Showing posts with label Story. Show all posts
Showing posts with label Story. Show all posts

Tuesday, July 16, 2019

ရင္ခုန္စရာမ်ားနဲ႔ ျပည့္ေနတဲ့ ျပည္ေတာ္ျပန္ခရီး ( ရင်ခုန်စရာများနဲ့ ပြည့်နေတဲ့ ပြည်တော်ပြန်ခရီး)

ျပည္ေထာင္စု ျမန္မာႏိုင္ငံမွ လႈိက္လွဲစြာႀကိဆိုပါ၏

" ဒီမယ္၊ ဒါကဘာလဲ " 
ယူနီေဖါင္းဝတ္ အေကာက္ခြန္ဝန္ထမ္းမမက ျဖည့္ထားတဲ့ အေကာက္ခြန္ေၾကျငာခ်က္ပုံစံကိုၾကည့္ၿပီး မ်က္ႏွာထားနဲ႔ ေမးတာပါ။
" ရင္းဂစ္ ၅၀ ပါလာတယ္ေလ။ ႏိုင္ငံျခားေငြယူလာရင္ ေၾကျငာရမယ္ဆိုလို႔ ေၾကျငာတာေလ၊  တရားဝင္ ယူလာတာကိုေၾကျငာတာေလ" 
ငါ မဟုတ္တာဘာမွ မလုပ္ထားဘူး၊ အမွန္ကန္ အကုန္ျဖည့္ထားတယ္၊ လာရစ္ရင္ ျပန္တြယ္မယ္လို႔ ေမာင္းတင္ထားတဲ့ စိတ္နဲ႔ ျပန္ေျဖရင္းပိုက္ဆံကိုပါ ထုတ္ျပလိုက္ပါတယ္၊ 
" ဒီေလာက္နည္းနည္းကေလးနဲ႔ ဘာလုပ္မွာလဲ၊ " 
" က်ေနာ္က အျပန္က် ေလယာဥ္ေျပာင္းစီးရမွာဗ်၊ ဒီပိုက္ဆံမွ မပါရင္ ေလဆိပ္မွာ ဘာနဲ႔ စားမလဲ၊ ေလဆိပ္ကထြက္ရင္ တကၠစီခလည္းလိုေသးတယ္ေလဗ်ာ။  မ်ားမ်ားယူလာရင္ ျပသနာလုပ္မွာစိုးလို႔ ရင္းဂစ္ေလး ၅၀ ယူလာတာေလ။ ပုံစံထဲမွာ ျမန္မာႏိုင္ငံသားဆို ႏိုင္ငံျခားေငြတန္ဖိုးဘယ္ေလာက္ျဖစ္ျဖစ္ေၾကျငာရမယ္ဆိုလို႔ေၾကျငာတာေလဗ်ာ" 
" ႏိုင္ငံျခားေငြေၾကျငာရင္ ႏိုင္ငံျခားဘဏ္မွာ အေကာင့္ဖြင့္ၿပီး အပ္ခဲ့ရမယ္၊ ျပန္ထြက္မွျပန္ယူရမွာ။ ဒီေလာက္နည္းနည္းကေလးနဲ႔ ဘာလုပ္မလဲ အလုပ္ရႈပ္တယ္။ မပါဘူလို႔ ျပန္ေရး" 
" ေအာ္ ဒီလိုလား၊ မသိဘူေလဗ်ာ ေၾကျငာဆိုေတာ့ လည္းေၾကျငာရတာေပါ့၊ ကဲ ျပင္လိုက္ပါ့မယ္။ "
ေက်းဇူးတင္စြာနဲ႔ ကပ္စတန္ မမရဲ႕ ခြင့္ျပဳခ်က္နဲ႔ မေလးရွားရင္ ဂစ္ ၅၀ ကို ျမန္မာျပည္ထဲကို တရားမဝင္ယူသြင္းခဲ့ဖူးတဲ့ ျမန္မာတေယာက္ရဲ႕ တကဲ့အျဖစ္အပ်က္ကေလးပါ။ 


တခ်ိန္က ျပည္ပႏိုင္ငံမ်ားမွာ အလုပ္သြားလုပ္ၾကတဲ့ ျမန္မာႏိုင္ငံသားမ်ားအတြက္ ျပည္ေတာ္ျပန္ခရီးဆိုတာ အင္မတန္ ရင္ခုန္ရတဲ့ ခရီးပါ။ 
ခြဲခြာေနရတဲ့ မိသားစုနဲ႔ ျပန္ဆုံရမွာျဖစ္လို႔ စိတ္လႈပ္ရွားရတာထက္ ေလဆိပ္အဝင္မွာ ဘာမ်ား အရစ္ခံရမလဲ ဘယ္လိုေျဖရွင္းရမလဲဆိုတာက အေရးအႀကီးဆုံးျပသနာပါ။ 
တရားဝင္ အလုပ္ထြက္လုပ္ၾကတဲ့သူေတြေတာင္ မျပန္ခင္ ေနာက္ဆုံးသတင္းနဲ႔ လိုအပ္ခ်က္ေတြကို ျမန္မာျပည္က ျပန္လာသူေတြဆီက စနည္းနာၿပီးျပင္ဆင္ရတာပါ။ 
အထူးသျဖင့္ မေလးရွားက ျပန္လာသူ ေတြချမာသူတို႔ေခြၽးနည္းစာကေလးကို ဆက္ေၾကးေပးၾကရပါတယ္။ 
မေလးရွားေလဆိပ္မွာ ေလယာဥ္ေပၚမတက္ခင္ ဘုတ္ဒင္းဂိတ္ ေကာင္တာကေပးတဲ့  arrival card  နဲ႔   custom deceleration form ေတြကို ျဖည့္ၾက မသိသူကို ကူျဖည့္ေပးၾကရင္ ၁၀ တန္ကေလးေတြကို ရန္ကုန္ေလဆိပ္မွာေပးဖို႔ အဆင္သင့္ျပင္ေနၾကတဲ့ လူငယ္ကေလးေတြကိုေတြ႕ေတာ့ အေတာ္ကိုစိတ္မေကာင္းပါ။ 
စာ႐ြက္စာတန္းစုံရင္ ဘာမွ ေပးစရာမလိုပါဘူးလို႔သူတို႔ကိုေျပာလည္း သူတို႔ကေတာ့ အသားလြတ္ အရစ္ခံရမွာကို ေၾကာက္ၾကပါတယ္။ 
တကယ္ေတာ့ ကိုယ္ေတြလည္း ဟန္ကိုယ့္ဖို႔လုပ္ၿပီး ျပန္ရေပမယ့္ စိတ္ကေတာ့ တထင့္ထင့္ရယ္။ 
အခြန္ေျပစာ မူရင္း၊ မိတၱဴ၊ ဇနီးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာ၊ မိမိခြင့္စာ မူရင္းနဲ႔မိတၱဴ၊ ခြင့္စာကိုသံ႐ုံးမွာ ၁၀ ေပးၿပီး တုံးထုရေသးတယ္။ 
ကိုယ္ အလုပ္လုပ္တဲ့ ေနရာက အေရွ႕မေလးရွားဆိုေတာ့ ျမန္မာသံ႐ုံးကမရွိ၊ ကြာလာလမ္ပြာမွာ ခရီးေထာက္ေတာ့ စားရိတ္ကုန္ခံ ညအိပ္ၿပီး သံ႐ုံးသြား အခြန္ေဆာင္၊ ေထာက္ခံစာယူ. တံဆိပ္တုံးထုျပည္စုံေအာင္ လုပ္လာခဲ့ရတာ၊ 
ဒါေပမယ့္ခြင့္စာက မေလးဘာသာနဲ႔ ဆိုေတာ့ ရန္ကုန္ ေလဆိပ္မွာ ရစ္ေနမလားလို႔ ပူေနရတာေလ။ 
ေလယာဥ္ႀကီး ရန္ကုန္ေလဆိပ္ကို ေခ်ာေမြ႕စြာဆင္းၿပီ ဆိုတာနဲ႔ ေဘးအႏၲရာယ္အတြက္ အပူတခုကေလ်ာ့သြားၿပီး အင္မီဂေရးရွင္းနဲ႔ ကပ္စတန္ကို ျဖတ္ဖို႔ ရင္ေတြခုန္ ကိုယ့္ဟာကိုယ္ေမာင္းတင္ထား။ 
"Myanmar Passport holder"  ဆိုတဲ့ အတန္းမွာသြားတန္းစီ
ရင္ထဲမွာေတာ့ ေက်ာက္မီးေသြးရထာႀကီးခုတ္လို႔။ 
ကိုယ္အေရွ႕ကလူေတြတခ်ိဳ႕က ပါ့စ္ပို႔ထဲ ပိုက္ဆံကေလး ညႇပ္ေပးလိုက္တာကိုေတြ႕ပါရဲ႕။
ကိုယ္က မဟုတ္တာ လုပ္တဲ့ သူမဟုတ္သလို လာဘ္ေပးလာဘ္ယူကိုဆန္႔က်င္သူမို႔ ေစတနာရွိရင္ ေပးတတ္ေပမယ့္ ရစ္ရင္ ေတာ့ ျပန္ရစ္တတ္သူေလ။ 
ကိုယ္အလွဲ႔ေရာက္ေတာ့ မ်က္ႏွာကို ခပ္တည္တည္ထား၊ 
စပါၿပီ "အကို ကေလးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာပါလား" 
" ဘာဗ်၊ ဒီကေလး တႏွစ္ခြဲသားကို ဘယ္သူကအလုပ္ေပးလို႔လုပ္ရမွာလဲ၊ ကိုင္ထားတာက CI ေလ passport ေတာင္ မရေသးဘူး။
 ( တခ်ိန္က ၁၅ ႏွစ္ေအာက္ ကေလးေတြကို Certificate of Identity ဆိုတဲ့ စာ႐ြက္ကေလးထုတ္ေပးပါတယ္။ အဲဒီစာ႐ြက္ေတြ႕တဲ့ သူမ်ားႏိုင္ငံ passport control က immigration ဝန္ထမ္းေတြက ဘာမွန္းမသိလို႔ ျမန္မာမိဘေတြ အၿမဲလိုလို အရစ္ခံရ စိတ္ညစ္ရပါတယ္။ ေနာက္ပိုင္း အစိမ္းေရာင္ ကဒ္ကေလး နဲ႔ စာမ်က္ႏွာအလြတ္ ၈ မ်က္ႏွာပါတာကေလးရေတာ့ နည္းနည္းေတာ္သြားေပမယ့္ ၂ ႏွစ္တခါေလာက္ စာမ်က္ႏွာကုန္လို႔ အသစ္ျပန္လဲရၿပီး ႏိုင္ငံျခား  immigration  ဝန္ထမ္းေတြက အဲဒါဘာလဲလို႔ ဘာမွန္းသိပ္မသိၾကပါ၊ )




dependent pass နဲ႔ ဘယ္ႏိုင္ငံမွာမွ အလုပ္ေပးမလုပ္ဘူးေလဗ်ာ"  တင္းၿပီေလ။
" ဟုတ္ပါတယ္ ၊ ဒါေပမယ့္ စဥ္းကမ္းအရ ခြင့္စာမပါရင္ အလုပ္မလုပ္ေၾကာင္းသံ႐ုံးကေထာက္ခံစာပါရမယ္"
" ကဲဒါျဖင့္အခုက်ေနာ္ကဘာလုပ္ရမလဲ၊ ဒီကေန သံ႐ုံးကို လွမ္းေတာင္းရေအာင္သံ႐ုံလဲပိတ္ေနၿပီ၊ ခင္ဗ်ားကေပးမဝင္ရင္ ကေလး ကိုဒီမွာထားခဲ့ရမွာလား" အသံကလဲက်ယ္လာ။ ကေလးကလဲ သူ႔ကိုထားခဲ့မွာစိုးလို႔ငို။ 
" အဲဒါဆို ေထာက္ခံစာမပါရင္ ျပန္ထြက္တဲ့အခါ D from ျပန္လုပ္ရမယ္" 
" ရတယ္ လုပ္မယ္ဗ်ာ၊ ဘယ့္ႏွယ္ ဒီကေလး ပိစိ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာေပးရမတဲ့" 
အေတာ္ကို သဘာဝ မက်တဲ့ လုပ္ထုံးလုပ္နည္းေတြလား ေငြညႇစ္ေပါက္ေတြလားမသိ။ 
မေက်မနပ္နဲ႔ ဘုေျပာေတာ့လဲ  ပိုက္ဆံမရမွန္းသိသြားလို႔ ပါ့စ္ ပို႔ကို တုံးထုၿပီး လႊတ္ေပးလိုက္ပါေတာ့တယ္။
အဲဒီ အခ်ိန္ မုံ႔ဖိုးေပးဖို႔ကလဲ ေစတနာနည္းနည္းမွ မရွိေတာ့လို႔ ေမပးခဲ့။  
ထြက္လာၿပီး ပစၥည္းရါေးမယ္ဆိုေတာ့ တြန္းလွည္းေတြကို မေတြ႕၊
လားလား အလုပ္သမားဆိုသူေတြက လွည္းကိုယ္စီယူထားၿပီး ေစာင့္ေနၾကတာ။
ကိုယ့္အိတ္ကိုယ္ယူလို႔မရ၊ သူတို႔က ကူသလိုဘာလိုနဲ႔ ဒါးျပတိုက္သလို လုၾက။
ဟုတ္ပါၿပီ ကိုယ္လဲ ကေလးနဲ႔ ဆိုေတာ့ အကူရပါတယ္လို႔ စိတ္ေျဖၿပီး ေပးတြန္းလိုက္တယ္။ 
လာႀကိဳတဲ့ကားဆီေရာက္ေတာ့ ဘယ္သူေတြမွန္းမသိဝိုင္တင္ၾကျပန္လို႔ ပစၥည္းမေပ်ာက္ေအာင္ ၾကည့္ရင္း ေအာ္ရျပန္။ 
ပိုက္ဆံေပးေတာ့ သူလည္းပါတယ္ ငါလည္းပါတယ္တဲ့ ဝိုင္းလာၾကျပန္ပါေရာ။ 
ႏိုင္ငံျခားမွာ အလုပ္သြားလုပ္တာ ျပန္လာရင္ ေဝသႏၲရာလုပ္ဖို႔ လို႔ ထင္ၾကသလားမသိ။
ဟိုမွာ ဘယ္လိုဒုကၡခံရတယ္၊ ဘယ္ေလာက္ပင္ပန္းတယ္၊ သည္းခံရတယ္ဆိုတာသူတို႔အလုပ္မဟုတ္ ၊ 
ႏိုင္ငံျခားကျပန္လာရင္ ေငြ႐ြင္တယ္၊ ညႇစ္ရမယ္လို႔ပဲ ေတြးၾကပုံရတယ္။ 

