-glimpse-of-vc-25b-configurations-450587/
https://www.af.mil/About-Us/Fact-Sheets/Display/Article/104588/vc-25-air-force-one/

အေမရိကန္ သမတ၏ မိုးပ်ံ ႐ုံးခန္း ၊ Air Force One. (ေဇာ္ဂ်ီ)


အမေရိကန် သမတ၏ မိုးပျံ ရုံးခန်း ၊   Air Force One.

“Standby….Liberty 2–4 is changing call signs, Liberty 2–4 is now Air Force One”
၁၉၉၇ က မင်းသားကြီး ဟယ်ရီစင်ဖို့ဒ် သရုပ်ဆောင်တဲ့ Air Force One ရုပ်ရှင်ထဲက ဇာတ်ဝင် စကားတခုပါ။
လစ်ဘာတီ ၂၄ ဆိုတဲ့ ဆီဖြည့် လေယာဉ်ကြီးက သမတကြီးကို ကယ်တင်ပြီးနောက် သူ့လေယာဉ်ကြီးက သမတစီးတဲ့ လေယာဉ်ဖြစ်သွားလို့ ဆက်သွယ်ရေး သင်္ကေတ ကို  Liberty 2–4  ကနေ Air Force One” လို့ပြောင်းလိုက်တာပါ

air force one  ေလထဲတြင္ဆီျဖည့္ေနစဥ္

Air Force One ဆိုတာဘာလဲ

လက်ရှိ အမေရိကန်သမတ ရှိနေတဲ့ လေယာဉ်ကို  Air Force One, ရဟတ်ယာဉ်ကို Marine One လို့ခေါ်တာကိုတော့ အများသိကြပါတယ်။
Air Force One ရုပ်ရှင်ကလည်းနာမည်ကြီးခဲ့တာကိုး။
လက်ရှိ Air Force One (လေတပ်အခေါ် VC-25A) အနေနဲ့ အသုံးတော်ခံရတဲ့ လေယာဉ်ကြီးက၊ ချွတ်စွတ်တူတဲ့ အမွှာ ဘိုးအင်း 747-200B လေယာဉ်ကြီး ၂စီး၊ မှတ်ပုံတင် အမှတ် SAM 28000 နဲ့ SAM 29000 အထဲက သမတစီးတဲ့ တစီးစီးကိုခေါ်တာပါ။
လေယာဉ်ကို သမတမစီးသေးသရွေ့ Air Force One မဖြစ်ပါဘူး။

အခုနောက်ပိုင်း အမေရိကန်လေတပ်က အမေရိကန်နိုင်ငံရဲ့ စစ်ဦးစီးချုပ် Commander-in-Chief ( သမတ) စီးတဲ့ အထူး လေယာဉ် (မိုးပျံ အမိန့်ပေးစခန်း) ကို Air Force One လို့ ခေါ်တယ်ဆိုပါတယ်။

မိုးပ်ံအမိန္႔ေပးစခန္း (mobile command center)

