Showing posts with label news. Show all posts
Showing posts with label news. Show all posts

Tuesday, July 2, 2019

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER) {တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)}

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER)

မီးရထားတစင္းဆိုက္လာတယ္၊ တံခါးေတြပြင့္လာေတာ့ လူတေယာက္မွ မပါ။
ေလဆိပ္ခန္းမထဲေရာက္ေတာ့ ေလယာဥ္ အတက္အဆင္းခရီးစဥ္ျပ မွန္သားျပင္ေတြမွာ ေလယာဥ္ခရီးစဥ္ အမွတ္ေတြနဲ႔ အခ်ိန္ေတြက လႈပ္ရွားေနေပမယ့္ ခရီးသည္နဲ႔ ေလေၾကာင္းလိုင္း ဝန္ထမ္းေတြ တေယာက္မွမရွိ။
ပစၥည္းေ႐ြးဖို႔ ခါးပတ္ ( baggage reclaim conveyer belt) ႀကီးလႈပ္ရွားလာတယ္။ အိတ္တလုံးမွမပါ။
ဒါေတြကေန႔စဥ္ တကယ္ျဖစ္ေနတာပါ။
စီးသူမရွိတဲ့ ရထားဘူတာ

ေဆာက္ထား တပ္ထားၿပီးသားစက္ေတြ မသုံးျဖစ္လို႔ ဂ်မ္းျဖစ္ၿပီး ရပ္မသြားေအာင္ ေနစဥ္ သုံးစြဲသူမရွိဘဲ လည္ပတ္ အလုပ္လုပ္ခိုင္းထားရတာပါ။ ဘုတ္ေတြမွာ ျပေနတဲ့ ေလယာဥ္ခရီးစဥ္ေတြကေတာ့ အနားက Berlin Schönefeld Airport ေလဆိပ္ကခရီးစဥ္ေတြပါ။
ဥေရာပရဲ႕ စီးပြားေရး အေတာင့္ဆုံး၊ နည္းပညာ အတိုးတက္ဆုံး ဂ်ာမဏီႏိုင္ငံရဲ႕ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးမွာပါ။

သမိုင္းေၾကာင္း

၁၉၈၉ ခု မွာ ဘာလင္တံတိုင္းကိုၿဖိဳခ်ၿပီး အေရွ႕နဲ႔ အေနာက္ဘာလင္ ႏွစ္ျခမ္းျပန္လည္ေပါင္းစည္းခဲ့ပါတယ္.။
၁၉၉၀ မွာ ဂ်ာမဏီ၂ ႏိုင္ငံျပန္လည္ေပါင္းစည္းၿပီး Federal Republic of Germany လို႔ဖြဲစည္းလိုက္တဲ့အခါ ဘာလင္ဟာ ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ျပန္ျဖစ္လာပါတယ္။
ၿမိဳ႕ေတာ္ျပန္ျဖစ္လာတဲ့  ဘာလင္မွာ တိုးတက္လာတဲ့ ေလေၾကာင္းပို႔ေဆာင္ေရး အတြက္ ရွိၿပီးသားေလဆိပ္ေတြနဲ႔ မလုံေလာက္ေတာ့ ပါဘူး။ ႏိုင္ငံေရးေခါင္းေဆာင္ေတြက ဘာလင္ အတြက္ ေခတ္မွီေလဆိပ္သစ္ႀကီးတခုကို တည္ေဆာက္ဆို႔လိုတယ္ဆိုတာကို သေဘာတူခဲ့ၾကပါတယ္။
ဒီလိုနဲ႔ ေလဆိပ္သစ္ႀကီးကိုစီမံခန္႔ခြဲဖို႔အတြက္ ၁၉၉၁ ခုႏွစ္ ေမလမွာ  Berlin Brandenburg Airport holding company ႀကီး ကို တည္ေထာင္ ခဲ့ပါတယ္။
၁၉၉၆ ခုဇြန္လေရာက္မွ လက္ရွိ အသုံးျပဳေနတဲ့ Berlin Schönefeld Airport (SXF) အနားက ေျမေနရာကို အတည္ျပဳပါတယ္။

Berlin Brandenburg Airport (BER) နဲ့ Berlin Schönefeld Airport (SXF)


တခါ ဘယ္ပုဂၢလိကေဆာက္လုပ္ေရးအဖြဲ႕ေတြကို ေဆာက္ဖို႔  ေခၚယူမယ္ဆိုတာနဲ႔ ပတ္သက္ၿပီးျဖစ္တဲ့ ျပသနာေတြေၾကာင့္ ၂၀၀၀ ခုႏွစ္ ႏိုဝင္ဘာလေရာက္မွ ယာယီ စီမံကိန္း အတည္ျဖစ္ပါတယ္။ ေလဆိပ္ကို  ၂၀၀၇ ခုႏွစ္မွာဖြင့္လွစ္ဖို႔စီစဥ္ခဲ့ၾကပါတယ္။
လက္ေတြ႕မွာေတာ့ ေလဆိပ္ေဆာက္မယ့္ေနရာမွာေတြ႕တဲ့ ေရွးေဟာင္း သခ်ႋဳင္းကို ေရွးေဟာင္း သုေတသီေတြက ထူးေဖၚတာကို ေစာင့္ရ၊ နယ္ေျမခံျပည္သူေတြနဲ႔ျပသနာ ၊  ကုန္က်စရိတ္တြက္ခ်က္ရာမွာ မွားယြင္းမႈ စတဲ့ျပသနာေတြကိုေျဖရွင္းေနရလို႔ ၂၀၀၆ ခု စက္တင္ဘာလေရာက္မွ ေဆာက္လုပ္ေရး လုပ္ငန္းေတြကိုတကယ္စတင္ႏိုင္ခဲ့ပါတယ္။
ဒီလိုနဲ႔ ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလ ၃၀ လို႔ ျပင္ဆင္သတ္မွတ္ထားခဲ့ပါတယ္.
ဒါေပမဲ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာ ျပသနာေတြမ်ားလို႔ ေႏွာင့္ေႏွးေနၿပီး ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၂ ခု ဇႏၷဝါရီလု ၃ ရက္၊ ေနာက္ေတာ့ ၂၀၁၂ ဇြန္လလို႔ ထပ္ေျပာင္းပါတယ္။
ဝန္ႀကီးခ်ဳပ္ Angela Merkel ကို ဖိတ္ၿပီး ေလဆိပ္ႀကီးကို ဖြင့္ဖို႔ ျပင္ဆင္ထားရာ ဖြင့္ပြဲမတိုင္မီ တလအလို ၂၀၁၂ ေမလ မွာ မီးေဘးကာကြယ္ေရး စနစ္လက္မွတ္ရဖို႔ စစ္ေဆးေတာ့မွ ဘယ္လိုမွ ေမွ်ာ္မွန္းမထားတဲ့ အေတာ္ဆိုး႐ြားတဲ့ ျပသနာေတြကိုေတြ႕ရလို႔ ဖြင့္ပြဲကို ၂၀၁၃ မတ္လ ၁၇ လို႔ ေျပာင္းရပါတယ္၊ ေနာက္ေတာ့ ၂၀၁၃ ေအာက္တိုဘာ ၂၇ ကို ေ႐ႊ႕ျပန္ပါတယ္။


အခုထိအသုံးမျပဳရေသးတဲ့ ေလဆိပ္အေဆာက္ အဦႀကီး


၂၀၁၃ ဇႏၷဝါရီလအေရာက္မွာေတာ့ ေလဆိပ္တကယ္ဖြင့္မယ့္ရက္ကို မေၾကျငာႏိုင္ေတာဘဲ  ၂၀၁၄ အထိ ဖြင့္ႏိုင္မွာ မဟုတ္ဘူးလို႔သာေၾကျငာႏိုင္ပါေတာ့တယ္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္လည္း ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕က ႏႈတ္ထြက္ၿပီး Berlin Brandenburg Airportရဲ႕ စီအီးအိုကိုလဲ ရာထုးက ျဖဳတ္လိုက္ပါတယ္။
၂၀၁၄ မွာ စီအီးအို အသစ္ Hartmut Mehdorn က ေလဆိပ္ကို ၂၀၁၆ အထိ ဖြင့္လွစ္ႏိုင္ဖြယ္ မရွိလို႔ ေၾကျငာပါတယ္။ တပူေပၚ ႏွစ္ပူဆင့္တက္တက္လာတဲ့ ျပသနာေတြနဲ႔ မေရရာမႈေတြေၾကာင့္ Mehdorn လည္း ၂၀၁၄ ဒီဇင္ဘာလမွာ စီအီးအိုအျဖ့စ္မွ ႏႈတ္ထြက္ခဲ့ပါတယ္။
၂၀၁၅ ဇူလိုင္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္သစ္ Michael Müller က ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕ဥကၠဌ ေနရာကို ရယူၿပီး ေလဆိပ္ကို  ၂၀၁၇ မွာ ဖြင့္လွစ္ႏိုင္ေအာင္ ဦးေဆာင္ျပန္ပါတယ္။
၂၀၁၅ ဩဂုတ္လမွာေတာ့ ေလဆိပ္စီမံကိမ္း အတြင္းက ခ်စားမႈ လာယ္စားမႈေတြ တစၿပီးတစ ထြက္လာပါတယ္။ ေလဆိပ္နည္းပညာဆိုင္ရာ ဒါ႐ိုက္တာ Jochen Grossmann ဟာ ယူ႐ို သန္းတဝက္ လာယ္စားမယ္ဆိုတဲ့ စြဲခ်က္နဲ႔ တရားတေဘာင္ရင္ဆိုင္ေနရပါတယ္။

၂၀၁၆ ဒီဇင္ဘာလမွာေတာ့ ေနာက္ဆုံးရည္မွန္းထားတဲ့ ၂၀၁၇ မွာေလဆိပ္ဖြင့္လွစ္ႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူးဆိုျပန္ပါတယ္။
မီးလုံးေတြမွားတပ္တာ၊ တံခါးေတြကို နံပတ္တပ္မွားေနတာ၊ မီးခလုပ္ေတြ မရွိတာ၊ မွားယြင္းတဲ့ မီးႀကိဳးသြယ္တန္းမႈ၊ မီးေဘးအခ်က္ေပး စနစ္ မွားယြင္းမႈ စတာေတြကေန အေဆာက္အဦအမိုးက သတ္မွတ္ထားတာထက္ ၂ဆေက်ာ္ပိုေလးေနတယ္ဆိုတဲ့ ျပသနာ အႀကီးႀကီးအထိ၊ ျပသနာေပါင္း (၅၅၀၀၀၀) သန္းတဝက္ေက်ာ္ေလာက္ကိုျပင္ဆင္ရမယ္ဆိုတာ ေတြ႕ရွိလာရလို႔ပါ။

ဘာေတြမွားခဲ့တာလဲ 

ပညာရွင္နဲ႔ ႏိုင္ငံေရးသမား ေနရာမွား

အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်ေပးရတဲ့ ေလဆိပ္ေဆာက္လုပ္ေရး ႀကီးၾကပ္မႈ ဘုတ္အဖြဲ႕ဝင္ေတြဟာ လုပ္ငန္းကြၽမ္းက်င္သူ စပယ္ရွယ္လစ္ေတြ ျဖစ္ရမယ့္အစား ဒီလုပ္ငန္းေတြနဲ႔ နီးစပ္မႈ မရွိတဲ့ ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ဘာလင္ၿမိဳ႕ေတာ္ဝန္ နဲ႔  Brandenburg ျပည္နယ္ဝန္ႀကီးခ်ဳပ္ တို႔ ျဖစ္ေနပါတယ္။  စီမံကိန္းအႀကီးကဲ၊ နည္းပညာအႀကီးအကဲေတြကလည္း ဆိုင္ရာနယ္ပယ္မွာ မကြၽမ္းက်င္ၾကလို႔ လူေတြတေယာက္ၿပီး တေယာက္ေျပာင္းရပါတယ္။
သူတို႔က ေဆာက္လုပ္ေရးလုပ္ငန္းေတြကို အေတြ႕အႀကဳံရင့္ ကုမၸဏီႀကီးတခုကို အပ္ၿပီး စီမံခန္႔ခြဲေစတာမ်ိဳးမဟုတ္ဘဲ လုပ္ငန္း ကန္ထ႐ိုက္  ၃၀ -၄၀ ေလာက္ကို ေဈးသက္သက္သာသာနဲ႔ ခိုင္းလို႔ရတဲ့ ကုမၸဏီ အငယ္ကေလးေတြကို တိုက္႐ိုက္ခြဲေပးခဲ့ပါတယ္။ အဲဒီမွာလုပ္ငန္းေတြအၾကားညႇိႏႈိင္းထိန္းခ်ဳပ္ရတာေတြက ရႈပ္ေထြးကုန္ပါတယ္။

