စကား စကား ေျပာပါမ်ား။
ကေလးငယ္ငယ္ စကားတတ္ကာစအရြယ္တုံးက ေျပာခ်င္တာေျပာ ဆိုခ်င္တာဆို၊ ဆဲရင္ေတာင္ မပီကလာေလးမို႔ ခ်စ္စရာေလးတဲ့။
ေလးငါးႏွစ္ အရြယ္ အေကာင္းအဆိုး နည္းနည္း သိလာေတာ့ ဆဲလို႔မရေတာ့ဘူး။
ဆဲတာမေကာင္းမွန္း သိေနလၽွက္ ဆဲရင္ေတာ့ ႀကိမ္လုံးစာေပါ့။
ဒါေပမဲ့ ရေသးတယ္ လူႀကီးစကား ကို လူတတ္လုပ္ေျပာတာတို႔၊ အၿမီးအေမာက္ မတဲ့တာတို႔၊ အဓိပါယ္မသိလို႔ ရိုင္းသြားတာတို႔။
ဆယ္ေက်ာ္သက္။
မရေတာ့ဘူး နင္ဘဲငဆ၊ အၿမီးအေမာက္လဲ မတဲ့လို႔ မရေတာ့။ အေကာင္းအဆိုး အမွား အမွန္ နားလည္တဲ့ အရြယ္ေရာက္ၿပီေလ။
ဒါေပမဲ့ ရေသးတယ္ စကားေတြအက်ယ္ႀကီးေျပာ၊ ဘန္းစကားေတြသုံး၊ မလိုအပ္ဘဲ ခြက္ထိုးခြက္လန္ရယ္၊ ဟိုမေရာက္ ဒီမေရာက္ စိတ္ကစားတဲ့ အရြယ္ေလ။
၂၀ ေက်ာ္ အစိတ္၊ ေက်ာင္းလဲၿပီး အလုပ္လဲဝင္ၿပီ၊ အရင္လို မရေတာ့ဘူးေပါ့။
ကိုယ့္ အေျပာအဆိုက ကိုယ့္ ပုံရိပ္ကို ထင္ဟပ္ေစတာမို႔ ကိုယ့္ အသိုင္းအဝိုင္း၊ အလုပ္၊ ဂုဏ္သိကၡာကို ထိခိုက္ိႏုင္တဲ့ အေျပာအဆို အျပဳအမူေတြကို ေရွာင္ရၿပီ။
လမ္းေဘးက ကေလကေခ် ေျပာသလို ေျပာတာတို႔ ၊ ႏွုတ္သီးေကာင္း လၽွာပါး တို႔၊ ငါး***ရန္ေတြ႕တို႔၊ ဖဲသမားစကားတို႔၊ အရက္ဝိုင္းစကားတို႔၊ ဒါမ်ိဳးေတြက ေတာ့ ဘာေတြဘယ္လိုေျပာေျပာ လူေတြက ေဘးမဲ့ေပးထားတယ္၊ လူရာကိုမသြင္းခ်င္တာ။ သာမန္လူေတြကေတာ့ အေျပာအဆို မရိုင္းဘူးဆို ၿပီးတာဘဲ ၊ ဒါေပမဲ့ အေၾကာင္းအရာကေတာ့ အေျခအျမစ္ ရွိရွိ မရွိရွိ ေျပာတယ္၊ မွားလဲ ျပႆနာ သိပ္မရွိ၊ တာဝန္ခံမွု သိပ္မရွိဘူးေပါ့။
လူေတြကလဲ သူတို႔ ေျပာတိုင္း ယုံ ေနတာမွ မဟုတ္တာကိုး။
လူရိုေသ ရွင္ရိုေသ ေတြက်ေတာ့ အဲဒီလို မရေတာ့ဘူး။
အေျပာအဆိုလဲ မရိုင္းရဘူး၊ အေၾကာင္း အခ်င္းအရာကလဲ အေျခအျမစ္ ရွိမွ။
ေက်ာင္းဆရာ ဆရာမမ်ား ေျပာရင္ တပည့္ေတြက မိဘေျပာတာထက္ ပိုယုံၾကတယ္။
သူတို႔ေတြ တလြဲေတြ ေျပာရင္ ကေလးေတြ အမ်ားႀကီး အမွတ္အယူ လြဲကုန္ေရာဗ်ာ။ ဘုန္းႀကီးနဲ႔ ဘာသာေရးဆရာေတြ တလြဲေတြ ေျပာရင္ေတာ့ ေတာ္ေတာ္ အႏၲရာယ္ႀကီးပါတယ္။
တပည့္တကာ တကာမ ေတြက လူႀကီးေကာ လူငယ္ပါ လူေတြအမ်ားႀကီး၊ ၾသဇာအာဏာရွိသူေတြပါ ပါတတ္ေတာ့ အမွတ္အယူ လြဲရာက မဟုတ္တဲ့ ကိစၥႀကီးေတြ ျဖစ္ကုန္၊ ျပႆနာေတြပါျဖစ္ကုန္ ေရာဗ်ာ။ အသက္ေတြ ဆုံးရွုံးၾကတာေတြလဲ ရွိပါရဲ့။
