Showing posts with label health-knwg. Show all posts
Showing posts with label health-knwg. Show all posts

Monday, July 1, 2019

အကယ္၍ ကေလးတေယာက္ လိင္ဆိုင္ရာ ျပစ္မႈကိုက်ဳးလြန္ခဲ့လ်င္ (အကယ်၍ ကလေးတယောက် လိင်ဆိုင်ရာ ပြစ်မှုကိုကျုးလွန်ခဲ့လျင်)

အကယ္၍ ကေလးတေယာက္ လိင္ဆိုင္ရာ ျပစ္မႈကိုက်ဳးလြန္ခဲ့လ်င္

အကယ္၍
အကယ္၍ ကေလးတေယာက္က ျပစ္မႈတခုကိုက်ဴးလြန္တယ္ဆိုလ်င္
အဲဒီကိစၥရဲ႕ ေနာက္ကြယ္မွာ မထင္မွတ္တဲ့  ႀကီးမားတဲ့ ျပသနာႀကီးေတြ ရွိေကာင္းရွိေနႏိုင္ပါတယ္၊
အဲဒီကေလးကိုလည္း ကာကြယ္ေပးဖို႔ လိုေကာင္းလိုပါလိမ့္မယ္။

အ႐ြယ္မေရာက္ေသးသူတေယာက္  ျပစ္မႈတခုကို က်ဴးလြန္ပါက ရာဇဝတ္မႈ မေျမာက္ဘဲ ကေလးသူငယ္ဆိုးသြမ္းမႈသာျဖစ္တယ္ဆိုပါတယ္။
သူတို႔ကို ရာဇဝတ္မႈ ျပစ္ဒါဏ္မ်ိဳးမခ်မွတ္ဘဲျပျပင္ထိန္းသိမ္းေရး လုပ္ဖို႔ စီစဥ္ေပးရပါတယ္။
သူတို႔ ဟာ ကိုယ္လုပ္တဲ့လုပ္ရပ္တခုရဲ႕ အတိုင္းအတာ အတိမ္အနက္ကို ေသေသခ်ာခ်ာ မသိဘဲ က်ဴးလြန္ၾကတာျဖစ္လို႔ပါ။
ႏိုင္ငံတကာမွာ  ျပစ္မႈတခုကို က်ဴးလြန္သူဟာ ကိုယ္လုပ္တဲ့လုပ္ရပ္တခုရဲ႕ အတိုင္းအတာ အတိမ္အနက္ကို ေသေသခ်ာခ်ာ မသိလို႔ က်ဴးလြန္ရင္ အျပစ္မေပးဘဲ သူ႔အတြက္ လိုအပ္တဲ့ ျပဳျပင္မႈ ကုသမႈေတြကို လုပ္ေပးပါတယ္။
ဒါကိုပဲ အခြင့္ေကာင္းယူၿပီးတရားခံေရွ႕ေနေတြက သူတို႔ အမႈသည္ ျပစ္ဒါဏ္မခံရေအာင္ အ႐ူးလက္မွတ္ယူၿပီး လူလည္က်ၾကပါတယ္။
ဒါေပမယ့္ အျပစ္လုပ္သူေတြက ကေလး ေတြဆိုရင္ ပိုအေရးႀကီးပါတယ.
သူတို႔ ကိုအျပစ္တင္ အေရးယူမယ့္ အစား သူတို႔ရဲ႕ျပသနာအရင္းအျမစ္ကိုရွာၿပီး ေျဖရွင္းေပးရပါတယ္။
သူတို႔ကို ႀကိဳးကိုင္းခိုင္းေစသူေတြရွိေနသလား၊
သူတို႔မွာ ဆိုး႐ြားတဲ့ မိသားစု  ပတ္ဝန္းက်င္ရွိေနသလား။
မိဘကသိပ္အလိုလိုက္ထားတာလား။ မိဘကႏွိပ္စက္တတ္သလား။
တျခားမိသားစုဝင္ေတြက သူတို႔ကို အႏိုင္က်င့္ေနသလား။
စသည္စသည္ ျပသနာမ်ားစြားကို မေမွ်ာ္လင့္ဘဲေတြ႕လာရတတ္ပါတယ္။
ဒါေၾကာင့္ သူတို႔ ရဲ႕ အနာဂတ္အတြက္ ျပင္ဆင္ေပးရပါမယ္။
အထူးအျဖင့္ေတာ့ စိတ္ပညာနဲ႔စိတ္ေရာဂါ အျခအေနကိုပါ။
ဆရာဝန္၊ ကေလး စိတ္ပညာရွင္၊ ကေလးစိတ္ေရာဂါ ဆရာဝန္ေတြနဲ႔ စစ္ေဆးၿပီး အေျဖရွာရပါတယ္။
 ဆိုး႐ြားတဲ့ ပတ္ဝန္းက်င္ ရွိေနလ်င္ ကယ္ထုတ္ေပးဖို႔ လိုေကာင္းလိုႏိုင္ပါတယ္။၊
လိင္နဲ႔ပတ္သက္တဲ့ ျပသနာဆိုလ်င္ေတာ့ပိုဆိုးပါတယ္။
သူတို႔ ဘာေၾကာင့္ဒီလိုလုပ္တယ္ဆိုတာျပသနာရဲ႕ အရင္းအျမစ္ကို ရွာၿပီး ေျဖရွင္းရမွာပါ။.
တခါတေလမွာ ဒီလို ျပစ္မ်ဳ က်ဳးလြန္သူကေလးေတြကိုယ္တိုင္က တျခားသူေတြရဲ႕  မဟုတ္တာလုပ္တာကို တနည္းနည္းနဲ႔ ခံေနရသူေတြျဖစ္တတ္ပါတယ္
ကေလး ေတြဒီကိစၥေတြကို ဒီလို က်ဳးလြန္ရတယ္လို႔ ဘယ္လိုသိလာသလဲ။
သူတပါးက သူတို႔ကို ဒီလိုပဲလုပ္လို႔လား။
အျပာ ဗြီဒီယိုေတြ ပုံေတြၾကည့္လို႔လား။
တျခားလူႀကီးေတြ ကေလးႀကီးေတြက သင္ေပးလို႔လား။
မိဘေတြကပဲ ဒီလိုအေျခအေနေရာက္ေအာင္တြန္းပို႔ေနတာလား။
လူႀကီး ေတြက ကေလးေတြေရွ႕မွာ မဆင္မခ်င္ ဗြီဒီယိုေတြ ပုံေတြၾကည့္လို႔လား၊ မဆင္မခ်င္ ျပဳမူေနတာကို ကေလးေတြကေတြ႕လို႔ အတုယူတာလား။
စသည္စသည္ အေၾကာင္းရင္းကိုလိုက္ရွာၿပီး ေနာင္ကို ဒီလို မျဖစ္ဖို႔ နည္းလမ္းကိုရွာရပါတယ္။
ေနာင္ကို မျဖစ္ဖို႔ဆိုရာမွာ ကာယကံရွင္ သာမကပါ၊
တျခား ကေလးေတြ၊ ကေလး မိဘေတြအားလုံး ေလ့လာ ပညာယူ ဆင္ျခင္ရပါတယ္။
လိုအပ္လ်င္ ကေလးေတြကို သူတို႔ရဲ႕  ဆိုး႐ြားတဲ့ပတ္ဝန္းက်င္ (သို႔) မိသားစု ကေနကယ္ထုတ္ေပးရပါတယ္။

