Showing posts with label Driving. Show all posts
Showing posts with label Driving. Show all posts

Friday, June 14, 2019

Blind spots / လမ္းဆုံကိုမျဖတ္ခင္ ဘာေၾကာင့္ ရပ္၊ၾကည့္၊ ၿပီးမွသြား သင့္တာလဲ (လမ်းဆုံကိုမဖြတ်ခင် ကားကိုဘာကြောင့် ရပ်၊ကြည့်၊ ပြီးမှသွား သင့်တာလဲ)

လမ္းဆုံကိုမျဖတ္ခင္ ဘာေၾကာင့္ ရပ္၊ၾကည့္၊ ၿပီးမွသြား သင့္တာလဲ (Zawgyi)

အေမရိကားေရာက္မိတ္ေဆြတေယာက္က သူဟိုမွာကားေမာင္းတာ ဒါဏ္၂ခါထိဖူးတယ္၊ ၂ခါလုံး Stop sign မွာမရပ္လို႔တဲ့။
သူတို႔ဆီမွာ လမ္းဆုံေရာက္လို႔ ကိုယ့္လမ္းမွာ Stop sign ရွိလ်င္ အျခားလမ္းေပၚမွာ ကားမရွိလည္း ရပ္မ်ဥ္းေနာက္မွာ ရပ္ကိုရပ္ရတယ္ဆိုပဲ။
အျခားလမ္းေပၚမွာ ကားမွမရွိတာ ဘာလို႔ရပ္ရမွာလည္းလို႔ေမးစရာရွိလာပါတယ္။ 
ဟုတ္ကဲ့ အဲတာ အေရးႀကီးပါတယ္။

အျခားလမ္းေပၚမွာ ကားမွမရွိတာ မဟုတ္ဘဲ ရွိတဲ့ကားက ကိုယ့္ရဲ႕ blind spot ထဲေရာက္ေနလို႔ မျမင္ဘဲ ကိုယ္က လမ္းေပၚမွာကားမရွိဘူးလို႔ထင္တာ ျဖစ္နိုင္လို႔ပါ။

ကားေမာင္းတဲ့အခါ ကိုယ္မျမင္ႏိုင္တဲ့ blind spots ဆိုတာေတြရွိပါတယ္။ 
အဲဒီ blind spots ေတြထဲမွာေရာက္ေနတဲ့ ယာဥ္/ လူ စသည္တို႔ကို မျမင္လို႔ မေတာ္တဆျဖစ္ၾကတာ အေတာ္မ်ားလို႔ပါ။ 
ကားအမ်ိဳးစားအလိုက္ blind spots ေတြမတူၾကေပမဲ့ အားလုံးနီးပါးႀကဳံရတဲ့ blind spots ေတြရွိပါတယ္။ 
လူအမ်ားစုက Blind spots လို႔ဆိုလိုက္လ်င္ ပုံ ၁ 
မွာလို ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots ေတြနဲံ အလယ္ေနာက္ၾကည့္မွန္နဲ႔ ေဘးဘက္ ေနာက္ၾကည့္မွန္ ၾကားက ေပ်ာက္ေနတဲ့ မိမိ အေနာက္ဘက္ ဝဲယာ ေဘးႏွစ္ဘက္က blind spots   ေတြကိုပဲ သိၾကပါတယ္၊ 
ပုံ ၁ (က) ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots
ပုံ ၁ (ခ) ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots
ပုံ ၁ (ဂ) အလယ္ေနာက္ၾကည့္မွန္နဲ႔ ေဘးဘက္ ေနာက္ၾကည့္မွန္ ၾကားက ေပ်ာက္ေနတဲ့ မိမိ အေနာက္ဘက္ ဝဲယာ ေဘးႏွစ္ဘက္က blind spots ဝဲယာေနာက္ၾကည့္မွန္ရဲ႕ ျမင္ကြင္းတို႔ကို ေက်ာ္လာၿပီး မ်က္ေစ့ရဲ႕ ေဘးဘက္ျမင္ကြင္းထဲ ဝင္မလာေသးတဲ့ blind spots



