Showing posts with label visa. Show all posts
Showing posts with label visa. Show all posts

Sunday, June 2, 2019

အေမရိကန္ျပည္ဝင္ခြင့္ဗီဇာေလွ်ာက္သူမ်ား ဆိုရွွယ္မီဒီယာအေကာင့္ နဲ႔ အီးေမးလ္၊ ဖုန္းနံပတ္ေတြပါေပးရေတာ့မယ္။

အေမရိကန္ျပည္ဝင္ခြင့္ဗီဇာေလွ်ာက္သူမ်ား အီးေမးလ္၊ ဖုန္းနံပတ္ေတြသာမက ဆိုရွယ္မီဒီယာအေကာင့္ေတြပါေပးရေတာ့မယ္။ 

ဒီ ဇြန္၁ ရက္မွာ စတင္ အသက္ဝင္တဲ့၊ ၂၀၁၈ မတ္လကတည္းက ထရမ့္အစိုးရ အဆိုျပဳထားခဲ့တ၊ဲ့ ဥပေဒသစ္အရ အေမရိကန္ဗီဇာေလွ်ာက္သူေတြဟာ၊ သူတို႔ရဲ႕ ဆိုရွယ္မီဒီယာအေကာင့္အမည္၊ ၅ ႏွစ္အတြင္းသုံးခဲ့တဲ့ ဖုန္းနဲ႔ အီးေမးလိပ္စာေတြကိုပါေပးရမယ္ဆိုပါတယ္။
အြန္လိုင္းျဖည့္ရတဲ့ ပုံစံမွာ ျဖည့္ဖို႔ပါလာမွာျဖစ္ၿပီး ဆိုရွယ္မီဒီယာနဲ႔ အီးေမးလ္းမသုံးသူကေတာ့ မသုံးဘူးလို႔ေ႐ြးေပးလို႔ရမယ္ ဆိုပါတယ္။ 


သံတမန္နဲ႔ အစိုးရတာဝန္နဲ႔လာသူေတြကေတာ့ ဒီလိုလုပ္စရာမလိုေသးဘူးဆိုပါတယ္။
လုံၿခဳံေရး အေၾကာင္းျပခ်က္နဲ႔ ဒီလိုတင္းၾကပ္မႈက တႏွစ္ကို ဗီဇာေလွ်ာက္သူ ၁၄.၇ သန္းေလာက္ကို အက်ိဳးသက္ေရာက္ေစမွာပါ။
မမွန္ကန္တဲ့ အခ်က္အလက္ေတြ ေပးလ်င္ေတာ့ ျပင္းထန္တဲ့ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ အက်ိဳးဆက္ေတြကိုခံစားရလိမ့္မယ္လို႔ဆိုပါတယ္။ 
Civil Liberties Union ဆိုတဲ့ လူမႉအခြင္းေရးလႈပ္ရွားတဲ့ အုပ္စုကေတာ့ ဒီလို ဆိုရွယ္မီဒီယာေတြကို စိစစ္တာ အက်ိဳးရွိတယ္ဆိုတဲ့ အေထာက္အထားမရွိသလို တရားမွ်တမႉလည္း မရွိဘူးလို႔ဆိုေနပါတယ္။ 
ေဖ့ဘြတ္အေကာင့္အမ်ားႀကီးရွိသူေတြ တခုၿပီးတခုေျပာင္းသုံးသူေတြအတြက္ေတာ့ ၅ ႏွစ္စာအေကာင့္ေတြ မွတ္မိဖို႔ကေခါင္းခဲစရာပါ။ 
တခ်ိဳ႕ကေတာ့ သိပ္႐ိုးသားလြန္းၿပီး သူမ်ားလုပ္ေပးတာကိုပဲသုံးေနတဲ့ သူေတြ ရွိပါတယ္။ ပါ့စ္ဝါ့ဒ္ မမွတ္မိလိူ႔ မလုပ္တတ္တာနဲ႔ အေကာင့္သစ္ထပ္ဖြင့္သူေတြကလည္းမနည္းလွ။  ကိုယ့္ ၅ ႏွစ္ အတြင္း ေျပာင္းသုံးထားတဲ့ အေကာင့္ေတြကို မမွတ္မိလ်င္ ဘယ္လိုလုပ္မယ္မသိ။
ျမန္မာျပည္မွာက ဆင္းမ္ကဒ္ သုံးေလးခုကို ခဏခဏေျပာင္း သုံးသူေတြကမ်ား။
တခ်ိဳ႕က အီးေမးကို သူမ်ားက ဖြင့္ေပးၿပီး တခါမွမသုံးလို႔ မွတ္လည္း မမွတ္မိ၊
႐ိုး႐ိုးသားသား မမွတ္မိသူေတြေတာ့ အေကာင့္ကလည္း ေသသလိုျဖစ္ေနေတာ့ ျပႆ     နာမျဖစ္ဘူး လို႔  ေမွ်ာ္လင့္ပါရဲ႕။
ဖိုးသုည