ဒီေနရာမွာ စနစ္တက် လိင္ပညာေပးျခင္း ကို ေက်ာင္းေတြနဲ႔ လူမႈပတ္ဝန္းက်င္က လက္ခံၾကဖို႔ ေသေသခ်ာခ်ာ စဥ္းစားသင့္ပါတယ္။ 
ဒီေနရာမွာ စနစ္တက် လိင္ပညာေပးျခင္း ကို ေက်ာင္းေတြနဲ႔ လူမႈပတ္ဝန္းက်င္က လက္ခံၾကဖို႔ ေသေသခ်ာခ်ာ စဥ္းစားသင့္ပါတယ္။
စနစ္တက် မသင္လို႔ အမွားကို အမွန္ထင္တဲ့ ျပသနာက ျပင္ရခက္ပါတယ္၊
လူႀကီးေတြမွာေတာင္ ဒီလို အယူအဆမွားေတြ စြဲေနသူအမ်ားႀကီးပါ.
အသက္ အ႐ြယ္အလိုက္ စနစ္တက် လိင္ပညာေပးျခင္း ျဖင့္ မွားယြင္းတဲ့ အေတြးအခၚ  အယူအဆေတြကို တားဆီးႏိုင္မွာပါ။
က်န္းမာေရးဌာနနဲ႔ ပညာေရးဌာနတို႔ကဦးေဆာင္ၿပီး မိဘတိုင္း ၊ ဆရာတိုင္းသာမကာ တာဝန္သိသူ လူမႈေရး အသိစိတ္ရွိသူတိုင္းပါဝင္ၾကသင့္ပါတယ္.။
ျပစ္မႈ က်ဴးလြန္တဲ့ ကေလးေတြ ေတြ႕လ်င္ အျပစ္တင္ရႈတ္ခ်ေနမယ့္အစား ဝိုင္းဝန္းပူးေပါင္း အေျဖရွာလို႔ ကူညီၾကပါ။


ဖိုးသုည
1-7-19




အကယ်၍ ကလေးတယောက် လိင်ဆိုင်ရာ ပြစ်မှုကိုကျုးလွန်ခဲ့လျင် (ယူနီကုဒ်) 



အကယ်၍ ကလေးတယောက်က ပြစ်မှုတခုကိုကျူးလွန်တယ်ဆိုလျင် 
အဲဒီကိစ္စရဲ့ နောက်ကွယ်မှာ မထင်မှတ်တဲ့  ကြီးမားတဲ့ ပြသနာကြီးတွေ ရှိကောင်းရှိနေနိုင်ပါတယ်၊ 
အဲဒီကလေးကိုလည်း ကာကွယ်ပေးဖို့ လိုကောင်းလိုပါလိမ့်မယ်။ 

အရွယ်မရောက်သေးသူတယောက်  ပြစ်မှုတခုကို ကျူးလွန်ပါက ရာဇဝတ်မှု မမြောက်ဘဲ ကလေးသူငယ်ဆိုးသွမ်းမှုသာဖြစ်တယ်ဆိုပါတယ်။
သူတို့ကို ရာဇဝတ်မှု ပြစ်ဒါဏ်မျိုးမချမှတ်ဘဲပြပြင်ထိန်းသိမ်းရေး လုပ်ဖို့ စီစဉ်ပေးရပါတယ်။
သူတို့ ဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တခုရဲ့ အတိုင်းအတာ အတိမ်အနက်ကို သေသေချာချာ မသိဘဲ ကျူးလွန်ကြတာဖြစ်လို့ပါ။
နိုင်ငံတကာမှာ  ပြစ်မှုတခုကို ကျူးလွန်သူဟာ ကိုယ်လုပ်တဲ့လုပ်ရပ်တခုရဲ့ အတိုင်းအတာ အတိမ်အနက်ကို သေသေချာချာ မသိလို့ ကျူးလွန်ရင် အပြစ်မပေးဘဲ သူ့အတွက် လိုအပ်တဲ့ ပြုပြင်မှု ကုသမှုတွေကို လုပ်ပေးပါတယ်။
ဒါကိုပဲ အခွင့်ကောင်းယူပြီးတရားခံရှေ့နေတွေက သူတို့ အမှုသည် ပြစ်ဒါဏ်မခံရအောင် အရူးလက်မှတ်ယူပြီး လူလည်ကျကြပါတယ်။
ဒါပေမယ့် အပြစ်လုပ်သူတွေက ကလေး တွေဆိုရင် ပိုအရေးကြီးပါတယ.
သူတို့ ကိုအပြစ်တင် အရေးယူမယ့် အစား သူတို့ရဲ့ပြသနာအရင်းအမြစ်ကိုရှာပြီး ဖြေရှင်းပေးရပါတယ်။
သူတို့ကို ကြိုးကိုင်းခိုင်းစေသူတွေရှိနေသလား၊
သူတို့မှာ ဆိုးရွားတဲ့ မိသားစု  ပတ်ဝန်းကျင်ရှိနေသလား။
မိဘကသိပ်အလိုလိုက်ထားတာလား။ 
မိဘကနှိပ်စက်တတ်သလား။
တခြားမိသားစုဝင်တွေက သူတို့ကို အနိုင်ကျင့်နေသလား။
စသည်စသည် ပြသနာများစွားကို မမျှော်လင့်ဘဲတွေ့လာရတတ်ပါတယ်။
ဒါကြောင့် သူတို့ ရဲ့ အနာဂတ်အတွက် ပြင်ဆင်ပေးရပါမယ်။
 ဆိုးရွားတဲ့ ပတ်ဝန်းကျင် ရှိနေလျင် ကယ်ထုတ်ပေးဖို့ လိုကောင်းလိုနိုင်ပါတယ်။၊
အထူးအဖြင့်တော့ စိတ်ပညာနဲ့စိတ်ရောဂါ အခြအနေကိုပါ။
ဆရာဝန်၊ ကလေး စိတ်ပညာရှင်၊ ကလေးစိတ်ရောဂါ ဆရာဝန်တွေနဲ့ စစ်ဆေးပြီး အဖြေရှာရပါတယ်။