ပုံ ၂ မွာလို မိမိအေရွ႕ ဝဲယာမွာလည္း pillar blind spots
ပုံ ၂ (က) pillar blind spots
ကားေလကာမွန္ရဲ႕ ေပါင္ႏွစ္ခုဟာ မိမိအေရွ႕ ဝဲယာမွာမွာ ကားတစီးကို ျမင္ကြင္းကေန အသာကေလး ေပ်ာက္သြားေစပါတယ္။
စက္ဘီး၊ ဆိုင္ကယ္ေတြဆိုရင္ေတာ့ ပိုလို႔ေတာင္ကြယ္ေနပါတယ္
လမ္းျဖတ္ကူးသူေတြကို ဒီ pillar blind spot က အလြယ္တကူကြယ္ထားႏိုင္ပါတယ္။.
 

ပံု၂ (ခ) ထဲမွာ ကားအျဖဴနဲ႔ ကားအျပာ၂စီးလုံး လမ္းဆုံကို တသမတ္အရွိန္ေတြနဲ႔ ခ်ည္းကပ္လာရာမွာ
ကားအျဖဴေမာင္းသူရဲ႕ ယာဘက္က Blind spot မွာ ကားအျပာက ေပ်ာက္ေနပါတယ္။
ကားအျဖဴ ေနရာ ၁ နဲ႔ ၂ ေတြကိုေရာက္စဥ္မွာ ေမာင္းသူက ကားအျပာကိုလုံးဝ မျမင္ရဘဲ ေနရာ ၃ ကို ေရာက္ေတာ့မွ ကားအျပာရဲ႕တပိုင္းတစကိုျမင္ရမွာျဖစ္ၿပီး
အဲဒီအခ်ိန္မွာ ရပ္ဖို႔ေနာက္က်သြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။


ပံု၂ (ခ) ဒီပုံထဲမွာ ကားအျဖဴနဲ႔ ကားအျပာ၂စီးလုံး လမ္းဆုံကို တသမတ္အရွိန္ေတြနဲ႔ ခ်ည္းကပ္လာရာမွာ
ကားအျဖဴေမာင္းသူရဲ႕ ယာဘက္က Blind spot မွာ ကားအျပာက ေပ်ာက္ေနပါတယ္။ 
ကားအျဖဴ ေနရာ ၁ နဲ႔ ၂ ေတြကိုေရာက္စဥ္မွာ ေမာင္းသူက ကားအျပာကိုလုံးဝ မျမင္ရဘဲ ေနရာ ၃ ကို ေရာက္ေတာ့မွ ကားအျပာရဲ႕တပိုင္းတစကိုျမင္ရမွာျဖစ္ၿပီး 
အဲဒီအခ်ိန္မွာ ရပ္ဖို႔ေနာက္က်သြားတာကို ေတြ႕ရမွာျဖစ္ပါတယ္။


ပုံ ၃ မွာလို႔ ကားရဲ႕ အေရွ႕တည့္တည့္ နဲ႔ အေနာက္တည့္တည့္ အနိမ့္ပိုင္းေတြ ရွိတယ္ဆိုတာကို သတိမမူမိတတ္ပါဘူး။ စနစ္က်တဲ့ ယာဥ္ေမာင္းသင္တန္းေတြမွာေတာ့ သင္ၾကားေပးမွာပါ။ 

ျမန္မာျပည္မွာက ေခတ္အဆက္ဆက္ ယာဥ္ေမာင္းလိုင္စင္ကို နည္းမ်ိဳးစုံနဲ႔ရ ၾကေတာ့ သိန္းေထာင္ေက်ာ္တန္ကားသာေမာင္းေနတယ္ ယာဥ္စည္းကမ္း လမ္းစည္းကမ္းေတြကို မသိသူက အမ်ားသား။
ပုံ ၃ ယာဥ္ေမာင္းမျမင္ရတဲ့ ကားရဲ႕ အေရွ႕တည့္တည့္ နဲ႔ အေနာက္တည့္တည့္ အနိမ့္ပိုင္း blind spots ေတြ
ပုံ ၄ ကားႀကီး ေမာင္းသမားေတြ မျမင္ရတဲ့ Blind spot ေတြမွာ လူေတြရပ္ျပထားတာပါ။
လမ္းအသုံးျပသူတိုင္း သတိထားဖို႔ပါ။
ကားကြီး မောင်းသမားတွေ မမြင်ရတဲ့ Blind spot တွေမှာ ရပ်ပြထားတာပါ။
လမ်းအသုံးပြသူတိုင်း သတိထားဖို့ပါ။