ဗိသုကာဆိုင္ရာျပသနာမ်ား

ဗိသုကာဆိုင္ရာ မွားယြင္းတဲ့ထဲမွာ ျပသနာ္ႀကီးတခုကေတာ့ပါ။ ဒီဇိုင္းဆြဲတဲ့ ဗိသုကာက ပူၿပီး အထက္ကိုဆန္တက္တတ္တဲ့ မီးခိုးေတြကို ေလဆိပ္ခန္းမေအာက္ေျခကေနစုပ္ထုတ္ဖို႔ လုပ္ထားပါတယ္၊  အစအဆုံးျပန္ျပင္ရပါတယ္။
ခ်က္အင္လုပ္ဖို႔ေကာင္တာေတြက သိပ္နည္းေနၿပီး ခရီးသည္ေတြအိတ္ေတြကို ျပန္ေ႐ြးဖို႔ စနစ္ကနည္းလုံေလာက္မႈမရွိပါ။
အေအးေပးစနစ္က အလြန္အားနည္းလို႔ အပူလြန္ၿပီး ကြန္ျပဴတာစနစ္ေတြကို အလိုေလွ်ာက္ျဖတ္ေတာက္ လိုက္ရင္ ေလဆိပ္တခုလုံး ကကြန္ျပဳူတာေတြရပ္သြားႏိုင္ပါတယ္။
မီးအေရးေပၚလ်င္ အလိုေလွ်ာက္ပိတ္ရမယ့္တံခါးေတြ မပိတ္လို႔ ျပန္ျပင္ရမွာ တံခါး တေထာင္ေလာက္ရွိပါသတဲ့ ၊ ျပန္လုပ္ရမယ့္ လွ်ပ္စစ္ႀကိဳးေတြက ကီလိုမီတာေပါင္မ်ားစြာ။
ေလယာဥ္ေတြပ်ံသန္းတဲ့ လမ္းေၾကာင္းနဲ႔ ဆူညံသံကာကြယ္ေပးဖို႔ လိုအပ္တဲ့ ေနရာေတြကို တြက္ခ်က္တာကလဲ လြဲေနပါတယ္။
ေလဆိပ္ဗိသုကာ Meinhard von Gerkan's က ေလဆိပ္မွာ ေဈးဝယ္တာကို မႀကိဳက္သူျဖစ္လို႔ ေလဆိပ္ဒီဇိုင္းမွာ ဆိုင္ေတြ နည္းႏိုင္သမွ်နည္းေအာင္ ေလွ်ာ့ထားခဲ့ ပါတယ္။ ဒီအေၾကာင္းကို ေလဆိပ္ကုမၸဏီက သိတာေနာက္က်လို႔ ဆိုင္ခန္းေတြအတြက္ အထပ္တခု ထပ္တိုးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ေလဆိပ္ေတြက အဲဒီလိုဆိုင္ခန္းငွားခေတြကေန ဝင္ေငြ အမ်ားအျပားရေနၾကတာပါ။
ျပသနာက အဲလိုထပ္တိုးတဲ့ အထပ္အတြက္ လိုအပ္လာတဲ့ မီးသတ္စနစ္လို မီးခိုးစုပ္ထုတ္စနစ္လို စနစ္ေတြကို ထပ္ျဖည့္ရမွာျဖစ္ၿပီး ဘယ္လို ထပ္ျဖည့္ထားတယ္ဆိုတာ ဘယ္သူမွ ေသခ်ာမသိဘူးဆိုပါတယ္။
ေလဆိပ္ႀကီးရဲ႕ မီးေဘးကာကြယ္ေရးစနစ္ စီမံကိန္းကိုေရးဆြဲသူ Alfredo di Mauro ဟာ လက္မွတ္ရအင္ဂ်င္နီယာတေယာက္မဟုတ္ဘဲ technical draftsman တေယာက္သာျဖစ္ပါသတဲ့ ။
The Magic Carpet နဲ႔ မၿပီးႏိုင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္

အနာဂတ္အတြက္ႀကိဳတင္ျပင္ဆင္မႈအားနည္းခ်က္မ်ား

ေလဆိပ္စီမံကိန္းကို စတင္စဥ္က တႏွစ္ကို ခရီးသည္ ၂၇ သန္း အတြက္ရည္႐ြယ္ခဲ့ေပမယ့္ ေလဆိပ္ဖြင့္လွစ္ဖို႔ ေႏွာင္ေႏွးတာနဲ႔အမွ် အကယ္ဖြင့္လွစ္မယ့္အခ်ိန္မွာ ေလဆိပ္ႀကီး အေနနဲ႔ လက္ခံရမယ့္ ခရီးစဥ္နဲ႔ခရီးသည္အေရအတြက္က  အမ်ားႀကီးပိုလာမွာျဖစ္ပါတယ္။  ဒါေၾကာင့္ ဖြင့္လွစ္ၿပီးတာနဲ႔ တိုးခ်ဲ႕တဲ့လုပ္ငန္းကို  စတင္ရမယ့္ အေနအထားမွာရွိေနပါတယ္.
ေဆာက္လုပ္တာ အခ်ိန္ၾကာတာနဲ႔ အမွ် ေလေၾကာင္းလုပ္ငန္းေတြက ေျပာင္းလဲလာေတာ့ လိုအပ္ခ်က္ အသစ္ေတြ တိုးတိုးလာပါတယ္။ အခုေနာက္ပိုင္း ေဈးသက္သာတဲ့ ဘတ္ဂ်က္ေလေၾကာင္းလိုင္းေတြ အလ်င္အျမန္တိုးခ်ဲ႕တြင္က်ယ္လာတဲ့အခါ ေလဆိပ္ေတြမွာ သူတို႔ဖို႔ ေဈးေပါေပါနဲ႔ အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြလိုလာပါတယ္။ မူလဒီဇိုင္းမွာ အဲလို ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြမပါဘဲ  လုပ္ငန္းစရိတ္ႀကီးတဲ့ "jet bridges" ေတြပဲပါပါတယ္၊။ ဒါပမယ့္ ႀကီးၾကပ္ေရးဘုတ္အဖြဲ႕ဝင္ ႏိုင္ငံေရးသမားေတြကို လိုအပ္တဲ့ ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြ ထည့္ေပးဖို႔ထက္ Airbus A380 ေလယာဥ္ႀကီးေတြတြက္ ဂိတ္ေတြထည့္ဖို႔ကိုတြန္းအားေပးပါတယ္။
တဖက္ကလည္း အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြ မျဖစ္မေနလိုအပ္လာေတာ့ သူတို႔အတြက္ ေနာက္ထပ္ ေနရာအသစ္တိုးခ်ဲ႕ရျပန္ပါတယ္၊ ဒီလို႔ အသစ္ျဖည့္စြက္ရတာေတြမ်ားလာေတာ့ ေလဆိပ္ေဆာက္လုပ္သူေတြမွာလည္း ဘယ္ကဘယ္လိုဆက္လုပ္ရမယ္ဆိုတာမသိေအာင္ ရႈပ္ေထြးကုန္ပါတယ္။

စရိတ္ စရိတ္ စရိတ္

၂၀၀၆ မွာ စတင္စဥ္က ယူ႐ို ၂.၅ဘီလီယံနဲ႔ ေရးဆြဲခဲ့တဲ့ စီမံကိန္းႀကီးဟာ ၂၀၁၇ မွာ ယူ႐ို ၆.၅ ဘီလီယံအထိကုန္က်ၿပီးျဖစ္ပါတယ္။  ေလဆိပ္ကိုမဖြင့္ရေသးလို႔ ဝင္ေငြမဝင္ေပမယ့္  ၇ ႏွစ္ေက်ာ္ ေႏွာင့္ေႏွးေနတဲ့ ေလဆိပ္မွာ ေန႔စဥ္နဲ႔အမွ် ထိမ္းသိမ္းရတဲ့စရိတ္ေတြတက္ေနသလို LCD display လို တခ်ိဳ႕ပစၥည္းေတြဆို မသုံးရေသးခင္ အသစ္နဲ႔ အစားထိုးရတဲ့ အေနအထားေရာက္ေနပါတယ္။ စက္ပစၥည္းေတြကိုလည္း မသုံးတာၾကာၿပီးဂ်မ္းမျဖစ္ေအာင္ ေန႔စဥ္ေမာင္းေပးေနရပါတယ္။ အစိုးရပိုင္ ေလဆိပ္ကုမၸဏီႀကီးက ေလဆိပ္ကို ထိန္းသိမ္းရတဲ့ စရိတ္ဟာ တလကို ယူ႐ို ၁၇ သန္းရွိပါတယ္။

All 750 of the monitors showing flight information had to be replaced earlier in 2018 - at a cost of €500,000 (Credit: Getty Images)

အခုထိျပင္ရတာေတြကလည္း ျပင္မဆုံးျဖစ္ေနလို႔ဒီေလဆိပ္ကို ဆက္မျပင္ေတာ့ဘဲ ဖ်က္ပစ္ၿပီး အသစ္တခုကို အစကျပန္စတာ အကုန္အက် ပိုသက္သာမယ္လို႔ အႀကံေပးတာေတြလည္းရွိပါတယ္။
ရထားဘူတာကထြက္လာတဲ့ စက္ေလွကားတခ်ိဳ႕ဟာ သိတ္တိုလြန္းတယ္၊ျပန္ျပင္ဖို႔ ကလည္း စားရိတ္အလြန္ႀကီးမယ္

ျပည္သူေတြေပးထားတဲ့ အခြန္ေတြကို ဒီေလာက္မ်ားမ်ားသုံးထားၿပီးမွ ျပန္ဖ်က္ဖို႔ မျဖစ္ေတာ့ဘူး တခုခုအေကာင္အထည္ ျပႏိုင္ေအာင္လုပ္ရေတာ့မယ္ point of no reture ကိုေရာက္ေနၿပီလို႔ ဆိုၿပီး ဆက္လုပ္ေနၾကတာပါ။
အခု ေနာက္ဆုံး သတ္မွတ္ထားတဲ့ ေလဆိပ္ဖြင့္ရက္ကေတာ့ ၂၀၂၀ ေအာက္တိုဘာလထဲမွာ ျဖစ္မယ္လို႔ ဆိုထားပါတယ္။ ဒီသတ္မွတ္ထားတဲ့ ရက္ကိုလည္း စိတ္ဝင္စားသူမရွိသေလာက္ျဖစ္ေနပါၿပီ။
တခ်ိန္က ကမာၻႀကီးကိုၿခိမ္းေျခာက္ခဲ့တဲ့ နာဇီ ဂ်ာမဏီရဲ႕ ၿမိဳ႕ေတာ္၊ အခုလည္းဥေရာပမွာ စီးပြားေရးနဲ႔နည္းပညာမွာ ေရွ႕ကဦးေဆာင္ေနတဲ့ ေခတ္သစ္ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ ဘာလင္ဟာ ေလာေလာဆယ္မွာေတာ့ ၁၉၃၄ ခုႏွစ္ကတည္းကေဆာက္ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ႔ ၁၉၄၈ မွာ ရက္ ၉၀ နဲ႔ တည္ေဆာက္ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို႔ကိုပဲဆက္လက္ အားထားေနရပါတယ္။
ဒီ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးရဲ႕ျပသနာကေတာ့ ႏိုင္ငံတကာ မွာလည္း ျဖစ္တတ္တာေၾကာင့္ တိုင္ျပည္အုပ္ခ်ဳပ္သူေတြနဲ႔ ပညာရွင္ေတြ အားလုံး သခၤန္းစာယူရမယ့္ နမူႀကီးတခုျဖစ္ပါတယ္။ 

ဖိုးသုည
2/7/19

တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)

