Showing posts with label aviation-news. Show all posts
Showing posts with label aviation-news. Show all posts

Tuesday, July 2, 2019

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER) {တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)}

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER)

မီးရထားတစင္းဆိုက္လာတယ္၊ တံခါးေတြပြင့္လာေတာ့ လူတေယာက္မွ မပါ။
ေလဆိပ္ခန္းမထဲေရာက္ေတာ့ ေလယာဥ္ အတက္အဆင္းခရီးစဥ္ျပ မွန္သားျပင္ေတြမွာ ေလယာဥ္ခရီးစဥ္ အမွတ္ေတြနဲ႔ အခ်ိန္ေတြက လႈပ္ရွားေနေပမယ့္ ခရီးသည္နဲ႔ ေလေၾကာင္းလိုင္း ဝန္ထမ္းေတြ တေယာက္မွမရွိ။
ပစၥည္းေ႐ြးဖို႔ ခါးပတ္ ( baggage reclaim conveyer belt) ႀကီးလႈပ္ရွားလာတယ္။ အိတ္တလုံးမွမပါ။
ဒါေတြကေန႔စဥ္ တကယ္ျဖစ္ေနတာပါ။
စီးသူမရွိတဲ့ ရထားဘူတာ

ေဆာက္ထား တပ္ထားၿပီးသားစက္ေတြ မသုံးျဖစ္လို႔ ဂ်မ္းျဖစ္ၿပီး ရပ္မသြားေအာင္ ေနစဥ္ သုံးစြဲသူမရွိဘဲ လည္ပတ္ အလုပ္လုပ္ခိုင္းထားရတာပါ။ ဘုတ္ေတြမွာ ျပေနတဲ့ ေလယာဥ္ခရီးစဥ္ေတြကေတာ့ အနားက Berlin Schönefeld Airport ေလဆိပ္ကခရီးစဥ္ေတြပါ။
ဥေရာပရဲ႕ စီးပြားေရး အေတာင့္ဆုံး၊ နည္းပညာ အတိုးတက္ဆုံး ဂ်ာမဏီႏိုင္ငံရဲ႕ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးမွာပါ။

သမိုင္းေၾကာင္း

၁၉၈၉ ခု မွာ ဘာလင္တံတိုင္းကိုၿဖိဳခ်ၿပီး အေရွ႕နဲ႔ အေနာက္ဘာလင္ ႏွစ္ျခမ္းျပန္လည္ေပါင္းစည္းခဲ့ပါတယ္.။
၁၉၉၀ မွာ ဂ်ာမဏီ၂ ႏိုင္ငံျပန္လည္ေပါင္းစည္းၿပီး Federal Republic of Germany လို႔ဖြဲစည္းလိုက္တဲ့အခါ ဘာလင္ဟာ ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ျပန္ျဖစ္လာပါတယ္။
ၿမိဳ႕ေတာ္ျပန္ျဖစ္လာတဲ့  ဘာလင္မွာ တိုးတက္လာတဲ့ ေလေၾကာင္းပို႔ေဆာင္ေရး အတြက္ ရွိၿပီးသားေလဆိပ္ေတြနဲ႔ မလုံေလာက္ေတာ့ ပါဘူး။ ႏိုင္ငံေရးေခါင္းေဆာင္ေတြက ဘာလင္ အတြက္ ေခတ္မွီေလဆိပ္သစ္ႀကီးတခုကို တည္ေဆာက္ဆို႔လိုတယ္ဆိုတာကို သေဘာတူခဲ့ၾကပါတယ္။
ဒီလိုနဲ႔ ေလဆိပ္သစ္ႀကီးကိုစီမံခန္႔ခြဲဖို႔အတြက္ ၁၉၉၁ ခုႏွစ္ ေမလမွာ  Berlin Brandenburg Airport holding company ႀကီး ကို တည္ေထာင္ ခဲ့ပါတယ္။
၁၉၉၆ ခုဇြန္လေရာက္မွ လက္ရွိ အသုံးျပဳေနတဲ့ Berlin Schönefeld Airport (SXF) အနားက ေျမေနရာကို အတည္ျပဳပါတယ္။

Berlin Brandenburg Airport (BER) နဲ့ Berlin Schönefeld Airport (SXF)