pillar blind spots
ကားေလကာမွန္ရဲ႕ ေပါင္ႏွစ္ခုဟာ မိမိအေရွ႕ ဝဲယာမွာမွာ ကားတစီးကို ျမင္ကြင္းကေန အသာကေလး ေပ်ာက္သြားေစပါတယ္။
အလယ္ေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတဲ့ ပန္းကံုးတို႔ ဘုရားပံုတို႔ ကလည္း blind spot ျဖစ္ေစပါတယ္။

အလယ္ေနာက္ၾကည့္မွန္မွာ ခ်ိတ္ထားတဲ့ ပန္းကံုးတို႔ ဘုရားပံုတို႔ ကလည္း blind spot ျဖစ္ေစပါတယ္။
တခါတေလမွာ လမ္းဆုံကို ခ်ဥ္းကပ္လာတဲ့ ကားေမာင္းသူရဲ႕ Blind spots ထဲမွာအေရွ႕က ကန႔္လန႔္ျဖတ္လမ္းမွာ လမ္းဆုံကို ခ်ဥ္းကပ္လာတဲ့ကားကေရာက္ေနတတ္ပါတယ္။ 
ႏွစ္စီးလုံးက လမ္းဆုံကို ခ်ဥ္းကပ္လာတဲ့ အရွိန္ကမေျပာင္းလ်င္ အဲဒီ ကန႔္လန႔္လမ္းေပၚကကားဟာ Blind spots ထဲကေနထြက္မလာဘဲ ၂စီးသား လမ္းဆုံမွာ တိုက္မိႏိုင္ပါတယ္။ 
အဲဒီကား ကိုယ့္ရဲ႕ Blind spot ထဲကေနထြက္လာဖို႔က ကားတစီးစီက ေမာင္းေနတဲ့ အရွိန္ကို ေျပာင္းလိုက္ဖို႔လိုပါတယ္။ ဒါေတာင္ passenger ဘက္က Blind spot ေနာက္ကြယ္ကကားဆို အရွိန္ကိုေျပာင္းၿပီးလည္း ခ်က္ခ်င္းလည္းမျမင္ရပါ။ 


အဲလိုျမင္ရေအာင္တစီးကလမ္းဆုံရပ္မ်ဥ္းမွာ ရပ္ရပါတယ္။ 

"ရပ္၊ၾကည့္၊သြား" 

အဲဒါေၾကာင့္ တူညီလမ္းဆုံပင္ျဖစ္ပါေစ တလမ္းထိပ္မွာ ရပ္မ်ဥ္းတားထားေပးပါတယ္။ 
ျမန္မာျပည္လမ္းဆုံတခ်ိဳ႕မွာလည္း ရပ္မ်ဥ္းေတြနဲ႔ "ရပ္၊ၾကည့္၊သြား" ဆိုတဲ့ ဆိုင္းဘုတ္ေတြရွိပါတယ္။ 
ကိုယ္က ရပ္လိုက္ခ်ိန္ (သို႔) အရွိန္ေလွ်ာ့လိုက္ခ်ိန္ က်မွ Blind Spot ထဲမွာ ကြယ္ေနတဲ့အရာက ျမင္ကြင္းထဲကိုေရာက္လာတာပါ။
ေနာက္တခုကေတာ့ ယာဥ္ေမာင္းရဲ႕ ေဘးခုံေပၚကသူပါ။ 
တခါက ေဘးကသူက ေျခနင္းေပၚက်သြားတဲ့ ပစၥည္းကို ကုန္းအေကာက္မွာ ကန႔္လန႔္ျဖတ္လမ္းကလာတဲ့ကားကို သူ႔ေခါင္းကကြယ္ၿပီး လုံးဝ မျမင္လိုက္လို႔ တိုက္မလို ျဖစ္ဖူးပါတယ္။ 
လမ္းဆုံေတြမွာ ယာဥ္ေမာင္းရဲ႕ ေဘးခုံေပၚကသူက ေဘး ျမင္ကြင္းကို မကြယ္မိေအာင္ သတိထားသင့္ပါတယ္။ 