လက္ရွိလဲ ျပည္တြင္းေကာ ျပည္ပမွာပါ ျပႆနာႀကီး ငယ္ေတြ ျဖစ္ပ်က္ေနေလရဲ့။
စာေရးဆရာေတြ တလြဲေတြ ေျပာရင္က်ေတာ့ သူ႔ရဲ့ ပရိတ္သတ္ လူတန္းစားေပါင္းစုံ လူေတြအမ်ားႀကီး ကို ထိခိုက္တာေပါ့၊ လူေတြက သူတို႔ ေလးစားတဲ့ သူေျပာတာ ယုံတာကိုး။
ေဆးဆရာေတြ လြဲေတာ့လဲေတာ္ေတာ္ ဆိုးဆိုဘဲ။
သူတို႔ကိုယုံတဲ့ လူနာေတြသာမက လူနာေတြရဲ့ အသိုင္းအဝိုင္းကပါ ေဆးဆရာ (ဆရာဝန္) ကေျပာတာတဲ့ ဆိုၿပီး အယူအဆလြဲေတြကို ယုံၾကည္ လက္ခံသြားေတာ့၊ ကိုယ့္ကိုထိခိုက္ေစတဲ့ အေနအထိုင္ အေလ့အက်င့္ေတြ က်င့္ၾကသလို၊ လုပ္သင့္တာကို မလုပ္မိတာ၊ မလုပ္သင့္တာကို လုပ္မိတာ ေတြေၾကာင့္ အသက္အႏၲရာယ္ပါ ျဖစ္တတ္ပါတယ္။
နိုင္ငံေရးသမားေတြလြဲရင္ေကာဗ်ာ? ဒါက်ေတာ့ အဲဒီသူရဲ့ အေရးပါ အရာေရာက္မွုေပၚတည္ၿပီး၊ သူ႔ကို ယုံသူေကာ မယုံသူေတြကိုပါ ပ်က္စီးေစပါသဗ်ား။
နိုင္ငံေခါင္းေဆာင္ တေယာက္ အေျပာမွားရင္ ေတာ့ စစ္ပြဲေတြေတာင္ ျဖစ္နိုင္သလို တိုင္းျပည္လဲ ၿပိဳကြဲနိုင္ပါတယ္။ အဖြဲ႕အစည္း၊ အသိုင္းအဝိုင္းတခုခုရဲ့ ဦးေဆာင္သူေတြ ေျပာတာဆိုတာက်ေတာ့ အဖြဲ႕အစည္း၊ အသိုင္းအဝိုင္း ကိုေကာ မန္ဘာေတြကိုပါ အမ်ားကို ထိခိုက္ေစတာေပါ့။
အရင္ကလို ထမင္းတနပ္ေလၽွာ့စားတို႔၊ ႏြားနို႔ေသာက္တို႔။ ဖေယာင္တိုင္မီးသုံးတို႔။ နယ္လွည့္ၿပီးပါးရိုက္လာတာတို႔။ အဲဒီလိုေျပာေတာ့ အေပၚက ဘယ္အုပ္စုထဲ ဝင္သြားတယ္ မသိ။
ေျပာတဲ့စကားနဲ႔ ေျပာသူရဲ့ ရာထူးတာဝန္နဲ႔ ၊ ဘယ္လိုလူက သူတို႔တေတြကို အားကိုးရဲေတာ့မလဲ။
အခုလဲစၿပီး ၾကားလာရျပန္ၿပီ နည္းနည္း နည္းနည္းနဲ႔။
အေျပာအဆို အလြဲေလးေတြနဲ႔ ပတ္သက္တဲ့ ဖိုးသုညရဲ့ အျမင္ပါ။
လြတ္လပ္စြာ ေဝဘန္ေထာက္ျပနိုင္ပါတယ္ခင္ဗ်ာ။
သိလို့ တတ်လို့ မဟုတ်ဘဲ ကိုယ်ဖတ်မိ ကြားသိတာကလေးတွေကို သင်ယူနေရင်းနဲ့ မျှဝေတာပါ။
Showing posts with label စကား. Show all posts

Sunday, May 22, 2016
စကား စကား ပြောပါများ။ (ယူနီကုဒ်)
စကား စကား ပြောပါများ။
ကလေးငယ်ငယ် စကားတတ်ကာစအရွယ်တုံးက ပြောချင်တာပြော ဆိုချင်တာဆို၊ ဆဲရင်တောင် မပီကလာလေးမို့ ချစ်စရာလေးတဲ့။
လေးငါးနှစ် အရွယ် အကောင်းအဆိုး နည်းနည်း သိလာတော့ ဆဲလို့မရတော့ဘူး။