တခါ ဘယ္ပုဂၢလိကေဆာက္လုပ္ေရးအဖြဲ႕ေတြကို ေဆာက္ဖို႔  ေခၚယူမယ္ဆိုတာနဲ႔ ပတ္သက္ၿပီးျဖစ္တဲ့ ျပသနာေတြေၾကာင့္ ၂၀၀၀ ခုႏွစ္ ႏိုဝင္ဘာလေရာက္မွ ယာယီ စီမံကိန္း အတည္ျဖစ္ပါတယ္။ ေလဆိပ္ကို  ၂၀၀၇ ခုႏွစ္မွာဖြင့္လွစ္ဖို႔စီစဥ္ခဲ့ၾကပါတယ္။
လက္ေတြ႕မွာေတာ့ ေလဆိပ္ေဆာက္မယ့္ေနရာမွာေတြ႕တဲ့ ေရွးေဟာင္း သခ်ႋဳင္းကို ေရွးေဟာင္း သုေတသီေတြက ထူးေဖၚတာကို ေစာင့္ရ၊ နယ္ေျမခံျပည္သူေတြနဲ႔ျပသနာ ၊  ကုန္က်စရိတ္တြက္ခ်က္ရာမွာ မွားယြင္းမႈ စတဲ့ျပသနာေတြကိုေျဖရွင္းေနရလို႔ ၂၀၀၆ ခု စက္တင္ဘာလေရာက္မွ ေဆာက္လုပ္ေရး လုပ္ငန္းေတြကိုတကယ္စတင္ႏိုင္ခဲ့ပါတယ္။
ဒီလိုနဲ႔ ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလ ၃၀ လို႔ ျပင္ဆင္သတ္မွတ္ထားခဲ့ပါတယ္.
ဒါေပမဲ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာ ျပသနာေတြမ်ားလို႔ ေႏွာင့္ေႏွးေနၿပီး ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၂ ခု ဇႏၷဝါရီလု ၃ ရက္၊ ေနာက္ေတာ့ ၂၀၁၂ ဇြန္လလို႔ ထပ္ေျပာင္းပါတယ္။
ဝန္ႀကီးခ်ဳပ္ Angela Merkel ကို ဖိတ္ၿပီး ေလဆိပ္ႀကီးကို ဖြင့္ဖို႔ ျပင္ဆင္ထားရာ ဖြင့္ပြဲမတိုင္မီ တလအလို ၂၀၁၂ ေမလ မွာ မီးေဘးကာကြယ္ေရး စနစ္လက္မွတ္ရဖို႔ စစ္ေဆးေတာ့မွ ဘယ္လိုမွ ေမွ်ာ္မွန္းမထားတဲ့ အေတာ္ဆိုး႐ြားတဲ့ ျပသနာေတြကိုေတြ႕ရလို႔ ဖြင့္ပြဲကို ၂၀၁၃ မတ္လ ၁၇ လို႔ ေျပာင္းရပါတယ္၊ ေနာက္ေတာ့ ၂၀၁၃ ေအာက္တိုဘာ ၂၇ ကို ေ႐ႊ႕ျပန္ပါတယ္။


အခုထိအသုံးမျပဳရေသးတဲ့ ေလဆိပ္အေဆာက္ အဦႀကီး


၂၀၁၃ ဇႏၷဝါရီလအေရာက္မွာေတာ့ ေလဆိပ္တကယ္ဖြင့္မယ့္ရက္ကို မေၾကျငာႏိုင္ေတာဘဲ  ၂၀၁၄ အထိ ဖြင့္ႏိုင္မွာ မဟုတ္ဘူးလို႔သာေၾကျငာႏိုင္ပါေတာ့တယ္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္လည္း ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕က ႏႈတ္ထြက္ၿပီး Berlin Brandenburg Airportရဲ႕ စီအီးအိုကိုလဲ ရာထုးက ျဖဳတ္လိုက္ပါတယ္။
၂၀၁၄ မွာ စီအီးအို အသစ္ Hartmut Mehdorn က ေလဆိပ္ကို ၂၀၁၆ အထိ ဖြင့္လွစ္ႏိုင္ဖြယ္ မရွိလို႔ ေၾကျငာပါတယ္။ တပူေပၚ ႏွစ္ပူဆင့္တက္တက္လာတဲ့ ျပသနာေတြနဲ႔ မေရရာမႈေတြေၾကာင့္ Mehdorn လည္း ၂၀၁၄ ဒီဇင္ဘာလမွာ စီအီးအိုအျဖ့စ္မွ ႏႈတ္ထြက္ခဲ့ပါတယ္။
၂၀၁၅ ဇူလိုင္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္သစ္ Michael Müller က ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕ဥကၠဌ ေနရာကို ရယူၿပီး ေလဆိပ္ကို  ၂၀၁၇ မွာ ဖြင့္လွစ္ႏိုင္ေအာင္ ဦးေဆာင္ျပန္ပါတယ္။
၂၀၁၅ ဩဂုတ္လမွာေတာ့ ေလဆိပ္စီမံကိမ္း အတြင္းက ခ်စားမႈ လာယ္စားမႈေတြ တစၿပီးတစ ထြက္လာပါတယ္။ ေလဆိပ္နည္းပညာဆိုင္ရာ ဒါ႐ိုက္တာ Jochen Grossmann ဟာ ယူ႐ို သန္းတဝက္ လာယ္စားမယ္ဆိုတဲ့ စြဲခ်က္နဲ႔ တရားတေဘာင္ရင္ဆိုင္ေနရပါတယ္။