2001 ခု စက္တင္ဘာ ၁၁ ရက္ေန႔ကမာၻ႔ကုန္သြယ္ေရးအေဆာက္အဦနဲ႔ပင္တာဂြန္ စစ္ဌာနခ်ဳပ္တို႔ကို အပိုင္စီးထားတဲ့ ေလယာဥ္ေတြနဲ႔ တိုက္ခိုက္ခံရခ်ိန္မွာ အၾကမ္းဖက္သမားေတြက ဝါရွင္တန္ရွိ သမတအိမ္ျဖဴကိုလည္း အဲလို တိုက္ခိုက္ဖို႔ ယူႏိုက္တက္ ဖလိုက္ ၉၃ ေလယာဥ္ကို အပိုင္စီးၿပီးသြားခဲ့တာပါ။ ေလယာဥ္ေပၚပါခရီးသည္ေတြနဲ႔ ဝန္ထမ္းေတြက အျခားအပိုင္စီးခံေလယာဥ္ေတြကိုသုံၿပီး အၾကမ္းဖက္တိုက္ခိုက္တဲ့သတင္းကို ဖုန္းအဆက္အသြယ္ေတြကေနသိသြားၾကလို႔ အပိုင္စီးသူေတြကို ျပန္ခုခံတိုက္ခိုက္ၾကတဲ့ အတြက္ ေလယာဥ္လည္းလိုရာမေရာက္ဘဲ ပ်က္က်ခဲ့ပါတယ္။  အဲဒီတုန္းက သမတ ဘုရွ္ကိုသူ႔ရဲ႕ လုံၿခဳံေရးေတြက  Air Force One ႀကီးေပၚတင္ၿပီး ဘာျဖစ္တယ္ဆိုတာ ေသခ်ာသိၿပီး အေျခအေနေတြ ရွင္းလင္းတဲ့အထိ ေလထဲမွာ ၈ နနာရီၾကာေအာင္ ပ်ံဝဲေနခဲ့ပါတယ္။ သမတလည္း ေလထဲကေန ဖုန္းနဲ႔ စီမံခန္႔ခြဲမႈေတြကို လုပ္ခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီအခ်ိန္မွာအေမရိကန္တႏိုင္ငံလုံးရဲ႕ေလပိုင္နက္ကိုေတာ့ ပိတ္ထားၿပီး တျခားဘာေလယာဥ္မွ ပ်ံသန္းခြင့္မျပဳပါ။ အဲ ဒီတႀကိမ္ကလြဲရင္ Air Force One က သမတရဲ႕ ခရီးသြား စီးေတာ္ယာဥ္အျဖစ္ပဲအသုံးေတာ္ခံရတာပါ။

သမိုင္းေၾကာင္း 


Guess Where II 1943

အေမရိကန္သမတအတြက္ သီးသန္႔ေလယာဥ္ေတြရဲ႕အစဟာ C-87A (Liberator Express) ဆိုတဲ့ အင္ဂ်င္ေလးလုံးတပ္ ေလယာဥ္ႀကီးလို႔ ဆိုရမွာပါ။ Consolidated Aircraft ကုမၸဏီကထုတ္တဲ့ serial 41-24159 နဲ႔ C-87A ေလယာဥ္တစီးကို ၁၉၄၃ ခုမွာ အဲဒီအခ်ိန္က သမတ ဖရင္ကလင္ ႐ုစဗဲရဲ႕ႏိုင္ငံတကာခရီးစဥ္ေတြမွာ သုံးဖို႔ အထူးျပင္ဆင္မႈေတြလုပ္ၿပီး Guess Where II လို႔ အမည္ေပးခဲ့ပါတယ္။ ဒါေပမယ့္ သမတရဲ႕ အထူးလုံၿခဳံေရးတပ္က C-87A ေတြရဲ႕ ေဘးကင္းမႈမွတ္တမ္းေတြကို စိတ္မခ်လို႔  ျငင္းပယ္ခဲ့ပါတယ္။ 



Sacred Cow 1942-45


ဒီလိုနဲ႔ C-87A အစား ေဒါက္ ဂလပ္စ္ ကုမၸဏီကထုတ္တဲ့ C-54 Skymaster (VC-54C) ေလယာဥ္ကို ေရဒီယိုတယ္လီဖုန္း၊ အိပ္ဖို႔ေနရာနဲ႔ သမတ႐ုစဗဲရဲ႕ ဘီးတပ္ခုံတက္ဖို႔ ဓါတ္ေလွကားေတြပါတပ္ၿပီး တကယ္သုံးျဖစ္တဲ့ ပထမဆုံး အေမရိကန္သမတစီး သီးသန္႔ေလယာဥ္ရယ္လို႔ ျဖစ္လာပါတယ္။ Sacred Cow လို႔နာမည္ေျပာင္ေပးထားတဲ့ အဲဒီေလယာဥ္ကို အေမရိကန္ေလတပ္ျပတိုက္ National Museum of the United States Air Force. မွာ ျပထားပါတယ္။ Sacred Cow အေၾကာင္း အေသးစိပ္နဲ႔ ပုံေတြကို ဒီလင့္ https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195813/douglas-vc-54c-sacred-cow/  မွာၾကည့္လို႔ရပါတယ္။