ဆဲတာမကောင်းမှန်း သိနေလျှက် ဆဲရင်တော့ ကြိမ်လုံးစာပေါ့။
ဒါပေမဲ့ ရသေးတယ် လူကြီးစကား ကို လူတတ်လုပ်ပြောတာတို့၊ အမြီးအမောက် မတဲ့တာတို့၊ အဓိပါယ်မသိလို့ ရိုင်းသွားတာတို့။
ဆယ်ကျော်သက်။
မရတော့ဘူး နင်ဘဲငဆ၊ အမြီးအမောက်လဲ မတဲ့လို့ မရတော့။ အကောင်းအဆိုး အမှား အမှန် နားလည်တဲ့ အရွယ်ရောက်ပြီလေ။
ဒါပေမဲ့ ရသေးတယ် စကားတွေအကျယ်ကြီးပြော၊ ဘန်းစကားတွေသုံး၊ မလိုအပ်ဘဲ ခွက်ထိုးခွက်လန်ရယ်၊ ဟိုမရောက် ဒီမရောက် စိတ်ကစားတဲ့ အရွယ်လေ။
၂၀ ကျော် အစိတ်၊ ကျောင်းလဲပြီး အလုပ်လဲဝင်ပြီ၊ အရင်လို မရတော့ဘူးပေါ့။
ကိုယ့် အပြောအဆိုက ကိုယ့် ပုံရိပ်ကို ထင်ဟပ်စေတာမို့ ကိုယ့် အသိုင်းအဝိုင်း၊ အလုပ်၊ ဂုဏ်သိက္ခာကို ထိခိုက်ိနုင်တဲ့ အပြောအဆို အပြုအမူတွေကို ရှောင်ရပြီ။
လမ်းဘေးက ကလေကချေ ပြောသလို ပြောတာတို့ ၊ နှုတ်သီးကောင်း လျှာပါး တို့၊ ငါး***ရန်တွေ့တို့၊ ဖဲသမားစကားတို့၊ အရက်ဝိုင်းစကားတို့၊ ဒါမျိုးတွေက တော့ ဘာတွေဘယ်လိုပြောပြော လူတွေက ဘေးမဲ့ပေးထားတယ်၊ လူရာကိုမသွင်းချင်တာ။ သာမန်လူတွေကတော့ အပြောအဆို မရိုင်းဘူးဆို ပြီးတာဘဲ ၊ ဒါပေမဲ့ အကြောင်းအရာကတော့ အခြေအမြစ် ရှိရှိ မရှိရှိ ပြောတယ်၊ မှားလဲ ပြဿနာ သိပ်မရှိ၊ တာဝန်ခံမှု သိပ်မရှိဘူးပေါ့။
လူတွေကလဲ သူတို့ ပြောတိုင်း ယုံ နေတာမှ မဟုတ်တာကိုး။
လူရိုသေ ရှင်ရိုသေ တွေကျတော့ အဲဒီလို မရတော့ဘူး။
အပြောအဆိုလဲ မရိုင်းရဘူး၊ အကြောင်း အချင်းအရာကလဲ အခြေအမြစ် ရှိမှ။
ကျောင်းဆရာ ဆရာမများ ပြောရင် တပည့်တွေက မိဘပြောတာထက် ပိုယုံကြတယ်။
သူတို့တွေ တလွဲတွေ ပြောရင် ကလေးတွေ အများကြီး အမှတ်အယူ လွဲကုန်ရောဗျာ။ ဘုန်းကြီးနဲ့ ဘာသာရေးဆရာတွေ တလွဲတွေ ပြောရင်တော့ တော်တော် အန္တရာယ်ကြီးပါတယ်။
တပည့်တကာ တကာမ တွေက လူကြီးကော လူငယ်ပါ လူတွေအများကြီး၊ သြဇာအာဏာရှိသူတွေပါ ပါတတ်တော့ အမှတ်အယူ လွဲရာက မဟုတ်တဲ့ ကိစ္စကြီးတွေ ဖြစ်ကုန်၊ ပြဿနာတွေပါဖြစ်ကုန် ရောဗျာ။ အသက်တွေ ဆုံးရှုံးကြတာတွေလဲ ရှိပါရဲ့။
လက်ရှိလဲ ပြည်တွင်းကော ပြည်ပမှာပါ ပြဿနာကြီး ငယ်တွေ ဖြစ်ပျက်နေလေရဲ့။