D from  ကို online လုပ္လို႔ရတဲ့ အခ်ိန္ ျဖစ္လို႔ မျပန္ခင္ အလြယ္တကူပဲ ၂၀၀၀ က်ပ္နဲ႔ လုပ္လိုက္ရပါတယ္။ 
ကားရပ္ေတာ့ ပစၥည္းေတြကို ဝိုင္လုၾကျပန္။ 
လွည္းေပၚလုတင္ၿပီး တြန္းေတာ့ အိတ္တလုံးျပဳတ္က်ၿပီး ဘီးကြဲလို႔ စိတ္ကတိုၿပီး ေအာ္မိပါေပါ့။ 
တခါ အျပန္မွာေတာ့ Departure card ျဖည့္ရျပန္ပါတယ္။ 


အဲဒီ အခ်ိန္တုန္းက ကိုယ့္ႏိုင္ငံ ကိုယ္ျပန္သူေတြ arrival card နဲ႔departure card ျဖည့္ရတာ ျမန္မာတႏိုင္ငံပဲရွိမယ္ထင္ပါတယ္။ 
ဒီလိုနဲ႔ ရန္ကုန္ကေလယာဥ္ထြက္ၿပီး မေလးရွားကို ေရာက္ေတာ့ ေလယာဥ္ေျပာင္း၊ ကိုတာကင္နာဘာလုေရာက္ immigration မွာ အေမးအျမန္းမရွိ၊ custom ကို nothing to declare ဆိုၿပီး ျဖတ္ေတာ့ ဘာမွ မေမး။ 
အင္း   ကိုယ့္ႏိုင္ငံျပန္ရတာထက္ သူမ်ားႏိုင္ငံလာရတာက ပိုၿပီး ေပါ့ေပါ့ပါးပါးရွိလိုက္တာ။
စိတ္ထဲ ဘာပူပန္မႈ တင္းၾကပ္မႈမွမျဖစ္။ 

ေနာက္ႏွစ္ စကၤာပူကတဆင့္ျပန္ေတာ့ ကေလး က ၃ ႏွစ္။ 
သားအဖ ၂ေယာက္ ခ်န္ဂီေလဆိပ္မွာ ပါ့စ္ပို႔ကြန္ထ႐ိုး အတန္းထဲဝင္စီတာေပါ့။
ကိုယ့္အေရွ႕မွာ လူ ၁၀ ေယာက္ေလာက္။ 
ကေလးက စကားမ်ားမ်ားနဲ႔ ေငးလိုက္ေမးလိုက္လုပ္ေနတုန္း ယူနီေဖါင္းဝတ္တေယာက္ကလာေခၚတယ္။ 
ဟိုဖက္က သီးသန္႔ေကာင္တာကို လာခဲ့တဲ့၊ ကေလးနဲ႔ မို႔လို႔ေစာင့္ေနရတာၾကာမွာစိုးလို႔တဲ့။
ခ်က္ခ်င္းဘဲ စစ္ေဆးၿပီး တုံးထုေပးလိုက္တာ၊
ေဩာ္ ကိုယ့္ႏိုင္ငံျပန္တုန္းက ကေလးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာေတာင္းခံရ အရစ္ခံရနဲ႔ သူမ်ားႏိုင္ငံထဲဝင္ဖို႔မ်ား ကေလးပါလို႔ ဦးစားေပးလိုက္ပါေသးေရာလား၊ 
အဲဒီအေခါက္မွာ စကၤာပူထီထိုးဖို႔ တိုတိုဆိုင္မွာ တန္းသြားစီေတာ့ ေကာင္တာ က လွမ္းေခၚတယ္၊
"၁၈ ႏွစ္ေအာက္ကေလးေတြ ဆိုင္ထဲေခၚလာလို႔မရဘူး" တဲ့ 
" ေအးဗ်ာ၊ က်ေနာ္ကခရီးသြား၊ ကေလးနဲ႔ ၂ ေယာက္ထဲ၊ ဘယ္နားသြားထားမလဲ"  ဆိုေတာ့ "ကဲ ဘာဝယ္မလဲ အခုေျပာ" ဆိုၿပီး အတန္းေက်ာ္ကာေရာင္းေပးလိုက္ပါသဗ်ား။
ျပည္ပမွာ အလုပ္လုပ္တဲ့ ျမန္မာႏိုင္ငံသားတေယာက္ရဲ႕ ၂၀၀၀ ခုလြန္ႏွစ္မ်ားဆီက ကိုယ္ေတြ႕ဇာတ္လမ္းကေလးေတြျပန္ေျပာျပတာပါ၊
ေျပာသာေျပာရတယ္၊ ျမန္မာျပည္မွာလည္း လူသားဆန္တဲ့ ကိုယ္ခ်င္းစာစိတ္ရွိသူဝန္ထမ္းေတြရွိပါေသးတယ္။ 

ဖိုးသုည
16-7-19

ပြည်ထောင်စု မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိဆိုပါ၏ (ယူနီကုဒ်) 

" ဒီမယ်၊ ဒါကဘာလဲ " 
ယူနီဖေါင်းဝတ် အကောက်ခွန်ဝန်ထမ်းမမက ဖြည့်ထားတဲ့ အကောက်ခွန်ကြေငြာချက်ပုံစံကိုကြည့်ပြီး မျက်နှာထားနဲ့ မေးတာပါ။
" ရင်းဂစ် ၅၀ ပါလာတယ်လေ။ နိုင်ငံခြားငွေယူလာရင် ကြေငြာရမယ်ဆိုလို့ ကြေငြာတာလေ၊  တရားဝင် ယူလာတာကိုကြေငြာတာလေ" 
ငါ မဟုတ်တာဘာမှ မလုပ်ထားဘူး၊ အမှန်ကန် အကုန်ဖြည့်ထားတယ်၊ လာရစ်ရင် ပြန်တွယ်မယ်လို့ မောင်းတင်ထားတဲ့ စိတ်နဲ့ ပြန်ဖြေရင်းပိုက်ဆံကိုပါ ထုတ်ပြလိုက်ပါတယ်၊ 
" ဒီလောက်နည်းနည်းကလေးနဲ့ ဘာလုပ်မှာလဲ၊ " 
" ကျနော်က အပြန်ကျ လေယာဉ်ပြောင်းစီးရမှာဗျ၊ ဒီပိုက်ဆံမှ မပါရင် လေဆိပ်မှာ ဘာနဲ့ စားမလဲ၊ လေဆိပ်ကထွက်ရင် တက္ကစီခလည်းလိုသေးတယ်လေဗျာ။  များများယူလာရင် ပြသနာလုပ်မှာစိုးလို့ ရင်းဂစ်လေး ၅၀ ယူလာတာလေ။ ပုံစံထဲမှာ မြန်မာနိုင်ငံသားဆို နိုင်ငံခြားငွေတန်ဖိုးဘယ်လောက်ဖြစ်ြဖစ်ကြေငြာရမယ်ဆိုလို့ကြေငြာတာလေဗျာ" 
" နိုင်ငံခြားငွေကြေငြာရင် နိုင်ငံခြားဘဏ်မှာ အကောင့်ဖွင့်ပြီး အပ်ခဲ့ရမယ်၊ ပြန်ထွက်မှပြန်ယူရမှာ။ ဒီလောက်နည်းနည်းကလေးနဲ့ ဘာလုပ်မလဲ အလုပ်ရှုပ်တယ်။ မပါဘူလို့ ပြန်ရေး" 
" အော် ဒီလိုလား၊ မသိဘူလေဗျာ ကြေငြာဆိုတော့ လည်းကြေငြာရတာပေါ့၊ ကဲ ပြင်လိုက်ပါ့မယ်။ "
ကျေးဇူးတင်စွာနဲ့ ကပ်စတန် မမရဲ့ ခွင့်ပြုချက်နဲ့ မလေးရှားရင် ဂစ် ၅၀ ကို မြန်မာပြည်ထဲကို တရားမဝင်ယူသွင်းခဲ့ဖူးတဲ့ မြန်မာတယောက်ရဲ့ တကဲ့အဖြစ်အပျက်ကလေးပါ။ 

တချိန်က ပြည်ပနိုင်ငံများမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာနိုင်ငံသားများအတွက် ပြည်တော်ပြန်ခရီးဆိုတာ အင်မတန် ရင်ခုန်ရတဲ့ ခရီးပါ။ 
ခွဲခွာနေရတဲ့ မိသားစုနဲ့ ပြန်ဆုံရမှာဖြစ်လို့ စိတ်လှုပ်ရှားရတာထက် လေဆိပ်အဝင်မှာ ဘာများ အရစ်ခံရမလဲ ဘယ်လိုဖြေရှင်းရမလဲဆိုတာက အရေးအကြီးဆုံးပြသနာပါ။ 
တရားဝင် အလုပ်ထွက်လုပ်ကြတဲ့သူတွေတောင် မပြန်ခင် နောက်ဆုံးသတင်းနဲ့ လိုအပ်ချက်တွေကို မြန်မာပြည်က ပြန်လာသူတွေဆီက စနည်းနာပြီးပြင်ဆင်ရတာပါ။ 
အထူးသဖြင့် မလေးရှားက ပြန်လာသူ တွေခမြာသူတို့ချွေးနည်းစာကလေးကို ဆက်ကြေးပေးကြရပါတယ်။ 
မလေးရှားလေဆိပ်မှာ လေယာဉ်ပေါ်မတက်ခင် ဘုတ်ဒင်းဂိတ် ကောင်တာကပေးတဲ့  arrival card  နဲ့   custom deceleration form တွေကို ဖြည့်ကြ မသိသူကို ကူဖြည့်ပေးကြရင် ၁၀ တန်ကလေးတွေကို ရန်ကုန်လေဆိပ်မှာပေးဖို့ အဆင်သင့်ပြင်နေကြတဲ့ လူငယ်ကလေးတွေကိုတွေ့တော့ အတော်ကိုစိတ်မကောင်းပါ။ 
စာရွက်စာတန်းစုံရင် ဘာမှ ပေးစရာမလိုပါဘူးလို့သူတို့ကိုပြောလည်း သူတို့ကတော့ အသားလွတ် အရစ်ခံရမှာကို ကြောက်ကြပါတယ်။ 
တကယ်တော့ ကိုယ်တွေလည်း ဟန်ကိုယ့်ဖို့လုပ်ပြီး ပြန်ရပေမယ့် စိတ်ကတော့ တထင့်ထင့်ရယ်။ 
အခွန်ပြေစာ မူရင်း၊ မိတ္တူ၊ ဇနီးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာ၊ မိမိခွင့်စာ မူရင်းနဲ့မိတ္တူ၊ ခွင့်စာကိုသံရုံးမှာ ၁၀ ပေးပြီး တုံးထုရသေးတယ်။ 
ကိုယ် အလုပ်လုပ်တဲ့ နေရာက အရှေ့မလေးရှားဆိုတော့ မြန်မာသံရုံးကမရှိ၊ ကွာလာလမ်ပွာမှာ ခရီးထောက်တော့ စားရိတ်ကုန်ခံ ညအိပ်ပြီး သံရုံးသွား အခွန်ဆောင်၊ ထောက်ခံစာယူ. တံဆိပ်တုံးထုပြည်စုံအောင် လုပ်လာခဲ့ရတာ၊ 
ဒါပေမယ့်ခွင့်စာက မလေးဘာသာနဲ့ ဆိုတော့ ရန်ကုန် လေဆိပ်မှာ ရစ်နေမလားလို့ ပူနေရတာလေ။ 
လေယာဉ်ကြီး ရန်ကုန်လေဆိပ်ကို ချောမွေ့စွာဆင်းပြီ ဆိုတာနဲ့ ဘေးအန္တရာယ်အတွက် အပူတခုကလျော့သွားပြီး အင်မီဂရေးရှင်းနဲ့ ကပ်စတန်ကို ဖြတ်ဖို့ ရင်တွေခုန် ကိုယ့်ဟာကိုယ်မောင်းတင်ထား။ 
"Myanmar Passport holder"  ဆိုတဲ့ အတန်းမှာသွားတန်းစီ
ရင်ထဲမှာတော့ ကျောက်မီးသွေးရထာကြီးခုတ်လို့။ 
ကိုယ်အရှေ့ကလူတွေတချို့က ပါ့စ်ပို့ထဲ ပိုက်ဆံကလေး ညှပ်ပေးလိုက်တာကိုတွေ့ပါရဲ့။
ကိုယ်က မဟုတ်တာ လုပ်တဲ့ သူမဟုတ်သလို လာဘ်ပေးလာဘ်ယူကိုဆန့်ကျင်သူမို့ စေတနာရှိရင် ပေးတတ်ပေမယ့် ရစ်ရင် တော့ ပြန်ရစ်တတ်သူလေ။ 
ကိုယ်အလှဲ့ရောက်တော့ မျက်နှာကို ခပ်တည်တည်ထား၊ 
စပါပြီ "အကို ကလေးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာပါလား" 
" ဘာဗျ၊ ဒီကလေး တနှစ်ခွဲသားကို ဘယ်သူကအလုပ်ပေးလို့လုပ်ရမှာလဲ၊ ကိုင်ထားတာက CI လေ passport တောင် မရသေးဘူး။
( တချိန်က ၁၅ နှစ်အောက် ကလေးတွေကို Certificate of Identity ဆိုတဲ့ စာရွက်ကလေးထုတ်ပေးပါတယ်။ အဲဒီစာရွက်တွေ့တဲ့ သူများနိုင်ငံ passport control က immigration ဝန်ထမ်းတွေက ဘာမှန်းမသိလို့ မြန်မာမိဘတွေ အမြဲလိုလို အရစ်ခံရ စိတ်ညစ်ရပါတယ်။ နောက်ပိုင်း အစိမ်းရောင် ကဒ်ကလေး နဲ့ စာမျက်နှာအလွတ် ၈ မျက်နှာပါတာကလေးရတော့ နည်းနည်းတော်သွားပေမယ့် ၂ နှစ်တခါလောက် စာမျက်နှာကုန်လို့ အသစ်ပြန်လဲရပြီး နိုင်ငံခြား  immigration  ဝန်ထမ်းတွေက အဲဒါဘာလဲလို့ ဘာမှန်းသိပ်မသိကြပါ၊ ) 
dependent pass နဲ့ ဘယ်နိုင်ငံမှာမှ အလုပ်ပေးမလုပ်ဘူးလေဗျာ"  တင်းပြီလေ။
" ဟုတ်ပါတယ် ၊ ဒါပေမယ့် စဉ်းကမ်းအရ ခွင့်စာမပါရင် အလုပ်မလုပ်ကြောင်းသံရုံးကထောက်ခံစာပါရမယ်"
" ကဲဒါဖြင့်အခုကျနော်ကဘာလုပ်ရမလဲ၊ ဒီကနေ သံရုံးကို လှမ်းတောင်းရအောင်သံရုံလဲပိတ်နေပြီ၊ ခင်ဗျားကပေးမဝင်ရင် ကလေး ကိုဒီမှာထားခဲ့ရမှာလား" အသံကလဲကျယ်လာ။ ကလေးကလဲ သူ့ကိုထားခဲ့မှာစိုးလို့ငို။ 
" အဲဒါဆို ထောက်ခံစာမပါရင် ပြန်ထွက်တဲ့အခါ D from ပြန်လုပ်ရမယ်" 
" ရတယ် လုပ်မယ်ဗျာ၊ ဘယ့်နှယ် ဒီကလေး ပိစိ အလုပ်မလုပ်ကြောင်းထောက်ခံစာပေးရမတဲ့" 
အတော်ကို သဘာဝ မကျတဲ့ လုပ်ထုံးလုပ်နည်းတွေလား ငွေညှစ်ပေါက်တွေလားမသိ။ 
မကျေမနပ်နဲ့ ဘုပြောတော့လဲ  ပိုက်ဆံမရမှန်းသိသွားလို့ ပါ့စ် ပို့ကို တုံးထုပြီး လွှတ်ပေးလိုက်ပါတော့တယ်။
အဲဒီ အချိန် မုံ့ဖိုးပေးဖို့ကလဲ စေတနာနည်းနည်းမှ မရှိတော့လို့ မေပးခဲ့။  
ထွက်လာပြီး ပစ္စည်းရါေးမယ်ဆိုတော့ တွန်းလှည်းတွေကို မတွေ့၊
လားလား အလုပ်သမားဆိုသူတွေက လှည်းကိုယ်စီယူထားပြီး စောင့်နေကြတာ။
ကိုယ့်အိတ်ကိုယ်ယူလို့မရ၊ သူတို့က ကူသလိုဘာလိုနဲ့ ဒါးပြတိုက်သလို လုကြ။
ဟုတ်ပါပြီ ကိုယ်လဲ ကလေးနဲ့ ဆိုတော့ အကူရပါတယ်လို့ စိတ်ဖြေပြီး ပေးတွန်းလိုက်တယ်။ 
လာကြိုတဲ့ကားဆီရောက်တော့ ဘယ်သူတွေမှန်းမသိဝိုင်တင်ကြပြန်လို့ ပစ္စည်းမပျောက်အောင် ကြည့်ရင်း အော်ရပြန်။ 
ပိုက်ဆံပေးတော့ သူလည်းပါတယ် ငါလည်းပါတယ်တဲ့ ဝိုင်းလာကြပြန်ပါရော။ 
နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ပြန်လာရင် ဝေသန္တရာလုပ်ဖို့ လို့ ထင်ကြသလားမသိ။
ဟိုမှာ ဘယ်လိုဒုက္ခခံရတယ်၊ ဘယ်လောက်ပင်ပန်းတယ်၊ သည်းခံရတယ်ဆိုတာသူတို့အလုပ်မဟုတ် ၊ 
နိုင်ငံခြားကပြန်လာရင် ငွေရွင်တယ်၊ ညှစ်ရမယ်လို့ပဲ တွေးကြပုံရတယ်။ 