 C-54 Skymaster (VC-54C)
Sacred Cow 

၁၉၄၃ ခုက သမတ႐ုစဗဲ ဟာ အဂၤလန္က ဝန္ႀကီးခ်ဳပ္ခ်ာခ်ီနဲ႔ ေတြ႕ဖို႔ သြားတဲ့ အခါ ဘိုးအင္းကထုတ္တဲ့ Boeing 314 Clipper ဆိုတဲ့ ေရယာဥ္ပ်ံကိုလည္းသုံးခဲ့ပါေသးတယ္။ 

Boeing 314 Clipper 

Independence 1947-53

၁၉၄၇ ခုႏွစ္မွာေတာ့ သမတ ထ႐ူးမင္းလက္ထက္မွာ ေဒါက္ဂလပ္စ္ကုမၸဏီထုတ္ DC-6 Liftmaster (VC-118) ေလယာဥ္ကို  အမည္ေပးၿပီး Sacred Cow ေနရာမွာ အစားထိုးခဲ့ပါတယ္။ လူ၂၄ေယာက္စီးႏိုင္နဲ႔ အဲဒီေလယာဥ္ကိုလည္း အေမရိကန္ေလတပ္ျပတိုက္ National Museum of the United States Air Force. မွာေတြ႕ႏိုင္ပါတယ္။  The Independence အေၾကာင္း အေသးစိပ္နဲ႔ ပုံေတြကို ဒီလင့္ https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195804/douglas-vc-118-independence/  မွာၾကည့္လို႔ရပါတယ္။

The Independence



The Independence

Columbine II and III and Aero Commanders

သမတ အိုင္စင္ေဟာင္ဝါလက္ထက္မွာေတာ့ Independence အျပင္ Columbine II and Columbine III လို႔ အမည္ေပးထားတဲ့ Lockheed ကုမၸဏီထုတ္ C-121 Super Constellations (VC-121E) ေလယာဥ္ ၂စီးကိုလည္းသုံးခဲ့ပါေသးတယ္။ 


Columbine_II
The VC-121 Columbine III used by President Eisenhower


The VC-121 Columbine III

Columbine III  အေၾကာင္း အေသးစိပ္နဲ႔ ပုံေတြကို ဒီလင့္ 

https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195805/lockheed-vc-121e-columbine-iii/  မွာၾကည့္လို႔ရပါတယ္။

Special Air Mission 970 (1959-1962)

သမတ အိုင္စင္ေဟာင္ဝါ လက္ထက္မွာ ၁၉၅၉ ခုမွ ပထမဆုံး သမတစီး ဂ်က္ေလယာဥ္ အျဖစ္  Boeing 707-120 ကို SAM 970,  ဆိုတဲ့ အမည္နဲ႔ Columbine III ေနရာကို အစားထိုးလိုက္ပါတယ္။  SAM 970 ကို သမတ အိုင္စင္ေဟာင္ဝါ ၊ ေကနဒီ၊ ဂြၽန္ဆင္ နဲ႔ နစ္ဆင္တို႔ သုံးခဲ့ၾကပါတယ္။ အေသးစိပ္ အခ်က္အလက္ေတြကို   https://www.museumofflight.org/aircraft/boeing-vc-137b-707-120sam-970-air-force-one မွာၾကည့္ႏိုင္ပါတယ္။ 

Special Air Mission 26000 and 27000

၁၉၆၂ သမတ ကေနဒီလက္ထက္ မွာ ပိုသစ္တဲ့ Boeing 707 VC-137C ေလယာဥ္ကို အစားထိုးၿပီး 

Special Air Mission SAM 26000 and 27000 လို႔ မွတ္ပုံတင္ခဲ့ပါတယ္။ ဒီေလယာဥ္ေတြဟာ သမတအတြက္ အထူးဒီဇိုင္းေတြနဲ႔ ျပင္ဆင္ထားတဲ့ ပထမဆုံး ေလယာဥ္ေတြလို႔ဆိုပါတယ္၊ အျပင္ဘက္မွာလည္းပိုမိုခံညားတဲ့ အျပာနဲ႔ အျဖဴေဆးရာင္ကိုသုတ္ခဲ့ပါတယ္။ 
SAM 26000  နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြနဲ႔ ဓါတ္ပုံေတြကို https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195807/boeing-vc-137c-sam-26000/ မွာေတြ႕ႏိုင္ပါတယ္၊ 