လိင်နဲ့ပတ်သက်တဲ့ ပြသနာဆိုလျင်တော့ပိုဆိုးပါတယ်။
သူတို့ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာပြသနာရဲ့ အရင်းအမြစ်ကို ရှာပြီး ဖြေရှင်းရမှာပါ။.
တခါတလေမှာ ဒီလို ပြစ်မျု ကျုးလွန်သူကလေးတွေကိုယ်တိုင်က တခြားသူတွေရဲ့  မဟုတ်တာလုပ်တာကို တနည်းနည်းနဲ့ ခံနေရသူတွေဖြစ်တတ်ပါတယ်။
ကလေး တွေဒီကိစ္စတွေကို ဒီလို ကျုးလွန်ရတယ်လို့ ဘယ်လိုသိလာသလဲ။
သူတပါးက သူတို့ကို ဒီလိုပဲလုပ်လို့လား။
အပြာ ဗွီဒီယိုတွေ ပုံတွေကြည့်လို့လား။
တခြားလူကြီးတွေ ကလေးကြီးတွေက သင်ပေးလို့လား။
မိဘတွေကပဲ ဒီလိုအခြေအနေရောက်အောင်တွန်းပို့နေတာလား။
လူကြီး တွေက ကလေးတွေရှေ့မှာ မဆင်မချင် ဗွီဒီယိုတွေ ပုံတွေကြည့်လို့လား၊ မဆင်မချင် ပြုမူနေတာကို ကလေးတွေကတွေ့လို့ အတုယူတာလား။
စသည်စသည် အကြောင်းရင်းကိုလိုက်ရှာပြီး နောင်ကို ဒီလို မဖြစ်ဖို့ နည်းလမ်းကိုရှာရပါတယ်။
နောင်ကို မဖြစ်ဖို့ဆိုရာမှာ ကာယကံရှင် သာမကပါ၊
တခြား ကလေးတွေ၊ ကလေး မိဘတွေအားလုံး လေ့လာ ပညာယူ ဆင်ခြင်ရပါတယ်။
လိုအပ်လျင် ကလေးတွေကို သူတို့ရဲ့  ဆိုးရွားတဲ့ပတ်ဝန်းကျင် (သို့) မိသားစု ကနေကယ်ထုတ်ပေးရပါတယ်။

ဒီနေရာမှာ စနစ်တကျ လိင်ပညာပေးခြင်း ကို ကျောင်းတွေနဲ့ လူမှုပတ်ဝန်းကျင်က လက်ခံကြဖို့ သေသေချာချာ စဉ်းစားသင့်ပါတယ်။
စနစ်တကျ မသင်လို့ အမှားကို အမှန်ထင်တဲ့ ပြသနာက ပြင်ရခက်ပါတယ်၊
လူကြီးတွေမှာတောင် ဒီလို အယူအဆမှားတွေ စွဲနေသူအများကြီးပါ.
အသက် အရွယ်အလိုက် စနစ်တကျ လိင်ပညာပေးခြင်း ဖြင့် မှားယွင်းတဲ့ အတွေးအခါ်  အယူအဆတွေကို တားဆီးနိုင်မှာပါ။
ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနတို့ကဦးဆောင်ပြီး မိဘတိုင်း ၊ ဆရာတိုင်းသာမကာ တာဝန်သိသူ လူမှုရေး အသိစိတ်ရှိသူတိုင်းပါဝင်ကြသင့်ပါတယ်.။
ပြစ်မှု ကျူးလွန်တဲ့ ကလေးတွေ တွေ့လျင် အပြစ်တင်ရှုတ်ချနေမယ့်အစား ဝိုင်းဝန်းပူးပေါင်း အဖြေရှာလို့ ကူညီကြပါ။

ဖိုးသုည
1-7-19

Saturday, June 15, 2019

အမ်ိဳးသားမ်ားက်န္းမာေရး (Men’s health)အမျိုးသားများကျန်းမာရေး

အမ်ိဳးသားမ်ားက်န္းမာေရး (Men’s health)

ဒီကေန႔ 16-6-19 ဟာ အေဖမ်ားေန႔ Father’s day ပါ။ လူအမ်ားစုက အေဖမ်ားေန႔ကိုသိၾကေပမယ့္ အဲဒီအေဖမ်ားျဖစ္တဲ့ ပုရိသေယာက်ၤားတို႔ရဲ႕ က်န္းမားေရးအတြက္ ေဆာ္ဩေပးတဲ့ ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ international Men's health week နဲ႔ Wear Blue day ကိုေတာ့ မသိၾကတာမ်ားပါတယ္။ တခ်ိန္တည္းမွာပဲ မဟာပုရိသမ်ားရဲ႕ က်န္းမာေရးျပသနာမ်ားနဲ႔ ဝိုင္းဝန္း ေစာင့္ေရွာက္ေပးႏိုင္တဲ့ နည္းလမ္းမ်ားကိုလည္း သတိမမူမိၾကပါဘူး ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ရဲ႕ ေသာၾကာေန႔ ကိုေတာ့ Wear Blue day အျပာေရာင္ ဝတ္ဆင္ေရးေန႔လို႔ သတ္မွတ္ပါတယ္။ ဒီႏွစ္ ၂၀၁၉ ခုဇြန္လ ၁၀ ရက္ကေန ၁၆ ရက္ အထိကို အမ်ိဳးသားမ်ားက်န္းမာေရး ရက္သတၱပတ္ Men’s health week လို႔ သတ္မွတ္ထားပါတယ္။ ၂၀၁၉ အတြက္ အျပာေရာင္ ဝတ္ဆင္ေရးေန႔ဟာ ဇြန္လ ၁၄ ရက္ေန႔ပါ။ လူအမ်ားစုက အမ်ိဳးသားမ်ားက်န္းမာေရး ဆိုလ်င္ ကာမအားတိုးေဆး ဗီယာဂရာ ကိုပဲ ေျပးျမင္ၾကပါတယ္။ က်န္းမာေရးဆိုတာ ကိုယ္ကာယာ စိတ္ နဲ႔ လူမႈဆက္ဆံေရး သုံးမ်ိဳးလုံးက်န္းမာမွ က်န္းမာတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ဖြင့္ဆိုထားပါတယ္၊



ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္။ (Men’s health week)

အဲဒီရက္သတၱပတ္မွာ က်န္းမာေရးနဲ႔ လူမႈေရး အဖြဲ႕မ်ားက က်န္းမာေရး ၊ လုပ္ငန္းခြင္အႏၲရာယ္ႏွင့္ လုပ္ငန္းခြင္ႏွင့္ဆက္စပ္ေရာဂါမ်ားကာကြယ္ေရး ပညာေပးေဟာေျပာပြဲ က်န္းမာေရးစစ္ေပးျခင္း၊ အားကစား လႈပ္ရွားမႈနဲ႔  အျခားလူထုအသြင္ လႈပ္ရွားမႈမ်ားလုပ္ၾကပါတယ္။

ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္။ (Men’s health week) ဘယ္လိုျဖစ္ေပၚလာတာလဲ 
၁၉၉၄ ခုမွာ အေမရိကန္ ကြန္ဂရက္က အမ်ိဳသားမ်ားက်န္းမာေရး ကြန္ယက္ကို အတည္ျပဳေပးခဲ့ ၿပီး အဲဒီကြန္ယက္က အေမရိကန္ အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးအတြက္ ေလ့လာဆန္းစစ္မႈမ်ားျပဳလုပ္ျခင္း၊ အႀကံေပးျခင္း၊ က်န္းမာေရး လုပ္ငန္းခြင္ အႏၲရာယ္ကင္းရွင္းေရး ပညာေပးျခင္း ေဟာေျပာျခင္း အမ်ားသိလာေအာင္ လႈပ္ရွားမႈမ်ားလုပ္ေပးျခငးစသည္ျဖင့္ ေဆာင္႐ြက္ခဲ့တာပါ။
ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္ကိုေတာ့  အေမရိကား နဲ႔ ၿဗိတိန္၊ အီးယူ၊ ဩစေတးသွ် အပါဝင္ စိတ္ဝင္စားတဲ့ ႏိုင္ငံအခ်ိဳ႕က အမ်ိဳးသားမ်ားက်န္းမာေရး လႈပ္ရွားမႈ အသင္းအဖြဲ႕မ်ားရဲ႕  ၂၀၀၁ စုံညီအစည္းအေဝးမွာ အဆိုျပဳခဲ့ၿပီး ၂၀၀၂ ဗီယင္နာ ေၾကညာခ်က္နဲ႔အတူစတင္ခဲ့တာပါ။
ႏွစ္စဥ္ အေဖမ်ားေန႔က်င္းပတဲ့ ရက္သတၱပတ္ ကို ကမာၻ႔အမ်ိဳးသားမ်ားက်န္းမာေရးရက္သတၱပတ္လို႔ သတ္မွတ္ပါတယ္။
ရည္႐ြယ္ခ်က္ကေတာ့ အမ်ိဳးသမီးမ်ားထက္ က်န္းမာေရးခ်ိဳ႕တဲ့ၿပီး အသက္တိုၾကတဲ့ အမ်ိဳးသားမ်ားအၾကားမွာ က်န္းမာေရး အသိပညာမ်ားတိုးတက္လာေစရန္, က်န္းမာေရးစစ္ေဆးမႈမ်ားပုံမွန္လုပ္ၿပီး ကာကြယ္လို႔ရတဲ့ ေရာဂါမ်ား၊ လုပ္ငန္းခြင္ အႏၲရာယ္မ်ားကို ကာကြယ္၊ ေရာဂါျဖစ္လာလ်င္လည္း အခ်ိန္မီ ေစာစီးစြာကုသမႈခံယူႏိုင္ဖို႔၊ စိတ္၊ ကိုယ္နဲ႔ လူမႈေရး အဘက္ဘက္မွာ က်န္းမာစြာ သက္တန္းျပည့္ေနႏိုင္ေစဖို႔ျဖစ္ပါတယ္။


Mens'Health သည္ အမ်ိဳးသားမ်ားအတြက္သာမဟုတ္

တကယ္ေတာ့ အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးကိစၥေတြက သူတို႔ အတြက္သာ အေရးႀကီးတာ မဟုတ္ပါ။
သူတို႔ ကို ခ်စ္ေသာ မိသားစုဝင္မ်ား၊ သူတိုကို မွီခိုေနသူမ်ား အတြက္လည္း အေရးႀကီးတာျဖစ္လို႔၊
အမ်ိဳးသားမ်ားရဲ႕ က်န္းမာေရးကိစၥေတြကို လူတိုင္းလူတိုင္းသိထားသင့္ၿပီး မိမိတို႔ရဲ႕ အေဖ၊ အကို၊ ေမာင္၊ သား၊ ဦးႀကီး ဦးေလး တိုရဲ႕ က်န္းမာေရးကို ဝိုင္းဝန္းေစာင့္ေရွာက္ၾကရမွာ ျဖစ္ပါတယ္။

ျပည္ျမန္မာအေျခအေန

၂၀၁၄ သန္ေကာင္စာရင္းအရ ျမန္မာျပည္မွာ အမ်ိဳးသားဦးေရက အမ်ိဳးသမီးဦးေရထက္ ၁.၈၃၇ သန္း ေလ်ာ့နည္းပါတယ္။