D from  ကို online လုပ်လို့ရတဲ့ အချိန် ဖြစ်လို့ မပြန်ခင် အလွယ်တကူပဲ ၂၀၀၀ ကျပ်နဲ့ လုပ်လိုက်ရပါတယ်။ 
ကားရပ်တော့ ပစ္စည်းတွေကို ဝိုင်လုကြပြန်။ 
လှည်းပေါ်လုတင်ပြီး တွန်းတော့ အိတ်တလုံးပြုတ်ကျပြီး ဘီးကွဲလို့ စိတ်ကတိုပြီး အော်မိပါပေါ့။ 
တခါ အပြန်မှာတော့ Departure card ဖြည့်ရပြန်ပါတယ်။ 
အဲဒီ အချိန်တုန်းက ကိုယ့်နိုင်ငံ ကိုယ်ပြန်သူတွေ arrival card နဲ့departure card ဖြည့်ရတာ မြန်မာတနိုင်ငံပဲရှိမယ်ထင်ပါတယ်။ 
ဒီလိုနဲ့ ရန်ကုန်ကလေယာဉ်ထွက်ပြီး မလေးရှားကို ရောက်တော့ လေယာဉ်ပြောင်း၊ ကိုတာကင်နာဘာလုရောက် immigration မှာ အမေးအမြန်းမရှိ၊ custom ကို nothing to declare ဆိုပြီး ဖြတ်တော့ ဘာမှ မမေး။ 
အင်း   ကိုယ့်နိုင်ငံပြန်ရတာထက် သူများနိုင်ငံလာရတာက ပိုပြီး ပေါ့ပေါ့ပါးပါးရှိလိုက်တာ။
စိတ်ထဲ ဘာပူပန်မှု တင်းကြပ်မှုမှမဖြစ်။ 

နောက်နှစ် စင်္ကာပူကတဆင့်ပြန်တော့ ကလေး က ၃ နှစ်။ 
သားအဖ ၂ယောက် ချန်ဂီလေဆိပ်မှာ ပါ့စ်ပို့ကွန်ထရိုး အတန်းထဲဝင်စီတာပေါ့။
ကိုယ့်အရှေ့မှာ လူ ၁၀ ယောက်လောက်။ 
ကလေးက စကားများများနဲ့ ငေးလိုက်မေးလိုက်လုပ်နေတုန်း ယူနီဖေါင်းဝတ်တယောက်ကလာခေါ်တယ်။ 
ဟိုဖက်က သီးသန့်ကောင်တာကို လာခဲ့တဲ့၊ ကလေးနဲ့ မို့လို့စောင့်နေရတာကြာမှာစိုးလို့တဲ့။
ချက်ချင်းဘဲ စစ်ဆေးပြီး တုံးထုပေးလိုက်တာ၊
ဩော် ကိုယ့်နိုင်ငံပြန်တုန်းက ကလေးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာတောင်းခံရ အရစ်ခံရနဲ့ သူများနိုင်ငံထဲဝင်ဖို့များ ကလေးပါလို့ ဦးစားပေးလိုက်ပါသေးရောလား၊ 
အဲဒီအခေါက်မှာ စင်္ကာပူထီထိုးဖို့ တိုတိုဆိုင်မှာ တန်းသွားစီတော့ ကောင်တာ က လှမ်းခေါ်တယ်၊
"၁၈ နှစ်အောက်ကလေးတွေ ဆိုင်ထဲခေါ်လာလို့မရဘူး" တဲ့ 
" အေးဗျာ၊ ကျနော်ကခရီးသွား၊ ကလေးနဲ့ ၂ ယောက်ထဲ၊ ဘယ်နားသွားထားမလဲ"  ဆိုတော့ "ကဲ ဘာဝယ်မလဲ အခုပြော" ဆိုပြီး အတန်းကျော်ကာရောင်းပေးလိုက်ပါသဗျား။
ပြည်ပမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတယောက်ရဲ့  ၂၀၀၀ ခုလွန်နှစ်များဆီက ကိုယ်တွေ့ဇာတ်လမ်းကလေးတွေပြန်ပြောပြတာပါ၊
ပြောသာပြောရတယ်၊ မြန်မာပြည်မှာလည်း လူသားဆန်တဲ့ ကိုယ်ချင်းစာစိတ်ရှိသူဝန်ထမ်းတွေရှိပါသေးတယ်။ 

'ဖိုးသုည
16-7-19

Thursday, June 13, 2019

ခ်စ္လြန္းလို႔အႀကံႀကီးႀကံ၊ ေထာင္တသက္စံ (ချစ်လွန်းလို့အကြံကြီးကြံ၊ ထောင်တသက်စံ)

ခ်စ္လြန္းလို႔အႀကံႀကီးႀကံ၊ ေထာင္တသက္စံ

ဟန္ေဆာင္ ေလယာဥ္ျပန္ေပးဆြဲမႈနဲ႔  တရားစြဲခံရတဲ့ အိႏၵိယႏိုင္ငံသား စီးပြားေရးသမား Birju Salla ကို တရား႐ုံးတခုက အဂၤါေန႔က ေထာင္ဒါဏ္တသက္နဲ႔ေငြဒါဏ္ ႐ူပီး သန္း၅၀ ခ်မွတ္လိုက္ပါတယ္။ 





သူက ၂၀၁၇ ေအာက္တိုဘာလက အိႏၵိယႏိုင္ငံ မြန္ဘိုင္ ကေန ေဒလီ ကိုပ်ံတဲ့ ဂ်က္အဲယားေဝး ေလယာဥ္ flight 9W-339 ေပၚမွာ “ျပန္ေပးသမား ၁၂ေယာက္နဲ႔ ေဖါက္ခြဲေရးပစၥည္းေတြပါတယ္၊ ေလေယာဥ္ကို ပါကစၥတန္ႏိုင္ငံထိန္းခ်ဳပ္ထားနဲ႔ ကက္ရွ္မီးယားျပည္နယ္ကို လမ္းေၾကာင္းေျပာင္းပ်ံပါ” လို႔ ၿခိမ္းေျခာက္တဲ့စာကို Business class ေလယာဥ္ အိမ္သာထဲမွာခ်ထားတဲ့တာပါ။ အဲဒီစာကို ေလယာဥ္မယ္တေယာက္ကေတြ႕ၿပီး ေနာက္ေလယာဥ္ကို Ahmedabad ေလဆိပ္မွာ အရးေပၚဆင္းသက္ခဲ့ပါတယ္။  ေလယာဥ္ကို သီးသန္႔ေနရာမွာ ရပ္ေစၿပီး ခရီးသည္နဲ႔ ဝန္ထမ္းေတြကိုလည္း တဦးခ်င္း စစ္ေဆး မွတ္တမ္းတင္၊ ေလယာဥ္တစီးလုံးကိုလည္း ရွာေဖြၿပီး ဘာမွမေတြ႕မွ ေဒလီကို ခရီးဆက္ခဲ့ရပါတယ္။ ခရီးဆက္ရာမွာ အဲယားမာရွယ္ ၂ေယာက္ပါလိုက္ပါခဲ့ၿပီး ပုံမွန္ထက္ ၇ နာရီ ေနာက္က်ၿပီးမွ ေဒလီကိုေရာက္ပါေတာ့တယ္။



ေလယာဥ္ဝန္ထမ္းေတြက Birju Salla တေယာက္တည္းသာ အဲဒီ အိမ္သာကိုသုံးခဲ့တယ္လို႔  စစ္ေဆးသူေတြကို ေျပာခဲ့တယ္ဆိုပါတယ္။ သူက အူရ္ဒူစာမတတ္လို႔ ေရးထားတဲ့စာကို  ဂူးဂဲလ္ကိုသုံးၿပီး ဘာသာျပန္ခဲ့တဲ့ အတြက္လည္း အဲဒီစာနဲ႔ Birju Salla ကို ဆက္စပ္လို႔ ရသြားနဲ႔အတြက္ သူ႔ကိုဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ သူသာအီေကာ္ေနာ္မီတန္းမွာစီးၿပီး အဲဒီကအိမ္သာထဲမွာ စာကိုထားခဲ့ရင္ေတာ့ ဆက္စပ္ဖို႔ အဲဒီေလာက္  လြယ္မယ္ မထင္ပါါ။
သူဟာ အနည္းဆုံးေထာင္ဒါဏ္ တသက္ကေန ေသဒါဏ္အထိ အျပစ္ေပးလို႔ရတဲ့ အိႏၵိယရဲ႕ အပိုင္စီးမႈဆိုင္ရာ ဥပေဒအသစ္ (၂၀၁၆) နဲ႔ စီရင္တာကိုခံရတဲ့ ပထမဆုံး တရားခံျဖစ္ပါတယ္။
သူကေလယာဥ္ကို အပိုင္စီးဖို႔ အားမထုတ္ခဲ့ေသာ္လည္း အဲလိုၿခိမ္းေျခာက္စာကိုထားတာဟာ အပိုင္စီးဖို႔ႀကံစည္တယ္လို႔ ယူဆလို႔ရတယ္လို႔ ဥပေဒအရာရွိကဆိုခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ရပ္က ခရီးသည္နဲ႔ ေလယာဥ္အမႈထမ္းေတြရဲံလုံၿခဳံေရးကို ၿခိမ္းေျခာက္တာပဲလို႔ တာဝန္ရွိသူေတြကဆိုပါတယ္။

ေလထဲက ဖူးစာနဲ့ ေထာင္တန္တဲ့ အၾကံ 

Birju Kishore Salla က အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕က စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္ၿပီး မၾကာခဏခရီးထြက္ရသူျဖစ္ပါတယ္။  ေလယာဥ္မယ္ေတြဂ႐ုစိုက္ၾကတဲ့ Business class ကေနမၾကာခဏစီးတဲ့ ဘီရာဂ်ဴးတေယာက္ ေဒလီက ဂ်က္အဲယားေဝး ေလယာဥ္မယ္တဦးနဲ႔ ရည္ငံမိပါေတာ့တယ္။
သူ႔ခ်စ္သူကို မြန္ဘိုင္းမွာ သူနဲ႔အတူလာေနဖို႔ အႀကိမ္ႀကိမ္ခၚခဲ့ေပမယ့္ သူမကျငင္းပယ္ေနခဲ့ပါတယ္။
အႀကံႀကီးသူဘီရာဂ်ဴးက သူမအလုပ္လုပ္ေနတဲ့ ဂ်က္အဲယားေဝးသာ နာမည္ပ်က္လို႔ ေဒလီခရီးစဥ္ေတြကိုဖ်က္သိမ္းလိုက္ရရင္ေတာ့ သူ႔ခ်စ္သူေလယာဥ္မယ္လည္းအလုပ္ျပဳတ္မယ္။  အဲဒီအခါမွာေတာ့ သူမလည္း သူ႔စကားနားေထာင္ကာ သူနဲ႔လိုက္ေနမယ္လို႔ ေမွ်ာ္လင့္ၿပီး ဒီလိုလုပ္ခဲ့တာဆိုပါတယ္။
ကံဆိုးခ်င္ေတာ့ သူ႔ကေထာင္ဒါဏ္တသက္နဲ႔ ေငြဒါဏ္က်ခံရကာနီး ဒီႏွစ္ဆန္းပိုင္းဧၿပီလမွာ သူဒုကၡေပးခ်င္တဲ့ ဂ်က္အဲယားေဝးႀကီး စီးပြားတကယ္ပ်က္ၿပီး ျပည္တြင္းျပည္ပခရီးစဥ္အားလုံးရပ္နာထားရပါၿပီ။