စာရေးဆရာတွေ တလွဲတွေ ပြောရင်ကျတော့ သူ့ရဲ့ ပရိတ်သတ် လူတန်းစားပေါင်းစုံ လူတွေအများကြီး ကို ထိခိုက်တာပေါ့၊ လူတွေက သူတို့ လေးစားတဲ့ သူပြောတာ ယုံတာကိုး။
ဆေးဆရာတွေ လွဲတော့လဲတော်တော် ဆိုးဆိုဘဲ။
သူတို့ကိုယုံတဲ့ လူနာတွေသာမက လူနာတွေရဲ့ အသိုင်းအဝိုင်းကပါ ဆေးဆရာ (ဆရာဝန်) ကပြောတာတဲ့ ဆိုပြီး အယူအဆလွဲတွေကို ယုံကြည် လက်ခံသွားတော့၊ ကိုယ့်ကိုထိခိုက်စေတဲ့ အနေအထိုင် အလေ့အကျင့်တွေ ကျင့်ကြသလို၊ လုပ်သင့်တာကို မလုပ်မိတာ၊ မလုပ်သင့်တာကို လုပ်မိတာ တွေကြောင့် အသက်အန္တရာယ်ပါ ဖြစ်တတ်ပါတယ်။
နိုင်ငံရေးသမားတွေလွဲရင်ကောဗျာ? ဒါကျတော့ အဲဒီသူရဲ့ အရေးပါ အရာရောက်မှုပေါ်တည်ပြီး၊ သူ့ကို ယုံသူကော မယုံသူတွေကိုပါ ပျက်စီးစေပါသဗျား။
နိုင်ငံခေါင်းဆောင် တယောက် အပြောမှားရင် တော့ စစ်ပွဲတွေတောင် ဖြစ်နိုင်သလို တိုင်းပြည်လဲ ပြိုကွဲနိုင်ပါတယ်။ အဖွဲ့အစည်း၊ အသိုင်းအဝိုင်းတခုခုရဲ့ ဦးဆောင်သူတွေ ပြောတာဆိုတာကျတော့ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း ကိုကော မန်ဘာတွေကိုပါ အများကို ထိခိုက်စေတာပေါ့။
အရင်ကလို ထမင်းတနပ်လျှော့စားတို့၊ နွားနို့သောက်တို့။ ဖယောင်တိုင်မီးသုံးတို့။ နယ်လှည့်ပြီးပါးရိုက်လာတာတို့။ အဲဒီလိုပြောတော့ အပေါ်က ဘယ်အုပ်စုထဲ ဝင်သွားတယ် မသိ။
ပြောတဲ့စကားနဲ့ ပြောသူရဲ့ ရာထူးတာဝန်နဲ့ ၊ ဘယ်လိုလူက သူတို့တတွေကို အားကိုးရဲတော့မလဲ။
အခုလဲစပြီး ကြားလာရပြန်ပြီ နည်းနည်း နည်းနည်းနဲ့။
အပြောအဆို အလွဲလေးတွေနဲ့ ပတ်သက်တဲ့ ဖိုးသုညရဲ့ အမြင်ပါ။
လွတ်လပ်စွာ ဝေဘန်ထောက်ပြနိုင်ပါတယ်ခင်ဗျာ။

Subscribe to:
Posts (Atom)
-
Deepnude ပ႐ိုဂရမ္ေရးသူက ျပန္ၿပီး ျဖဳတ္ခ်လိုက္ပါၿပီ။ အမ်ိဳးသမီးတေယာက္ရဲ႕ဓါတ္ပုံကို app ထဲမွာ ဖြင့္လိုက္တယ္ ကလစ္ကေလး တခ်က္ႏွိပ္လိုက္တာနဲ႔ ပ...
-
နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတာ အသုံးမက်တဲ့ကားေတြလား “ စက္ဘီးနဲ႔တိုက္မိတာ စက္ဘီးဘာမွမျဖစ္ဘဲ ကားဘန္ပါခ်ိဳင့္သြားတယ္။ တ႐ုပ္က ထုတ္တဲ့မာစီ...
-
ဗိုက္ထဲကေမၽွာ့နဲ႔ ကန္စြမ္းရြက္ ဇာတ္လမ္း၊ ကၽြတ္တို႔ ေမၽွာ့တို႔ က ကိုယ္ခႏၶာ အပူခ်ိန္ထဲ မွာ မရွင္ဘူး။ အစာအိမ္ထဲက အက္ဆစ္နဲ႔ အူထဲက အစာေျခရည္ က လူ...