၂၀၁၆ ဒီဇင္ဘာလမွာေတာ့ ေနာက္ဆုံးရည္မွန္းထားတဲ့ ၂၀၁၇ မွာေလဆိပ္ဖြင့္လွစ္ႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူးဆိုျပန္ပါတယ္။
မီးလုံးေတြမွားတပ္တာ၊ တံခါးေတြကို နံပတ္တပ္မွားေနတာ၊ မီးခလုပ္ေတြ မရွိတာ၊ မွားယြင္းတဲ့ မီးႀကိဳးသြယ္တန္းမႈ၊ မီးေဘးအခ်က္ေပး စနစ္ မွားယြင္းမႈ စတာေတြကေန အေဆာက္အဦအမိုးက သတ္မွတ္ထားတာထက္ ၂ဆေက်ာ္ပိုေလးေနတယ္ဆိုတဲ့ ျပသနာ အႀကီးႀကီးအထိ၊ ျပသနာေပါင္း (၅၅၀၀၀၀) သန္းတဝက္ေက်ာ္ေလာက္ကိုျပင္ဆင္ရမယ္ဆိုတာ ေတြ႕ရွိလာရလို႔ပါ။

ဘာေတြမွားခဲ့တာလဲ 

ပညာရွင္နဲ႔ ႏိုင္ငံေရးသမား ေနရာမွား

အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်ေပးရတဲ့ ေလဆိပ္ေဆာက္လုပ္ေရး ႀကီးၾကပ္မႈ ဘုတ္အဖြဲ႕ဝင္ေတြဟာ လုပ္ငန္းကြၽမ္းက်င္သူ စပယ္ရွယ္လစ္ေတြ ျဖစ္ရမယ့္အစား ဒီလုပ္ငန္းေတြနဲ႔ နီးစပ္မႈ မရွိတဲ့ ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ဘာလင္ၿမိဳ႕ေတာ္ဝန္ နဲ႔  Brandenburg ျပည္နယ္ဝန္ႀကီးခ်ဳပ္ တို႔ ျဖစ္ေနပါတယ္။  စီမံကိန္းအႀကီးကဲ၊ နည္းပညာအႀကီးအကဲေတြကလည္း ဆိုင္ရာနယ္ပယ္မွာ မကြၽမ္းက်င္ၾကလို႔ လူေတြတေယာက္ၿပီး တေယာက္ေျပာင္းရပါတယ္။
သူတို႔က ေဆာက္လုပ္ေရးလုပ္ငန္းေတြကို အေတြ႕အႀကဳံရင့္ ကုမၸဏီႀကီးတခုကို အပ္ၿပီး စီမံခန္႔ခြဲေစတာမ်ိဳးမဟုတ္ဘဲ လုပ္ငန္း ကန္ထ႐ိုက္  ၃၀ -၄၀ ေလာက္ကို ေဈးသက္သက္သာသာနဲ႔ ခိုင္းလို႔ရတဲ့ ကုမၸဏီ အငယ္ကေလးေတြကို တိုက္႐ိုက္ခြဲေပးခဲ့ပါတယ္။ အဲဒီမွာလုပ္ငန္းေတြအၾကားညႇိႏႈိင္းထိန္းခ်ဳပ္ရတာေတြက ရႈပ္ေထြးကုန္ပါတယ္။