သူကေတာ့ ခ်စ္သူနဲ႔ အိမ္ေထာင္မက်ဘဲ အက်ဥ္းေထာင္ တသက္လုံးက်ခံရပါေတာ့မယ္။
ဘီရာဂ်ဴးရဲ႕ေရွ႕ေနကေတာ့ အယူခံဝင္ဦးမယ္ဆိုပါတယ္။
တခ်ိဳ႕သူေတြအတြက္ေတာ့ အခ်စ္ဆိုတာ မ်က္စိမပါ႐ုံမက ဦးေႏွာက္ကိုပါ အေမွာင္ဖုံးေစတာကလား။
ဖိုးသုည
13-6-19


ချစ်လွန်းလို့အကြံကြီးကြံ၊ ထောင်တသက်စံ (ယူနီကုဒ်)

ဟန်ဆောင် လေယာဉ်ပြန်ပေးဆွဲမှုနဲ့  တရားစွဲခံရတဲ့ အိန္ဒိယနိုင်ငံသား စီးပွားရေးသမား Birju Salla ကို တရားရုံးတခုက အင်္ဂါနေ့က ထောင်ဒါဏ်တသက်နဲ့ငွေဒါဏ် ရူပီး သန်း၅၀ ချမှတ်လိုက်ပါတယ်။
သူက ၂၀၁၇ အောက်တိုဘာလက အိန္ဒိယနိုင်ငံ မွန်ဘိုင် ကနေ ဒေလီ ကိုပျံတဲ့ ဂျက်အဲယားဝေး လေယာဉ် flight 9W-339 ပေါ်မှာ “ပြန်ပေးသမား ၁၂ယောက်နဲ့ ဖေါက်ခွဲရေးပစ္စည်းတွေပါတယ်၊ လေယောဉ်ကို ပါကစ္စတန်နိုင်ငံထိန်းချုပ်ထားနဲ့ ကက်ရှ်မီးယားပြည်နယ်ကို လမ်းကြောင်းပြောင်းပျံပါ” လို့ ခြိမ်းခြောက်တဲ့စာကို Business class လေယာဉ် အိမ်သာထဲမှာချထားတဲ့တာပါ။ အဲဒီစာကို လေယာဉ်မယ်တယောက်ကတွေ့ပြီး နောက် လေယာဉ်ကို Ahmedabad လေဆိပ်မှာ အရးပေါ်ဆင်းသက်ခဲ့ပါတယ်။  လေယာဉ်ကို သီးသန့်နေရာမှာ ရပ်စေပြီး ခရီးသည်နဲ့ ဝန်ထမ်းတွေကိုလည်း တဦးချင်း စစ်ဆေး မှတ်တမ်းတင်၊ လေယာဉ်တစီးလုံးကိုလည်း ရှာဖွေပြီး ဘာမှမတွေ့မှ ဒေလီကို ခရီးဆက်ခဲ့ရပါတယ်။ ခရီးဆက်ရာမှာ အဲယားမာရှယ် ၂ယောက်ပါလိုက်ပါခဲ့ပြီး ပုံမှန်ထက် ၇ နာရီ နောက်ကျပြီးမှ ဒေလီကိုရောက်ပါတော့တယ်။
လေယာဉ်ဝန်ထမ်းတွေက Birju Salla တယောက်တည်းသာ အဲဒီ အိမ်သာကိုသုံးခဲ့တယ်လို့  စစ်ဆေးသူတွေကို ပြောခဲ့တယ်ဆိုပါတယ်။ သူက အူရ်ဒူစာမတတ်လို့ ရေးထားတဲ့စာကို  ဂူးဂဲလ်ကိုသုံးပြီး ဘာသာပြန်ခဲ့တဲ့ အတွက်လည်း အဲဒီစာနဲ့ Birju Salla ကို ဆက်စပ်လို့ ရသွားနဲ့အတွက် သူ့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူသာအီကော်နော်မီတန်းမှာစီးပြီး အဲဒီကအိမ်သာထဲမှာ စာကိုထားခဲ့ရင်တော့ ဆက်စပ်ဖို့ အဲဒီလောက် လွယ်မယ် မထင်ပါ။
သူဟာ အနည်းဆုံးထောင်ဒါဏ် တသက်ကနေ သေဒါဏ်အထိ အပြစ်ပေးလို့ရတဲ့ အိန္ဒိယရဲ့ အပိုင်စီးမှုဆိုင်ရာ ဥပဒေအသစ် (၂၀၁၆) နဲ့ စီရင်တာကိုခံရတဲ့ ပထမဆုံး တရားခံဖြစ်ပါတယ်။
သူကလေယာဉ်ကို အပိုင်စီးဖို့ အားမထုတ်ခဲ့သော်လည်း အဲလိုခြိမ်းခြောက်စာကိုထားတာဟာ အပိုင်စီးဖို့ကြံစည်တယ်လို့ ယူဆလို့ရတယ်လို့ ဥပဒေအရာရှိကဆိုခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်က ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေရဲံလုံခြုံရေးကို ခြိမ်းခြောက်တာပဲလို့ တာဝန်ရှိသူတွေကဆိုပါတယ်။

လေထဲက ဖူးစာနဲ့ ထောင်တန်တဲ့ အကြံ 

Birju Kishore Salla က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး မကြာခဏခရီးထွက်ရသူဖြစ်ပါတယ်။  လေယာဉ်မယ်တွေဂရုစိုက်ကြတဲ့ Business class ကနေမကြာခဏစီးတဲ့ ဘီရာဂျူးတယောက် ဒေလီက ဂျက်အဲယားဝေး လေယာဉ်မယ်တဦးနဲ့ ရည်ငံမိပါတော့တယ်။
သူ့ချစ်သူကို မွန်ဘိုင်းမှာ သူနဲ့အတူလာနေဖို့ အကြိမ်ကြိမ်ခါ်ခဲ့ပေမယ့် သူမကငြင်းပယ်နေခဲ့ပါတယ်။
အကြံကြီးသူဘီရာဂျူးက သူမအလုပ်လုပ်နေတဲ့ ဂျက်အဲယားဝေးသာ နာမည်ပျက်လို့ ဒေလီခရီးစဉ်တွေကိုဖျက်သိမ်းလိုက်ရရင်တော့ သူ့ချစ်သူလေယာဉ်မယ်လည်းအလုပ်ပြုတ်မယ်။  အဲဒီအခါမှာတော့ သူမလည်း သူ့စကားနားထောင်ကာ သူနဲ့လိုက်နေမယ်လို့ မျှော်လင့်ပြီး ဒီလိုလုပ်ခဲ့တာဆိုပါတယ်။
ကံဆိုးချင်တော့ သူ ထောင်ဒါဏ်တသက်နဲ့ ငွေဒါဏ်ကျခံရကာနီး ဒီနှစ်ဆန်းပိုင်းဧပြီလမှာ သူဒုက္ခပေးချင်တဲ့ ဂျက်အဲယားဝေးကြီး စီးပွားတကယ်ပျက်ပြီး ပြည်တွင်းပြည်ပခရီးစဉ်အားလုံးရပ်နာထားရပါပြီ
သူကတော့ ချစ်သူနဲ့ အိမ်ထောင်မကျဘဲ အကျဉ်းထောင် တသက်လုံးကျခံရပါတော့မယ်။
ဘီရာဂျူးရဲ့ရှေ့နေကတော့ အယူခံဝင်ဦးမယ်ဆိုပါတယ်။
တချို့သူတွေအတွက်တော့ အချစ်ဆိုတာ မျက်စိမပါရုံမက ဦးနှောက်ကိုပါ အမှောင်ဖုံးစေတာကလား။
ဖိုးသုည
13-6-19



Thursday, June 6, 2019

ဒီေဒးေနာက္ကြယ္က Merville Gun Battery အျမာက္စခန္းတိုက္ပြဲ (ဒီဒေးနောက်ကွယ်က Merville Gun Battery အမြာက်စခန်းတိုက်ပွဲ )

ဒီေဒးေနာက္ကြယ္က Merville Gun Battery အျမာက္စခန္းတိုက္ပြဲ (ေဇာ္ဂ်ီ) 

ဒီေန႔ ၅-၆-၁၉ အဂၤလန္မွာ ေနာ္မန္ဒီကမ္းတက္တိုက္ပြဲစခဲ့တဲ့ ဒီေဒး ၇၅ ႏွစ္ေျမာက္ အခမ္းအနားကို က်င္းပပါတယ္။
All of the D-Day veterans at the event in Portsmouth were more than 90 years old
As part of the commemoration, the RAF's Red Arrows performed a flypast




ရာသီဥတုဆိုး'႐ြားလို႔ တရက္ေနာက္ဆုတ္လိုက္ရတဲ့ အတြက္တကယ္ကမ္းတက္တာကေတာ့ ၁၉၄၄ ခုဇြန္လ ၆ရက္ပါ။
အခမ္းအနားမွာ ပါတဲ့ အစီအစဥ္တခုကေတာ့ ဒီေဒးနဲ႔ပတ္သက္တဲ့ ထင္ရွားတဲ့ ျဖစ္စဥ္ေတြကို အမွတ္တရ ျပန္ေျပာၿပီး ဂုဏ္ျပဳၾကပါတယ္။
အဲဒီကမ္းတက္ စစ္ဆင္ေရးေအာင္ျမင္ေအာင္ လူမသိသူမသိ ေနာက္ကြယ္က လုပ္ေပးရတဲ့ တပ္ဖြဲ႕ေတြ တိုက္ပြဲေတြနဲ႔ ဆုံးရႈံးမႈေတြ အမ်ားႀကီးရွိပါတယ္။
တခုကေတာ့ အမွတ္ ၉ ေလထီးတပ္ရင္း တပ္မႉး ဒုဗိုလ္မႉးႀကီး Terence Otway တာဝန္ယူခဲ့တဲ့ အထူးစစ္ဆင္ေရးပါ။ သူ႔ရဲ႕တပ္ဖြဲ႕က Merville Battery ဆိုတဲ့ ေနာ္မန္ဒီ ကမ္းတက္မယ့္ ေနရာကိုကာကြယ္ဖို႔ တည္ေဆာက္ထားတဲ့ အေျမာက္ႀကီးေတြကို ဖ်က္ဆီးဖို႔တာဝန္ယူရပါတယ္။
Terence Otway 

Merville Gun Battery 

အဲဒီ Merville Battery အေျမာက္စခန္း ဟာ ၆ေပအထူ သံကူ ကြန္ကရစ္နဲ႔ေဆာက္ထားတဲ့ အေျမာက္ဘန္ကာ၊ ခဲယမ္းသိုေလွာင္ရံု၊ လူေနဘန္ကာနဲ႔ ကြပ္ကဲေရး အေဆာက္အဦေတြပါဝင္ပါတယ္။
အထဲမွာ  မီတာ ၈၀၀၀ ေရာက္ေအာင္ပစ္ႏိုင္တဲ့  ခ်က္ႏိုင္ငံလုပ္ ၁၀၀ မီလီမီတာ အေျမာက္ႀကီးေလးလက္ကို ၂၀ မီလီမီတာ ေလယာဥ္ပစ္စက္အေျမာက္နဲ႔ စက္ေသနတ္ ပစ္စင္ ၁၅ ခုကကာကြယ္ေပးထားၿပီး ၁၅ေပက်ယ္ၿပီး ၅ ေပျမင့္တဲ့ သံဆူးႀကိဳးစည္း႐ိုး ၂ထပ္၊ ေပ၁၀၀ နက္တဲ့ မိုင္းကြင္း၊ တင့္ကားရန္ကာကြယ္တဲ့ေျမာင္းေတြနဲ႔ အထပ္ထပ္ကာကြယ္ထားပါတယ္။
Merville Gun Battery အေျမာက္ ဘန္ကာတခု