ကိုယ္ကကားေမာင္းသူမဟုတ္လို႔ ဒါေတြကို သိစရာမလိုဘူးလို႔ေတာ့မထင္ပါနဲ႔၊
လမ္းအသုံးျပဳသူမွန္သမွ် လမ္းျဖတ္ကူးသူ၊ စက္ဘီး ဆိုင္ကယ္စီးသူေတြလဲ ကားေမာင္းသူရဲ႕ Blind spot မွာေရာက္ေနလွ်င္ အႏၲရာယ္ရွိတာေၾကာင့္ Blind spot ကို ေရွာင္ႏိုင္ဖို႔ သိထားသင့္ပါတယ္။
ကိုယ္က ကားရဲ႕ အေ႐ွ႕ဘက္ေဘးမွာ႐ွိလုိ႔ ယာဥ္ေမာင္းကျမင္မွာပါလို႔ေတာ့ တထစ္ခ်မယံုလိုက္ပါနဲ႔။

ယာဥ္အႏၲရာယ္ကင္းေဝးၾကပါေစ
ဖိုးသုည
3/05/2018

လမ်းဆုံကိုမဖြတ်ခင် ကားကိုဘာကြောင့် ရပ်၊ကြည့်၊ ပြီးမှသွား သင့်တာလဲ (Unicode)

အမေရိကားရောက်မိတ်ဆွေတယောက်က သူဟိုမှာကားမောင်းတာ ဒါဏ်၂ခါထိဖူးတယ်၊ ၂ခါလုံး Stop sign မှာမရပ်လို့တဲ့။
သူတို့ဆီမှာ လမ်းဆုံရောက်လို့ ကိုယ့်လမ်းမှာ Stop sign ရှိလျင် အခြားလမ်းပေါ်မှာ ကားမရှိလည်း ရပ်မျဉ်းနောက်မှာ ရပ်ကိုရပ်ရတယ်ဆိုပဲ။
အခြားလမ်းပေါ်မှာ ကားမှမရှိတာ ဘာလို့ရပ်ရမှာလည်းလို့မေးစရာရှိလာပါတယ်။ 
ဟုတ်ကဲ့ အဲတာ အရေးကြီးပါတယ်။
အခြားလမ်းပေါ်မှာ ကားမှမရှိတာ မဟုတ်ဘဲ ရှိတဲ့ကားက ကိုယ့်ရဲ့ blind spot ထဲရောက်နေလို့ မမြင်ဘဲ ကိုက လမ်းပေါ်မှာကားမရှိဘူးလို့ထင်တာ ဖြစ်နိုင်လို့ပါ။