SAM 27000

လက္ရွိ Air Force One အျဖစ္အသုံးေတာ္ခံေလယာဥ္မ်ား (Special Air Mission 28000 and 29000 )(ေလတပ္အေခၚ  VC-25A) 

၁၉၉၀ ခုႏွစ္ မွာေတာ့ သတမရဲ႕ေလတပ္အုပ္စုထဲကို  ဘိုးအင္း 747-200B ေလယာဥ္
သစ္၂ စီး ေရာက္ရွိလာပါတယ္။  အမွတ္ 28000 ( ဒီဇင္ဘာ ၈ရက္) နဲ႔ 29000 (ဒီဇင္ဘာ ၂၃)  တို႔ပါ။
ဒီေလယာဥ္ႀကီးေတြမွာ F-16  တိုက္ေလယာဥ္ေတြမွာ သုံးတဲ့ Heads up Display (HUD)၊ အဆင့္ျမင့္ေရဒါစနစ္ နဲ႔ သူမ်ားေရဒါကို ပိတ္ဆို႔တဲ့ စနစ္၊  န်ဴကလီးယားေပါက္ကြဲမွက ထြက္ေပၚလာတဲ့ ေရဒီယို လွ်ပ္စစ္သံလိုက္လႈိင္း electromagnetic pulse (EMP) ေတြဒါဏ္ခံႏိုင္ေအာင္ ကြယ္ထားတဲ့ ဆက္သြယ္ေရးစနစ္၊ ေရငုပ္သေဘၤာေတြနဲ႔ ဆက္သြယ္ဖို႔ Very Low Frequency (AVLF)ဆက္သြယ္ေရး။
အနားေရာက္လာတဲ့ အပူရွာ ဒုံးက်ဥ္ကို မီးက်ဥ္ေတြျဖန္႔ႀကဲၿပီလမ္းလႊဲကာ ေဖါက္ခြဲပစ္မယ့္ ဒုံးက်ဥ္ကာကြယ္ေရးစနစ္ directed infrared countermeasures (DIRCM)၊ ေလထဲမွာ ဆီျဖည့္တဲ့ စနစ္၊ နဲ႔ အျခား လွ်ိဳဝွက္စနစ္ေတြပါဝင္လို႔  စစ္ျဖစ္လာလ်င္ ေလထဲမွာပ်ံသန္းရင္း ကြပ္ကဲ အမိန္႔ေပးတဲ့ စခန္းအျဖစ္အသုံးျပဳႏိုင္ပါတယ္။
VC-25A
Radar, HF Radio, IR Radiation