Merville Gun Battery အေျမာက္ ဘန္က ေျမပံု

Merville Gun Battery အေျမာက္ ဘန္က ဗံုးၾကဲခံရျပီးကာစ


အဲဒီအေျမာက္ခံတပ္ဟာ မဟာမိတ္တပ္ေတြ ျပင္သစ္ကမ္းေျခကို ျပန္တက္လာမွာကို ကာကြယ္ဖို႔ တည္ေဆာက္ထားတဲ့ အတၱလန္တိတ္ တံတိုင္းလို႔လို႔ေခၚတဲ့ ဟစ္တလာရဲ႕ အဓိကခံစစ္တခုပါ။
မဟာမိတ္ေတြအတြက္လည္း ျပင္သစ္ကို ကမ္းတက္ရင္ ပထမဆုံးတိုက္ခိုက္ရမယ့္ေနရာပါ။
ဒီ အေျမာက္ေတြကို အခ်ိန္မီမဖ်က္ႏိုင္လ်င္ ကမ္းတက္တပ္ဖြဲ႕ေတြ အဆုံးအရႈံးအလြန္မ်ားႏိုင္တာပါ။
ဒီေဒးမတိုင္မီမွာ မဟာမိတ္နဲ႔ နာဇီ ၂ ဘက္လုံးက သူလွ်ိဳေတြကလည္း ႏွစ္ဘက္လုံးမွာ ေျခခ်င္းလိမ္ေနေအာင္ စစ္သတင္းေတြကိုရယူေနခ်ိန္ျဖစ္ပါတယ္။
Terence Otway ရဲ႕ ေလထီးတပ္ဟာ တိုက္ပြဲမဝင္ခင္မွာ အလားတူ အေျမာက္စခန္းပုံစံတည္ေဆာက္ၿပီး ေလထီးဆင္းတိုက္ခိုက္မႈကိုးႀကိမ္ (ညဘက္ေလးႀကိမ္) ေလ့က်င့္ရပါတယ္
သူတို႔ရဲ႕ အလြန္အေရးႀကီးတဲ့လွ်ိဳ႕ဝွက္ မစ္ရွင္ကို မေပါက္ၾကားဖို႔ အေလးအနက္ထားတဲ့တပ္မႉး Terence Otway ကသူ႔တပ္သားေတြရဲ႕ သတင္းလုံးၿခဳံမႈကို ပုံမွန္မဟုတ္နဲ႔ နည္းနဲ႔စစ္ေဆးခဲ့ပါတယ္။
အရံေလတပ္ အမ်ိဳးသမီးအမႉထမ္းေတြထဲက အလွဆုံး ၃၀ ကိုေ႐ြးၿပီ အရပ္သားဟန္ေဆာင္ေစကာ သူ႔တပ္သားေတြ ေလ့က်င့္ေနတဲ့စခန္းနားက အရက္ဆိုင္ေတြကိုေစလႊတ္ပါတယ္။
သူတို႔တာဝန္က အားလပ္ခ်ိန္ေတြမွာ အဲဒီအရက္ဆိုင္ေတြကို လာၿပီး စားေသာက္ေပ်ာ္ပါးၾကတဲ့ Terence Otwayရဲ႕ ေလထီးစစ္သားေတြထံက သတင္းကို သူတို႔ သုံးႏိုင္သမွ် နည္းမ်ိဳးစုံးသံုးၿပီး ရႏိုင္သမွ် ႏႈိက္ယူဖို႔ပါ။
ဒါေပမယ့္  ေလထီးစစ္သားေတြထံက ဘာစစ္သတင္းမွ မေပါက္ၾကားခဲ့ဘူးလို႔ဆိုပါတယ္။
အလုပ္ကို ေစ့စပ္ေသခ်ာပုံက အတုယူစရာပါ။
သူ႔ရဲ႕တပ္ဖြဲ႕ဝင္ေတြ သတင္းလုံၿခဳံတာေသခ်ာၿပီဆိုမွ ဒီေဒးမတိုင္မီ သူတို႔စစ္ဆင္ေရးစပါတယ္။
ဒါကလည္း ဒီေဒးႏုဲ႔ အခ်ိန္ကိုက္လႈပ္ရွားရတာပါ။ သိပ္ေစာလို႔မရသလို အေျမာက္ေတြကို အခ်ိန္မီသိမ္းပိုက္ႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။
သူတိုကို အေျမာက္ႀကီးေတြရဲ႕ေနာက္ေက်ာကို ဒီေဒးမတိုင္မီညမွာ ေလထီးနဲ႔ ခ်ေပးခဲ့တာပါ။
အမွတ္၉ ေလထီးတပ္ရဲ႕ စစ္သည္ ၆၀၀ ကိုစစ္အင္ဂ်င္နီယာတပ္နဲ႔ စက္မဲ့ ေလယာဥ္တပ္ေတြက ပံ့ပိုးကူညီၿပီး ဂ်စ္ကား, ေနာက္တြဲ, လက္နက္ခဲယမ္း၊ တင့္ကားပစ္ လက္နက္၊ မီးလွ်ံေသနတ္စသည္တိုကိုပါပို႔ေဆာင္ရပါတယ္။ ေလထီးဆင္း စစ္ေျမျပင္ လူနာတင္အဖြဲ႕ကလည္းအားျဖည့္ေပးသလို ေကနဒါအမွတ္၁ ေလထီးတပ္ကလည္းအေျမာက္ေတြကို တိုက္ခိုက္မယ့္ သူတို႔ တပ္ေတြ အဝင္ အထြက္ကို ကာပစ္ပစ္ေပးဖို႔တာဝန္ယူပါတယ္။
ေလထီးတပ္ဖြဲ႕ေတြအဲဒီအေျမာက္စခန္းကေန မနက္ ၅ နာရီ ေနာက္ဆုံးထားဆုတ္ခြာေပးရမွာပါ။ ၿပီးတာနဲ႔ HMS Arethusa  စစ္သေဘၤာက ေန Merville Battery စခန္းတခုလုံးကို အေျမာက္နဲ႔ ပစ္ဖို႔စီစဥ္ထားပါတယ္။
တကယ္စစ္ဆင္ရာမွာေတာ့ ေလထီးတပ္ေတြ ေျမျပင္ကိုဆင္းတာနဲ႔ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ရပါတယ္။
၁၉၄၄ ခုသန္းေကာင္အလြန္ ဇြန္လ ၆ရက္ မွာ ေရွ႕ေျပးတပ္နဲ႔ လမ္းၫႊန္တပ္တို႔ သတ္မွတ္ေနရာကို ေအာင္ျမင္စြာဆင္းခဲ့ေပမဲ့ ေနာက္ကလိုက္လာတဲ့ လန္ကက္စတာ ဗုံးႀကဲေလယာဥ္ေတြခ်တဲ့ ဗုံးေတြကေတာ့ အေျမာက္စခန္းေပၚမက်ဘဲလုံးဝလြဲက်ပါတယ္။
တခါ လမ္းၫႊန္တပ္ဖြဲ႕ပါလာတဲ့ အခ်က္ျပေရဒီယိုကပ်က္စီးသြားခဲ့ၿပီး ဗုံးႀကဲရာက မီးခိုးနဲ႔ အပ်က္အစီးေတြ ဖုံးကြယ္ေနလို႔ သူတို႔ျပတဲ့ အခ်က္ျပမီးေတြကို တကယ့္ ေလထီးတပ္ကို ခ်မဲ့ပိုင္းေလာ့ေတြက မျမင္ႏိုင္ျဖစ္ေနျပန္ပါတယ္။
မနက္တနာရီမွာ ေလထီးတပ္နဲ႔ စက္မဲ့ ေလယာဥ္ေတြဟာ သတ္မွတ္တဲ့ ဧရိယာမွာ ဆင္းႏိုင္ခဲ့ေပမဲ့ အကြာအဝး အေတာ္မ်ားမ်ားအထိျပန္႔ႀကဲသြားခဲ့ပါေတာ့တယ္။
မနက္ ၂နာရီ၅၀ မွာ စစ္သည္ ၁၅၀ ပဲ Bangalore torpedoes ဆိုတဲ့ လမ္းရွင္းေဖါက္ခြဲေရး ပစၥည္း၂၀၊ စက္ေသနတ္တခ်ိဳ႕၊ အေပါ့စားလက္နက္ေတြနဲ႔ ဆုံရပ္ကိုေရာက္လာပါတယ္။ စိန္ေျပာင္း၊ မိုင္းရွာကရိယာ၊ တင့္ဖ်က္လက္နက္၊ ဂ်စ္ကားမ်ား၊ စစ္ေျမျပင္ လူနာတင္အဖြဲ႕နဲ႔ စစ္အင္ဂ်င္နီယာအဖြဲ႕ေတြကို မျမင္ရေသးပါဘူး။
အခ်ိန္အလြန္နည္းေနတဲ့အတြက္ တပ္မႈး Otway က က်န္တပ္ေတြနဲ႔ လက္နက္ကရိယာေတြကို မေစာင့္ဘဲ စစ္ဆင္ဖို႔ ဆုံးျဖတ္ပါတယ္။
ႀကိဳေရာက္ေနတဲ့ ေထာက္လွမ္းေရးအဖြဲ႕ က ဆူးႀကိဳးေတြကိုျဖတ္ၿပီး မိုင္းကြင္းကိုျဖတ္ကာအေျမာက္ေလးလက္ေနရာကို ခ်ီတက္ဖို႔ လမ္းေၾကာင္းေလးခုေ႐ြးေပးပါတယ္။
သူတို႔ေစာင့္ေနတဲ့ ေနာက္ထပ္စက္မဲ့ ေလယာဥ္၃စီးမွာ ၂စီးသာထြက္လာႏိုင္ၿပီး ေနရာလြဲဆင္းခဲ့သလို ေလယာဥ္ပစ္လက္နက္ထိမွန္ထံရျပန္ပါတယ္။ အဲဒီေလယာဥ္ေတြထဲကစစ္သည္ေတြကေတာ့ ဂ်ာမန္ စစ္ကူေတြနဲ႔ တိုက္ခိုက္ရပါတယ္။
တပ္မႈး Otway က ေနာက္ထပ္ရာေက္တဲ့ တပ္ေတြကို အားကိုးမရေတာ့လို႔ တပ္ဖြဲ႕ကို ေလးခုခြဲၿပီး Bangalore torpedoes  အကူညီနဲ႔ အတားအဆီးေတြကို ဖ်က္စီးခ်ီတက္ၾကပါတယ္၊ Bangalore torpedoes  ေတြေၾကာင့္ ဂ်ာမန္ေတြ သူတို႔လာတာကို သတိထားမိသြားတဲ့ အတြက္ေလထီးတပ္သားေတြ အက်အဆုံးမ်ားပါတယ္။
မဝင္စီးခင္ဗုံးႀကဲမႈေၾကာင့္ ဂ်ာမန္ေတြကအေျမာက္ႀကီးေတြကို ျဖဳတ္ၿပီး ဘန္ကာအတြင္းထဲ ထည့္ထားရာမွာ ေလဝင္ေလထြက္ရေအာင္ သံမဏိတံခါးေတြကို ဟထားခဲ့ပါတယ္။
ေလထီးတပ္ေတြက အဲ ဒီအခြင့္အေရးကို ရယူၿပီလက္ပစ္ဗုံးေတြသံုးလို႔ အေျမာက္ဘန္ကာေတြကို ဝင္စီးႏိုင္ခဲ့ပါတယ္။
အေျမာက္ဘန္ကာေတြရၿပီးတဲ့ ေလထီးတပ္မွာ အေျမာက္ေတြကိုဖ်က္စီးဖို႔ ေဖါက္ခြဲပစၥည္းနဲ႔စစ္အင္ဂ်င္နီယာေတြပါမလာဘူးျဖစ္ေနပါတယ္။ ဒါနဲ႔ သူတို႔နဲ႔ပါလာတဲ့ ယမ္းေပ်ာ့နဲ႔ လက္ပစ္ဗုံးေတြကိုသာသုံးၿပီး အေျမာက္ႀကီးေတြကို ဖ်က္စီးဖို႔ႀကိဳးစားရပါတယ္။
မနက္ ၅နာရီမထိုးမီမွာေတာ့ ၿဗိတိသွ်ေလထီးတပ္ရဲ႕ အသက္ရွင္က်န္ရစ္သူ ၇၅ ဦးဟာ သတ္မွတ္ထားတဲ့အတိုင္းအေျမာက္စခန္းကို စြန္႔ၿပီး ဒုတိယပစ္မွတ္ျဖစ္တဲ့  La Plein ႐ြာကေလးကိုခ်ီတက္ရပါတယ္။
ေလထီးတပ္ေတြဆုတ္ခြာသြားတာနဲ႔ ဂ်ာမန္ေတြ အေျမာက္ေတြကို ျပန္လည္သိမ္ပိုက္ၿပီး ၂လက္ကိုျပန္သံုးႏိုင္ခဲ့ပါတယ္။ မဟာမိတ္ေတြ ကမ္းတက္လာတဲ့ Sword ကမ္းေျခကို အေျမာက္ စခန္းက မျမင္ရေပမဲ့ ေရွ႕တန္းက ၇၃၆ ေျခလ်င္တပ္ရဲ႕ အကဲၾကဥ့္အဖြဲ႕က ဂ်ာမန္အျမာက္ေတြကို ပစ္မွတ္ၫႊန္ျပေပးႏိုင္ခဲ့ပါတယ္။ ေနာက္ေန႔ ဇြန္လ၇ ရက္မွာ အမွတ္ ၃ ကြန္မန္ုဒိုတပ္က အဲဒီအေျမာက္ေတြကို ဝင္စီးဖို႔ႀကိဳးစားေပမယ့္အက်အဆုံးမ်ားၿပီး ဆုတ္ခြာရျပန္ပါတယ္။ မဟာမိတ္တပ္ေတြဟာ Merville Gun Battery အျမာက္စခန္းကို အၿပီးျပတ္ဖ်က္ဆီးႏိုင္ျခင္းမရွိဘဲ ၁၉၄၄  ဩဂုတ္လ ၁၇ရက္မွာ ဂ်ာမန္တပ္ေတြျပင္သစ္ျပည္ကေနဆုတ္ခြာေတာ့မွသာ ျပန္လည္ သိမ္းပိုက္ႏိုင္ပါေတာ့တယ္။
ဖိုးသုည
05-06-09


ဒီဒေးနောက်ကွယ်က Merville Gun Battery အမြာက်စခန်းတိုက်ပွဲ (ယူနီကုဒ်)

ဒီနေ့ ၅-၆-၁၉ အင်္ဂလန်မှာ နော်မန်ဒီကမ်းတက်တိုက်ပွဲစခဲ့တဲ့ ဒီဒေး ၇၅ နှစ်မြောက် အခမ်းအနားကို ကျင်းပပါတယ်။
ရာသီဥတုဆိုး'ရွားလို့ တရက်နောက်ဆုတ်လိုက်ရတဲ့ အတွက်တကယ်ကမ်းတက်တာကတော့ ၁၉၄၄ ခုဇွန်လ ၆ရက်ပါ။
အခမ်းအနားမှာ ပါတဲ့ အစီအစဉ်တခုကတော့ ဒီဒေးနဲ့ပတ်သက်တဲ့ ထင်ရှားတဲ့ ဖြစ်စဉ်တွေကို အမှတ်တရ ပြန်ပြောပြီး ဂုဏ်ပြုကြပါတယ်။
အဲဒီကမ်းတက် စစ်ဆင်ရေးအောင်မြင်အောင် လူမသိသူမသိ နောက်ကွယ်က လုပ်ပေးရတဲ့ တပ်ဖွဲ့တွေ တိုက်ပွဲတွေနဲ့ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။
တခုကတော့ အမှတ် ၉ လေထီးတပ်ရင်း တပ်မှူး ဒုဗိုလ်မှူးကြီး Terence Otway တာဝန်ယူခဲ့တဲ့ အထူးစစ်ဆင်ရေးပါ။ သူ့ရဲ့တပ်ဖွဲ့က Merville Battery ဆိုတဲ့ နော်မန်ဒီ ကမ်းတက်မယ့် နေရာကိုကာကွယ်ဖို့ တည်ဆောက်ထားတဲ့ အမြောက်ကြီးတွေကို ဖျက်ဆီးဖို့တာဝန်ယူရပါတယ်။