အမေရိကန်ပြည်ဝင်ခွင့်ဗီဇာလျှောက်သူများ အီးမေးလ်၊ ဖုန်းနံပတ်တွေသာမက ဆိုရှယ်မီဒီယာအကောင့်တွေပါပေးရတော့မယ်။ (Unicode) 

ဒီ ဇွန်၁ ရက်မှာ စတင် အသက်ဝင်တဲ့၊ ၂၀၁၈ မတ်လကတည်းက ထရမ့်အစိုးရ အဆိုပြုထားခဲ့တ၊ဲ့ ဥပဒေသစ်အရ အမေရိကန်ဗီဇာလျှောက်သူတွေဟာ၊ သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်အမည်၊ ၅ နှစ်အတွင်းသုံးခဲ့တဲ့ ဖုန်းနဲ့ အီးမေးလိပ်စာတွေကိုပါပေးရမယ်ဆိုပါတယ်။
အွန်လိုင်းဖြည့်ရတဲ့ပုံစံမှာ ဖြည့်ဖို့ပါလာမှာဖြစ်ပြီး ဆိုရှယ်မီဒီယာနဲ့ အီးမေးလ်းမသုံးသူကတော့ မသုံးဘူးလို့ရွေးပေးလို့ရမယ် ဆိုပါတယ်။ 
သံတမန်နဲ့ အစိုးရတာဝန်နဲ့လာသူတွေကတော့ ဒီလိုလုပ်စရာမလိုသေးဘူးဆိုပါတယ်။
လုံခြုံရေး အကြောင်းပြချက်နဲ့ ဒီလိုတင်းကြပ်မှုက တနှစ်ကို ဗီဇာလျှောက်သူ ၁၄.၇ သန်းလောက်ကို အကျိုးသက်ရောက်စေမှာပါ။
မမှန်ကန်တဲ့ အချက်အလက်တွေ ပေးလျင်တော့ ပြင်းထန်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးဆက်တွေကိုခံစားရလိမ့်မယ်လို့ဆိုပါတယ်။ 
Civil Liberties Union ဆိုတဲ့ လူမှူအခွင်းရေးလှုပ်ရှားတဲ့ အုပ်စုကတော့ ဒီလို ဆိုရှယ်မီဒီယာတွေကို စိစစ်တာ အကျိုးရှိတယ်ဆိုတဲ့ အထောက်အထားမရှိသလို တရားမျှတမှူလည်း မရှိဘူးလို့ဆိုနေပါတယ်။ 
ဖေ့ဘွတ်အကောင့်အများကြီးရှိသူတွေ တခုပြီးတခုပြောင်းသုံးသူတွေအတွက်တော့ ၅ နှစ်စာအကောင့်တွေ မှတ်မိဖို့ကခေါင်းခဲစရာပါ။ 
တချို့ကတော့ သိပ်ရိုးသားလွန်းပြီး သူများလုပ်ပေးတာကိုပဲသုံးနေတဲ့ သူတွေ ရှိပါတယ်။ ပါ့စ်ဝါ့ဒ် မမှတ်မိလိူ့ မလုပ်တတ်တာနဲ့ အကောင့်သစ်ထပ်ဖွင့်သူတွေကလည်းမနည်းလှ။  ကိုယ့် ၅ နှစ် အတွင်း ပြောင်းသုံးထားတဲ့ အကောင့်တွေကို မမှတ်မိလျင် ဘယ်လိုလုပ်မယ်မသိ။
မြန်မာပြည်မှာက ဆင်းမ်ကဒ် သုံးလေးခုကို ခဏခဏပြောင်း သုံးသူတွေကများ။
တချို့က အီးမေးကို သူများက ဖွင့်ပေးပြီး တခါမှမသုံးလို့ မှတ်လည်း မမှတ်မိ၊
ရိုးရိုးသားသား မမှတ်မိသူတွေတော့ အကောင့်ကလည်း သေသလိုဖြစ်နေတော့ ပြဿ     နာမဖြစ်ဘူး လို့  မျှော်လင့်ပါရဲ့။
ဖိုးသုည