မီးရထားတစင်းဆိုက်လာတယ်၊ တံခါးတွေပွင့်လာတော့ လူတယောက်မှ မပါ။ 
လေဆိပ်ခန်းမထဲရောက်တော့ လေယာဉ် အတက်အဆင်းခရီးစဉ်ပြ မှန်သားပြင်တွေမှာ လေယာဉ်ခရီးစဉ် အမှတ်တွေနဲ့ အချိန်တွေက လှုပ်ရှားနေပေမယ့် ခရီးသည်နဲ့ လေကြောင်းလိုင်း ဝန်ထမ်းတွေ တယောက်မှမရှိ။ 
ပစ္စည်းရွေးဖို့ ခါးပတ် ( baggage reclaim conveyer belt) ကြီးလှုပ်ရှားလာတယ်။ အိတ်တလုံးမှမပါ။ 
ဒါတွေကနေ့စဉ် တကယ်ဖြစ်နေတာပါ။ 
ဆောက်ထား တပ်ထားပြီးသားစက်တွေ မသုံးဖြစ်လို့ ဂျမ်းဖြစ်ပြီး ရပ်မသွားအောင် နေစဉ် သုံးစွဲသူမရှိဘဲ လည်ပတ် အလုပ်လုပ်ခိုင်းထားရတာပါ။ ဘုတ်တွေမှာ ပြနေတဲ့ လေယာဉ်ခရီးစဉ်တွေကတော့ အနားက Berlin Schönefeld Airport လေဆိပ်ကခရီးစဉ်တွေပါ။ 
ဥရောပရဲ့ စီးပွားရေး အတောင့်ဆုံး၊ နည်းပညာ အတိုးတက်ဆုံး ဂျာမဏီနိုင်ငံရဲ့ Berlin Brandenburg Airport (BER) လေဆိပ်ကြီးမှာပါ။

သမိုင်းကြောင်း

၁၉၈၉ ခု မှာ ဘာလင်တံတိုင်းကိုဖြိုချပြီး အရှေ့နဲ့ အနောက်ဘာလင် နှစ်ခြမ်းပြန်လည်ပေါင်းစည်းခဲ့ပါတယ်.။
၁၉၉၀ မှာ ဂျာမဏီ၂ နိုင်ငံပြန်လည်ပေါင်းစည်းပြီး Federal Republic of Germany လို့ဖွဲစည်းလိုက်တဲ့အခါ ဘာလင်ဟာ ဂျာမဏီရဲ့မြို့တော်ပြန်ဖြစ်လာပါတယ်။ 
မြို့တော်ပြန်ဖြစ်လာတဲ့  ဘာလင်မှာ တိုးတက်လာတဲ့ လေကြောင်းပို့ဆောင်ရေး အတွက် ရှိပြီးသားလေဆိပ်တွေနဲ့ မလုံလောက်တော့ ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေက ဘာလင် အတွက် ခေတ်မှီလေဆိပ်သစ်ကြီးတခုကို တည်ဆောက်ဆို့လိုတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။
ဒီလိုနဲ့ လေဆိပ်သစ်ကြီးကိုစီမံခန့်ခွဲဖို့အတွက် ၁၉၉၁ ခုနှစ် မေလမှာ  Berlin Brandenburg Airport holding company ကြီး ကို တည်ထောင် ခဲ့ပါတယ်။ 
၁၉၉၆ ခုဇွန်လရောက်မှ လက်ရှိ အသုံးပြုနေတဲ့ Berlin Schönefeld Airport (SXF) အနားက မြေနေရာကို အတည်ပြုပါတယ်။  
MAP
တခါ ဘယ်ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့တွေကို ဆောက်ဖို့  ခေါ်ယူမယ်ဆိုတာနဲ့ ပတ်သက်ပြီးဖြစ်တဲ့ ပြသနာတွေကြောင့် ၂၀၀၀ ခုနှစ် နိုဝင်ဘာလရောက်မှ ယာယီ စီမံကိန်း အတည်ဖြစ်ပါတယ်။ လေဆိပ်ကို  ၂၀၀၇ ခုနှစ်မှာဖွင့်လှစ်ဖို့စီစဉ်ခဲ့ကြပါတယ်။ 
လက်တွေ့မှာတော့ လေဆိပ်ဆောက်မယ့်နေရာမှာတွေ့တဲ့ ရှေးဟောင်း သင်္ချိုင်းကို ရှေးဟောင်း သုတေသီတွေက ထူးဖေါ်တာကို စောင့်ရ၊ နယ်မြေခံပြည်သူတွေနဲ့ပြသနာ ၊  ကုန်ကျစရိတ်တွက်ချက်ရာမှာ မှားယွင်းမှု စတဲ့ပြသနာတွေကိုဖြေရှင်းနေရလို့ ၂၀၀၆ ခု စက်တင်ဘာလရောက်မှ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတကယ်စတင်နိုင်ခဲ့ပါတယ်။ 
ဒီလိုနဲ့ လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ လို့ ပြင်ဆင်သတ်မှတ်ထားခဲ့ပါတယ်. 
ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပြသနာတွေများလို့ နှောင့်နှေးနေပြီး လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၂ ခု ဇန္နဝါရီလု ၃ ရက်၊ နောက်တော့ ၂၀၁၂ ဇွန်လလို့ ထပ်ပြောင်းပါတယ်။ 
ဝန်ကြီးချုပ် Angela Merkel ကို ဖိတ်ပြီး လေဆိပ်ကြီးကို ဖွင့်ဖို့ ပြင်ဆင်ထားရာ ဖွင့်ပွဲမတိုင်မီ တလအလို ၂၀၁၂ မေလ မှာ မီးဘေးကာကွယ်ရေး စနစ်လက်မှတ်ရဖို့ စစ်ဆေးတော့မှ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အတော်ဆိုးရွားတဲ့ ပြသနာတွေကိုတွေ့ရလို့ ဖွင့်ပွဲကို ၂၀၁၃ မတ်လ ၁၇ လို့ ပြောင်းရပါတယ်၊ နောက်တော့ ၂၀၁၃ အောက်တိုဘာ ၂၇ ကို ရွှေ့ပြန်ပါတယ်။ 
၂၀၁၃ ဇန္နဝါရီလအရောက်မှာတော့ လေဆိပ်တကယ်ဖွင့်မယ့်ရက်ကို မကြေငြာနိုင်တောဘဲ  ၂၀၁၄ အထိ ဖွင့်နိုင်မှာ မဟုတ်ဘူးလို့သာကြေငြာနိုင်ပါတော့တယ်၊ ဘာလင်မြို့တော်ဝန်လည်း ကြီးကြပ်ရေး ဘုတ်အဖွဲ့က နှုတ်ထွက်ပြီး Berlin Brandenburg Airportရဲ့ စီအီးအိုကိုလဲ ရာထုးက ဖြုတ်လိုက်ပါတယ်။ 
၂၀၁၄ မှာ စီအီးအို အသစ် Hartmut Mehdorn က လေဆိပ်ကို ၂၀၁၆ အထိ ဖွင့်လှစ်နိုင်ဖွယ် မရှိလို့ ကြေငြာပါတယ်။ တပူပေါ် နှစ်ပူဆင့်တက်တက်လာတဲ့ ပြသနာတွေနဲ့ မရေရာမှုတွေကြောင့် Mehdorn လည်း ၂၀၁၄ ဒီဇင်ဘာလမှာ စီအီးအိုအဖြ့စ်မှ နှုတ်ထွက်ခဲ့ပါတယ်။ 
၂၀၁၅ ဇူလိုင်၊ ဘာလင်မြို့တော်ဝန်သစ် Michael Müller က ကြီးကြပ်ရေး ဘုတ်အဖွဲ့ဥက္ကဌ နေရာကို ရယူပြီး လေဆိပ်ကို  ၂၀၁၇ မှာ ဖွင့်လှစ်နိုင်အောင် ဦးဆောင်ပြန်ပါတယ်။ 
၂၀၁၅ ဩဂုတ်လမှာတော့ လေဆိပ်စီမံကိမ်း အတွင်းက ချစားမှု လာယ်စားမှုတွေ တစပြီးတစ ထွက်လာပါတယ်။ လေဆိပ်နည်းပညာဆိုင်ရာ ဒါရိုက်တာ Jochen Grossmann ဟာ ယူရို သန်းတဝက် လာယ်စားမယ်ဆိုတဲ့ စွဲချက်နဲ့ တရားတဘောင်ရင်ဆိုင်နေရပါတယ်။

၂၀၁၆ ဒီဇင်ဘာလမှာတော့ နောက်ဆုံးရည်မှန်းထားတဲ့ ၂၀၁၇ မှာလေဆိပ်ဖွင့်လှစ်နိုင်ဖို့ မဖြစ်နိုင်ပါဘူးဆိုပြန်ပါတယ်။ 
မီးလုံးတွေမှားတပ်တာ၊ တံခါးတွေကို နံပတ်တပ်မှားနေတာ (၄၀၀၀)၊ မီးခလုပ်တွေ မရှိတာ၊ မှားယွင်းတဲ့ မီးကြိုးသွယ်တန်းမှု၊ မီးဘေးအချက်ပေး စနစ် မှားယွင်းမှု စတာတွေကနေ အဆောက်အဦအမိုးက သတ်မှတ်ထားတာထက် ၂ဆကျော်ပိုလေးနေတယ်ဆိုတဲ့ ပြသနာ အကြီးကြီးအထိ၊ ပြသနာပေါင်း (၅၅၀၀၀၀) သန်းတဝက်ကျော်လောက်ကိုပြင်ဆင်ရမယ်ဆိုတာ တွေ့ရှိလာရလို့ပါ။ 

ဘာတွေမှားခဲ့တာလဲ 

ပညာရှင်နဲ့ နိုင်ငံရေးသမား နေရာမှား

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရတဲ့ လေဆိပ်ဆောက်လုပ်ရေး ကြီးကြပ်မှု ဘုတ်အဖွဲ့ဝင်တွေဟာ လုပ်ငန်းကျွမ်းကျင်သူ စပယ်ရှယ်လစ်တွေ ဖြစ်ရမယ့်အစား ဒီလုပ်ငန်းတွေနဲ့ နီးစပ်မှု မရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဘာလင်မြို့တော်ဝန် နဲ့  Brandenburg ပြည်နယ်ဝန်ကြီးချုပ် တို့ ဖြစ်နေပါတယ်။  စီမံကိန်းအကြီးကဲ၊ နည်းပညာအကြီးအကဲတွေကလည်း ဆိုင်ရာနယ်ပယ်မှာ မကျွမ်းကျင်ကြလို့ လူတွေတယောက်ပြီး တယောက်ပြောင်းရပါတယ်။ 
သူတို့က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အတွေ့အကြုံရင့် ကုမ္ပဏီကြီးတခုကို အပ်ပြီး စီမံခန့်ခွဲစေတာမျိုးမဟုတ်ဘဲ လုပ်ငန်း ကန်ထရိုက်  ၃၀ -၄၀ လောက်ကို ဈေးသက်သက်သာသာနဲ့ ခိုင်းလို့ရတဲ့ ကုမ္ပဏီ အငယ်ကလေးတွေကို တိုက်ရိုက်ခွဲပေးခဲ့ပါတယ်။ အဲဒီမှာလုပ်ငန်းတွေအကြားညှိနှိုင်းထိန်းချုပ်ရတာတွေက ရှုပ်ထွေးကုန်ပါတယ်။ 

ဗိသုကာဆိုင်ရာပြသနာများ

ဗိသုကာဆိုင်ရာ မှားယွင်းတဲ့ထဲမှာ ပြသနာ်ကြီးတခုကတော့ပါ။ ဒီဇိုင်းဆွဲတဲ့ ဗိသုကာက ပူပြီး အထက်ကိုဆန်တက်တတ်တဲ့ မီးခိုးတွေကို လေဆိပ်ခန်းမအောက်ခြေကနေစုပ်ထုတ်ဖို့ လုပ်ထားပါတယ်၊  အစအဆုံးပြန်ပြင်ရပါတယ်။ 
ချက်အင်လုပ်ဖို့ကောင်တာတွေက သိပ်နည်းနေပြီး ခရီးသည်တွေအိတ်တွေကို ပြန်ရွေးဖို့ စနစ်ကနည်းလုံလောက်မှုမရှိပါ။ 
အအေးပေးစနစ်က အလွန်အားနည်းလို့ အပူလွန်ပြီး ကွန်ပြူတာစနစ်တွေကို အလိုလျှောက်ဖြတ်တောက် လိုက်ရင် လေဆိပ်တခုလုံး ကကွန်ပြုူတာတွေရပ်သွားနိုင်ပါတယ်။  
မီးအရေးပေါ်လျင် အလိုလျှောက်ပိတ်ရမယ့်တံခါးတွေ မပိတ်လို့ ပြန်ပြင်ရမှာ တံခါး တထောင်လောက်ရှိပါသတဲ့ ၊ ပြန်လုပ်ရမယ့် လျှပ်စစ်ကြိုးတွေက ကီလိုမီတာပေါင်များစွာ။
လေယာဉ်တွေပျံသန်းတဲ့ လမ်းကြောင်းနဲ့ ဆူညံသံကာကွယ်ပေးဖို့ လိုအပ်တဲ့ နေရာတွေကို တွက်ချက်တာကလဲ လွဲနေပါတယ်။ 
လေဆိပ်ဗိသုကာ Meinhard von Gerkan's က လေဆိပ်မှာ ဈေးဝယ်တာကို မကြိုက်သူဖြစ်လို့ လေဆိပ်ဒီဇိုင်းမှာ ဆိုင်တွေ နည်းနိုင်သမျှနည်းအောင် လျှော့ထားခဲ့ ပါတယ်။ ဒီအကြောင်းကို လေဆိပ်ကုမ္ပဏီက သိတာနောက်ကျလို့ ဆိုင်ခန်းတွေအတွက် အထပ်တခု ထပ်တိုးဖို့ တောင်းဆိုခဲ့ပါတယ်။ လေဆိပ်တွေက အဲဒီလိုဆိုင်ခန်းငှားခတွေကနေ ဝင်ငွေ အများအပြားရနေကြတာပါ။ 
ပြသနာက အဲလိုထပ်တိုးတဲ့ အထပ်အတွက် လိုအပ်လာတဲ့ မီးသတ်စနစ်လို မီးခိုးစုပ်ထုတ်စနစ်လို စနစ်တွေကို ထပ်ဖြည့်ရမှာဖြစ်ပြီး ဘယ်လို ထပ်ဖြည့်ထားတယ်ဆိုတာ ဘယ်သူမှ သေချာမသိဘူးဆိုပါတယ်။ 
လေဆိပ်ကြီးရဲ့ မီးဘေးကာကွယ်ရေးစနစ် စီမံကိန်းကိုရေးဆွဲသူ Alfredo di Mauro ဟာ လက်မှတ်ရအင်ဂျင်နီယာတယောက်မဟုတ်ဘဲ technical draftsman တယောက်သာဖြစ်ပါသတဲ့ ။ 

အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များ

လေဆိပ်စီမံကိန်းကို စတင်စဉ်က တနှစ်ကို ခရီးသည် ၂၇ သန်း အတွက်ရည်ရွယ်ခဲ့ပေမယ့် လေဆိပ်ဖွင့်လှစ်ဖို့ နှောင်နှေးတာနဲ့အမျှ အကယ်ဖွင့်လှစ်မယ့်အချိန်မှာ လေဆိပ်ကြီး အနေနဲ့ လက်ခံရမယ့် ခရီးစဉ်နဲ့ခရီးသည်အရေအတွက်က  အများကြီးပိုလာမှာဖြစ်ပါတယ်။  ဒါကြောင့် ဖွင့်လှစ်ပြီးတာနဲ့ တိုးချဲ့တဲ့လုပ်ငန်းကို  စတင်ရမယ့် အနေအထားမှာရှိနေပါတယ်. 
ဆောက်လုပ်တာ အချိန်ကြာတာနဲ့ အမျှ လေကြောင်းလုပ်ငန်းတွေက ပြောင်းလဲလာတော့ လိုအပ်ချက် အသစ်တွေ တိုးတိုးလာပါတယ်။ အခုနောက်ပိုင်း ဈေးသက်သာတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းတွေ အလျင်အမြန်တိုးချဲ့တွင်ကျယ်လာတဲ့အခါ လေဆိပ်တွေမှာ သူတို့ဖို့ ဈေးပေါပေါနဲ့ အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေလိုလာပါတယ်။ မူလဒီဇိုင်းမှာ အဲလို ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေမပါဘဲ  လုပ်ငန်းစရိတ်ကြီးတဲ့ "jet bridges" တွေပဲပါပါတယ်၊။ ဒါပမယ့် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် နိုင်ငံရေးသမားတွေကို လိုအပ်တဲ့ ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေ ထည့်ပေးဖို့ထက် Airbus A380 လေယာဉ်ကြီးတွေတွက် ဂိတ်တွေထည့်ဖို့ကိုတွန်းအားပေးပါတယ်။ 
တဖက်ကလည်း အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေ မဖြစ်မနေလိုအပ်လာတော့ သူတို့အတွက် နောက်ထပ် နေရာအသစ်တိုးချဲ့ရပြန်ပါတယ်၊ ဒီလို့ အသစ်ဖြည့်စွက်ရတာတွေများလာတော့ လေဆိပ်ဆောက်လုပ်သူတွေမှာလည်း ဘယ်ကဘယ်လိုဆက်လုပ်ရမယ်ဆိုတာမသိအောင် ရှုပ်ထွေးကုန်ပါတယ်။  

စရိတ် စရိတ် စရိတ်

၂၀၀၆ မှာ စတင်စဉ်က ယူရို ၂.၅ဘီလီယံနဲ့ ရေးဆွဲခဲ့တဲ့ စီမံကိန်းကြီးဟာ ၂၀၁၇ မှာ ယူရို ၆.၅ ဘီလီယံအထိကုန်ကျပြီးဖြစ်ပါတယ်။  လေဆိပ်ကိုမဖွင့်ရသေးလို့ ဝင်ငွေမဝင်ပေမယ့်  ၇ နှစ်ကျော် နှောင့်နှေးနေတဲ့ လေဆိပ်မှာ နေ့စဉ်နဲ့အမျှ ထိမ်းသိမ်းရတဲ့စရိတ်တွေတက်နေသလို LCD display လို တချို့ပစ္စည်းတွေဆို မသုံးရသေးခင် အသစ်နဲ့ အစားထိုးရတဲ့ အနေအထားရောက်နေပါတယ်။ စက်ပစ္စည်းတွေကိုလည်း မသုံးတာကြာပြီးဂျမ်းမဖြစ်အောင် နေ့စဉ်မောင်းပေးနေရပါတယ်။ အစိုးရပိုင် လေဆိပ်ကုမ္ပဏီကြီးက လေဆိပ်ကို ထိန်းသိမ်းရတဲ့ စရိတ်ဟာ တလကို ယူရို ၁၇ သန်းရှိပါတယ်။ 
အခုထိပြင်ရတာတွေကလည်း ပြင်မဆုံးဖြစ်နေလို့ဒီလေဆိပ်ကို ဆက်မပြင်တော့ဘဲ ဖျက်ပစ်ပြီး အသစ်တခုကို အစကပြန်စတာ အကုန်အကျ ပိုသက်သာမယ်လို့ အကြံပေးတာတွေလည်းရှိပါတယ်။ 
ပြည်သူတွေပေးထားတဲ့ အခွန်တွေကို ဒီလောက်များများသုံးထားပြီးမှ ပြန်ဖျက်ဖို့ မဖြစ်တော့ဘူး တခုခုအကောင်အထည် ပြနိုင်အောင်လုပ်ရတော့မယ် point of no reture ကိုရောက်နေပြီလို့ ဆိုပြီး ဆက်လုပ်နေကြတာပါ။
အခု နောက်ဆုံး သတ်မှတ်ထားတဲ့ လေဆိပ်ဖွင့်ရက်ကတော့ ၂၀၂၀ အောက်တိုဘာလထဲမှာ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဒီသတ်မှတ်ထားတဲ့ ရက်ကိုလည်း စိတ်ဝင်စားသူမရှိသလောက်ဖြစ်နေပါပြီ။ 
တချိန်က ကမ္ဘာကြီးကိုခြိမ်းခြောက်ခဲ့တဲ့ နာဇီ ဂျာမဏီရဲ့ မြို့တော်၊ အခုလည်းဥရောပမှာ စီးပွားရေးနဲ့နည်းပညာမှာ ရှေ့ကဦးဆောင်နေတဲ့ ခေတ်သစ်ဂျာမဏီရဲ့မြို့တော် ဘာလင်ဟာ လောလောဆယ်မှာတော့ ၁၉၃၄ ခုနှစ်ကတည်းကဆောက်ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ့ ၁၉၄၈ မှာ ရက် ၉၀ နဲ့ တည်ဆောက်ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို့ကိုပဲဆက်လက် အားထားနေရပါတယ်။ 
ဒီ Berlin Brandenburg Airport (BER) လေဆိပ်ကြီးရဲ့ပြသနာကတော့ နိုင်ငံတကာ မှာလည်း ဖြစ်တတ်တာကြောင့် တိုင်ပြည်အုပ်ချုပ်သူတွေနဲ့ ပညာရှင်တွေ အားလုံး သင်္ခန်းစာယူရမယ့် နမူကြီးတခုဖြစ်ပါတယ်။ 

ဖိုးသုည
2/7/19

Saturday, June 29, 2019

ကလစ္ကေလး တခ်က္ႏွိပ္လိုက္တာနဲ႔ ပုံေပၚကအဝတ္ေတြ ကြာက်သြားတယ္၊ (ကလစ်ကလေး တချက်နှိပ်လိုက်တာနဲ့ ပုံပေါ်ကအဝတ်တွေ ကွာကျသွားတယ်၊)

Deepnude ပ႐ိုဂရမ္ေရးသူက ျပန္ၿပီး ျဖဳတ္ခ်လိုက္ပါၿပီ။

အမ်ိဳးသမီးတေယာက္ရဲ႕ဓါတ္ပုံကို app ထဲမွာ ဖြင့္လိုက္တယ္
ကလစ္ကေလး တခ်က္ႏွိပ္လိုက္တာနဲ႔ ပုံေပၚကအဝတ္ေတြ ကြာက်သြားတယ္၊
တခဏအတြင္း သူမပုံက အဝတ္ေတြ မပါတဲ့ ကိုယ္လုံးတီးျဖစ္သြားတယ္။
စိတ္ဝင္စားစရာေကာင္းတယ္မထင္ဘူးလား။
ဒီေနရာမွာ ကိုယ့္မိသားစုဝင္ တေယာက္ေယာက္ အေမ၊ ႏွမ၊ အမ၊ ဇနီးမယား သို႔မဟုတ္ ကိုယ့္ ခ်စ္သူရဲ႕ပုံကို သူတပါးက ဒီလိုလုပ္ၾကည့္မယ္ဆို ဘယ္လိုေနမလဲ။
ပိုဆိုးတာက အမ်ိဳးသမီးေကာင္းေတြရဲ႕ပုံေတြကိုဒီလိုလုပ္ၿပီး အင္တာနက္မွာ တင္လိုက္ ျဖန႔္လိုက္မယ္ဆိုရင္ ဒါေတြကိုသုံးၿပီးေငြညႇစ္ၾကရင္ဘယ္ေလာက္ဆိုးသြားမလဲ။
သတ္ေသတဲ့ ဇာတ္လမ္းေတြေတာင္ ျဖစ္လာႏိုင္ပါတယ္။
A screenshot of a portion of the DeepNude website


Deepnude.com ဆိုတဲ့ ဝဘ္ဆိုဒ္မွာၿပီးခဲ့တဲ့ ဇြန္ခ ၂၃ရက္ကစလို႔ အဲဒီ app ကို ေဒၚလာ ၅၀ နဲ႔ ေရာင္းေနရာက ဝင္ေရာက္ၾကည့္ရႈသူမ်ားလို႔ ဆာဗာေတာင္ က်သြားခဲ့ရတယ္ ဆိုပါတယ္ ။ ဒီ app ကိုသုံးၿပီးမဟုတ္တာလုပ္မဲ့ ျပသနာေၾကာင့္ ပ႐ိုဂရမ္ေရးသူက ျပန္ၿပီး ျဖဳတ္ခ်လိုက္ပါၿပီ။
ဒါေပမယ့္ ျဖဳတ္မခ်မီ သူဘယ္ေလာက္ ေရာင္းခဲ့ရတယ္ဆိုတာေတာ့ မသိပါဘူး။
 ဒါမ်ိဳး app ေတြက ေမွာင္ခိုေဈးကြက္မွာ ေပါေပါေလာေလာ ျပန္ရနိင္တာျဖစ္လို႔ လုံးဝ ေပ်ာက္သြားတာမဟုတ္ပါဘူး။
ဒါမ်ိဳး app ေတြထပ္ေပၚလာရင္ အမ်ိဳးေကာင္းသမီးေတြရဲ႕ပုံေတြကို ျပဳျပင္ၿပီး ၿခိမ္းေျခာက္သူေတြ ေပၚလာႏိုင္ပါတယ္။
သိကၡာခ်တာ ေငြညႇစ္တာ၊ ၿခိမ္းေျခာက္ အၾကပ္ကိုင္တာ ေတြ လုပ္လာႏိုင္လို႔  အမ်ိဳးသမီးမ်ားအခြင့္အေရးကို ကာကြယ္ေစာင့္ေရွာက္သူေတြက စိုးရိမ္ၾကပါတယ္။