ကားမောင်းတဲ့အခါ ကိုယ်မမြင်နိုင်တဲ့ blind spots ဆိုတာတွေရှိပါတယ်။ 
အဲဒီ blind spots တွေထဲမှာရောက်နေတဲ့ ယာဉ်/ လူ စသည်တို့ကို မမြင်လို့ မတော်တဆဖြစ်ကြတာ အတော်များလို့ပါ။ 
ကားအမျိုးစားအလိုက် blind spots တွေမတူကြပေမဲ့ အားလုံးနီးပါးကြုံရတဲ့ blind spots တွေရှိပါတယ်။ 
လူအများစုက Blind spots လို့ဆိုလိုက်လျင် ပုံ ၁ ကလို 
အလယ်နောက်ကြည့်မှန်နဲ့ ဘေးဘက် နောက်ကြည့်မှန် ကြားက ပျောက်နေတဲ့ မိမိ အနောက်ဘက် ဝဲယာ ဘေးနှစ်ဘက်က blind spots 
ဝဲယာနောက်ကြည့်မှန်ရဲ့ မြင်ကွင်းတို့ကို ကျော်လာပြီး မျက်စေ့ရဲ့ ဘေးဘက်မြင်ကွင်းထဲ ဝင်မလာသေးတဲ့ blind spots တွေကိုပဲ သိကြပါတယ်၊ 
ပုံ ၂ မှာလို မိမိအရှေ့ ဝဲယာမှာလည်း 
pillar blind spots နဲ့ 
ပုံ ၃ မှာလို့ ကားရဲ့ အရှေ့တည့်တည့် နဲ့ အနောက်တည့်တည့် အနိမ့်ပိုင်းတွေ ရှိတယ်ဆိုတာကို သတိမမူမိတတ်ပါဘူး။ 
စနစ်ကျတဲ့ ယာဉ်မောင်းသင်တန်းတွေမှာတော့ သင်ကြားပေးမှာပါ။ 
မြန်မာပြည်မှာက ခေတ်အဆက်ဆက် ယာဉ်မောင်းလိုင်စင်ကို နည်းမျိုးစုံနဲ့ရ ကြတော့ သိန်းထောင်ကျော်တန်ကားသာမောင်းနေတယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို မသိသူက အများသား။


pillar blind spots
ကားလေကာမှန်ရဲ့ ပေါင်နှစ်ခုဟာ မိမိအရှေ့ ဝဲယာမှာမှာ ကားတစီးကို မြင်ကွင်းကနေ အသာကလေး ပျောက်သွားစေပါတယ်။
အလယ်နောက်ကြည့်မှန်မှာ ချိတ်ထားတဲ့ ပန်းကုံးတို့ ဘုရားပုံတို့ ကလည်း blind spot ဖြစ်စေပါတယ်။
တခါတလေမှာ လမ်းဆုံကို ချဉ်းကပ်လာတဲ့ ကားမောင်းသူရဲ့ Blind spots ထဲမှာအရှေ့က ကန့်လန့်ဖြတ်လမ်းမှာ လမ်းဆုံကို ချဉ်းကပ်လာတဲ့ကားကရောက်နေတတ်ပါတယ်။ 
နှစ်စီးလုံးက လမ်းဆုံကို ချဉ်းကပ်လာတဲ့ အရှိန်ကမပြောင်းလျင် အဲဒီ ကန့်လန့်လမ်းပေါ်ကကားဟာ Blind spots ထဲကနေထွက်မလာဘဲ ၂စီးသား လမ်းဆုံမှာ တိုက်မိနိုင်ပါတယ်။ 
အဲဒီကား ကိုယ့်ရဲ့ Blind spot ထဲကနေထွက်လာဖို့က ကားတစီးစီက မောင်းနေတဲ့ အရှိန်ကို ပြောင်းလိုက်ဖို့လိုပါတယ်။ ဒါတောင် passenger ဘက်က Blind spot နောက်ကွယ်ကကားဆို အရှိန်ကိုပြောင်းပြီးလည်း ချက်ချင်းလည်းမမြင်ရပါ။ 
အဲလိုမြင်ရအောင်တစီးကလမ်းဆုံရပ်မျဉ်းမှာ ရပ်ရပါတယ်။ 
အဲဒါကြောင့် တူညီလမ်းဆုံပင်ဖြစ်ပါစေ တလမ်းထိပ်မှာ ရပ်မျဉ်းတားထားပေးပါတယ်။ 
မြန်မာပြည်လမ်းဆုံတချို့မှာလည်း ရပ်မျဉ်းတွေနဲ့ "ရပ်၊ကြည့်၊သွား" ဆိုတဲ့ ဆိုင်းဘုတ်တွေရှိပါတယ်။ 
ကိုယ်က ရပ်လိုက်ချိန် (သို့) အရှိန်လျှော့လိုက်ချိန် ကျမှ Blind Spot ထဲမှာ ကွယ်နေတဲ့အရာက မြင်ကွင်းထဲကိုရောက်လာတာပါ။
နောက်တခုကတော့ ယာဉ်မောင်းရဲ့ ဘေးခုံပေါ်ကသူပါ။ 
တခါက ဘေးကသူက ခြေနင်းပေါ်ကျသွားတဲ့ ပစ္စည်းကို ကုန်းအကောက်မှာ ကန့်လန့်ဖြတ်လမ်းကလာတဲ့ကားကို သူ့ခေါင်းကကွယ်ပြီး လုံးဝ မမြင်လိုက်လို့ တိုက်မလို ဖြစ်ဖူးပါတယ်။ 
လမ်းဆုံတွေမှာ ယာဉ်မောင်းရဲ့ ဘေးခုံပေါ်ကသူက ဘေး မြင်ကွင်းကို မကွယ်မိအောင် သတိထားသင့်ပါတယ်။ 