၁. စုစုေပါင္း က်ား၊ မ လူဦးေရ (၂၀၁၄ သန္းေကာင္စာရင္း)


ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ၂၀၁၆ မွာ ထုတ္ျပန္တဲ့ ကိန္းဂဏန္းမ်ားအရ ျမန္မာျပည္မွာ ၂၀၁၆ မွာ ကေလးတေယာက္ေမြးလာတဲ့ အခါ သူေနရမဲ့ ခန္႔မွန္းသက္တမ္း (life expectancy at birth ) ဟာ မိန္းခေလးဆို ၆၉ ႏွစ္ ရွိေပမဲ့ ေယာက်ၤားေလးဆိုရင္ေတာ့ ေလးႏွစ္ အသက္ပိုတိုၿပီး ၆၅ ႏွစ္ပဲရွိပါတယ္။

၂. က်ား၊ မ ခန္႔မွန္း သက္တမ္း (WHO၂၀၁၆)


ေမြးကင္းစမွာ ေယာက်ၤားေလးဦးေရကမသိမသာပိုမ်ားေပမဲ့ အသက္ ၂၀ ေက်ာ္လာတာတဲ့ နဲ႔ အမွ် အမ်ိဳးသားဦးေရ က်ဆင္းလာပါတယ္။
အသက္ ၅၀ အ႐ြယ္ အမ်ိဳးသမီး ဦးေရ ၁၀၀ ရွိတိုင္း ႐ြယ္တူ အမ်ိဳးသားက ၈၇ ေယာက္ေလာက္ပဲရွိေတာ့ၿပီး၊ အသက္ ၈၀ ရွိတဲ့ အမ်ိဳးသမီး ဦးေရ ၁၀၀ ရွိတိုင္း သက္တူ႐ြယ္တူ အမ်ိဳးသားက ၆၄  ေယာက္ေလာက္ပဲရွိပါေတာ့တယ္။
အဲဲဒီသက္ႀကီး က်ားမ ဦးေရ ကြာျခားခ်က္ဟာ ၁၉၈၃ ခုစာရင္းေကာက္တုန္းက အသက္ ၆၀ ေက်ာ္လာမွ  သိသိသာသာကြာလာတာျဖစ္ၿပီး ၂၀၁၄ စာရင္ အရ ကြာျခားမႈထက္ ၂ဆပိုလာတာကိုေတြ႕ရပါတယ္။
၃က. အသက္အလိုက္ က်ား၊ မလူဦးေရ ျခားနားလာမႈ အေျခ အေန (၂၀၁၄ သန္းေကာင္စာရင္း)
၃ခ. အသက္အလိုက္ က်ား၊ မလူဦးေရ ျခားနားလာမႈ အေျခ အေန  (၂၀၁၄ သန္းေကာင္စာရင္း)


အထီးက်န္တာလား အမက်န္တာလား
မုဆိုးဖို အေရအတြက္ဟာ အသက္ ၅၀ ေက်ာ္ အ႐ြယ္မွ စတင္မ်ားျပားလာၿပီး အသက္၇၅ ေက်ာ္မွသိသိသာသာ မ်ားလာေပမဲ့ မုဆိုးမအေရအတြက္ကေတာ့ အသက္ ၄၀ ေလာက္ကတည္းက စတင္မ်ားျပားလာၿပီး အသက္ ၆၀ ေလာက္မွာ သိသိသာသာမ်ားလာပါတယ္။
၄. အသက္အလိုက္ မုဆိုးဖို ျဖစ္မႈ (အသက္အလိုက္ အိမ္ေထာင္ရွိ အမ်ိဳးသမီး ေသဆုံးမႈ) (၂၀၁၄ သန္းေကာင္စာရင္း)

၅.  အသက္အလိုက္ မုဆိုးမ ျဖစ္မႈ (အသက္အလိုက္ အိမ္ေထာင္ရွိ အမ်ိဳးသား ေသဆုံးမႈ) (၂၀၁၄ သန္းေကာင္စာရင္း)


ကမာၻ႔တျခားႏိုင္ငံေတြက ပုရိသမ်ားအေျခအေန
ဒီလို က်ားမ လူဦးေရနဲ႔ သက္တန္းကြာျခားမႈေတြက ျမန္မာျပည္မွာသာမဟုတ္ဘဲ ကမာၻ႔ႏိုင္ငံအမ်ားစုမွာျဖစ္ေနတာပါ။

အားႏြဲ႕ေသာ ေယာက်ၤားသဘာဝ

အေမရိကန္ရဲ႕ အမ်ိဳးသားမ်ားက်န္းမာေရး ကြန္ယက္ရဲ႕ ေလ့လာဆန္းစစ္ခ်က္မ်ားအရ
_ ကိုယ္ဝန္ေဆာင္စဥ္မွာ မိန္းမေလး သေႏၶသား ၁၀၀ ရွိတိုင္း ေယာက်ၤားေလး သေႏၶသား ၁၁၅ ေယာက္ရွိပါတယ္
- မိခင္ရဲ႕ ဝမ္းတြင္းမွာရွိစဥ္ကိုယ္ဝန္ပ်က္က်တဲ့အခါ ေယာက်ၤားေလး သေႏၶသားမ်ားက ပိုပ်က္က်ဖို႔လြယ္ပါတယ္။
- ေမြးကင္းစကေလးငယ္ေတြေသဆုံးမႈမွာ ေယာက်ၤားေလး ၂၅ ရာႏႈန္းပိုမ်ားပါတယ္။
- ပုခက္တြင္း ကေလး ေသဆုံးမႈ ၅ ေယာက္မွာ ၃ ေယာက္က ေယာက်ၤားေလးေတြပါ။
- အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားထက္ အၾကားအား႐ုံခ်ိဳ႕ယြင္မႈ ၂ ဆမ်ားပါတယ္။
- အမ်ိဳးသားေတြမွာ ေရာဂါပိုးေတြကိုခုခံေပးတဲ့ တီဆဲလ္ ေတြပိုနည္းပါတယ္။
- က်ားေဟာ္မုန္းက ဆိုးက်ိဳးေပးတဲ့ LDL ကိုလက္စထေရာမ်ားၿပီး ေကာင္းက်ိဳးေပးတဲ့  HDLနည္းပါးျခင္းတို႔နဲ႔ ဆက္စပ္ေနပါတယ္။
- အမ်ိဳးသမီးမ်ားဟာ ဆရာဝန္နဲ႔ ပုံမွန္က်န္းမာေရး စစ္ေဆးျခင္းနဲ႔ ကာကြယ္ျခင္းမ်ားကို လုပ္ေဆာင္မႈမွာ အမ်ိဳးသားထက္ ၁၀၀ ရာႏႈန္းပိုပါတယ္။
- အမ်ိဳးသားမ်ားက သူတပါးရဲ႕သတ္ျဖတ္ခံရမႈပိုမ်ားပါတယ္။ စစ္ပြဲေတြျဖစ္ေနတဲ့ ႏိုင္ငံေတြမ်ာေတာ့ ပိုဆိုးပါတယ္။