Deepnude ဆိုတာဘာလဲ 

ဒီ app အမ်ိဳးသမီးတေယာက္ပုံကို အေပၚက AI နည္းပညာနဲ႔ အဝတ္ေတြကို ဖယ္ၿပီး ဝတ္လစ္စလစ္လို႔ ျမင္ရေအာင္ လုပ္ေပးတာပါ။ app ထဲမွာစုထားတဲ့ ဝတ္လစ္စလစ္ပုံေတြကို သုံးတယ္ဆိုပါတယ္။
တကယ့္ ကာယကံရွင္ရဲ႕ ကိုယ္လုံးမဟုတ္ဘဲ ဆင္တူၿပီး အဝတ္မပါတဲ့ တျခားကိုယ္လုံးပုံနဲ႔ အစားထိုးလိုက္တာပါ။ ႐ုတ္တရက္ၾကည့္လိုက္ေတာ့ ဓါတ္ပုံပိုင္ရွင္ရဲ႕ပုံမွာ အဝတ္ေတြ ခြာခ်လိုက္သလို ျဖစ္သြားတယ္ဆိုပါတယ္။
AI နည္းပညာသုံးထားေတာ့ ကိုယ္လုံး၊ အသားအေရေတြ အေတာ္ နီးစပ္ေအာင္ ေ႐ြးေပးႏိုင္ပါတယ္။ မူရင္းပုံမွာ ပုံပိုင္ရွင္ရဲ႕ အသားအေရ ကိုျမင္ရတဲ့ ဧရိယာမ်ားလ်င္ (ဥပမာ ေရကူးဝတ္စုံနဲ႔ပုံ) ရလာဒ္က ပိုေကာင္းပါတယ္တဲ့။ ပုံေတြရဲ႕ အရည္အေသြးနဲ႔ လုပ္ထားပုံေတြကအေတာ္ကိုေသသပ္တယ္ဆိုပါတယ္။
ပုံရဲ႕ ဝဲဘက္ အထက္ေဒါင့္မွာ “"FAKE” ဆိုတဲ့ စာလုံးကို ထည့္ထားေပးေပမယ့္ အလြယ္တကူ ဖ်က္ပစ္လို႔ရတဲ့ ေနရာမွာ ရွိေနတာလို႔ ဆိုပါတယ္။
အမ်ိဳးသမီးပုံအတြက္ပဲ ျဖစ္လို႔ အမ်ိဳးသားပုံကို အပ္ထဲမွာ အဝတ္ခြာၾကည့္လိုက္ရင္ေတာ့ အကြဲေၾကာင္းကလေလးနဲ႔ ျဖတ္ေဖါက္ခ်ဳပ္ပုံထြက္လာမွာပါ။
Fake စာလုံးကို ထည့္ထားေပးေပမယ့္ အလြယ္တကူ ဖ်က္ပစ္လို႔ရ

အခုလည္း ပုံေတြကို ဖိုတိုေရွာ့နဲ႔ ျဖတ္ညႇပ္ကပ္ေတြ လုပ္လို႔ရေနတာပဲ ဘာထူးလဲလို႔ ေမးစရာရွိပါတယ္။ ဖိုတိုေရွာ့မွာပုံကိုျပင္တယ္ဆိုတာက ျပင္သူအေနနဲ႔ ျဖတ္၊ ကပ္မယ့္ ပုံနဲ႔ သင့္ေတာ္တဲ့ပုံကိုရွာရမယ္၊ အသားအေရ၊ အလင္းအေမွာင္၊ အပိန္အဝ စသျဖင့္ လုပ္ရတဲ့အဆင့္ေတြမ်ားလို႔ လူတိုင္းလည္းမလုပ္တတ္ပါဘူး။
Deepnude ကေတာ့ AI နည္းပညာကိုသုံးထားေတာ့  တခ်က္ကလစ္ႏွိပ္႐ုံနဲ႔ အေတာ္ကေလး ပီျပင္တဲ့ပုံရတယ္ဆိုပါတယ္။
အလြယ္တကူ လုပ္လို႔ရေတာ့ မဟုတ္တဲ့ေနရာမွာ အသုံးခ်ခ်င္သူေတြပိုမ်ားလာမွာပါ။

ကိုယ္ေဖ့ဘြတ္မွာ တင္ထားတဲ့ ကမ္းေျခမွာ ေလညႇင္းခံေနတဲ့ပုံကေလး အင္တာနက္မွာ ဝတ္လစ္စလစ္နဲ႔ ျပန႔္လာတယ္ဆိုတာမ်ိဳးျဖစ္လာရင္ေတာ့ မေတြးဝံ့စရာပါ။
အမ်ိဴသမီးမ်ားအေနတဲ့ တဦးတည္း တကိုယ္လုံးပါတဲ့ပုံေတြကိုအမ်ားျပည္သူေတြ႕လို႔ ကူးယူလို႔ရေအာင္ တင္လ်င္ သတိထားသင့္ပါတယ္။
ကိုယ့္ရဲ႕ ႏုပ်ိဳလွပမႉကို ျပခ်င္ရင္လဲ ဂ႐ုပုံတို႔ ကိုယ္တပိုင္းပုံတို႔
ထိုင္ေနတဲ့ပုံတို႔ေလာက္ဆိုရင္ေတာ့ သိပ္ျပသနာရွိမယ္မထင္ပါ။

ကိုကို၊ညီညီမ်ားကို သတိေပးပါရေစ ဒီလို app မ်ိဳး ေဈးေပါေပါနဲ႔ ေမွာင္ခိုေဈးကြက္မွာေတြ႕ရင္ ေဝးေဝးကေရွာင္ပါ၊ ဗိုင္းရပ္ေတြ ထ႐ိုဂ်န္ေတြနဲ႔ ျပည့္ေနတတ္ပါတယ္

ကိုယ္တင္ထားတဲ့ ကမ္းေျခမွာ လမ္းေလွ်ာက္ေနတဲ့ပုံကေလး အင္တာနက္မွာ ဝတ္လစ္စလစ္နဲ႔ ျပန႔္လာၿပီဆိုရင္ေတာ့ မေတြးဝံ့စရာပါ။
တဦးတည္း တကိုယ္လုံးပါတဲ့ပုံေတြကိုအမ်ားျပည္သူေတြ႕လို႔ ကူးယူလို႔ရေအာင္ မတင္တာေကာင္းပါတယ္။
ကိုယ့္ရဲ႕ ႏုပ်ိဳလွပမႉကို ျပခ်င္ရင္လဲ ႐ုပုံတို႔ ကိုယ္တပိုင္းပုံတို႔
ထိုင္ေနတဲ့ပုံတို႔ေလာက္ဆိုရင္ေတာ့ သိပ္ျပသနာရွိမယ္မထင္ပါ။

ဒီလို app  တခုစေပၚရင္ ေနာက္က တပုံတပင္ႀကီးလာၾကမွာ။
၂၀၁၇ တုန္းကလည္း deepkfake ဆိုတဲ့ အလားတူ app ေပၚလာလို႔  မီဒီယာေတြ ဥပေဒသမားေတြအလုပ္ရႈပ္သြားခဲ့ပါေသးတယ္။
တကယ္ေတာ့ နည္းပညာတိုးတက္မႈကို တလြဲသုံးမႈတခုပါ။
ဘာပဲျဖစ္ျဖစ္ သတိထားဆင္ျခင္ရမွာကေတာ့ ကိုယ့္တာဝန္ေပါ့ေလ။

ဖိုးသုည
29-6-19


Deepnude app ကိုပရိုဂရမ်ရေးသူက ပြန်ပြီး ဖြုတ်ချလိုက်ပါပြီ။

အမျိုးသမီးတယောက်ရဲ့ဓါတ်ပုံကို app ထဲမှာ ဖွင့်လိုက်တယ်
ကလစ်ကလေး တချက်နှိပ်လိုက်တာနဲ့ ပုံပေါ်ကအဝတ်တွေ ကွာကျသွားတယ်၊
တခဏအတွင်း သူမပုံက အဝတ်တွေ မပါတဲ့ ကိုယ်လုံးတီးဖြစ်သွားတယ်။
စိတ်ဝင်စားစရာကောင်းတယ်မထင်ဘူးလား။
ဒီနေရာမှာ ကိုယ့်မိသားစုဝင် တယောက်ယောက် အမေ၊ နှမ၊ အမ၊ ဇနီးမယား သို့မဟုတ် ကိုယ့် ချစ်သူရဲ့ပုံကို သူတပါးက ဒီလိုလုပ်ကြည့်မယ်ဆို ဘယ်လိုနေလဲ။
ပိုဆိုးတာက အမျိုးသမီးကောင်းတွေရဲ့ပုံတွေကိုဒီလိုလုပ်ပြီး အင်တာနက်မှာ တင်လိုက် ဖြန့်လိုက်မယ်ဆိုရင် ဒါတွေကိုသုံးပြီးငွေညှစ်ကြရင်ဘယ်လောက်ဆိုးသွားမလဲ။
သတ်သေတဲ့ ဇာတ်လမ်းတွေတောင် ဖြစ်လာနိုင်ပါတယ်။

Deepnude.com ဆိုတဲ့ ဝဘ်ဆိုဒ်မှာပြီးခဲ့တဲ့ ဇွန်ခ ၂၃ရက်ကစလို့ အဲဒီ app ကို ဒေါ်လာ ၅၀ နဲ့ ရောင်းနေရာက ဝင်ရောက်ကြည့်ရှုသူများလို့ ဆာဗာတောင် ကျသွားခဲ့ရတယ် ဆိုပါတယ် ။ ဒီ app ကိုသုံးပြီးမဟုတ်တာလုပ်မဲ့ ပြသနာကြောင့် ပရိုဂရမ်ရေးသူက ပြန်ပြီး ဖြုတ်ချလိုက်ပါပြီ။
ဒါပေမယ့် ဖြုတ်မချမီ သူဘယ်လောက် ရောင်းခဲ့ရတယ်ဆိုတာတော့ မသိပါဘူး။
 ဒါမျိုး app တွေက မှောင်ခိုဈေးကွက်မှာ ပေါပေါလောလော ပြန်ရနိင်တာဖြစ်လို့ လုံးဝ ပျောက်သွားတာမဟုတ်ပါဘူး။
ဒါမျိုး app တွေထပ်ပေါ်လာရင် အမျိုးကောင်းသမီးတွေရဲ့ပုံတွေကို ပြုပြင်ပြီး ခြိမ်းခြောက်သူတွေ ပေါ်လာနိုင်ပါတယ်
သိက္ခာချတာ ငွေညှစ်တာ၊ ခြိမ်းခြောက် အကြပ်ကိုင်တာ တွေ လုပ်လာနိုင်လို့  အမျိုးသမီးများအခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူတွေက စိုးရိမ်ကြပါတယ်။

 Deepnude ဆိုတာဘာလဲ

ဒီ app အမျိုးသမီးတယောက်ပုံကို အပေါ်က AI နည်းပညာနဲ့ အဝတ်တွေကို ဖယ်ပြီး ဝတ်လစ်စလစ်လို့ မြင်ရအောင် လုပ်ပေးတာပါ။ app ထဲမှာစုထားတဲ့ ဝတ်လစ်စလစ်ပုံတွေကို သုံးတယ်ဆိုပါတယ်။
တကယ့် ကာယကံရှင်ရဲ့ ကိုယ်လုံးမဟုတ်ဘဲ ဆင်တူပြီး အဝတ်မပါတဲ့ တခြားကိုယ်လုံးပုံနဲ့ အစားထိုးလိုက်တာပါ။ ရုတ်တရက်ကြည့်လိုက်တော့ ဓါတ်ပုံပိုင်ရှင်ရဲ့ပုံမှာ အဝတ်တွေ ခွာချလိုက်သလို ဖြစ်သွားတယ်ဆိုပါတယ်။
AI နည်းပညာသုံးထားတော့ ကိုယ်လုံး၊ အသားအရေတွေ အတော် နီးစပ်အောင် ရွေးပေးနိုင်ပါတယ်။ မူရင်းပုံမှာ ပုံပိုင်ရှင်ရဲ့ အသားအရေ ကိုမြင်ရတဲ့ ဧရိယာများလျင် (ဥပမာ ရေကူးဝတ်စုံနဲ့ပုံ) ရလာဒ်က ပိုကောင်းပါတယ်တဲ့။ ပုံတွေရဲ့ အရည်အသွေးနဲ့ လုပ်ထားပုံတွေကအတော်ကိုသေသပ်တယ်ဆိုပါတယ်။
ပုံရဲ့ ဝဲဘက် အထက်ဒေါင့်မှာ “"FAKE” ဆိုတဲ့ စာလုံးကို ထည့်ထားပေးပေမယ့် အလွယ်တကူ ဖျက်ပစ်လို့ရတဲ့ နေရာမှာ ရှိနေတာလို့ ဆိုပါတယ်။
အမျိုးသမီးပုံအတွက်ပဲ ဖြစ်လို့ အမျိုးသားပုံကို အပ်ထဲမှာ အဝတ်ခွာကြည့်လိုက်ရင်တော့ အကွဲကြောင်းကလလေးနဲ့ ဖြတ်ဖေါက်ချုပ်ပုံထွက်လာမှာပါ