Merville Gun Battery 

အဲဒီ Merville Battery အမြောက်စခန်း ဟာ ၆ပေအထူ သံကူ ကွန်ကရစ်နဲ့ဆောက်ထားတဲ့ အမြောက်ဘန်ကာ၊ ခဲယမ်းသိုလှောင်ရံု၊ လူနေဘန်ကာနဲ့ ကွပ်ကဲရေး အဆောက်အဦတွေပါဝင်ပါတယ်။
အထဲမှာ  မီတာ ၈၀၀၀ ရောက်အောင်ပစ်နိုင်တဲ့  ချက်နိုင်ငံလုပ် ၁၀၀ မီလီမီတာ အမြောက်ကြီးလေးလက်ကို ၂၀ မီလီမီတာ လေယာဉ်ပစ်စက်အမြောက်နဲ့ စက်သေနတ် ပစ်စင် ၁၅ ခုကကာကွယ်ပေးထားပြီး ၁၅ပေကျယ်ပြီး ၅ ပေမြင့်တဲ့ သံဆူးကြိုးစည်းရိုး ၂ထပ်၊ ပေ၁၀၀ နက်တဲ့ မိုင်းကွင်း၊ တင့်ကားရန်ကာကွယ်တဲ့မြောင်းတွေနဲ့ အထပ်ထပ်ကာကွယ်ထားပါတယ်။
အဲဒီအမြောက်ခံတပ်ဟာ မဟာမိတ်တပ်တွေ ပြင်သစ်ကမ်းခြေကို ပြန်တက်လာမှာကို ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ အတ္တလန်တိတ် တံတိုင်းလို့လို့ခေါ်တဲ့ ဟစ်တလာရဲ့ အဓိကခံစစ်တခုပါ။
မဟာမိတ်တွေအတွက်လည်း ပြင်သစ်ကို ကမ်းတက်ရင် ပထမဆုံးတိုက်ခိုက်ရမယ့်နေရာပါ။
ဒီ အမြောက်တွေကို အချိန်မီမဖျက်နိုင်လျင် ကမ်းတက်တပ်ဖွဲ့တွေ အဆုံးအရှုံးအလွန်များနိုင်တာပါ။
ဒီဒေးမတိုင်မီမှာ မဟာမိတ်နဲ့ နာဇီ ၂ ဘက်လုံးက သူလျှိုတွေကလည်း နှစ်ဘက်လုံးမှာ ခြေချင်းလိမ်နေအောင် စစ်သတင်းတွေကိုရယူနေချိန်ဖြစ်ပါတယ်။
Terence Otway ရဲ့ လေထီးတပ်ဟာ တိုက်ပွဲမဝင်ခင်မှာ အလားတူ အမြောက်စခန်းပုံစံတည်ဆောက်ပြီး လေထီးဆင်းတိုက်ခိုက်မှုကိုးကြိမ် (ညဘက်လေးကြိမ်) လေ့ကျင့်ရပါတယ်
သူတို့ရဲ့ အလွန်အရေးကြီးတဲ့လျှို့ဝှက် မစ်ရှင်ကို မပေါက်ကြားဖို့ အလေးအနက်ထားတဲ့တပ်မှူး Terence Otway ကသူ့တပ်သားတွေရဲ့ သတင်းလုံးခြုံမှုကို ပုံမှန်မဟုတ်နဲ့ နည်းနဲ့စစ်ဆေးခဲ့ပါတယ်။
အရံလေတပ် အမျိုးသမီးအမှူထမ်းတွေထဲက အလှဆုံး ၃၀ ကိုရွေးပြီ အရပ်သားဟန်ဆောင်စေကာ သူ့တပ်သားတွေ လေ့ကျင့်နေတဲ့စခန်းနားက အရက်ဆိုင်တွေကိုစေလွှတ်ပါတယ်။
သူတို့တာဝန်က သူတို့ သုံးနိုင်သမျှ နည်းမျိုးစုံးသံုးပြီး အားလပ်ချိန်တွေမှာ အဲဒီအရက်ဆိုင်တွေကို လာပြီး စားသောက်ပျော်ပါးကြတဲ့ Terence Otwayရဲ့ လေထီးစစ်သားတွေထံက သတင်းကို ရနိုင်သမျှ နှိုက်ယူဖို့ပါ။
ဒါပေမယ့်  လေထီးစစ်သားတွေထံက ဘာစစ်သတင်းမှ မပေါက်ကြားခဲ့ဘူးလို့ဆိုပါတယ်။
အလုပ်ကို စေ့စပ်သေချာပုံက အတုယူစရာပါ။
သူ့ရဲ့တပ်ဖွဲ့ဝင်တွေ သတင်းလုံခြုံတာသေချာပြီဆိုမှ ဒီဒေးမတိုင်မီ သူတို့စစ်ဆင်ရေးစပါတယ်။
ဒါကလည်း ဒီဒေးနုဲ့ အချိန်ကိုက်လှုပ်ရှားရတာပါ။ သိပ်စောလို့မရသလို အမြောက်တွေကို အချိန်မီသိမ်းပိုက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။
သူတိုကို အမြောက်ကြီးတွေရဲ့နောက်ကျောကို ဒီဒေးမတိုင်မီညမှာ လေထီးနဲ့ ချပေးခဲ့တာပါ။
အမှတ်၉ လေထီးတပ်ရဲ့ စစ်သည် ၆၀၀ ကိုစစ်အင်ဂျင်နီယာတပ်နဲ့ စက်မဲ့ လေယာဉ်တပ်တွေက ပံ့ပိုးကူညီပြီး ဂျစ်ကား, နောက်တွဲ, လက်နက်ခဲယမ်း၊ တင့်ကားပစ် လက်နက်၊ မီးလျှံသေနတ်စသည်တိုကိုပါပို့ဆောင်ရပါတယ်။ လေထီးဆင်း စစ်မြေပြင် လူနာတင်အဖွဲ့ကလည်းအားဖြည့်ပေးသလို ကေနဒါအမှတ်၁ လေထီးတပ်ကလည်းအမြောက်တွေကို တိုက်ခိုက်မယ့် သူတို့ တပ်တွေ အဝင် အထွက်ကို ကာပစ်ပစ်ပေးဖို့တာဝန်ယူပါတယ်။
လေထီးတပ်ဖွဲ့တွေအဲဒီအမြောက်စခန်းကနေ မနက် ၅ နာရီ နောက်ဆုံးထားဆုတ်ခွာပေးရမှာပါ။ ပြီးတာနဲ့ HMS Arethusa  စစ်သင်္ဘောက နေ Merville Battery စခန်းတခုလုံးကို အမြောက်နဲ့ ပစ်ဖို့စီစဉ်ထားပါတယ်။
တကယ်စစ်ဆင်ရာမှာတော့ လေထီးတပ်တွေ မြေပြင်ကိုဆင်းတာနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပါတယ်။
၁၉၄၄ ခုသန်းကောင်အလွန် ဇွန်လ ၆ရက် မှာ ရှေ့ပြေးတပ်နဲ့ လမ်းညွှန်တပ်တို့ သတ်မှတ်နေရာကို အောင်မြင်စွာဆင်းခဲ့ပေမဲ့ နောက်ကလိုက်လာတဲ့ လန်ကက်စတာ ဗုံးကြဲလေယာဉ်တွေချတဲ့ ဗုံးတွေကတော့ အမြောက်စခန်းပေါ်မကျဘဲလုံးဝလွဲကျပါတယ်။
တခါ လမ်းညွှန်တပ်ဖွဲ့ပါလာတဲ့ အချက်ပြရေဒီယိုကပျက်စီးသွားခဲ့ပြီး ဗုံးကြဲရာက မီးခိုးနဲ့ အပျက်အစီးတွေ ဖုံးကွယ်နေလို့ သူတို့ပြတဲ့ အချက်ပြမီးတွေကို တကယ့် လေထီးတပ်ကို ချမဲ့ပိုင်းလော့တွေက မမြင်နိုင်ဖြစ်နေပြန်ပါတယ်။
မနက်တနာရီမှာ လေထီးတပ်နဲ့ စက်မဲ့ လေယာဉ်တွေဟာ သတ်မှတ်တဲ့ ဧရိယာမှာ ဆင်းနိုင်ခဲ့ပေမဲ့ အကွာအဝး အတော်များများအထိပြန့်ကြဲသွားခဲ့ပါတော့တယ်။
မနက် ၂နာရီ၅၀ မှာ စစ်သည် ၁၅၀ ပဲ Bangalore torpedoes ဆိုတဲ့ လမ်းရှင်းဖေါက်ခွဲရေး ပစ္စည်း၂၀၊ စက်သေနတ်တချို့၊ အပေါ့စားလက်နက်တွေနဲ့ ဆုံရပ်ကိုရောက်လာပါတယ်။ စိန်ပြောင်း၊ မိုင်းရှာကရိယာ၊ တင့်ဖျက်လက်နက်၊ ဂျစ်ကားများ၊ စစ်မြေပြင် လူနာတင်အဖွဲ့နဲ့ စစ်အင်ဂျင်နီယာအဖွဲ့တွေကို မမြင်ရသေးပါဘူး။
အချိန်အလွန်နည်းနေတဲ့အတွက် တပ်မှုး Otway က ကျန်တပ်တွေနဲ့ လက်နက်ကရိယာတွေကို မစောင့်ဘဲ စစ်ဆင်ဖို့ ဆုံးဖြတ်ပါတယ်။
ကြိုရောက်နေတဲ့ ထောက်လှမ်းရေးအဖွဲ့ က ဆူးကြိုးတွေကိုဖြတ်ပြီး မိုင်းကွင်းကိုဖြတ်ကာအမြောက်လေးလက်နေရာကို ချီတက်ဖို့ လမ်းကြောင်းလေးခုရွေးပေးပါတယ်။
သူတို့စောင့်နေတဲ့ နောက်ထပ်စက်မဲ့ လေယာဉ်၃စီးမှာ ၂စီးသာထွက်လာနိုင်ပြီး နေရာလွဲဆင်းခဲ့သလို လေယာဉ်ပစ်လက်နက်ထိမှန်ထံရပြန်ပါတယ်။ အဲဒီလေယာဉ်တွေထဲကစစ်သည်တွေကတော့ ဂျာမန် စစ်ကူတွေနဲ့ တိုက်ခိုက်ရပါတယ်။
တပ်မှုး Otway က နောက်ထပ်ရာေက်တဲ့ တပ်တွေကို အားကိုးမရတော့လို့ တပ်ဖွဲ့ကို လေးခုခွဲပြီး Bangalore torpedoes  အကူညီနဲ့ အတားအဆီးတွေကို ဖျက်စီးချီတက်ကြပါတယ်၊ Bangalore torpedoes  တွေကြောင့် ဂျာမန်တွေ သူတို့လာတာကို သတိထားမိသွားတဲ့ အတွက်လေထီးတပ်သားတွေ အကျအဆုံးများပါတယ်။
မဝင်စီးခင်ဗုံးကြဲမှုကြောင့် ဂျာမန်တွေကအမြောက်ကြီးတွေကို ဖြုတ်ပြီး ဘန်ကာအတွင်းထဲ ထည့်ထားရာမှာ လေဝင်လေထွက်ရအောင် သံမဏိတံခါးတွေကို ဟထားခဲ့ပါတယ်။
လေထီးတပ်တွေက အဲ ဒီအခွင့်အရေးကို ရယူပြီလက်ပစ်ဗုံးတွေသံုးလို့ အမြောက်ဘန်ကာတွေကို ဝင်စီးနိုင်ခဲ့ပါတယ်။
အမြောက်ဘန်ကာတွေရပြီးတဲ့ လေထီးတပ်မှာ အမြောက်တွေကိုဖျက်စီးဖို့ ဖေါက်ခွဲပစ္စည်းနဲ့စစ်အင်ဂျင်နီယာတွေပါမလာဘူးဖြစ်နေပါတယ်။ ဒါနဲ့ သူတို့နဲ့ပါလာတဲ့ ယမ်းပျော့နဲ့ လက်ပစ်ဗုံးတွေကိုသာသုံးပြီး အမြောက်ကြီးတွေကို ဖျက်စီးဖို့ကြိုးစားရပါတယ်။
မနက် ၅နာရီမထိုးမီမှာတော့ ဗြိတိသျှလေထီးတပ်ရဲ့ အသက်ရှင်ကျန်ရစ်သူ ၇၅ ဦးဟာ သတ်မှတ်ထားတဲ့အတိုင်းအမြောက်စခန်းကို စွန့်ပြီး ဒုတိယပစ်မှတ်ဖြစ်တဲ့  La Plein ရွာကလေးကိုချီတက်ရပါတယ်။
လေထီးတပ်တွေဆုတ်ခွာသွားတာနဲ့ ဂျာမန်တွေ အမြောက်တွေကို ပြန်လည်သိမ်ပိုက်ပြီး ၂လက်ကိုပြန်သံုးနိုင်ခဲ့ပါတယ်။ မဟာမိတ်တွေ ကမ်းတက်လာတဲ့ Sword ကမ်းခြေကို အမြောက် စခန်းက မမြင်ရပေမဲ့ ရှေ့တန်းက ၇၃၆ ခြေလျင်တပ်ရဲ့ အကဲကြဉ့်အဖွဲ့က ဂျာမန်အမြာက်တွေကို ပစ်မှတ်ညွှန်ပြပေးနိုင်ခဲ့ပါတယ်။ နောက်နေ့ ဇွန်လ၇ ရက်မှာ အမှတ် ၃ ကွန်မန်ုဒိုတပ်က အဲဒီအမြောက်တွေကို ဝင်စီးဖို့ကြိုးစားပေမယ့်အကျအဆုံးများပြီး ဆုတ်ခွာရပြန်ပါတယ်။ မဟာမိတ်တပ်တွေဟာ Merville Gun Battery အမြာက်စခန်းကို အပြီးပြတ်ဖျက်ဆီးနိုင်ခြင်းမရှိဘဲ ၁၉၄၄  ဩဂုတ်လ ၁၇ရက်မှာ ဂျာမန်တပ်တွေပြင်သစ်ပြည်ကနေဆုတ်ခွာတော့မှသာ ပြန်လည် သိမ်းပိုက်နိုင်ပါတော့တယ်။
ဖိုးသုည
05-06-09
ကိုးကား
https://en.wikipedia.org/wiki/Battle_of_Merville_Gun_Battery
https://en.wikipedia.org/wiki/Terence_Otway
https://www.bbc.co.uk/news/uk-48215675

Wednesday, June 5, 2019

ဘာရယ္မဟုတ္ပဲ ေျပာလိုက္တဲ့ စကားတခြန္းရဲ႕ အတိုင္းအတာ ( ဘာရယ်မဟုတ်ပဲ ပြောလိုက်တဲ့ စကားတခွန်းရဲ့ အတိုင်းအတာ)