-အမ်ိဳးသားမ်ားက စိတ္က်ေရာဂါခံစားရတာပိုမ်ားၿပီး မိမိကိုယ္မိမိ ေသေၾကာင္းႀကံတာလည္း အမ်ိဳးသမီးမ်ားထက္ မ်ားပါတယ္။
- ႏွလုံးေရာဂါ၊ ကင္ဆာ၊ ထိခိုက္ဒါဏ္ရာရရွိမႈ၊ ေလျဖတ္ျခင္း၊ မိမိကိုယ္ သတ္ေသျခင္းတို႔ေၾကာင့္ ေသဆုံးမႈေတြမွာ အမ်ိဳးသားမ်ားက ပိုမ်ားပါတယ္။
- အမ်ိဳးသားမ်ားငဘာဝက အသက္အႏၲရာယ္ရွိတဲ့ စြန္႔စားမႈမ်ားကို ပိုမိုလုပ္ေလ့ရွိလို႔ ထိခိုက္ဒါဏ္ရာရတာ ေသၾကပ်က္စီးတာပိုမ်ားပါတယ္။
- အႏၲရာယ္ရွိေသာ အလုပ္၊ က်န္းမာေရးကို ထိခိုက္ေစေသာလုပ္ငန္းေတြမွာ အလုပ္လုပ္သူေတြ အမ်ားစုဟာ အမ်ိဳးသားမ်ားျဖစ္ၾကပါတယ္။

အထက္ပါအေၾကာင္းမ်ိဳးစုံတို႔ေၾကာင့္ ကမာၻတလႊားမွာ အမ်ိဳးသားမ်ားရဲ႕ သက္တန္းဟာ အမ်ိဳးသမီးမ်ားထက္ ၃ႏွစ္ကေန ၇ ႏွစ္အထိပိုၿပီးေတာ့ တိုတာကိုေတြ႕ႏိုင္ပါတယ္။
အဲဒီလိုမျဖစ္ရေလေအာင္ အမ်ိဳးသားမ်ားက မိမိတို႔ က်န္းမာေရး  နဲ႔ ဆက္စပ္ျပသနာမ်ား အေၾကာင္းကိုပိုမိုသိရွိသေဘာေပါက္လာၾကၿပီး ပုံမွန္ စစ္ေဆး၊ ကာကြယ္, ကုသၾကရမွာျဖစ္ပါတယ္။
အေမရိကန္ႏိုင္ငံ အမ်ိဳးသားမ်ားက်န္းမာေရးကြန္ယက္ Men’s Health Network မွ Get it checked ဆိုတဲ့ လက္ကမ္းစာေဆာင္မွ အမ်ိဳးသားမ်ား ပုံမွန္လုပ္ေဆာင္သင့္တဲ့ က်န္းမာေရး စစ္ေဆးခ်က္မ်ားကို ကို ျမန္မာမႈ ျပဳထားပါတယ္။


အသက္ကေလးရယ္တဲ့ ရွည္ေစလို၊ ပုရိသမ်ား ဘာေတြလုပ္ၾကသင့္သလဲ
၆. အမ်ိဳးသားမ်ားက်န္းမာေရးအတြက္ ပုံမွန္စစ္ေဆးသင့္သည္မ်ား (Men’s Health Network မွ Get it checked လက္ကမ္းစာေဆာင္ကို ျမန္မာမႈ ျပဳထားပါသည္။) 

ဖိုးသုည
၁၆၊၀၆၊၂၀၁၉

အမျိုးသားများကျန်းမာရေး (Men’s health) (ယူနီကုဒ်)


ဒီကနေ့ 16-6-19 ဟာ အဖေများနေ့ Father’s day ပါ။
လူအများစုက အဖေများနေ့ကိုသိကြပေမယ့် အဲဒီအဖေများဖြစ်တဲ့ ပုရိသယောင်္ကျားတို့ရဲ့ ကျန်းမားရေးအတွက် ဆော်ဩပေးတဲ့ ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ် international Men's health week နဲ့ Wear Blue day ကိုတော့ မသိကြတာများပါတယ်။
တချိန်တည်းမှာပဲ မဟာပုရိသများရဲ့ ကျန်းမာရေးပြသနာများနဲ့ ဝိုင်းဝန်း စောင့်ရှောက်ပေးနိုင်တဲ့ နည်းလမ်းများကိုလည်း သတိမမူမိကြပါဘူး
ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ရဲ့ သောကြာနေ့ ကိုတော့ Wear Blue day အပြာရောင် ဝတ်ဆင်ရေးနေ့လို့ သတ်မှတ်ပါတယ်။
ဒီနှစ် ၂၀၁၉ ခုဇွန်လ ၁၀ ရက်ကနေ ၁၆ ရက် အထိကို အမျိုးသားများကျန်းမာရေး ရက်သတ္တပတ်  Men’s health week လို့ သတ်မှတ်ထားပါတယ်။
၂၀၁၉ အတွက် အပြာရောင် ဝတ်ဆင်ရေးနေ့ဟာ ဇွန်လ ၁၄ ရက်နေ့ပါ။
လူအများစုက အမျိုးသားများကျန်းမာရေး ဆိုလျင် ကာမအားတိုးဆေး ဗီယာဂရာ ကိုပဲ ပြေးမြင်ကြပါတယ်။
ကျန်းမာရေးဆိုတာ ကိုယ်ကာယာ စိတ် နဲ့ လူမှုဆက်ဆံရေး သုံးမျိုးလုံးကျန်းမာမှ ကျန်းမာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖွင့်ဆိုထားပါတယ်၊


ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week)


အဲဒီရက်သတ္တပတ်မှာ ကျန်းမာရေးနဲ့ လူမှုရေး အဖွဲ့များက ကျန်းမာရေး ၊ လုပ်ငန်းခွင်အန္တရာယ်နှင့် လုပ်ငန်းခွင်နှင့်ဆက်စပ်ရောဂါများကာကွယ်ရေး ပညာပေးဟောပြောပွဲ ကျန်းမာရေးစစ်ပေးခြင်း၊ အားကစား လှုပ်ရှားမှုနဲ့  အခြားလူထုအသွင် လှုပ်ရှားမှုများလုပ်ကြပါတယ်။



ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်။ (Men’s health week) ဘယ်လိုဖြစ်ပေါ်လာတာလဲ 

၁၉၉၄ ခုမှာ အမေရိကန် ကွန်ဂရက်က အမျိုသားများကျန်းမာရေး ကွန်ယက်ကို အတည်ပြုပေးခဲ့ ပြီး အဲဒီကွန်ယက်က အမေရိကန် အမျိုးသားများရဲ့ ကျန်းမာရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ခြင်း၊ အကြံပေးခြင်း၊ ကျန်းမာရေး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ပညာပေးခြင်း ဟောပြောခြင်း အများသိလာအောင် လှုပ်ရှားမှုများလုပ်ပေးခြငးစသည်ဖြင့် ဆောင်ရွက်ခဲ့တာပါ။

ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်ကိုတော့  အမေရိကား နဲ့ ဗြိတိန်၊ အီးယူ၊ ဩစတေးသျှ အပါဝင် စိတ်ဝင်စားတဲ့ နိုင်ငံအချို့က အမျိုးသားများကျန်းမာရေး လှုပ်ရှားမှု အသင်းအဖွဲ့များရဲ့  ၂၀၀၁ စုံညီအစည်းအဝေးမှာ အဆိုပြုခဲ့ပြီး ၂၀၀၂ ဗီယင်နာ ကြေညာချက်နဲ့အတူစတင်ခဲ့တာပါ။

နှစ်စဉ် အဖေများနေ့ကျင်းပတဲ့ ရက်သတ္တပတ် ကို ကမ္ဘာ့အမျိုးသားများကျန်းမာရေးရက်သတ္တပတ်လို့ သတ်မှတ်ပါတယ်။

ရည်ရွယ်ချက်ကတော့ အမျိုးသမီးများထက် ကျန်းမာရေးချို့တဲ့ပြီး အသက်တိုကြတဲ့ အမျိုးသားများအကြားမှာ ကျန်းမာရေး အသိပညာများတိုးတက်လာစေရန်, ကျန်းမာရေးစစ်ဆေးမှုများပုံမှန်လုပ်ပြီး ကာကွယ်လို့ရတဲ့ ရောဂါများ၊ လုပ်ငန်းခွင် အန္တရာယ်များကို ကာကွယ်၊ ရောဂါဖြစ်လာလျင်လည်း အချိန်မီ စောစီးစွာကုသမှုခံယူနိုင်ဖို့၊ စိတ်၊ ကိုယ်နဲ့ လူမှုရေး အဘက်ဘက်မှာ ကျန်းမာစွာ သက်တန်းပြည့်နေနိုင်စေဖို့ဖြစ်ပါတယ်။





Mens'Health သည် အမျိုးသားများအတွက်သာမဟုတ်


တကယ်တော့ အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေက သူတို့ အတွက်သာ အရေးကြီးတာ မဟုတ်ပါ။

သူတို့ ကို ချစ်သော မိသားစုဝင်များ၊ သူတိုကို မှီခိုနေသူများ အတွက်လည်း အရေးကြီးတာဖြစ်လို့၊

အမျိုးသားများရဲ့ ကျန်းမာရေးကိစ္စတွေကို လူတိုင်းလူတိုင်းသိထားသင့်ပြီး မိမိတို့ရဲ့ အဖေ၊ အကို၊ မောင်၊ သား၊ ဦးကြီး ဦးလေး တိုရဲ့ ကျန်းမာရေးကို ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။



ပြည်မြန်မာအခြေအနေ


၂၀၁၄ သန်ကောင်စာရင်းအရ မြန်မာပြည်မှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် ၁.၈၃၇ သန်း လျော့နည်းပါတယ်။
၁. စုစုပေါင်း ကျား၊ မ လူဦးရေ (၂၀၁၄ သန်းကောင်စာရင်း)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ၂၀၁၆ မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ မြန်မာပြည်မှာ ၂၀၁၆ မှာ ကလေးတယောက်မွေးလာတဲ့ အခါ သူနေရမဲ့ ခန့်မှန်းသက်တမ်း (life expectancy at birth ) ဟာ မိန်းခလေးဆို ၆၉ နှစ် ရှိပေမဲ့ ယောင်္ကျားလေးဆိုရင်တော့ လေးနှစ် အသက်ပိုတိုပြီး ၆၅ နှစ်ပဲရှိပါတယ်။
၂. ကျား၊ မ ခန့်မှန်း သက်တမ်း (WHO၂၀၁၆)



မွေးကင်းစမှာ ယောင်္ကျားလေးဦးရေကမသိမသာပိုများပေမဲ့ အသက် ၂၀ ကျော်လာတာတဲ့ နဲ့ အမျှ အမျိုးသားဦးရေ ကျဆင်းလာပါတယ်။

အသက် ၅၀ အရွယ် အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း ရွယ်တူ အမျိုးသားက ၈၇ ယောက်လောက်ပဲရှိတော့ပြီး၊ အသက် ၈၀ ရှိတဲ့ အမျိုးသမီး ဦးရေ ၁၀၀ ရှိတိုင်း သက်တူရွယ်တူ အမျိုးသားက ၆၄  ယောက်လောက်ပဲရှိပါတော့တယ်။

အဲဒီသက်ကြီး ကျားမ ဦးရေ ကွာခြားချက်ဟာ ၁၉၈၃ ခုစာရင်းကောက်တုန်းက အသက် ၆၀ ကျော်လာမှ  သိသိသာသာကွာလာတာဖြစ်ပြီး ၂၀၁၄ စာရင် အရ ကွာခြားမှုထက် ၂ဆပိုလာတာကိုတွေ့ရပါတယ်။
၃က. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ (၂၀၁၄ သန်းကောင်စာရင်း)