ကိုယ်ကကားမောင်းသူမဟုတ်လို့ ဒါတွေကို သိစရာမလိုဘူးလို့တော့မထင်ပါနဲ့၊
လမ်းအသုံးပြုသူမှန်သမျှ လမ်းဖြတ်ကူးသူ၊ စက်ဘီး ဆိုင်ကယ်စီးသူတွေလဲ ကားမောင်းသူရဲ့ Blind spot မှာရောက်နေလျှင် အန္တရာယ်ရှိတာကြောင့် Blind spot ကို ရှောင်နိုင်ဖို့ သိထားသင့်ပါတယ်။

ယာဉ်အန္တရာယ်ကင်းဝေးကြပါစေ
ဖိုးသုည
3/05/2018

Tuesday, June 11, 2019

ေမာင္းရင္ (ဖုန္း)မပြတ္နဲ့ ပြတ္ရင္ မေမာင္းနဲ့(မောင်းရင် (ဖုန်း)မပွတ်နဲ့ ပွတ်ရင် မမောင်းနဲ့)

ေမာင္းရင္ (ဖုန္း)မပြတ္နဲ့ ပြတ္ရင္ မေမာင္းနဲ့

မႏွစ္က ႏွစ္ကုန္ ပုဂံသြားလည္ေတာ့ ကားငွားရတယ္။

ကားဆရာက အေမာင္းကြၽမ္းတယ္၊ ရည္မြန္တယ္ သေဘာေကာင္းတယ္။
သူ႔ကို ခရီးစကတည္းက ကားေမာင္းရင္းဖုန္းေျပာတာကို မႀကိဳက္ေၾကာင္း အႏၲရာယ္မ်ားေၾကာင္း သြယ္ဝိုက္ေျပာထားတယ္။


အိပ္ခ်င္ရင္ နား၊ စားခ်င္ရင္ရပ္စား ကိုယ္ေတြက ျပသနာမရွိဘူး၊ ေဘးကင္းဖို႔ အဓိကလို႔ေျပာထားတယ္။
သူကလည္းႏိုင္ငံျခားသားေတြနဲ႔အငွားလိုက္ရင္ ဖုန္း မေျပာရဲေၾကာင္းေျပာျပတယ္။
ခက္တာက သူက ကားသုံးစီးေထာင္ထားေတာ့ အလုပ္ကိစၥေတြဖုန္းခဏခဏဝင္တယ္။
ကားေမာင္းရင္ ဖုန္းေျပာတဲ့ ကိစၥကို ႀကဳံတိုင္းသြယ္ဝိုက္ေျပာေပမယ့္ကိုယ္ေတာ္ကမမႈ၊
ကိုယ္ကလည္း အၿမဲမေျပာခ်င္ဘူး၊ စိတ္အေႏွာက္ယွက္ျဖစ္ရင္ အက္ဆိဒင့္ျဖစ္မွာစိုးရေသးတယ္၊
ကိုယ္ေတြအားလုံးအသက္က သူလက္ထဲမွာေလ။
ဒါကလြဲရင္ အလုပ္မွာ ေစတနာကေတာ့ အျပည့္ပဲ။
ခရီးဆုံးတဲ့အထိ ဘာမွမျဖစ္ဘဲ အျပန္ၾကေတာ့ အျမန္လမ္းေပၚမွာ ညခရီးျဖစ္ကေရာ။
ဆရာသမားက ဖုန္းထဲက သီခ်င္းေတြတပုဒ္ၿပီးတပုဒ္ ရွာၿပီး ကားစပီကာနဲ႔ ခ်ိတ္ဖြင့္တယ္။
ဒါေတာ့မရေတာ့ဘူး။