engine, APU and noise

Oxygen system

Tools and equipment

Aircraft interior

အထပ္သုံးထပ္ပါတဲ့ ေလယာဥ္ႀကီးမွာ သမတနဲ႔ မိသားစုအတြက္ ေရခ်ိဳးခန္း အိမ္သာ၊ အဝတ္လဲခန္းပါတဲ့ အိပ္ခန္၊း နားေနခန္း ကြန္ဖရန္႔ ခန္းမ၊ သမတ႐ုံးခန္း , လွ်ိ႕ဝွက္ ေထာက္လွမ္းေရးနဲ႔ သမတရဲ႕ လက္ေထာက္ အဖြဲ႕မ်ား နဲ႔ သတင္း သမားမ်ား ေနဖို႔ အေဆာင္၊ စာေသာက္ခန္း၊ ေဆးခန္းနဲ႔ ခြဲစိပ္ခန္းငယ္တို႔ ပါဝင္ပါတယ္။
ဝန္ထမ္း ၂၆ ေယာက္ မွာ ေလယာဥ္ဝန္ထမ္းေတြသာမက  စားဖိုမႈး၊ ဆရာဝန္၊ သူနာျပဳတို႔ပါပါဝင္ပါတယ္။
ဒီေလယာဥ္ႀကီးေတြ တနာရီပ်ံတိုင္ ကုန္က်စားရိတ္  ျပည္သူေတြ ေပးထားတဲ့ အခြန္ေငြထဲက  ေဒၚလာတသိန္းရွစ္ေသာင္း ကုန္က်တယ္ဆိုပါတယ္။
၂၀၀၁ ခု 9/11 အခ်ိန္တုန္းက သမတ ဘုရွ္က ေလယာဥ္ေပၚကေန  ဗြီဒီယိုကြန္ဖရန္႔လုပ္လို႔မရသလို  သတင္းဗြီဒီယိုေတြကိုလည္းၾကည့္လို႔ မရလို႔ ျအဒီကိစၥၿပီးၿပီးခ်င္း ေလယာဥ္ေပၚက ဆက္သြယ္ေရးစနစ္ကို ေဒၚလာ သန္း ၅၀ အကုန္ခံၿပီး အေရးေပၚ အဆင့္ ျမႇင့္ခဲ့ရပါေသးတယ္။
ဒီေလယာဥ္ႀကီးေတြအေၾကာင္ အသးစိတ္အခ်က္အလက္ေတြကိုေတ့ာ https://www.flightglobal.com/news/articles/usaf-offers-rare-glimpse-of-vc-25b-configurations-450587/
https://www.dvidshub.net/feature/vc25featurepage နဲ႔
https://www.globalsecurity.org/military/systems/aircraft/vc-25-schem02.htm ေတြမွာ ရွာလို႔ ရႏိုင္ပါတယ္။


အနာဂတ္ရဲ႕ Air Force One.

သက္တန္း ၃၀ေက်ာ္ၿပီျဖစ္တဲ့ ဒီ ေလယာဥ္ႀကီး ၂စီးကို အစားထိုးဖို႔ေလတပ္က ပိုႀကီးၿပီး ပိုေခတ္မွီတဲ့ စနစ္ေတြပါတဲ့ ဘိုးအင္းရဲ႕ 747-8 ၂စီးကို ေအာ္ဒါလုပ္ထားပါတယ္။ ၂၀၂၄ ဒီဇင္ဘာမွာ လက္ခံရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။
 အနာဂတ္ရဲ႕ Air Force One.
လက္ရွိနဲ႔ အနာဂတ္ Air Force One. ႏႈိင္းယွဥ္ခ်က္