ဗိသုကာဆိုင္ရာျပသနာမ်ား

ဗိသုကာဆိုင္ရာ မွားယြင္းတဲ့ထဲမွာ ျပသနာ္ႀကီးတခုကေတာ့ပါ။ ဒီဇိုင္းဆြဲတဲ့ ဗိသုကာက ပူၿပီး အထက္ကိုဆန္တက္တတ္တဲ့ မီးခိုးေတြကို ေလဆိပ္ခန္းမေအာက္ေျခကေနစုပ္ထုတ္ဖို႔ လုပ္ထားပါတယ္၊  အစအဆုံးျပန္ျပင္ရပါတယ္။
ခ်က္အင္လုပ္ဖို႔ေကာင္တာေတြက သိပ္နည္းေနၿပီး ခရီးသည္ေတြအိတ္ေတြကို ျပန္ေ႐ြးဖို႔ စနစ္ကနည္းလုံေလာက္မႈမရွိပါ။
အေအးေပးစနစ္က အလြန္အားနည္းလို႔ အပူလြန္ၿပီး ကြန္ျပဴတာစနစ္ေတြကို အလိုေလွ်ာက္ျဖတ္ေတာက္ လိုက္ရင္ ေလဆိပ္တခုလုံး ကကြန္ျပဳူတာေတြရပ္သြားႏိုင္ပါတယ္။
မီးအေရးေပၚလ်င္ အလိုေလွ်ာက္ပိတ္ရမယ့္တံခါးေတြ မပိတ္လို႔ ျပန္ျပင္ရမွာ တံခါး တေထာင္ေလာက္ရွိပါသတဲ့ ၊ ျပန္လုပ္ရမယ့္ လွ်ပ္စစ္ႀကိဳးေတြက ကီလိုမီတာေပါင္မ်ားစြာ။
ေလယာဥ္ေတြပ်ံသန္းတဲ့ လမ္းေၾကာင္းနဲ႔ ဆူညံသံကာကြယ္ေပးဖို႔ လိုအပ္တဲ့ ေနရာေတြကို တြက္ခ်က္တာကလဲ လြဲေနပါတယ္။
ေလဆိပ္ဗိသုကာ Meinhard von Gerkan's က ေလဆိပ္မွာ ေဈးဝယ္တာကို မႀကိဳက္သူျဖစ္လို႔ ေလဆိပ္ဒီဇိုင္းမွာ ဆိုင္ေတြ နည္းႏိုင္သမွ်နည္းေအာင္ ေလွ်ာ့ထားခဲ့ ပါတယ္။ ဒီအေၾကာင္းကို ေလဆိပ္ကုမၸဏီက သိတာေနာက္က်လို႔ ဆိုင္ခန္းေတြအတြက္ အထပ္တခု ထပ္တိုးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ေလဆိပ္ေတြက အဲဒီလိုဆိုင္ခန္းငွားခေတြကေန ဝင္ေငြ အမ်ားအျပားရေနၾကတာပါ။
ျပသနာက အဲလိုထပ္တိုးတဲ့ အထပ္အတြက္ လိုအပ္လာတဲ့ မီးသတ္စနစ္လို မီးခိုးစုပ္ထုတ္စနစ္လို စနစ္ေတြကို ထပ္ျဖည့္ရမွာျဖစ္ၿပီး ဘယ္လို ထပ္ျဖည့္ထားတယ္ဆိုတာ ဘယ္သူမွ ေသခ်ာမသိဘူးဆိုပါတယ္။
ေလဆိပ္ႀကီးရဲ႕ မီးေဘးကာကြယ္ေရးစနစ္ စီမံကိန္းကိုေရးဆြဲသူ Alfredo di Mauro ဟာ လက္မွတ္ရအင္ဂ်င္နီယာတေယာက္မဟုတ္ဘဲ technical draftsman တေယာက္သာျဖစ္ပါသတဲ့ ။
The Magic Carpet နဲ႔ မၿပီးႏိုင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္

အနာဂတ္အတြက္ႀကိဳတင္ျပင္ဆင္မႈအားနည္းခ်က္မ်ား

ေလဆိပ္စီမံကိန္းကို စတင္စဥ္က တႏွစ္ကို ခရီးသည္ ၂၇ သန္း အတြက္ရည္႐ြယ္ခဲ့ေပမယ့္ ေလဆိပ္ဖြင့္လွစ္ဖို႔ ေႏွာင္ေႏွးတာနဲ႔အမွ် အကယ္ဖြင့္လွစ္မယ့္အခ်ိန္မွာ ေလဆိပ္ႀကီး အေနနဲ႔ လက္ခံရမယ့္ ခရီးစဥ္နဲ႔ခရီးသည္အေရအတြက္က  အမ်ားႀကီးပိုလာမွာျဖစ္ပါတယ္။  ဒါေၾကာင့္ ဖြင့္လွစ္ၿပီးတာနဲ႔ တိုးခ်ဲ႕တဲ့လုပ္ငန္းကို  စတင္ရမယ့္ အေနအထားမွာရွိေနပါတယ္.
ေဆာက္လုပ္တာ အခ်ိန္ၾကာတာနဲ႔ အမွ် ေလေၾကာင္းလုပ္ငန္းေတြက ေျပာင္းလဲလာေတာ့ လိုအပ္ခ်က္ အသစ္ေတြ တိုးတိုးလာပါတယ္။ အခုေနာက္ပိုင္း ေဈးသက္သာတဲ့ ဘတ္ဂ်က္ေလေၾကာင္းလိုင္းေတြ အလ်င္အျမန္တိုးခ်ဲ႕တြင္က်ယ္လာတဲ့အခါ ေလဆိပ္ေတြမွာ သူတို႔ဖို႔ ေဈးေပါေပါနဲ႔ အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြလိုလာပါတယ္။ မူလဒီဇိုင္းမွာ အဲလို ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြမပါဘဲ  လုပ္ငန္းစရိတ္ႀကီးတဲ့ "jet bridges" ေတြပဲပါပါတယ္၊။ ဒါပမယ့္ ႀကီးၾကပ္ေရးဘုတ္အဖြဲ႕ဝင္ ႏိုင္ငံေရးသမားေတြကို လိုအပ္တဲ့ ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြ ထည့္ေပးဖို႔ထက္ Airbus A380 ေလယာဥ္ႀကီးေတြတြက္ ဂိတ္ေတြထည့္ဖို႔ကိုတြန္းအားေပးပါတယ္။
တဖက္ကလည္း အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြ မျဖစ္မေနလိုအပ္လာေတာ့ သူတို႔အတြက္ ေနာက္ထပ္ ေနရာအသစ္တိုးခ်ဲ႕ရျပန္ပါတယ္၊ ဒီလို႔ အသစ္ျဖည့္စြက္ရတာေတြမ်ားလာေတာ့ ေလဆိပ္ေဆာက္လုပ္သူေတြမွာလည္း ဘယ္ကဘယ္လိုဆက္လုပ္ရမယ္ဆိုတာမသိေအာင္ ရႈပ္ေထြးကုန္ပါတယ္။