ညဘက္ အမွာင္ထဲ တနာရီကီလို ၉၀ နဲ႔ေမာင္းေနတုန္း ဖုန္းတဖက္ပြတ္ၿပီး သီခ်င္းရွာတာကို သည္းမခံႏိုင္ေတာ့ ။ ကိုယ္လည္း တကယ္ေၾကာက္တာ။



ကို **. ဘာသီခ်င္းရွာခ်င္လည္းေျပာ၊ က်ေနာ္ရွာေပးမယ္။
မဟုတ္ရင္ ကားရပ္ၿပီးရွာခ်င္ရွာဗ်ာ ကားေမာင္းရင္းဒီလို သီခ်င္းရွာတာကေတာ့  အလြန္အႏၲရာယ္မ်ားတယ္၊ အိပ္ခ်င္ရင္ ကားရပ္အိပ္လို႔ရတယ္။ လဘက္ရည္ဝင္ေသာက္ခ်င္လည္းရတယ္၊ ေနာက္က်မွာကို မပူဘူး လို႔ ေျပာလိုက္တယ္။
ဒီေတာ့မွ ရပါတယ္ အကိုဆိုၿပီး ဖုန္းခ်လိုက္တယ္။
အမွန္ကသူ႔ အလုပ္ေပၚထားတဲ့ ေစတနာေၾကာင့္ ေဘာက္ဆူးေပးဖို႔ စဥ္းစားထားတာ၊
ခရီးစကတည္းက ေျပာထားပါလ်က္ ကားေမာင္းရင္းဖုန္းေျပာ ႐ုံမက အျမန္လမ္းမွာေမာင္းရင္း ဖုန္းထဲက သီခ်င္းကိုရွာလို႔ လ်ာထားတဲ့ေဘာက္ဆူး မေပးျဖစ္ခဲ့ ဘူး၊
စိတ္ေတာ့မေကာင္းဘူး။ သူကလည္းႏိုင္ငံျခားသားစီးေတာ့ ဖုန္းမေျပာဘဲေမာင္းၿပီး ကိုယ္ေတြက သတိေပးလ်က္နဲ႔ ကားေမာင္းရင္းဖုန္း သုံးတာကိုး.
ေနာင္ကို ကားငွားရင္ ကားေမာင္းစဥ္ ဖုန္းမသုံးရဆိုတဲ့ စည္းကမ္းကို စငွားကတည္းက ေသခ်ာေျပာရမယ္။ တခုခုျဖစ္ရင္ ကားေပၚပါတဲ့တမိသားစုလုံးဒုကၡေရာက္မွာ။
ဖိုးသုည
11/6/19