747-8  ဆိုတာကေတာ့ ဘိုးအင္းရဲ႕  747 မိသားစုရဲ႕ ေနာက္ဆုံးေပၚ အဆင့္ျမႇင့္ထားတဲ့ ေမာ္ဒယ္ပါ။ ဒါေပမယ့္ ေလေၾကာင္းလိုင္းေတြက ဒီ 747-8 ခရီးသည္တင္ေလယာဥ္ေတြ ထပ္မဝယ္ေတာ့ဘဲ ဆီစား ပိုၿပီးသက္သာတဲ့ အင္ ဂ်င္ ၂လုံးတပ္ေလယာဥ္ေတြကို ေျပာင္းသုံးေနၾကပါၿပီ။ ဘိုးအင္းကလည္း အခုေနာက္ပိုင္းမွာ 747-8 ကို ကုန္တင္ေလယာဥ္ေတြပဲ အသစ္ထုတ္ေတာ့တာပါ။ ဒီေလယာဥ္ႀကီး ၂စီးကိုေတာ့ ႐ုရွားက Transaero, ေလေၾကာင္းလိုင္းအတြက္ေဆာက္ထားခဲ့တာပါ။  လက္လႊဲမေပးႏိုင္မီ ၂၀၁၅ မွာအဲဒီေလေၾကာင္းလိုင္း ေဒဝါလီခံသြားလို႔ ပိုက္မိေနတဲ့ ဒီေလယာဥ္ႀကီး ၂စီးကို ေလတပ္ကို ေရာင္းတဲ့အခါ အသစ္ေအာ္ဒါမွာတာထက္ ၁.၄ ဘီလီယံ ေဈးသက္သာသြားတယ္ဆိုပါတယ္။
 လက္ရွိ အေမရိကန္သမတ ေဒၚနယ္ထရမ့္ တက္ကာစ ၂၀၁၆ ခုတုန္းက Air Force One အသစ္ေအာ္ဒါေတြကို စားရိတ္ႀကီးလို႔ ရပ္ဆိုင္းထားမယ္လို႔ ေျပာခဲ့ဖူးပါတယ္။ ၿပီးခဲ့တဲ့ အပတ္ကေတာ့ အဲဒီေလယာဥ္၂စီးကို ဝယ္ဖို႔ ေဒၚလာ ၃.၉ ဘီလီယံနဲ႔ အတည္ျပဳေပးခဲ့တယ္ဆိုပါတယ္။ ထရမ့္က လက္ရွိ ေဆး ေရာင္နဲ႔ဒီဇိုင္းကို ေျပာင္းၿပီး ပိုၿပီး အေမရိကန္ဆန္တဲ့ အျပာရင့္ ဝမ္းဘိုက္နဲ႔ အနီ အျဖဴစင္းေတြပါတဲ့ သူ႔ရဲ႕ မ်ိဳးခ်စ္ အေမရိကန္ဒီဇိုင္း သစ္ကို ေအဘီစီ သတင္းေထာက္ကိုျပခဲ့ပါေသးတယ္။  အေမရိကန္အလံကအေရာင္ေတြကို အေျခခံထားတဲ့ ဒီဇိုင္းပါ။ အရင္က ယူအက္စ္အဲယားေဝးေလေၾကာင္း ကေလယာဥ္ပုံစံ သြားတူေနတယ္လို႔ ေဝဘန္သူေတြကဆိုၾကပါတယ္။
ထရမ့္ရဲ႕  Air Force One အသစ္ ေဆးျခယ္သပုံ


ယူအကၥ္ အဲယားေဝး ေဆးဒီဇိုင္း

ရက္ပိုင္းအၾကာမွာ ကြန္ဂရက္က အဲဒီလို ေဆး အသစ္ျပာင္းသုတ္မယ့္ အစီအစဥ္ကို အပိုစားရိတ္ကိုေခြၽတာဖို႔ အေၾကာင္းျပၿပီး ပယ္ခ်လိုက္ပါတယ္။ ၂၀၁၄ မွာ Air Force One.ျဖစ္လာမယ့္ေလယာဥ္ႀကီးေတြကို ဘယ္လိုပုံစံနဲ႔ ေတြ႕ရမယ္ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ


ဖိုးသုည
18-06-19

ကိုးကား
https://www.whitehouse.gov/about-the-white-house/air-force-one/
https://en.wikipedia.org/wiki/Consolidated_C-87_Liberator_Express
http://www.whitehousemuseum.org/special/AF1/
https://www.nationalmuseum.af.mil/
https://www.museumofflight.org/aircraft/boeing-vc-137b-707-120sam-970-air-force-one
https://www.usatoday.com/story/money/2016/12/06/trump-attacks-boeings-deal-new-air-force-one/95033188/
https://www.boeing.com/defense/air-force-one/index.page
https://abcnews.go.com/Politics/video/trump-reveals-patriotic-air-force-63681427
https://liveandletsfly.boardingarea.com/2019/06/13/air-force-one-us-airways-airways-livery/
https://www.npr.org/2019/06/16/732671495/trump-designs-on-revamped-air-force-one-may-not-take-off
https://www.nationalmuseum.af.mil/Visit/Museum-Exhibits/Fact-Sheets/Display/Article/195807/boeing-vc-137c-sam-26000/
https://www.aerotime.aero/clement.charpentreau/22100-air-force-one-the-flying-white-house 
https://www.globalsecurity.org/military/systems/aircraft/vc-25.htm
https://www.flightglobal.com/news/articles/usaf-offers-rare-glimpse-of-vc-25b-configurations-450587/
https://www.af.mil/About-Us/Fact-Sheets/Display/Article/104588/vc-25-air-force-one/