ဘာရယ္မဟုတ္ပဲ ေျပာလိုက္တဲ့ စကားတခြန္းရဲ႕ အတိုင္းအတာ

၂၀၁၈ ဧၿပီလ ၅ ရက္ ၾကာသပေတးေန႔၊
စကၤာပူ အေျခစိုက္  Scoot ေလေၾကာင္းလိုင္းက အသက္ ၂၃ ႏွစ္အ႐ြယ္ ေလယာဥ္မယ္ကေလး  ဘူဂ်ိဳဝီးတေယာက္ Singapore - Hat Yai  ခရီးစဥ္ Scoot flight TR634  မွာတာဝန္ထမ္းဖို႔ အလွည့္က်ပါတယ္။
တနာရီခြဲသာသာခရီးအတြက္ လိုအပ္တာေတြျပင္ဆင္အၿပီး ေလယာဥ္ေပၚတက္လာတဲ့ ခရီးသည္ေတြကို လိုအပ္တာေတြကူညီေနစဥ္ ေန႔လည္ ၁၂း ၅၅ ေလာက္မွာ သတ္မွတ္အ႐ြယ္ထက္ႀကီးေနတဲ့ ခရီးေဆာင္အိတ္တလုံးကို ပစၥည္းတင္အကန္႔မွာ မရမကထိုးထည့္ေနတဲ့ ခရီးသည္တေယာက္ကို သတိထားလိုက္မိပါတယ္။
ဘက္ဂ်က္လိုင္းေတြမွာ အပ္ႏွံပစၥည္းေတြအတြက္ အခေၾကးေငြေပးရေတာ့ တခ်ိဳ႕ခရီးသည္ေတြက  ဟန္းကယ္ရီကို မႏိုင္မနင္းထည့္သယ္တတ္ပါတယ္။
အေဖၚ၂ ေယာက္နဲ႔ အတူခရီးထြက္လာတဲ့ စကၤာပူႏိုင္ငံသား ရွဴခြၽန္မန္း (လက္ေထာက္မန္ေနဂ်ာ , အသက္ ၄၁ႏွစ္) ယူလာတဲ့ ဟန္းကယ္ရီ အိတ္က သတ္မွတ္ထားတဲ့ အ႐ြယ္ထက္ပိုႀကီးေနပါတယ္။ ဒါေၾကာင့္အိတ္ကို သူခုံအထက္ကပစၥည္းတင္အကန္႔မွာ ထိုးထည့္ၿပီးေသာ္လည္း အကန္႔အဖုံးပိတ္မရေအာင္ ထြက္ေနပါတယ္။
ေလယာဥ္မယ္ ဘူဂ်ိဳဝီး ကတာဝန္အရ ရွဴခြၽန္မန္းထံခ်ဥ္းကပ္သြားၿပီး ‘ လူႀကီးမင္းရဲ႕ အိတ္က သတ္မွတ္ထားတဲ့အ႐ြယ္ထက္ပိုႀကီးေနလို႔ ေလယာဥ္ေအာက္က ကုန္စည္ခန္းထဲကို ထည့္ရပါမယ္။" လို့ဆိုေပမယ့္ သူက အိတ္ကို မရမကထိုးထည့္ဖို႔ႀကိဳးစားေနပါေသးတယ္။ မျဖစ္ႏိုင္တာေသခ်ာေတာ့မွ လက္ေလွ်ာ့ၿပီး အိတ္ကို ေအာက္ထပ္ ကုန္စည္ခန္းထဲကိုကိုပို႔ဖို႔ သေဘာတူခဲ့ပါတယ္။ “ လူႀကီးမင္း အိတ္ထဲမွာ အေရးႀကီးပစၥည္းဘာေတြပါပါသလဲ ။  ပါ့စ္ပို႔၊ စာ႐ြက္စာတန္း ၊ တန္ဖိုးႀကီးပစၥည္းနဲ႔ လစ္သီယံ ဓါတ္ခဲလို ပစၥည္းေတြကိုေတာ့ ထုတ္ယူထားရပါမယ္။ “ လို႔ ေလယာဥ္မယ္က ေျပာပါတယ္။
ဒါကို မေက်နပ္တဲ့ ခရီးသည္ ရွဴခြၽန္မန္း က “ ဘာမွမပါဘူး. ဗုံးပဲပါတယ္” လို႔ ဘုေတာခဲ့ပါတယ္။ ၿပီးမွသူ႔ကို ရွဴတည္တည္ ျပန္ၾကည့္ေနတဲ့ ေလယဥ္မယ္ကို ေလသံေျပာင္းၿပီး” ဗုံးမဟုတ္ပါဘူး ေနာက္တာပါ။ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလည္း” လို႔ ျပန္ေျပာခဲ့ပါတယ္။
ေလယာဥ္မယ္ ဘူဂ်ိဳဝီးက သူ႔စကားေၾကာင့္ တပ္လွန္႔လိုက္သလိုျဖစ္ေပမဲ့ "ေနာက္တာပါ" ဆိုတာကို လက္ခံလိုက္ပါတယ္။ သူမ လုပ္စရာရွိတာေတြကို ဆက္လုပ္အၿပီးမွာေတာ့ ေလယာဥ္တက္ကာနီးမွာ သူမရဲ႕ အဖြဲ႕ေခါင္းေဆာင္ ေလယာဥ္မယ္ ဂင္နီေခ်ာင္ဝမ္ခ်င္း ကို အဲဒီအျဖစ္ကို သတင္းပို႔ပါတယ္။  အသက္ ၂၆ ႏွစ္သာရွိေသးတဲ့ အဖြဲ႕ေခါင္းေဆာင္ ဂင္နီက ဘူဂ်ိဳဝီး ကို “ ဒီလိုကိစၥမ်ိဳးဆိုတာ အၿမဲ အေလးအနက္ထားရပါတယ္။ ေနာက္တာလို႔ပဲ ေျပာေျပာ ေပါ့ဆလို႔ မရပါဘူး” လို႔ ေျပာၿပီး ေလယာဥ္ဝန္ထမ္းအားလုံးရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ ကက္ပတိန္ကို ခ်က္ခ်င္းသတင္းပို႔ဖို႔လုပ္ပါတယ္။
ျဖစ္ခ်င္ေတာ့ အဲဒီအခ်ိန္မွာေလယာဥ္က ပ်ံတက္ဖို႔ စလုပ္ေနၿပီျဖစ္တာေၾကာင့္ ေလယာဥ္ေမာင္းခန္းကို ေလယာဥ္မယ္ေခါင္းေဆာင္ ဂင္နီ ဝင္ခြင့္မရွိေတာ့ပါ။
ေလယာဥ္ပ်ံေလထဲေရာက္ေတာ့မွ သူမကအက်ိဳးအေၾကာင္းေျပာျပလို႔ ကက္ပတိန္က ဂင္နီကို ေလယာဥ္ေမာင္းခန္းကို ဝင္ခြင့္ျပဳၿပီး အေသးစိပ္သတင္းပို႔ေစပါတယ္။
ေလယာဥ္ေပၚမွာ ဗုံးပါတယ္လို႔ေျပာတာဟာေနာက္ေျပာင္တာပင္ျဖစ္ပါေစ အေလး အနက္ထားကိုင္တြယ္ဖို႔ ေလ့က်င့္ထားၾကတဲ့သူေတြပီပီ လုပ္ထုံးလုပ္နည္း ပ႐ိုတိုေကာအရ ေလယာဥ္ေရာက္ရွိေနတဲ့ မေလးရွား ေလပိုင္နက္ထိန္းခ်ဳပ္ေမွ်ာ္စင္ ကို "Mayday" တပ္လွန္႔အေၾကာင္းၾကားလိုက္ပါတယ္။





စကၤာပူေလေၾကာင္းထိန္းသိမ္ေရး စခန္းကိုလည္းသတင္းပို႔ၿပီး ေလယာဥ္ကို အနီးဆုံး ျဖစ္တဲ့ ေလဆိပ္မွာဆင္းရမည္ဆိုတဲ့ လုပ္ထုံးလုပ္နည္းအရ စကၤာပူခ်န္ဂီေလဆိပ္ကို ျပန္လွည့္ၿပီး အေရးေပၚဆင္းဖို႔စီစဥ္ပါတယ္။ အၿမဲအဆင္သင့္ျဖစ္ေနတဲ့ စကၤာပူေလတပ္က ပိုင္းေလာ့ရဲ႕ တပ္လွန္႔သတင္းေၾကာင့္ အက္ ၁၅ ႏွစ္စီးကို ခ်က္ခ်င္းေစလႊတ္လိုက္ၿပီး အဲဒီ Scoot flight TR634 ေလယာဥ္ကို ေစာင့္ၾကပ္ပ်ံသန္းလိုက္ပါေစပါတယ္။

ေန႔လည္ ၃း၂၀ နာရီမွာေတာ့ အဲဒီေလယာဥ္က ခ်န္ဂီေလဆိပ္ကိုေဘးကင္းစြာဆင္းသက္လိုက္ပါတယ္။ ဆင္းတာနဲ႔ ေလဆိပ္အေဆာက္အဦေတြနဲ႔ေဝးတဲ့ အေနရာမွာ ရပ္နားေစခဲ့ပါတယ္။
ရဲတပ္ဖြဲ႕ေတြေရာက္လာတဲ့အခါမွသာ ခရီးသည္ နဲ႔ ဝန္ထမ္း ၁၇၉ ေယာက္လုံးကို ေလယာဥ္ေပၚက ဆင္းသက္ေစၿပီး လုံၿခဳံရးစစ္ေဆးမႈေတြလုပ္ပါတယ္။ ေလယာဥ္ကို လည္းေသေသခ်ာခ်ာစစ္ေဆး၊ ေနာက္ေျပာင္မိခဲ့တဲ့ ခရီးသည္ ရႈနဲ႔ သူ႔ခရီးသြားေဖၚ ၂ ေယာက္တို႔ရဲ႕အိတ္ေတြအားလုံးကိုလည္း ရွာေဖြစစ္ေဆးၾကပါတယ္။ ဗုံးလည္းတကယ္မေတြ႕လို႔ အားလုံးေဘးကင္းေၾကာင္းေသခ်ာတဲ့ အခါ ေလယာဥ္ခရီး ၄နာရီ ၄၈ မိနစ္ေနာက္က်ခဲ့ၿပီး ေလယာဥ္ျပန္လည္ထြက္ခြာႏိုင္ခဲ့ပါတယ္.

ဒီလိုဗုံးနဲ႔ပတ္သက္တဲ့ တပ္လွန္႔မႈျဖစ္လ်င္လုပ္ရတဲ့ လုပ္ထုံးလုပ္နည္းအရ ပိုင္းေလာ့ေတြနဲ႔ ေလယာဥ္ဝန္ထမ္းအခ်ိဳ႕ေတြကို တာဝန္လဲေပးရသလို၊ ခရီးဖင့္တဲ့ ခရီးသည္ေတြ အစားအေသာက္အတြက္  ကူပြန္ေတြကိုလည္း ေလေၾကာင္းလိုင္းကေပးခဲ့ရပါတယ္။ အဲဒီအက်ိဳးဆက္ကေတာ့ ျဖစ္စဥ္တခုလုံဲးအတြက္ Scoot ေလေၾကာင္းက စကၤာပူေဒၚလာ ၁၃,၇၅၇ ေဒၚလာဆုံးရွဴံးနစ္နာခဲ့ရတယ္လို႔ တရား႐ုံးမွာ တင္ျပခဲ့ပါတယ္။
ေနာက္ေျပာင္မိခဲ့တဲ့ ခရီးသည္ ရွဴ ကို စကၤာပူရဲတပ္ဖြဲ႕က ကုလသမဂၢ အၾကမ္းဖက္တိုက္ခိုက္မႈ တားဆီးေရးဥပေဒနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ အဲဒီဥပေဒအတိုင္း သူသာတကယ္ ျပစ္မႈထင္ရွားလ်င္ ဒါဏ္ေငြ စကၤာပူေဒၚလာ ငါးသိန္း (သို႔) ေထာင္ဒါဏ္ ဆယ္ႏွစ္ ( သို႔) ၂မ်ိဳးလုံးက်ခံရႏိုင္တာပါ။
ေနာက္ပိုင္းမွာေတာ့ ရွဴခြၽန္မန္း ကို " အေႏွာက္အယွက္ျပဳျခင္းမွ ကာကြယ္တဲ့ဥပေဒ"  နဲ႔ ေျပာင္းလြဲတရားစြဲခဲ့ပါတယ္။
တရားခြင္မွာ အစိုးရဥပေဒအရာရွိ နီကိုလတ္စ္ခူးက 'ေနာင္တြင္ ဒီလို အျပဳအမူမ်ိဳးမွထပ္မံျဖစ္ပြားျခင္းမွေရွာင္ရွားဖို႔ လက္လြတ္စလြယ္ျပဳမူေျပာဆိုတတ္သူေတြကို သတိေပးသလိုျဖစ္ေအာင္ ျပင္းထန္တဲ့ အေရးယူမႈမ်ိဳးလိုအပ္ေၾကာင္း' တင္ျပခဲ့တာပါ။ တရားသူႀကီး အဒမ္နာကိုဒါကလည္း ရွဴခြၽန္မန္း ရဲ႕ အျပဳအမူဟာ လုံးဝ လက္ခံႏိုင္စရာမရွိဘူးဆိုတာကို သေဘာတူလို႔ အဲဒီျပစ္မႈရဲ႕ အျမင့္ဆုံးပစ္ဒါဏ္  ဒါဏ္ေငြ ေဒၚလာ ၅၀၀၀ ကို ၅၀၀ သာေလွ်ာ့ၿပီး ဒါဏ္ေငြ ေဒၚလာ ၄၅၀၀ ခ်မွတ္ခဲ့ပါတယ္။
အမွားအယြင္းမခံတဲ့ လုံၿခဳံေရးကိစၥလို မ်ိဳးမွာ စိတ္လိုက္မာန္ပါပဲျဖစ္ေစ၊ အေပ်ာ္အပ်က္ပဲျဖစ္ေစ ႏႈတ္မေစာင့္စည္းႏိုင္ခဲ့လ်င္ ဆိုး႐ြားတဲ့ အက်ိဳးဆက္ကို ခံစားရတယ္ဆိုတဲ့ သင္ခန္းစာတခုပါ။
သားေတာ္ေမာင္ ေျပာဖူးတာေလးကို သတိရမိပါတယ္။ "အေဖ၊ ေလဆိပ္မွာ မိတ္ေဆြ " ဂ်က္" ကို လွမ္းေတြ႕လို႔ ဝမ္းသာအားရနဲ႔ " ဟိုင္း ဂ်က္"
လို႔ လွမ္းမေအာ္မိေစနဲ႔ေနာ္၊  လုံၿခဳံေရးက ေလယဥ္အပိုင္စီးတဲ့ Hijack ထင္ၿပီး ဝိုင္းလာလိမ့္မယ္"  တဲ့။
ဖိုးသုည
04-06-19