စရိတ္ စရိတ္ စရိတ္

၂၀၀၆ မွာ စတင္စဥ္က ယူ႐ို ၂.၅ဘီလီယံနဲ႔ ေရးဆြဲခဲ့တဲ့ စီမံကိန္းႀကီးဟာ ၂၀၁၇ မွာ ယူ႐ို ၆.၅ ဘီလီယံအထိကုန္က်ၿပီးျဖစ္ပါတယ္။  ေလဆိပ္ကိုမဖြင့္ရေသးလို႔ ဝင္ေငြမဝင္ေပမယ့္  ၇ ႏွစ္ေက်ာ္ ေႏွာင့္ေႏွးေနတဲ့ ေလဆိပ္မွာ ေန႔စဥ္နဲ႔အမွ် ထိမ္းသိမ္းရတဲ့စရိတ္ေတြတက္ေနသလို LCD display လို တခ်ိဳ႕ပစၥည္းေတြဆို မသုံးရေသးခင္ အသစ္နဲ႔ အစားထိုးရတဲ့ အေနအထားေရာက္ေနပါတယ္။ စက္ပစၥည္းေတြကိုလည္း မသုံးတာၾကာၿပီးဂ်မ္းမျဖစ္ေအာင္ ေန႔စဥ္ေမာင္းေပးေနရပါတယ္။ အစိုးရပိုင္ ေလဆိပ္ကုမၸဏီႀကီးက ေလဆိပ္ကို ထိန္းသိမ္းရတဲ့ စရိတ္ဟာ တလကို ယူ႐ို ၁၇ သန္းရွိပါတယ္။

All 750 of the monitors showing flight information had to be replaced earlier in 2018 - at a cost of €500,000 (Credit: Getty Images)

အခုထိျပင္ရတာေတြကလည္း ျပင္မဆုံးျဖစ္ေနလို႔ဒီေလဆိပ္ကို ဆက္မျပင္ေတာ့ဘဲ ဖ်က္ပစ္ၿပီး အသစ္တခုကို အစကျပန္စတာ အကုန္အက် ပိုသက္သာမယ္လို႔ အႀကံေပးတာေတြလည္းရွိပါတယ္။
ရထားဘူတာကထြက္လာတဲ့ စက္ေလွကားတခ်ိဳ႕ဟာ သိတ္တိုလြန္းတယ္၊ျပန္ျပင္ဖို႔ ကလည္း စားရိတ္အလြန္ႀကီးမယ္