အခုလည်း ပုံတွေကို ဖိုတိုရှော့နဲ့ ဖြတ်ညှပ်ကပ်တွေ လုပ်လို့ရနေတာပဲ ဘာထူးလဲလို့ မေးစရာရှိပါတယ်။ ဖိုတိုရှော့မှာပုံကိုပြင်တယ်ဆိုတာက ပြင်သူအနေနဲ့ ဖြတ်၊ ကပ်မယ့် ပုံနဲ့ သင့်တော်တဲ့ပုံကိုရှာရမယ်၊ အသားအရေ၊ အလင်းအမှောင်၊ အပိန်အဝ စသဖြင့် လုပ်ရတဲ့အဆင့်တွေများလို့ လူတိုင်းလည်းမလုပ်တတ်ပါဘူး။
Deepnude ကတော့ AI နည်းပညာကိုသုံးထားတော့  တချက်ကလစ်နှိပ်ရုံနဲ့ အတော်ကလေး ပီပြင်တဲ့ပုံရတယ်ဆိုပါတယ်။
အလွယ်တကူ လုပ်လို့ရတော့ မဟုတ်တဲ့နေရာမှာ အသုံးချချင်သူတွေပိုများလာမှာပါ။

ကိုယ်ဖေ့ဘွတ်မှာ တင်ထားတဲ့ ကမ်းခြေမှာ လေညှင်းခံနေတဲ့ပုံကလေး အင်တာနက်မှာ ဝတ်လစ်စလစ်နဲ့ ပြန့်လာတယ်ဆိုတာမျိုးဖြစ်လာရင်တော့ မတွေးဝံ့စရာပါ။
အမျိူသမီးများအနေတဲ့ တဦးတည်း ကိုယ်လုံးပါတဲ့ပုံတွေကိုအများပြည်သူတွေ့လို့ ကူးယူလို့ရအောင် တင်လျင် သတိထားသင့်ပါတယ်
ကိုယ့်ရဲ့ နုပျိုလှပမှူကို ပြချင်ရင်လဲ ရုပုံတို့ ကိုယ်တပိုင်းပုံတို့
ထိုင်နေတဲ့ပုံတို့လောက်ဆိုရင်တော့ သိပ်ပြသနာရှိမယ်မထင်ပါ။

ကိုကိုညီညီများကို သတိပေးပါရစေ ဒီလို app မျိုး ဈေးပေါပေါနဲ့ မှောင်ခိုဈေးကွက်မှာတွေ့ရင် ဝေးဝေးကရှောင်ပါ၊ ဗိုင်းရပ်တွေ ထရိုဂျန်တွေနဲ့ ပြည့်နေတတ်ပါတယ်

ကိုယ်တင်ထားတဲ့ ကမ်းခြေမှာ လမ်းလျှောက်နေတဲ့ပုံကလေး အင်တာနက်မှာ ဝတ်လစ်စလစ်နဲ့ ပြန့်လာပြီဆိုရင်တော့ မတွေးဝံ့စရာပါ။
တဦးတည်း ကိုယ်လုံးပါတဲ့ပုံတွေကိုအများပြည်သူတွေ့လို့ ကူးယူလို့ရအောင် မတင်တာကောင်းပါတယ်။
ကိုယ့်ရဲ့ နုပျိုလှပမှူကို ပြချင်ရင်လဲ ရုပုံတို့ ကိုယ်တပိုင်းပုံတို့
ထိုင်နေတဲ့ပုံတို့လောက်ဆိုရင်တော့ သိပ်ပြသနာရှိမယ်မထင်ပါ။

ဒီလို app  တခုစပေါ်ရင် နောက်က တပုံတပင်ကြီးလာကြမှာ။
၂၀၁၇ တုန်းကလည်း deepkfake ဆိုတဲ့ အလားတူ app ပေါ်လာလို့  မီဒီယာတွေ ဥပဒေသမားတွေအလုပ်ရှုပ်သွားခဲ့ပါသေးတယ်။
တကယ်တော့ နည်းပညာတိုးတက်မှုကို တလွဲသုံးမှုတခုပါ။
ဘာပဲဖြစ်ဖြစ် သတိထားဆင်ခြင်ရမှာကတော့ ကိုယ့်တာဝန်ပေါ့လေ။

ဖိုးသုည
29-6-19


Friday, June 14, 2019

ႏွလုံးခုန္ေတာင္ရပ္သြားေလမလားပဲ (နှလုံးခုန်တောင်ရပ်သွားလေမလားပဲ)


ႏွလုံးခုန္ေတာင္ရပ္သြားေလမလားပဲ

၂၀၁၉ ဇြန္လ ၁၁ ရက္ တနလၤာေန႔ မွာ အေမရိကန္ႏိုင္ငံ ခ်ီကာဂိုၿမိဳ႕က  ၁၂ ခုေျမာက္ ကမာၻ႔အျမင့္ဆုံး Willis tower ရဲ႕ ၁၀၃ ထပ္မွာရွိတဲ့ Skydesk ေမွ်ာ္စင္ရဲ႕ နာမည္ႀကီး၊ The Ledge လို႔ေခၚတဲ့ မွန္ခင္းမွန္ကာ အစြန္းထြက္ အခန္းကေလးမွာ ျဖစ္ခဲ့တာပါ။ အမ်ိဳးသမီးတေယာက္နဲ႔ သူ႔ကေလး၂ ေယာက္ အဲဒီထဲမွာရွိေနစဥ္ မွန္သား ၾကမ္းခင္းမ်က္မွာျပင္က႐ုတ္တရက္ အက္ေၾကာင္းေတြေပၚလာၿပီး ဖုန္းကနဲ အစိပ္စိပ္ အမႊာမႊာ ျဖစ္သြားတယ္လို႔ မ်က္ျမင္ေတြ႕ခဲ့သူ Jesus Pintado ကဆိုပါတယ္။ 
Add caption



သူတို႔တေတြခမ်ာ ေၾကာက္လန႔္ၿပီး မ်က္ႏွာေတြ ေဖြးဆုတ္သြားတယ္လို႔ သူကေျပာပါတယ္။
တကယ္ကေတာ့ မွန္ျပားမ်က္ႏွာျပင္အေပၚယံကို ပြန္းရွ ျခစ္မိတာေတြကေနကာကြယ္ဖို႔ လုပ္ထားတဲ့ protective layer ဆိုတဲ့ အကာကြယ္ေပးအလႊာကေလး အက္ကြဲသြားတာပါ။  တန္၅၀ ဖိအားကို ခံႏိုင္တဲ့ တကယ့္ၾကမ္းခင္းမွန္ကေတာ့ ဘာမွမျဖစ္ပါ။
၂၀၁၄ ခုတုန္းကလည္း အခုလို အကာကြယ္ေပးအလႊာ ကြဲအက္တာ ျဖစ္ခဲ့ ပါေသးတယ္။
အဲဒီ ညေနပိုင္းမွာပဲ ကြဲသြားတဲ့ မွန္အကာကြယ္ေပးအလႊာကို အစားထိုးခဲ့ပါတယ္. ေနာက္တေန႔ကစၿပီး ဧည့္သည္ေတြလည္းပုံမွန္အတိုင္းလည္ပတ္ႏိုင္ခဲ့ပါတယ္။
ပုံမွန္အားျဖင့္လည္း အဲဒီအလႊာကို ႏွစ္စဥ္ အသစ္လဲလွယ္တယ္လို႔ဆိုပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ျအဒီေလာက္ အျမင့္ႀကီးမွာ မွန္ၾကမ္းခင္းေပၚ ကိုယ္ရပ္တုန္း  အဲဒီမွန္အက္ကြဲသြားတာကို ႀကဳံရလ်င္ေတာ့ ဘယ္သူမဆို ထိတ္လန္႔မိမွာ အမွန္ပါပဲ။

အေမရိကန္ႏိုင္ငံ ခ်ီကာဂိုၿမိဳ႕က ဝီးလီးစ္တာဝါ

အေမရိကန္ႏိုင္ငံ အီလီႏြိဳက္စ္ျပည္နယ္က ခ်ီကာဂိုၿမိဳ႕ မိုးေမွ်ာ္တိုက္ႀကီးေတြထဲကထိုးထြင္ေနတဲ့ ဝီးလီးစ္တာဝါဟာ ကမာၻ႔အျမင့္ဆုံးအေဆာက္အဦေတြထဲမွာ နံပတ္ ၁၂ ေနရာခ်ိတ္ၿပီး ကမာၻ႔အနာက္ဘက္အျခမ္းမွာေတာ့ ဒုတိယအျမင့္ဆုံး အေဆာက္အဦျဖစ္ပါတယ္။
၁၄၅၀ ေပျမင့္ၿပီး (အန္တန္နာတိုင္ပါပါလ်င္ ၁၇၃၀ ေပ) အထပ္ေပါင္း ၁၁၀ ရွိတဲ့ တုကႀကီးက ၿမိဳ႕လည္ေကာင္မွာရွိလို႔ အဓိကကေတာ့ ႐ုံးခန္းေတြအတြက္ေနရာေပးထားတာပါ။
Skydeck ဆိုတဲ့ အေမရိကားရဲ႕ အျမင့္ဆုံး ရႈေမွ်ာ္ခင္းၾကည့္ မွန္ကာထားတဲ့ အခန္းႀကီးကေတာ့ ၁၀၃ ထပ္မွာရွိၿပီး ေျမျပင္ကေန ၁၃၅၃ေပျမင့္ပါတယ္။ အနိမ့္ဆုံးအထပ္ကေတာ့ ေျမေအာက္၄၃ေပမွာရွိပါတယ္။ 
Willis Tower, Chicago 


ဒီမိုးေမွ်ာ္တိုက္ႀကီးကို ေဘးဘယ္ညာ သုံးေပအထိ ယိမ္းတာ ကို ခံႏိုင္ေအာင္ေဆာက္ထားၿပီး ပ်မ္းမွ် ဗဟိုကေန  ၆ လက္မေလာက္ တိမ္းတတ္တယ္ဆိုပါတယ္။
ေဒၚလာသန္း ၁၅၀ ေက်ာ္အကုန္အက်ခံၿပီး ၃ ႏွစ္ၾကာ အခ်ိန္ယူတည္ေဆာက္ခဲ့ရတဲ့ ဒီ အေဆာက္အဦကို ၁၉၇၃ ခုမွာ ဖြင့္ခဲ့ပါတယ္။
အထပ္ျမင့္ေတြကို သုံးစြဲသူေတြ အခ်ိန္ကုန္သက္သာေစဖို႔ တမိနစ္ကို ေပ၁၆၀၀ အထိတက္ႏိုင္တဲ့ ဓါတ္ေလွကားေတြတပ္ထားပါတယ္။
တေန႔ကို ပ်မ္းမွ် လူအဝင္ ႏွစ္ေသာင္းငါးေထာင္ေလာက္ရွိၿပီး ေမွ်ာ္စင္ကို လာလည္ေတြကေတာ့ တႏွစ္ကို ၁.၇ သန္းအထိရွိပါတယ္။

 The Ledge မွန္ကာ မွန္ခင္း ေဘးထြက္အခန္း

၁၀၄ ထပ္မွာရွိတဲ့ ေမွ်ာ္စင္ရဲ႕ ထူးျခားတဲံ့ဆြဲေဆာင္မႈတခုကေတာ့ နံရံအျပင္ကို ၄ ေပ ၃ လကၼ အစြန္းထြက္ေနတဲ့ The Ledge ေခၚ မွန္ခင္းမွန္ကာထားတဲ့အခန္း ၂ ခုပဲျဖစ္ပါတယ္။
တခုကို ေပါင္ ၇၅၀၀ ေလးတဲ့ ဖန္အိမ္ေတြကို လက္မဝက္ထူတဲ့ မွန္ျပားသုံးထပ္ကို တသားထည္းျဖစ္ေအာင္ ေပါင္းထားတဲ့ ဖန္ျပားေတြနဲ႔ ခင္းထားကာထားၿပီး အေဆာက္အဦးထဲကိုျပန္ဆြဲသြင္းလို႔ရေအာင္လုပ္ထားပါတယ္။