ဘာရယ်မဟုတ်ပဲ ပြောလိုက်တဲ့ စကားတခွန်းရဲ့ အတိုင်းအတာ (ယူနီကုဒ်) 

၂၀၁၈ ဧပြီလ ၅ ရက် ကြာသပတေးနေ့၊
စင်္ကာပူ အခြေစိုက်  Scoot လေကြောင်းလိုင်းက အသက် ၂၃ နှစ်အရွယ် လေယာဉ်မယ်ကလေး  ဘူဂျိုဝီးတယောက် Singapore - Hat Yai  ခရီးစဉ် Scoot flight TR634  မှာတာဝန်ထမ်းဖို့ အလှည့်ကျပါတယ်။
တနာရီခွဲသာသာခရီးအတွက် လိုအပ်တာတွေပြင်ဆင်အပြီး လေယာဉ်ပေါ်တက်လာတဲ့ ခရီးသည်တွေကို လိုအပ်တာတွေကူညီနေစဉ် နေ့လည် ၁၂း ၅၅ လောက်မှာ သတ်မှတ်အရွယ်ထက်ကြီးနေတဲ့ ခရီးဆောင်အိတ်တလုံးကို ပစ္စည်းတင်အကန့်မှာ မရမကထိုးထည့်နေတဲ့ ခရီးသည်တယောက်ကို သတိထားလိုက်မိပါတယ်။
ဘက်ဂျက်လိုင်းတွေမှာ အပ်နှံပစ္စည်းတွေအတွက် အခကြေးငွေပေးရတော့ တချို့ခရီးသည်တွေက  ဟန်းကယ်ရီကို မနိုင်မနင်းထည့်သယ်တတ်ပါတယ်။
အဖေါ်၂ ယောက်နဲ့ အတူခရီးထွက်လာတဲ့ စင်္ကာပူနိုင်ငံသား ရှူချွန်မန်း (လက်ထောက်မန်နေဂျာ , အသက် ၄၁နှစ်) ယူလာတဲ့ ဟန်းကယ်ရီ အိတ်က သတ်မှတ်ထားတဲ့ အရွယ်ထက်ပိုကြီးနေပါတယ်။ ဒါကြောင့်အိတ်ကို သူခုံအထက်ကပစ္စည်းတင်အကန့်မှာ ထိုးထည့်ပြီးသော်လည်း အကန့်အဖုံးပိတ်မရအောင် ထွက်နေပါတယ်။
လေယာဉ်မယ် ဘူဂျိုဝီး ကတာဝန်အရ ရှူချွန်မန်းထံချဉ်းကပ်သွားပြီး ‘ လူကြီးမင်းရဲ့ အိတ်က သတ်မှတ်ထားတဲ့အရွယ်ထက်ပိုကြီးနေလို့ လေယာဉ်အောက်က ကုန်စည်ခန်းထဲကို ထည့်ရပါမယ်" လို့ ဆိုပေမယ့် သူက အိတ်ကို မရမကထိုးထည့်ဖို့ကြိုးစားနေပါသေးတယ်။ မဖြစ်နိုင်တာသေချာတော့မှ လက်လျှော့ပြီး အိတ်ကို အောက်ထပ် ကုန်စည်ခန်းထဲကိုကိုပို့ဖို့ သဘောတူခဲ့ပါတယ်။ “ လူကြီးမင်း အိတ်ထဲမှာ အရေးကြီးပစ္စည်းဘာတွေပါပါသလဲ ။  ပါ့စ်ပို့၊ စာရွက်စာတန်း ၊ တန်ဖိုးကြီးပစ္စည်းနဲ့ လစ်သီယံ ဓါတ်ခဲလို ပစ္စည်းတွေကိုတော့ ထုတ်ယူထားရပါမယ်။ “ လို့ လေယာဉ်မယ်က ပြောပါတယ်။
ဒါကို မကျေနပ်တဲ့ ခရီးသည် ရှူချွန်မန်း က “ ဘာမှမပါဘူး. ဗုံးပဲပါတယ်” လို့ ဘုတောခဲ့ပါတယ်။ ပြီးမှသူ့ကို ရှူတည်တည် ပြန်ကြည့်နေတဲ့ လေယဉ်မယ်ကို လေသံပြောင်းပြီး” ဗုံးမဟုတ်ပါဘူး နောက်တာပါ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း” လို့ ပြန်ပြောခဲ့ပါတယ်။
လေယာဉ်မယ် ဘူဂျိုဝီးက သူ့စကားကြောင့် တပ်လှန့်လိုက်သလိုဖြစ်ပေမဲ့ "နောက်တာပါ" ဆိုတာကို လက်ခံလိုက်ပါတယ်။ သူမ လုပ်စရာရှိတာတွေကို ဆက်လုပ်အပြီးမှာတော့ လေယာဉ်တက်ကာနီးမှာ သူမရဲ့ အဖွဲ့ခေါင်းဆောင် လေယာဉ်မယ် ဂင်နီချောင်ဝမ်ချင်း ကို အဲဒီအဖြစ်ကို သတင်းပို့ပါတယ်။  အသက် ၂၆ နှစ်သာရှိသေးတဲ့ အဖွဲ့ခေါင်းဆောင် ဂင်နီက ဘူဂျိုဝီး ကို “ ဒီလိုကိစ္စမျိုးဆိုတာ အမြဲ အလေးအနက်ထားရပါတယ်။ နောက်တာလို့ပဲ ပြောပြော ပေါ့ဆလို့ မရပါဘူး” လို့ ပြောပြီး လေယာဉ်ဝန်ထမ်းအားလုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကက်ပတိန်ကို ချက်ချင်းသတင်းပို့ဖို့လုပ်ပါတယ်။
ဖြစ်ချင်တော့ အဲဒီအချိန်မှာလေယာဉ်က ပျံတက်ဖို့ စလုပ်နေပြီဖြစ်တာကြောင့် လေယာဉ်မောင်းခန်းကို လေယာဉ်မယ်ခေါင်းဆောင် ဂင်နီ ဝင်ခွင့်မရှိတော့ပါ။
လေယာဉ်ပျံလေထဲရောက်တော့မှ သူမကအကျိုးအကြောင်းပြောပြလို့ ကက်ပတိန်က ဂင်နီကို လေယာဉ်မောင်းခန်းကို ဝင်ခွင့်ပြုပြီး အသေးစိပ်သတင်းပို့စေပါတယ်။
လေယာဉ်ပေါ်မှာ ဗုံးပါတယ်လို့ပြောတာဟာနောက်ပြောင်တာပင်ဖြစ်ပါစေ အလေး အနက်ထားကိုင်တွယ်ဖို့ လေ့ကျင့်ထားကြတဲ့သူတွေပီပီ လုပ်ထုံးလုပ်နည်း ပရိုတိုကောအရ လေယာဉ်ရောက်ရှိနေတဲ့ မလေးရှား လေပိုင်နက်ထိန်းချုပ်မျှော်စင် ကို "Mayday" တပ်လှန့်အကြောင်းကြားလိုက်ပါတယ်။
စင်္ကာပူလေကြောင်းထိန်းသိမ်ရေး စခန်းကိုလည်းသတင်းပို့ပြီး လေယာဉ်ကို အနီးဆုံး ဖြစ်တဲ့ လေဆိပ်မှာဆင်းရမည်ဆိုတဲ့ လုပ်ထုံးလုပ်နည်းအရ စင်္ကာပူချန်ဂီလေဆိပ်ကို ပြန်လှည့်ပြီး အရေးပေါ်ဆင်းဖို့စီစဉ်ပါတယ်။ အမြဲအဆင်သင့်ဖြစ်နေတဲ့ စင်္ကာပူလေတပ်က ပိုင်းလော့ရဲ့ တပ်လှန့်သတင်းကြောင့် အက် ၁၅ နှစ်စီးကို ချက်ချင်းစေလွှတ်လိုက်ပြီး အဲဒီ Scoot flight TR634 လေယာဉ်ကို စောင့်ကြပ်ပျံသန်းလိုက်ပါစေပါတယ်။
နေ့လည် ၃း၂၀ နာရီမှာတော့ အဲဒီလေယာဉ်က ချန်ဂီလေဆိပ်ကိုဘေးကင်းစွာဆင်းသက်လိုက်ပါတယ်။ ဆင်းတာနဲ့ လေဆိပ်အဆောက်အဦတွေနဲ့ဝေးတဲ့ အနေရာမှာ ရပ်နားစေခဲ့ပါတယ်။
ရဲတပ်ဖွဲ့တွေရောက်လာတဲ့အခါမှသာ ခရီးသည် နဲ့ ဝန်ထမ်း ၁၇၉ ယောက်လုံးကို လေယာဉ်ပေါ်က ဆင်းသက်စေပြီး လုံခြုံရးစစ်ဆေးမှုတွေလုပ်ပါတယ်။ လေယာဉ်ကို လည်းသေသေချာချာစစ်ဆေး၊ နောက်ပြောင်မိခဲ့တဲ့ ခရီးသည် ရှုနဲ့ သူ့ခရီးသွားဖေါ် ၂ ယောက်တို့ရဲ့အိတ်တွေအားလုံးကိုလည်း ရှာဖွေစစ်ဆေးကြပါတယ်။ ဗုံးလည်းတကယ်မတွေ့လို့ အားလုံးဘေးကင်းကြောင်းသေချာတဲ့ အခါ လေယာဉ်ခရီး ၄နာရီ ၄၈ မိနစ်နောက်ကျခဲ့ပြီး လေယာဉ်ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်.
ဒီလိုဗုံးနဲ့ပတ်သက်တဲ့ တပ်လှန့်မှုဖြစ်လျင်လုပ်ရတဲ့ လုပ်ထုံးလုပ်နည်းအရ ပိုင်းလော့တွေနဲ့ လေယာဉ်ဝန်ထမ်းအချို့တွေကို တာဝန်လဲပေးရသလို၊ ခရီးဖင့်တဲ့ ခရီးသည်တွေ အစားအသောက်အတွက်  ကူပွန်တွေကိုလည်း လေကြောင်းလိုင်းကပေးခဲ့ရပါတယ်။ အဲဒီအကျိုးဆက်ကတော့ ဖြစ်စဉ်တခုလုံဲးအတွက် Scoot လေကြောင်းက စင်္ကာပူဒေါ်လာ ၁၃,၇၅၇ ဒေါ်လာဆုံးရှူံးနစ်နာခဲ့ရတယ်လို့ တရားရုံးမှာ တင်ပြခဲ့ပါတယ်။
နောက်ပြောင်မိခဲ့တဲ့ ခရီးသည် ရှူ ကို စင်္ကာပူရဲတပ်ဖွဲ့က ကုလသမဂ္ဂ အကြမ်းဖက်တိုက်ခိုက်မှု တားဆီးရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဥပဒေအတိုင်း သူသာတကယ် ပြစ်မှုထင်ရှားလျင် ဒါဏ်ငွေ စင်္ကာပူဒေါ်လာ ငါးသိန်း (သို့) ထောင်ဒါဏ် ဆယ်နှစ် ( သို့) ၂မျိုးလုံးကျခံရနိုင်တာပါ။
နောက်ပိုင်းမှာတော့ ရှူချွန်မန်း ကို " အနှောက်အယှက်ပြုခြင်းမှ ကာကွယ်တဲ့ဥပဒေ"  နဲ့ ပြောင်းလွဲတရားစွဲခဲ့ပါတယ်။
တရားခွင်မှာ အစိုးရဥပဒေအရာရှိ နီကိုလတ်စ်ခူးက 'နောင်တွင် ဒီလို အပြုအမူမျိုးမှထပ်မံဖြစ်ပွားခြင်းမှရှောင်ရှားဖို့ လက်လွတ်စလွယ်ပြုမူပြောဆိုတတ်သူတွေကို သတိပေးသလိုဖြစ်အောင် ပြင်းထန်တဲ့ အရေးယူမှုမျိုးလိုအပ်ကြောင်း' တင်ပြခဲ့တာပါ။ တရားသူကြီး အဒမ်နာကိုဒါကလည်း ရှူချွန်မန်း ရဲ့ အပြုအမူဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးဆိုတာကို သဘောတူလို့ အဲဒီပြစ်မှုရဲ့ အမြင့်ဆုံးပစ်ဒါဏ်  ဒါဏ်ငွေ ဒေါ်လာ ၅၀၀၀ ကို ၅၀၀ သာလျှော့ပြီး ဒါဏ်ငွေ ဒေါ်လာ ၄၅၀၀ ချမှတ်ခဲ့ပါတယ်။
အမှားအယွင်းမခံတဲ့ လုံခြုံရေးကိစ္စလို မျိုးမှာ စိတ်လိုက်မာန်ပါပဲဖြစ်စေ၊ အပျော်အပျက်ပဲဖြစ်စေ နှုတ်မစောင့်စည်းနိုင်ခဲ့လျင် ဆိုးရွားတဲ့ အကျိုးဆက်ကို ခံစားရတယ်ဆိုတဲ့ သင်ခန်းစာတခုပါ။
သားတော်မောင် ပြောဖူးတာလေးကို သတိရမိပါတယ်။ "အဖေ၊ လေဆိပ်မှာ မိတ်ဆွေ " ဂျက်" ကို လှမ်းတွေ့လို့ ဝမ်းသာအားရနဲ့ " ဟိုင်း ဂျက်"
လို့ လှမ်းမအော်မိစေနဲ့နော်၊ လုံခြုံရေးက လေယဉ်အပိုင်စီးတဲ့ Hijack ထင်ပြီး ဝိုင်းလာလိမ့်မယ်"  တဲ့။
ဖိုးသုည
04-06-19
https://www.channelnewsasia.com/news/singapore/scoot-bomb-hoax-flight-man-fined-10786222
https://www.channelnewsasia.com/news/singapore/scoot-fake-bomb-threat-plane-returns-to-singapore-10107322
https://www.todayonline.com/singapore/scoot-passenger-whose-use-bomb-word-flight-sparked-security-scramble-fined-s4500
https://www.straitstimes.com/singapore/transport/scoot-flight-returns-to-singapore-safely-after-alleged-bomb-threat-on-board