ျပည္သူေတြေပးထားတဲ့ အခြန္ေတြကို ဒီေလာက္မ်ားမ်ားသုံးထားၿပီးမွ ျပန္ဖ်က္ဖို႔ မျဖစ္ေတာ့ဘူး တခုခုအေကာင္အထည္ ျပႏိုင္ေအာင္လုပ္ရေတာ့မယ္ point of no reture ကိုေရာက္ေနၿပီလို႔ ဆိုၿပီး ဆက္လုပ္ေနၾကတာပါ။
အခု ေနာက္ဆုံး သတ္မွတ္ထားတဲ့ ေလဆိပ္ဖြင့္ရက္ကေတာ့ ၂၀၂၀ ေအာက္တိုဘာလထဲမွာ ျဖစ္မယ္လို႔ ဆိုထားပါတယ္။ ဒီသတ္မွတ္ထားတဲ့ ရက္ကိုလည္း စိတ္ဝင္စားသူမရွိသေလာက္ျဖစ္ေနပါၿပီ။
တခ်ိန္က ကမာၻႀကီးကိုၿခိမ္းေျခာက္ခဲ့တဲ့ နာဇီ ဂ်ာမဏီရဲ႕ ၿမိဳ႕ေတာ္၊ အခုလည္းဥေရာပမွာ စီးပြားေရးနဲ႔နည္းပညာမွာ ေရွ႕ကဦးေဆာင္ေနတဲ့ ေခတ္သစ္ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ ဘာလင္ဟာ ေလာေလာဆယ္မွာေတာ့ ၁၉၃၄ ခုႏွစ္ကတည္းကေဆာက္ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ႔ ၁၉၄၈ မွာ ရက္ ၉၀ နဲ႔ တည္ေဆာက္ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို႔ကိုပဲဆက္လက္ အားထားေနရပါတယ္။
ဒီ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးရဲ႕ျပသနာကေတာ့ ႏိုင္ငံတကာ မွာလည္း ျဖစ္တတ္တာေၾကာင့္ တိုင္ျပည္အုပ္ခ်ဳပ္သူေတြနဲ႔ ပညာရွင္ေတြ အားလုံး သခၤန္းစာယူရမယ့္ နမူႀကီးတခုျဖစ္ပါတယ္။ 

ဖိုးသုည
2/7/19

တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)

မီးရထားတစင်းဆိုက်လာတယ်၊ တံခါးတွေပွင့်လာတော့ လူတယောက်မှ မပါ။ 
လေဆိပ်ခန်းမထဲရောက်တော့ လေယာဉ် အတက်အဆင်းခရီးစဉ်ပြ မှန်သားပြင်တွေမှာ လေယာဉ်ခရီးစဉ် အမှတ်တွေနဲ့ အချိန်တွေက လှုပ်ရှားနေပေမယ့် ခရီးသည်နဲ့ လေကြောင်းလိုင်း ဝန်ထမ်းတွေ တယောက်မှမရှိ။ 
ပစ္စည်းရွေးဖို့ ခါးပတ် ( baggage reclaim conveyer belt) ကြီးလှုပ်ရှားလာတယ်။ အိတ်တလုံးမှမပါ။ 
ဒါတွေကနေ့စဉ် တကယ်ဖြစ်နေတာပါ။ 
ဆောက်ထား တပ်ထားပြီးသားစက်တွေ မသုံးဖြစ်လို့ ဂျမ်းဖြစ်ပြီး ရပ်မသွားအောင် နေစဉ် သုံးစွဲသူမရှိဘဲ လည်ပတ် အလုပ်လုပ်ခိုင်းထားရတာပါ။ ဘုတ်တွေမှာ ပြနေတဲ့ လေယာဉ်ခရီးစဉ်တွေကတော့ အနားက Berlin Schönefeld Airport လေဆိပ်ကခရီးစဉ်တွေပါ။ 
ဥရောပရဲ့ စီးပွားရေး အတောင့်ဆုံး၊ နည်းပညာ အတိုးတက်ဆုံး ဂျာမဏီနိုင်ငံရဲ့ Berlin Brandenburg Airport (BER) လေဆိပ်ကြီးမှာပါ။