Wednesday, January 30, 2019

မြန်မာနိုင်ငံသားတွေအတွက် ခရီးထောက်စဉ် မလေးရှားကိုခေတ္တဝင်လည်နိုင်တဲ့ Transit pass without visa ( ျမန္မာႏိုင္ငံသားေတြအတြက္ ခရီးေထာက္စဥ္ မေလးရွားကိုေခတၱဝင္လည္ႏိုင္တဲ့ Transit pass without visa )

မြန်မာနိုင်ငံသားတွေအတွက် ခရီးထောက်စဉ် မလေးရှားကိုခေတ္တဝင်လည်နိုင်တဲ့ Transit pass without visa 
ျမန္မာႏိုင္ငံသားေတြအတြက္ ခရီးေထာက္စဥ္ မေလးရွားကိုေခတၱဝင္လည္ႏိုင္တဲ့ Transit pass without visa ( in Zawgyi font) 

( ဤအချက်အလက်တွေကို မလေးရှားအစိုးရရဲ့ တရားဝင် အင်မီဂရေးရှင်းနဲ့ ဗီဇာဝဘ်ဆိုဒ်မှာ ရှာလို့တွေ့မှာမဟုတ်ပါ။ ဒါပေမဲ့ တရားဝင်ပါ။ သြစတေးသျှက မလေးသံရုံးနဲ့ KLIA2 ရဲ့ တရားဝင် ဝဘ်ဆိုဒ် တွေမှာတော့ ရှိပါတယ်)

မလေးရှားနိုင်ငံ ကွာလာလမ်ပွာ KLIA နဲ့ KLIA2 လေဆိပ်နှစ်ခုမှာ လေယာဉ်ပြောင်းစီးသူ မြန်မာနိုင်ငံသားတွေ ခရီးထောက်ချိန် အတွင်း မလေးရှားနိုင်ငံထဲ ဝင်လည်ပတ်လိုပါက  Transit pass without visa  ကို လေဆိပ်ထဲမှာ တောင်းယူပြီး ဝင်လည်လို့ရပါတယ်။
ခရီးဆက်မည့် လေယာဉ် လက်မှတ်ကို ပြရပါတယ် ။
လာခဲ့ တဲ့ နိုင်ငံကို ပြန်မည့် လက်မှတ်နဲ့ တော့မရပါ။ အခြားနိုင်ငံတခုခုကို အသွားခရီးထောက်တာကိုပဲ လက်ခံတာပါ။
ခရီးထောက်ချိန် ၅ ရက် (နာရီ ၁၂၀ ) နဲ့အောက် ဆိုရင် လေဆိပ်ထဲမှာ Transit pass without visa တံဆိပ်တုံး ရယူနိုင်ပါတယ်။