မွန္ခ်ပ္ေတြရဲ႕ အေပၚမ်က္ႏွာျပင္ကို ပြန္းရွတာ ျခစ္မိတာေတြကကာကြယ္ဖို႔ အေပၚယံတလႊာ ထပ္အုပ္ထားတဲ့ အတြက္ ေအာက္ ေပ ၁၃၅၃ ေပအထိကို ၾကည္လင္ ျပတ္သားစြာျမင္ႏိုင္ပါတယ္။
မွန္မွာ ႏွင္းေတြကပ္ေနလ်င္ ေပ်ာ္ေအာင္အပူေပးဖို႔  heat tracing ဆိုတဲ့ စနစ္ပါတဲ့ မွန္အိမ္ေတြဟာ ဖိအား ေပါင္တေသာင္းကိုခံႏိုင္ေအာင္တည္ေဆာက္ထားတာပါ။
လာေရာက္လည္ပတ္သူေတြအတြက္ ပတ္ဝန္းက်င္ ရႈေမွ်ာ္ခ်င္းကို မွန္နံရံကေန လွည့္ပတ္ ၾကည့္ႏိုင္႐ုံမ မွန္ခန္းထဲကေန ေအာက္ ေပ ၁၃၅၃ ေပကို အသည္းထိပ္စရာ ၾကည္ႏိုင္တဲ့ The Ledge ၊ ကေလးမ်ားအတြက္ အစီအစဥ္ အျပင္ lululemon Chicago Yoga In The Sky, Pie In The Sky , self-care in the sky စတဲ့ စိတ္ဝင္စားစရာ ပက္ေက့ခ်္ ေတြလည္းရွိပါတယ္,။
မဂၤလာေဆာင္၊ ေမြးေန႔ပါတီစသည္တို႔ကို ေမွ်ာ္စင္ အထက္မွာလုပ္လို႔ရသလို
 မွန္ခင္းအခန္း အစြန္းမွာထိုင္ၿပီး ညစာစားခ်င္ရင္လည္းရပါတယ္။
ဖိုးသုည
14-06-19

https://theskydeck.com/
https://goo.gl/maps/PBKxVX92ntPa1LfG6


နှလုံးခုန်တောင်ရပ်သွားလေမလားပဲ (Unicode) 

၂၀၁၉ ဇွန်လ ၁၁ ရက် တနင်္လာနေ့ မှာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့က  ၁၂ ခုမြောက် ကမ္ဘာ့အမြင့်ဆုံး Willis tower ရဲ့ ၁၀၃ ထပ်မှာရှိတဲ့ Skydesk မျှော်စင်ရဲ့ နာမည်ကြီး၊ The Ledge လို့ခေါ်တဲ့ မှန်ခင်းမှန်ကာ အစွန်းထွက် အခန်းကလေးမှာ ဖြစ်ခဲ့တာပါ။ အမျိုးသမီးတယောက်နဲ့ သူ့ကလေး၂ ယောက် အဲဒီထဲမှာရှိနေစဉ် မှန်သား ကြမ်းခင်းမျက်မှာပြင်ကရုတ်တရက် အက်ကြောင်းတွေပေါ်လာပြီး ဖုန်းကနဲ အစိပ်စိပ် အမွှာမွှာ ဖြစ်သွားတယ်လို့ မျက်မြင်တွေ့ခဲ့သူ Jesus Pintado ကဆိုပါတယ်။
သူတို့တတွေခမျာ ကြောက်လန့်ပြီး မျက်နှာတွေ ဖွေးဆုတ်သွားတယ်လို့ သူကပြောပါတယ်။
တကယ်ကတော့ မှန်ပြားမျက်နှာပြင်အပေါ်ယံကို ပွန်းရှ ခြစ်မိတာတွေကနေကာကွယ်ဖို့ လုပ်ထားတဲ့ protective layer ဆိုတဲ့ အကာကွယ်ပေးအလွှာကလေး အက်ကွဲသွားတာပါ။  တန်၅၀ ဖိအားကို ခံနိုင်တဲ့ တကယ့်ကြမ်းခင်းမှန်ကတော့ ဘာမှမဖြစ်ပါ။
၂၀၁၄ ခုတုန်းကလည်း အခုလို အကာကွယ်ပေးအလွှာ ကွဲအက်တာ ဖြစ်ခဲ့ ပါသေးတယ်။
အဲဒီ ညနေပိုင်းမှာပဲ ကွဲသွားတဲ့ မှန်အကာကွယ်ပေးအလွှာကို အစားထိုးခဲ့ပါတယ်. နောက်တနေ့ကစပြီး ဧည့်သည်တွေလည်းပုံမှန်အတိုင်းလည်ပတ်နိုင်ခဲ့ပါတယ်။
ပုံမှန်အားဖြင့်လည်း အဲဒီအလွှာကို နှစ်စဉ် အသစ်လဲလှယ်တယ်လို့ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အြဒီလောက် အမြင့်ကြီးမှာ မှန်ကြမ်းခင်းပေါ် ကိုယ်ရပ်တုန်း  အဲဒီမှန်အက်ကွဲသွားတာကို ကြုံရလျင်တော့ ဘယ်သူမဆို ထိတ်လန့်မိမှာ အမှန်ပါပဲ။

 
အမေရိကန်နိုင်ငံ ချီကာဂိုမြို့က ဝီးလီးစ်တာဝါ

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်က ချီကာဂိုမြို့ မိုးမျှော်တိုက်ကြီးတွေထဲကထိုးထွင်နေတဲ့ ဝီးလီးစ်တာဝါဟာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦတွေထဲမှာ နံပတ် ၁၂ နေရာချိတ်ပြီး ကမ္ဘာ့အနာက်ဘက်အခြမ်းမှာတော့ ဒုတိယအမြင့်ဆုံး အဆောက်အဦဖြစ်ပါတယ်။
၁၄၅၀ ပေမြင့်ပြီး (အန်တန်နာတိုင်ပါပါလျင် ၁၇၃၀ ပေ) အထပ်ပေါင်း ၁၁၀ ရှိတဲ့ တုကကြီးက မြို့လည်ကောင်မှာရှိလို့ အဓိကကတော့ ရုံးခန်းတွေအတွက်နေရာပေးထားတာပါ။
Skydeck ဆိုတဲ့ အမေရိကားရဲ့ အမြင့်ဆုံး ရှုမျှော်ခင်းကြည့် မှန်ကာထားတဲ့ အခန်းကြီးကတော့ ၁၀၃ ထပ်မှာရှိပြီး မြေပြင်ကနေ ၁၃၅၃ပေမြင့်ပါတယ်။ အနိမ့်ဆုံးအထပ်ကတော့ မြေအောက်၄၃ပေမှာရှိပါတယ်။   
ဒီမိုးမျှော်တိုက်ကြီးကို ဘေးဘယ်ညာ သုံးပေအထိ ယိမ်းတာ ကို ခံနိုင်အောင်ဆောက်ထားပြီး ပျမ်းမျှ ဗဟိုကနေ  ၆ လက်မလောက် တိမ်းတတ်တယ်ဆိုပါတယ်။
ဒေါ်လာသန်း ၁၅၀ ကျော်အကုန်အကျခံပြီး ၃ နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ဒီ အဆောက်အဦကို ၁၉၇၃ ခုမှာ ဖွင့်ခဲ့ပါတယ်။
အထပ်မြင့်တွေကို သုံးစွဲသူတွေ အချိန်ကုန်သက်သာစေဖို့ တမိနစ်ကို ပေ၁၆၀၀ အထိတက်နိုင်တဲ့ ဓါတ်လှေကားတွေတပ်ထားပါတယ်။
တနေ့ကို ပျမ်းမျှ လူအဝင် နှစ်သောင်းငါးထောင်လောက်ရှိပြီး မျှော်စင်ကို လာလည်တွေကတော့ တနှစ်ကို ၁.၇ သန်းအထိရှိပါတယ်။

 The Ledge မှန်ကာ မှန်ခင်း ဘေးထွက်အခန်း

၁၀၄ ထပ်မှာရှိတဲ့ မျှော်စင်ရဲ့ ထူးခြားတဲံ့ဆွဲဆောင်မှုတခုကတော့ နံရံအပြင်ကို ၄ ပေ ၃ လက္မ အစွန်းထွက်နေတဲ့ The Ledge ခေါ် မှန်ခင်းမှန်ကာထားတဲ့အခန်း ၂ ခုပဲဖြစ်ပါတယ်။
တခုကို ပေါင် ၇၅၀၀ လေးတဲ့ ဖန်အိမ်တွေကို လက်မဝက်ထူတဲ့ မှန်ပြားသုံးထပ်ကို တသားထည်းဖြစ်အောင် ပေါင်းထားတဲ့ ဖန်ပြားတွေနဲ့ ခင်းထားကာထားပြီး အဆောက်အဦးထဲကိုပြန်ဆွဲသွင်းလို့ရအောင်လုပ်ထားပါတယ်။
မှန်ချပ်တွေရဲ့ အပေါ်မျက်နှာပြင်ကို ပွန်းရှတာ ခြစ်မိတာတွေကကာကွယ်ဖို့ အပေါ်ယံတလွှာ ထပ်အုပ်ထားတဲ့ အတွက် အောက် ပေ ၁၃၅၃ ပေအထိကို ကြည်လင် ပြတ်သားစွာမြင်နိုင်ပါတယ်။
မှန်မှာ နှင်းတွေကပ်နေလျင် ပျော်အောင်အပူပေးဖို့  heat tracing ဆိုတဲ့ စနစ်ပါတဲ့ မှန်အိမ်တွေဟာ ဖိအား ပေါင်တသောင်းကိုခံနိုင်အောင်တည်ဆောက်ထားတာပါ။
လာရောက်လည်ပတ်သူတွေအတွက် ပတ်ဝန်းကျင် ရှုမျှော်ချင်းကို မှန်နံရံကနေ လှည့်ပတ် ကြည့်နိုင်ရုံမ မှန်ခန်းထဲကနေ အောက် ပေ ၁၃၅၃ ပေကို အသည်းထိပ်စရာ ကြည်နိုင်တဲ့ The Ledge ၊ ကလေးများအတွက် အစီအစဉ် အပြင် lululemon Chicago Yoga In The Sky, Pie In The Sky , self-care in the sky စတဲ့ စိတ်ဝင်စားစရာ ပက်ကေ့ချ် တွေလည်းရှိပါတယ်,။
မင်္ဂလာဆောင်၊ မွေးနေ့ပါတီစသည်တို့ကို မျှော်စင် အထက်မှာလုပ်လို့ရသလို
 မှန်ခင်းအခန်း အစွန်းမှာထိုင်ပြီး ညစာစားချင်ရင်လည်းရပါတယ်။
ဖိုးသုည
14-06-19

https://goo.gl/maps/PBKxVX92ntPa1LfG6

Thursday, June 13, 2019

ခ်စ္လြန္းလို႔အႀကံႀကီးႀကံ၊ ေထာင္တသက္စံ (ချစ်လွန်းလို့အကြံကြီးကြံ၊ ထောင်တသက်စံ)

ခ်စ္လြန္းလို႔အႀကံႀကီးႀကံ၊ ေထာင္တသက္စံ

ဟန္ေဆာင္ ေလယာဥ္ျပန္ေပးဆြဲမႈနဲ႔  တရားစြဲခံရတဲ့ အိႏၵိယႏိုင္ငံသား စီးပြားေရးသမား Birju Salla ကို တရား႐ုံးတခုက အဂၤါေန႔က ေထာင္ဒါဏ္တသက္နဲ႔ေငြဒါဏ္ ႐ူပီး သန္း၅၀ ခ်မွတ္လိုက္ပါတယ္။ 





သူက ၂၀၁၇ ေအာက္တိုဘာလက အိႏၵိယႏိုင္ငံ မြန္ဘိုင္ ကေန ေဒလီ ကိုပ်ံတဲ့ ဂ်က္အဲယားေဝး ေလယာဥ္ flight 9W-339 ေပၚမွာ “ျပန္ေပးသမား ၁၂ေယာက္နဲ႔ ေဖါက္ခြဲေရးပစၥည္းေတြပါတယ္၊ ေလေယာဥ္ကို ပါကစၥတန္ႏိုင္ငံထိန္းခ်ဳပ္ထားနဲ႔ ကက္ရွ္မီးယားျပည္နယ္ကို လမ္းေၾကာင္းေျပာင္းပ်ံပါ” လို႔ ၿခိမ္းေျခာက္တဲ့စာကို Business class ေလယာဥ္ အိမ္သာထဲမွာခ်ထားတဲ့တာပါ။ အဲဒီစာကို ေလယာဥ္မယ္တေယာက္ကေတြ႕ၿပီး ေနာက္ေလယာဥ္ကို Ahmedabad ေလဆိပ္မွာ အရးေပၚဆင္းသက္ခဲ့ပါတယ္။  ေလယာဥ္ကို သီးသန္႔ေနရာမွာ ရပ္ေစၿပီး ခရီးသည္နဲ႔ ဝန္ထမ္းေတြကိုလည္း တဦးခ်င္း စစ္ေဆး မွတ္တမ္းတင္၊ ေလယာဥ္တစီးလုံးကိုလည္း ရွာေဖြၿပီး ဘာမွမေတြ႕မွ ေဒလီကို ခရီးဆက္ခဲ့ရပါတယ္။ ခရီးဆက္ရာမွာ အဲယားမာရွယ္ ၂ေယာက္ပါလိုက္ပါခဲ့ၿပီး ပုံမွန္ထက္ ၇ နာရီ ေနာက္က်ၿပီးမွ ေဒလီကိုေရာက္ပါေတာ့တယ္။