၃ခ. အသက်အလိုက် ကျား၊ မလူဦးရေ ခြားနားလာမှု အခြေ အနေ  (၂၀၁၄ သန်းကောင်စာရင်း)



အထီးကျန်တာလား အမကျန်တာလား

မုဆိုးဖို အရေအတွက်ဟာ အသက် ၅၀ ကျော် အရွယ်မှ စတင်များပြားလာပြီး အသက်၇၅ ကျော်မှသိသိသာသာ များလာပေမဲ့ မုဆိုးမအရေအတွက်ကတော့ အသက် ၄၀ လောက်ကတည်းက စတင်များပြားလာပြီး အသက် ၆၀ လောက်မှာ သိသိသာသာများလာပါတယ်။
၄. အသက်အလိုက် မုဆိုးဖို ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသမီး သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)

၅.  အသက်အလိုက် မုဆိုးမ ဖြစ်မှု (အသက်အလိုက် အိမ်ထောင်ရှိ အမျိုးသား သေဆုံးမှု) (၂၀၁၄ သန်းကောင်စာရင်း)





ကမ္ဘာ့တခြားနိုင်ငံတွေက ပုရိသများအခြေအနေ

ဒီလို ကျားမ လူဦးရေနဲ့ သက်တန်းကွာခြားမှုတွေက မြန်မာပြည်မှာသာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအများစုမှာဖြစ်နေတာပါ။



အားနွဲ့သော ယောင်္ကျားသဘာဝ


အမေရိကန်ရဲ့ အမျိုးသားများကျန်းမာရေး ကွန်ယက်ရဲ့ လေ့လာဆန်းစစ်ချက်များအရ

_ ကိုယ်ဝန်ဆောင်စဉ်မှာ မိန်းမလေး သန္ဓေသား ၁၀၀ ရှိတိုင်း ယောင်္ကျားလေး သန္ဓေသား ၁၁၅ ယောက်ရှိပါတယ်

- မိခင်ရဲ့ ဝမ်းတွင်းမှာရှိစဉ်ကိုယ်ဝန်ပျက်ကျတဲ့အခါ ယောင်္ကျားလေး သန္ဓေသားများက ပိုပျက်ကျဖို့လွယ်ပါတယ်။

- မွေးကင်းစကလေးငယ်တွေသေဆုံးမှုမှာ ယောင်္ကျားလေး ၂၅ ရာနှုန်းပိုများပါတယ်။

- ပုခက်တွင်း ကလေး သေဆုံးမှု ၅ ယောက်မှာ ၃ ယောက်က ယောင်္ကျားလေးတွေပါ။

- အမျိုးသားများက အမျိုးသမီးများထက် အကြားအားရုံချို့ယွင်မှု ၂ ဆများပါတယ်။

- အမျိုးသားတွေမှာ ရောဂါပိုးတွေကိုခုခံပေးတဲ့ တီဆဲလ် တွေပိုနည်းပါတယ်။

- ကျားဟော်မုန်းက ဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောများပြီး ကောင်းကျိုးပေးတဲ့  HDLနည်းပါးခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။

- အမျိုးသမီးများဟာ ဆရာဝန်နဲ့ ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းနဲ့ ကာကွယ်ခြင်းများကို လုပ်ဆောင်မှုမှာ အမျိုးသားထက် ၁၀၀ ရာနှုန်းပိုပါတယ်။

- အမျိုးသားများက သူတပါးရဲ့သတ်ဖြတ်ခံရမှုပိုများပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ နိုင်ငံတွေမျာတော့ ပိုဆိုးပါတယ်။



-အမျိုးသားများက စိတ်ကျရောဂါခံစားရတာပိုများပြီး မိမိကိုယ်မိမိ သေကြောင်းကြံတာလည်း အမျိုးသမီးများထက် များပါတယ်။

- နှလုံးရောဂါ၊ ကင်ဆာ၊ ထိခိုက်ဒါဏ်ရာရရှိမှု၊ လေဖြတ်ခြင်း၊ မိမိကိုယ် သတ်သေခြင်းတို့ကြောင့် သေဆုံးမှုတွေမှာ အမျိုးသားများက ပိုများပါတယ်။

- အမျိုးသားများငဘာဝက အသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုများကို ပိုမိုလုပ်လေ့ရှိလို့ ထိခိုက်ဒါဏ်ရာရတာ သေကြပျက်စီးတာပိုများပါတယ်။

- အန္တရာယ်ရှိသော အလုပ်၊ ကျန်းမာရေးကို ထိခိုက်စေသောလုပ်ငန်းတွေမှာ အလုပ်လုပ်သူတွေ အများစုဟာ အမျိုးသားများဖြစ်ကြပါတယ်။



အထက်ပါအကြောင်းမျိုးစုံတို့ကြောင့် ကမ္ဘာတလွှားမှာ အမျိုးသားများရဲ့ သက်တန်းဟာ အမျိုးသမီးများထက် ၃နှစ်ကနေ ၇ နှစ်အထိပိုပြီးတော့ တိုတာကိုတွေ့နိုင်ပါတယ်။

အသက်ကလေးရယ်တဲ့ ရှည်စေလို၊ ပုရိသများ ဘာတွေလုပ်ကြသင့်သလဲ

အဲဒီလိုမဖြစ်ရလေအောင် အမျိုးသားများက မိမိတို့ ကျန်းမာရေး  နဲ့ ဆက်စပ်ပြသနာများ အကြောင်းကိုပိုမိုသိရှိသဘောပေါက်လာကြပြီး ပုံမှန် စစ်ဆေး၊ ကာကွယ်, ကုသကြရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အမျိုးသားများကျန်းမာရေးကွန်ယက် Men’s Health Network မှ Get it checked ဆိုတဲ့ လက်ကမ်းစာဆောင်မှ အမျိုးသားများ ပုံမှန်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေး စစ်ဆေးချက်များကို ကို မြန်မာမှု ပြုထားပါတယ်။

၆. အမျိုးသားများကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်သည်များ 




ဖိုးသုည
၁၆၊၀၆၊၂၀၁၉