မောင်းရင် (ဖုန်း)မပွတ်နဲ့ ပွတ်ရင် မမောင်းနဲ့

မနှစ်က နှစ်ကုန် ပုဂံသွားလည်တော့ ကားငှားရတယ်။ (Unicode) 
ကားဆရာက အမောင်းကျွမ်းတယ်၊ ရည်မွန်တယ် သဘောကောင်းတယ်။ 
သူ့ကို ခရီးစကတည်းက ကားမောင်းရင်းဖုန်းပြောတာကို မကြိုက်ကြောင်း အန္တရာယ်များကြောင်း သွယ်ဝိုက်ပြောထားတယ်။
အိပ်ချင်ရင် နား၊ စားချင်ရင်ရပ်စား ကိုယ်တွေက ပြသနာမရှိဘူး၊ ဘေးကင်းဖို့ အဓိကလို့ပြောထားတယ်။ 
သူကလည်းနိုင်ငံခြားသားတွေနဲ့အငှားလိုက်ရင် ဖုန်း မပြောရဲကြောင်းပြောပြတယ်။ 
ခက်တာက သူက ကားသုံးစီးထောင်ထားတော့ အလုပ်ကိစ္စတွေဖုန်းခဏခဏဝင်တယ်။ 
ကားမောင်းရင် ဖုန်းပြောတဲ့ ကိစ္စကို ကြုံတိုင်းသွယ်ဝိုက်ပြောပေမယ့်ကိုယ်တော်ကမမှု၊ 
ကိုယ်ကလည်း အမြဲမပြောချင်ဘူး၊ စိတ်အနှောက်ယှက်ဖြစ်ရင် အက်ဆိဒင့်ဖြစ်မှာစိုးရသေးတယ်၊ 
ကိုယ်တွေအားလုံးအသက်က သူလက်ထဲမှာလေ။
ဒါကလွဲရင် အလုပ်မှာ စေတနာကတော့ အပြည့်ပဲ။
ခရီးဆုံးတဲ့အထိ ဘာမှမဖြစ်ဘဲ အပြန်ကြတော့ အမြန်လမ်းပေါ်မှာ ညခရီးဖြစ်ကရော။
ဆရာသမားက ဖုန်းထဲက သီချင်းတွေတပုဒ်ပြီးတပုဒ် ရှာပြီး ကားစပီကာနဲ့ ချိတ်ဖွင့်တယ်။ 
ဒါတော့မရတော့ဘူး။
ညဘက် အမှာင်ထဲ တနာရီကီလို ၉၀ နဲ့မောင်းနေတုန်း ဖုန်းတဖက်ပွတ်ပြီး သီချင်းရှာတာကို သည်းမခံနိုင်တော့ ။ ကိုယ်လည်း တကယ်ကြောက်တာ။
ကို **. ဘာသီချင်းရှာချင်လည်းပြော၊ ကျနော်ရှာပေးမယ်။ 
မဟုတ်ရင် ကားရပ်ပြီးရှာချင်ရှာဗျာ ကားမောင်းရင်းဒီလို သီချင်းရှာတာကတော့  အလွန်အန္တရာယ်များတယ်၊ အိပ်ချင်ရင် ကားရပ်အိပ်လို့ရတယ်။ လဘက်ရည်ဝင်သောက်ချင်လည်းရတယ်၊ နောက်ကျမှာကို မပူဘူး လို့ ပြောလိုက်တယ်။ 
ဒီတော့မှ ရပါတယ် အကိုဆိုပြီး ဖုန်းချလိုက်တယ်။ 
အမှန်ကသူ့ အလုပ်ပေါ်ထားတဲ့ စေတနာကြောင့် ဘောက်ဆူးပေးဖို့ စဉ်းစားထားတာ၊ 
ခရီးစကတည်းက ပြောထားပါလျက် ကားမောင်းရင်းဖုန်းပြော ရုံမက အမြန်လမ်းမှာမောင်းရင်း ဖုန်းထဲက သီချင်းကိုရှာလို့ လျာထားတဲ့ဘောက်ဆူး မပေးဖြစ်ခဲ့ ဘူး၊ 
စိတ်တော့မကောင်းဘူး။ သူကလည်းနိုင်ငံခြားသားစီးတော့ ဖုန်းမပြောဘဲမောင်းပြီး ကိုယ်တွေက သတိပေးလျက်နဲ့ ကားမောင်းရင်းဖုန်း သုံးတာကိုး.
နောင်ကို ကားငှားရင် ကားမောင်းစဉ် ဖုန်းမသုံးရဆိုတဲ့ စည်းကမ်းကို စငှားကတည်းက သေချာပြောရမယ်။ တခုခုဖြစ်ရင် ကားပေါ်ပါတဲ့တမိသားစုလုံးဒုက္ခရောက်မှာ။ 
ဖိုးသုည
11/6/19