သမိုင်းကြောင်း

၁၉၈၉ ခု မှာ ဘာလင်တံတိုင်းကိုဖြိုချပြီး အရှေ့နဲ့ အနောက်ဘာလင် နှစ်ခြမ်းပြန်လည်ပေါင်းစည်းခဲ့ပါတယ်.။
၁၉၉၀ မှာ ဂျာမဏီ၂ နိုင်ငံပြန်လည်ပေါင်းစည်းပြီး Federal Republic of Germany လို့ဖွဲစည်းလိုက်တဲ့အခါ ဘာလင်ဟာ ဂျာမဏီရဲ့မြို့တော်ပြန်ဖြစ်လာပါတယ်။ 
မြို့တော်ပြန်ဖြစ်လာတဲ့  ဘာလင်မှာ တိုးတက်လာတဲ့ လေကြောင်းပို့ဆောင်ရေး အတွက် ရှိပြီးသားလေဆိပ်တွေနဲ့ မလုံလောက်တော့ ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေက ဘာလင် အတွက် ခေတ်မှီလေဆိပ်သစ်ကြီးတခုကို တည်ဆောက်ဆို့လိုတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။
ဒီလိုနဲ့ လေဆိပ်သစ်ကြီးကိုစီမံခန့်ခွဲဖို့အတွက် ၁၉၉၁ ခုနှစ် မေလမှာ  Berlin Brandenburg Airport holding company ကြီး ကို တည်ထောင် ခဲ့ပါတယ်။ 
၁၉၉၆ ခုဇွန်လရောက်မှ လက်ရှိ အသုံးပြုနေတဲ့ Berlin Schönefeld Airport (SXF) အနားက မြေနေရာကို အတည်ပြုပါတယ်။  
MAP
တခါ ဘယ်ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့တွေကို ဆောက်ဖို့  ခေါ်ယူမယ်ဆိုတာနဲ့ ပတ်သက်ပြီးဖြစ်တဲ့ ပြသနာတွေကြောင့် ၂၀၀၀ ခုနှစ် နိုဝင်ဘာလရောက်မှ ယာယီ စီမံကိန်း အတည်ဖြစ်ပါတယ်။ လေဆိပ်ကို  ၂၀၀၇ ခုနှစ်မှာဖွင့်လှစ်ဖို့စီစဉ်ခဲ့ကြပါတယ်။ 
လက်တွေ့မှာတော့ လေဆိပ်ဆောက်မယ့်နေရာမှာတွေ့တဲ့ ရှေးဟောင်း သင်္ချိုင်းကို ရှေးဟောင်း သုတေသီတွေက ထူးဖေါ်တာကို စောင့်ရ၊ နယ်မြေခံပြည်သူတွေနဲ့ပြသနာ ၊  ကုန်ကျစရိတ်တွက်ချက်ရာမှာ မှားယွင်းမှု စတဲ့ပြသနာတွေကိုဖြေရှင်းနေရလို့ ၂၀၀၆ ခု စက်တင်ဘာလရောက်မှ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတကယ်စတင်နိုင်ခဲ့ပါတယ်။ 
ဒီလိုနဲ့ လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ လို့ ပြင်ဆင်သတ်မှတ်ထားခဲ့ပါတယ်. 
ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပြသနာတွေများလို့ နှောင့်နှေးနေပြီး လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၂ ခု ဇန္နဝါရီလု ၃ ရက်၊ နောက်တော့ ၂၀၁၂ ဇွန်လလို့ ထပ်ပြောင်းပါတယ်။ 
ဝန်ကြီးချုပ် Angela Merkel ကို ဖိတ်ပြီး လေဆိပ်ကြီးကို ဖွင့်ဖို့ ပြင်ဆင်ထားရာ ဖွင့်ပွဲမတိုင်မီ တလအလို ၂၀၁၂ မေလ မှာ မီးဘေးကာကွယ်ရေး စနစ်လက်မှတ်ရဖို့ စစ်ဆေးတော့မှ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အတော်ဆိုးရွားတဲ့ ပြသနာတွေကိုတွေ့ရလို့ ဖွင့်ပွဲကို ၂၀၁၃ မတ်လ ၁၇ လို့ ပြောင်းရပါတယ်၊ နောက်တော့ ၂၀၁၃ အောက်တိုဘာ ၂၇ ကို ရွှေ့ပြန်ပါတယ်။ 
၂၀၁၃ ဇန္နဝါရီလအရောက်မှာတော့ လေဆိပ်တကယ်ဖွင့်မယ့်ရက်ကို မကြေငြာနိုင်တောဘဲ  ၂၀၁၄ အထိ ဖွင့်နိုင်မှာ မဟုတ်ဘူးလို့သာကြေငြာနိုင်ပါတော့တယ်၊ ဘာလင်မြို့တော်ဝန်လည်း ကြီးကြပ်ရေး ဘုတ်အဖွဲ့က နှုတ်ထွက်ပြီး Berlin Brandenburg Airportရဲ့ စီအီးအိုကိုလဲ ရာထုးက ဖြုတ်လိုက်ပါတယ်။ 
၂၀၁၄ မှာ စီအီးအို အသစ် Hartmut Mehdorn က လေဆိပ်ကို ၂၀၁၆ အထိ ဖွင့်လှစ်နိုင်ဖွယ် မရှိလို့ ကြေငြာပါတယ်။ တပူပေါ် နှစ်ပူဆင့်တက်တက်လာတဲ့ ပြသနာတွေနဲ့ မရေရာမှုတွေကြောင့် Mehdorn လည်း ၂၀၁၄ ဒီဇင်ဘာလမှာ စီအီးအိုအဖြ့စ်မှ နှုတ်ထွက်ခဲ့ပါတယ်။ 
၂၀၁၅ ဇူလိုင်၊ ဘာလင်မြို့တော်ဝန်သစ် Michael Müller က ကြီးကြပ်ရေး ဘုတ်အဖွဲ့ဥက္ကဌ နေရာကို ရယူပြီး လေဆိပ်ကို  ၂၀၁၇ မှာ ဖွင့်လှစ်နိုင်အောင် ဦးဆောင်ပြန်ပါတယ်။ 
၂၀၁၅ ဩဂုတ်လမှာတော့ လေဆိပ်စီမံကိမ်း အတွင်းက ချစားမှု လာယ်စားမှုတွေ တစပြီးတစ ထွက်လာပါတယ်။ လေဆိပ်နည်းပညာဆိုင်ရာ ဒါရိုက်တာ Jochen Grossmann ဟာ ယူရို သန်းတဝက် လာယ်စားမယ်ဆိုတဲ့ စွဲချက်နဲ့ တရားတဘောင်ရင်ဆိုင်နေရပါတယ်။