( ဤအခ်က္အလက္ေတြကို မေလးရွားအစိုးရရဲ႕ တရားဝင္ အင္မီဂေရးရွင္းနဲ႔ ဗီဇာဝဘ္ဆိုဒ္မွာ ရွာလို႔ေတြ႕မွာမဟုတ္ပါ။ ဒါေပမဲ့ တရားဝင္ပါ။ ၾသစေတးသွ်က မေလးသံ႐ုံးနဲ႔ KLIA2 ရဲ႕ တရားဝင္ ဝဘ္ဆိုဒ္ ေတြမွာေတာ့ ရွိပါတယ္)
မေလးရွားႏိုင္ငံ ကြာလာလမ္ပြာ KLIA နဲ႔ KLIA2 ေလဆိပ္ႏွစ္ခုမွာ ေလယာဥ္ေျပာင္းစီးသူ ျမန္မာႏိုင္ငံသားေတြ ခရီးေထာက္ခ်ိန္ အတြင္း မေလးရွားႏိုင္ငံထဲ ဝင္လည္ပတ္လိုပါက  Transit pass without visa  ကို ေလဆိပ္ထဲမွာ ေတာင္းယူၿပီး ဝင္လည္လို႔ရပါတယ္။

ခရီးဆက္မည့္ ေလယာဥ္ လက္မွတ္ကို ျပရပါတယ္ ။

လာခဲ့ တဲ့ ႏိုင္ငံကို ျပန္မည့္ လက္မွတ္နဲ႔ ေတာ့မရပါ။ အျခားႏိုင္ငံတခုခုကို အသြားခရီးေထာက္တာကိုပဲ လက္ခံတာပါ။

ခရီးေထာက္ခ်ိန္ ၅ ရက္ (နာရီ ၁၂၀ ) နဲ႔ေအာက္ ဆိုရင္ ေလဆိပ္ထဲမွာ Transit pass without visa တံဆိပ္တုံး ရယူႏိုင္ပါတယ္။



Transit pass example


လိုအပ်ချက်တွေကတော့ 
၁. ဆိုက်ရောက်ပြီး နာရီ ၁၂၀ ( ၅ ရက်) အတွင်း တတိယနိုင်ငံတခုခု (မိမိလာခဲ့သောနိုင်ငံမဟုတ်ရ) ကိုဆက်သွားမည့် လေယာဉ်လက်မှတ်ရှိရပါမယ်။
၂. မလေးရှားနိုင်ငံကို ဆိုက်ရောက်သည့်လေဆိပ်နှင့် ပြန်လည်ထွက်ခွာသည့်လေဆိပ်အတူတူဖြစ်ရပါမယ်။
၃. တတိယနိုင်ငံတခုခု ကိုဆက်သွားဖို့လေယာဉ်လက်မှတ်က အတည်ပြုပြီးသား confirmed လက်မှတ်ဖြစ်ရပါမယ်၊  waiting list ဆိုမရပါ။
၄. ပါ့စ်ပို့က သက်တန်း အနည်းဆုံး ၆လ ကျန်ရှိရပါမယ်။
၅. တတိယနိုင်ငံတခုခု ကိုဆက်သွားဖို့လေယာဉ်လက်မှတ်ကို ပရင့်ထုတ်ပြီးသားပြရပါမယ်။ ဘွတ်ကင်နံပတ်ပဲပြလို့မရပါ