ေလယာဥ္ဝန္ထမ္းေတြက Birju Salla တေယာက္တည္းသာ အဲဒီ အိမ္သာကိုသုံးခဲ့တယ္လို႔  စစ္ေဆးသူေတြကို ေျပာခဲ့တယ္ဆိုပါတယ္။ သူက အူရ္ဒူစာမတတ္လို႔ ေရးထားတဲ့စာကို  ဂူးဂဲလ္ကိုသုံးၿပီး ဘာသာျပန္ခဲ့တဲ့ အတြက္လည္း အဲဒီစာနဲ႔ Birju Salla ကို ဆက္စပ္လို႔ ရသြားနဲ႔အတြက္ သူ႔ကိုဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ သူသာအီေကာ္ေနာ္မီတန္းမွာစီးၿပီး အဲဒီကအိမ္သာထဲမွာ စာကိုထားခဲ့ရင္ေတာ့ ဆက္စပ္ဖို႔ အဲဒီေလာက္  လြယ္မယ္ မထင္ပါါ။
သူဟာ အနည္းဆုံးေထာင္ဒါဏ္ တသက္ကေန ေသဒါဏ္အထိ အျပစ္ေပးလို႔ရတဲ့ အိႏၵိယရဲ႕ အပိုင္စီးမႈဆိုင္ရာ ဥပေဒအသစ္ (၂၀၁၆) နဲ႔ စီရင္တာကိုခံရတဲ့ ပထမဆုံး တရားခံျဖစ္ပါတယ္။
သူကေလယာဥ္ကို အပိုင္စီးဖို႔ အားမထုတ္ခဲ့ေသာ္လည္း အဲလိုၿခိမ္းေျခာက္စာကိုထားတာဟာ အပိုင္စီးဖို႔ႀကံစည္တယ္လို႔ ယူဆလို႔ရတယ္လို႔ ဥပေဒအရာရွိကဆိုခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ရပ္က ခရီးသည္နဲ႔ ေလယာဥ္အမႈထမ္းေတြရဲံလုံၿခဳံေရးကို ၿခိမ္းေျခာက္တာပဲလို႔ တာဝန္ရွိသူေတြကဆိုပါတယ္။

ေလထဲက ဖူးစာနဲ့ ေထာင္တန္တဲ့ အၾကံ 

Birju Kishore Salla က အိႏၵိယႏိုင္ငံ မြန္ဘိုင္းၿမိဳ႕က စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္ၿပီး မၾကာခဏခရီးထြက္ရသူျဖစ္ပါတယ္။  ေလယာဥ္မယ္ေတြဂ႐ုစိုက္ၾကတဲ့ Business class ကေနမၾကာခဏစီးတဲ့ ဘီရာဂ်ဴးတေယာက္ ေဒလီက ဂ်က္အဲယားေဝး ေလယာဥ္မယ္တဦးနဲ႔ ရည္ငံမိပါေတာ့တယ္။
သူ႔ခ်စ္သူကို မြန္ဘိုင္းမွာ သူနဲ႔အတူလာေနဖို႔ အႀကိမ္ႀကိမ္ခၚခဲ့ေပမယ့္ သူမကျငင္းပယ္ေနခဲ့ပါတယ္။
အႀကံႀကီးသူဘီရာဂ်ဴးက သူမအလုပ္လုပ္ေနတဲ့ ဂ်က္အဲယားေဝးသာ နာမည္ပ်က္လို႔ ေဒလီခရီးစဥ္ေတြကိုဖ်က္သိမ္းလိုက္ရရင္ေတာ့ သူ႔ခ်စ္သူေလယာဥ္မယ္လည္းအလုပ္ျပဳတ္မယ္။  အဲဒီအခါမွာေတာ့ သူမလည္း သူ႔စကားနားေထာင္ကာ သူနဲ႔လိုက္ေနမယ္လို႔ ေမွ်ာ္လင့္ၿပီး ဒီလိုလုပ္ခဲ့တာဆိုပါတယ္။
ကံဆိုးခ်င္ေတာ့ သူ႔ကေထာင္ဒါဏ္တသက္နဲ႔ ေငြဒါဏ္က်ခံရကာနီး ဒီႏွစ္ဆန္းပိုင္းဧၿပီလမွာ သူဒုကၡေပးခ်င္တဲ့ ဂ်က္အဲယားေဝးႀကီး စီးပြားတကယ္ပ်က္ၿပီး ျပည္တြင္းျပည္ပခရီးစဥ္အားလုံးရပ္နာထားရပါၿပီ။



သူကေတာ့ ခ်စ္သူနဲ႔ အိမ္ေထာင္မက်ဘဲ အက်ဥ္းေထာင္ တသက္လုံးက်ခံရပါေတာ့မယ္။
ဘီရာဂ်ဴးရဲ႕ေရွ႕ေနကေတာ့ အယူခံဝင္ဦးမယ္ဆိုပါတယ္။
တခ်ိဳ႕သူေတြအတြက္ေတာ့ အခ်စ္ဆိုတာ မ်က္စိမပါ႐ုံမက ဦးေႏွာက္ကိုပါ အေမွာင္ဖုံးေစတာကလား။
ဖိုးသုည
13-6-19


ချစ်လွန်းလို့အကြံကြီးကြံ၊ ထောင်တသက်စံ (ယူနီကုဒ်)

ဟန်ဆောင် လေယာဉ်ပြန်ပေးဆွဲမှုနဲ့  တရားစွဲခံရတဲ့ အိန္ဒိယနိုင်ငံသား စီးပွားရေးသမား Birju Salla ကို တရားရုံးတခုက အင်္ဂါနေ့က ထောင်ဒါဏ်တသက်နဲ့ငွေဒါဏ် ရူပီး သန်း၅၀ ချမှတ်လိုက်ပါတယ်။
သူက ၂၀၁၇ အောက်တိုဘာလက အိန္ဒိယနိုင်ငံ မွန်ဘိုင် ကနေ ဒေလီ ကိုပျံတဲ့ ဂျက်အဲယားဝေး လေယာဉ် flight 9W-339 ပေါ်မှာ “ပြန်ပေးသမား ၁၂ယောက်နဲ့ ဖေါက်ခွဲရေးပစ္စည်းတွေပါတယ်၊ လေယောဉ်ကို ပါကစ္စတန်နိုင်ငံထိန်းချုပ်ထားနဲ့ ကက်ရှ်မီးယားပြည်နယ်ကို လမ်းကြောင်းပြောင်းပျံပါ” လို့ ခြိမ်းခြောက်တဲ့စာကို Business class လေယာဉ် အိမ်သာထဲမှာချထားတဲ့တာပါ။ အဲဒီစာကို လေယာဉ်မယ်တယောက်ကတွေ့ပြီး နောက် လေယာဉ်ကို Ahmedabad လေဆိပ်မှာ အရးပေါ်ဆင်းသက်ခဲ့ပါတယ်။  လေယာဉ်ကို သီးသန့်နေရာမှာ ရပ်စေပြီး ခရီးသည်နဲ့ ဝန်ထမ်းတွေကိုလည်း တဦးချင်း စစ်ဆေး မှတ်တမ်းတင်၊ လေယာဉ်တစီးလုံးကိုလည်း ရှာဖွေပြီး ဘာမှမတွေ့မှ ဒေလီကို ခရီးဆက်ခဲ့ရပါတယ်။ ခရီးဆက်ရာမှာ အဲယားမာရှယ် ၂ယောက်ပါလိုက်ပါခဲ့ပြီး ပုံမှန်ထက် ၇ နာရီ နောက်ကျပြီးမှ ဒေလီကိုရောက်ပါတော့တယ်။
လေယာဉ်ဝန်ထမ်းတွေက Birju Salla တယောက်တည်းသာ အဲဒီ အိမ်သာကိုသုံးခဲ့တယ်လို့  စစ်ဆေးသူတွေကို ပြောခဲ့တယ်ဆိုပါတယ်။ သူက အူရ်ဒူစာမတတ်လို့ ရေးထားတဲ့စာကို  ဂူးဂဲလ်ကိုသုံးပြီး ဘာသာပြန်ခဲ့တဲ့ အတွက်လည်း အဲဒီစာနဲ့ Birju Salla ကို ဆက်စပ်လို့ ရသွားနဲ့အတွက် သူ့ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူသာအီကော်နော်မီတန်းမှာစီးပြီး အဲဒီကအိမ်သာထဲမှာ စာကိုထားခဲ့ရင်တော့ ဆက်စပ်ဖို့ အဲဒီလောက် လွယ်မယ် မထင်ပါ။
သူဟာ အနည်းဆုံးထောင်ဒါဏ် တသက်ကနေ သေဒါဏ်အထိ အပြစ်ပေးလို့ရတဲ့ အိန္ဒိယရဲ့ အပိုင်စီးမှုဆိုင်ရာ ဥပဒေအသစ် (၂၀၁၆) နဲ့ စီရင်တာကိုခံရတဲ့ ပထမဆုံး တရားခံဖြစ်ပါတယ်။
သူကလေယာဉ်ကို အပိုင်စီးဖို့ အားမထုတ်ခဲ့သော်လည်း အဲလိုခြိမ်းခြောက်စာကိုထားတာဟာ အပိုင်စီးဖို့ကြံစည်တယ်လို့ ယူဆလို့ရတယ်လို့ ဥပဒေအရာရှိကဆိုခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်က ခရီးသည်နဲ့ လေယာဉ်အမှုထမ်းတွေရဲံလုံခြုံရေးကို ခြိမ်းခြောက်တာပဲလို့ တာဝန်ရှိသူတွေကဆိုပါတယ်။

လေထဲက ဖူးစာနဲ့ ထောင်တန်တဲ့ အကြံ 

Birju Kishore Salla က အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး မကြာခဏခရီးထွက်ရသူဖြစ်ပါတယ်။  လေယာဉ်မယ်တွေဂရုစိုက်ကြတဲ့ Business class ကနေမကြာခဏစီးတဲ့ ဘီရာဂျူးတယောက် ဒေလီက ဂျက်အဲယားဝေး လေယာဉ်မယ်တဦးနဲ့ ရည်ငံမိပါတော့တယ်။
သူ့ချစ်သူကို မွန်ဘိုင်းမှာ သူနဲ့အတူလာနေဖို့ အကြိမ်ကြိမ်ခါ်ခဲ့ပေမယ့် သူမကငြင်းပယ်နေခဲ့ပါတယ်။
အကြံကြီးသူဘီရာဂျူးက သူမအလုပ်လုပ်နေတဲ့ ဂျက်အဲယားဝေးသာ နာမည်ပျက်လို့ ဒေလီခရီးစဉ်တွေကိုဖျက်သိမ်းလိုက်ရရင်တော့ သူ့ချစ်သူလေယာဉ်မယ်လည်းအလုပ်ပြုတ်မယ်။  အဲဒီအခါမှာတော့ သူမလည်း သူ့စကားနားထောင်ကာ သူနဲ့လိုက်နေမယ်လို့ မျှော်လင့်ပြီး ဒီလိုလုပ်ခဲ့တာဆိုပါတယ်။
ကံဆိုးချင်တော့ သူ ထောင်ဒါဏ်တသက်နဲ့ ငွေဒါဏ်ကျခံရကာနီး ဒီနှစ်ဆန်းပိုင်းဧပြီလမှာ သူဒုက္ခပေးချင်တဲ့ ဂျက်အဲယားဝေးကြီး စီးပွားတကယ်ပျက်ပြီး ပြည်တွင်းပြည်ပခရီးစဉ်အားလုံးရပ်နာထားရပါပြီ
သူကတော့ ချစ်သူနဲ့ အိမ်ထောင်မကျဘဲ အကျဉ်းထောင် တသက်လုံးကျခံရပါတော့မယ်။
ဘီရာဂျူးရဲ့ရှေ့နေကတော့ အယူခံဝင်ဦးမယ်ဆိုပါတယ်။
တချို့သူတွေအတွက်တော့ အချစ်ဆိုတာ မျက်စိမပါရုံမက ဦးနှောက်ကိုပါ အမှောင်ဖုံးစေတာကလား။
ဖိုးသုည
13-6-19