လိုအပ္ခ်က္ေတြကေတာ့ 
၁. ဆိုက္ေရာက္ၿပီး နာရီ ၁၂၀ ( ၅ ရက္) အတြင္း တတိယႏိုင္ငံတခုခု (မိမိလာခဲ့ေသာႏိုင္ငံမဟုတ္ရ) ကိုဆက္သြားမည့္ ေလယာဥ္လက္မွတ္ရွိရပါမယ္။
၂. မေလးရွားႏိုင္ငံကို ဆိုက္ေရာက္သည့္ေလဆိပ္ႏွင့္ ျပန္လည္ထြက္ခြာသည့္ေလဆိပ္အတူတူျဖစ္ရပါမယ္။
၃. တတိယႏိုင္ငံတခုခု ကိုဆက္သြားဖို႔ေလယာဥ္လက္မွတ္က အတည္ျပဳၿပီးသား confirmed လက္မွတ္ျဖစ္ရပါမယ္၊  waiting list ဆိုမရပါ။
၄. ပါ့စ္ပို႔က သက္တန္း အနည္းဆုံး ၆လ က်န္ရွိရပါမယ္။
၅. တတိယႏိုင္ငံတခုခု ကိုဆက္သြားဖို႔ေလယာဥ္လက္မွတ္ကို ပရင့္ထုတ္ၿပီးသားျပရပါမယ္။ ဘြတ္ကင္နံပတ္ပဲျပလို႔မရပါ



Myanmar passport holders can apply Transit pass


KLIA
မှာ အင်မီဂရေးရှင်းကောင်တာတွေကိုမရောက်မီ ဖုန်းဆင်းမ်ကဒ်တွေရောင်းတဲ့ ဆိုင်တွေလွန်တာနဲ့  Transit pass ကောင်တာကို ညာဖက်မှာတွေ့နိုင်ပါတယ်။
အဲဒီမှာ အကျိုးကြောင်းပြောပြပြီး လိုအပ်တာတွေထုတ်ပြပါ။ ၅ရက်စာတုံးထုပေးပြီး ဘယ်ကောင်တာကနေဖြတ်ပါလို့ ပြောပါလိမ့်မယ်
KLIA
မွာ အင္မီဂေရးရွင္းေကာင္တာေတြကိုမေရာက္မီ ဖုန္းဆင္းမ္ကဒ္ေတြေရာင္းတဲ့ ဆိုင္ေတြလြန္တာနဲ႔  Transit pass ေကာင္တာကို ညာဖက္မွာေတြ႕ႏိုင္ပါတယ္။
အဲဒီမွာ အက်ိဳးေၾကာင္းေျပာျပၿပီး လိုအပ္တာေတြထုတ္ျပပါ။ ၅ရက္စာတုံးထုေပးၿပီး ဘယ္ေကာင္တာကေနျဖတ္ပါလို႔ ေျပာပါလိမ့္မယ္

KLIA Transit pass counter



KLIA2 
မှာကတော့ အင်မီဂရေးရှင်းကောင်တာတွေကိုမရောက်မီ ဝင်ဖို့တန်းစီတဲ့လိုင်းတွေအစမှာ ဆိုင်းဘုတ်ကလေးနဲ့ Transit pass ကောင်တာကိုသွားဖို့ လမ်းညွှန်ထားတာရှိပါတယ်။

KLIA2 
မွာကေတာ့ အင္မီဂေရးရွင္းေကာင္တာေတြကိုမေရာက္မီ ဝင္ဖို႔တန္းစီတဲ့လိုင္းေတြအစမွာ ဆိုင္းဘုတ္ကေလးနဲ႔ Transit pass ေကာင္တာကိုသြားဖို႔ လမ္းၫႊန္ထားတာရွိပါတယ္။


KLIA2 Transit pass counter sign



KLIA2 Transit pass counter sign






သြစတေးသျှရှိ မလေး ကောင်စစ်ဝန်ရုံး webpage မှ




KLIA2 web page







ကိုးကား
၁. http://www.kln.gov.my/web/aus_perth/other_information/-/asset_publisher/2TQe/content/transit-pass?redirect=%2Fweb%2Faus_perth%2Fother_information
၂. http://www.klia2.info/trips/malaysia/malaysia-visa-information