၂၀၁၆ ဒီဇင်ဘာလမှာတော့ နောက်ဆုံးရည်မှန်းထားတဲ့ ၂၀၁၇ မှာလေဆိပ်ဖွင့်လှစ်နိုင်ဖို့ မဖြစ်နိုင်ပါဘူးဆိုပြန်ပါတယ်။ 
မီးလုံးတွေမှားတပ်တာ၊ တံခါးတွေကို နံပတ်တပ်မှားနေတာ (၄၀၀၀)၊ မီးခလုပ်တွေ မရှိတာ၊ မှားယွင်းတဲ့ မီးကြိုးသွယ်တန်းမှု၊ မီးဘေးအချက်ပေး စနစ် မှားယွင်းမှု စတာတွေကနေ အဆောက်အဦအမိုးက သတ်မှတ်ထားတာထက် ၂ဆကျော်ပိုလေးနေတယ်ဆိုတဲ့ ပြသနာ အကြီးကြီးအထိ၊ ပြသနာပေါင်း (၅၅၀၀၀၀) သန်းတဝက်ကျော်လောက်ကိုပြင်ဆင်ရမယ်ဆိုတာ တွေ့ရှိလာရလို့ပါ။ 

ဘာတွေမှားခဲ့တာလဲ 

ပညာရှင်နဲ့ နိုင်ငံရေးသမား နေရာမှား

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရတဲ့ လေဆိပ်ဆောက်လုပ်ရေး ကြီးကြပ်မှု ဘုတ်အဖွဲ့ဝင်တွေဟာ လုပ်ငန်းကျွမ်းကျင်သူ စပယ်ရှယ်လစ်တွေ ဖြစ်ရမယ့်အစား ဒီလုပ်ငန်းတွေနဲ့ နီးစပ်မှု မရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဘာလင်မြို့တော်ဝန် နဲ့  Brandenburg ပြည်နယ်ဝန်ကြီးချုပ် တို့ ဖြစ်နေပါတယ်။  စီမံကိန်းအကြီးကဲ၊ နည်းပညာအကြီးအကဲတွေကလည်း ဆိုင်ရာနယ်ပယ်မှာ မကျွမ်းကျင်ကြလို့ လူတွေတယောက်ပြီး တယောက်ပြောင်းရပါတယ်။ 
သူတို့က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အတွေ့အကြုံရင့် ကုမ္ပဏီကြီးတခုကို အပ်ပြီး စီမံခန့်ခွဲစေတာမျိုးမဟုတ်ဘဲ လုပ်ငန်း ကန်ထရိုက်  ၃၀ -၄၀ လောက်ကို ဈေးသက်သက်သာသာနဲ့ ခိုင်းလို့ရတဲ့ ကုမ္ပဏီ အငယ်ကလေးတွေကို တိုက်ရိုက်ခွဲပေးခဲ့ပါတယ်။ အဲဒီမှာလုပ်ငန်းတွေအကြားညှိနှိုင်းထိန်းချုပ်ရတာတွေက ရှုပ်ထွေးကုန်ပါတယ်။ 

ဗိသုကာဆိုင်ရာပြသနာများ

ဗိသုကာဆိုင်ရာ မှားယွင်းတဲ့ထဲမှာ ပြသနာ်ကြီးတခုကတော့ပါ။ ဒီဇိုင်းဆွဲတဲ့ ဗိသုကာက ပူပြီး အထက်ကိုဆန်တက်တတ်တဲ့ မီးခိုးတွေကို လေဆိပ်ခန်းမအောက်ခြေကနေစုပ်ထုတ်ဖို့ လုပ်ထားပါတယ်၊  အစအဆုံးပြန်ပြင်ရပါတယ်။ 
ချက်အင်လုပ်ဖို့ကောင်တာတွေက သိပ်နည်းနေပြီး ခရီးသည်တွေအိတ်တွေကို ပြန်ရွေးဖို့ စနစ်ကနည်းလုံလောက်မှုမရှိပါ။ 
အအေးပေးစနစ်က အလွန်အားနည်းလို့ အပူလွန်ပြီး ကွန်ပြူတာစနစ်တွေကို အလိုလျှောက်ဖြတ်တောက် လိုက်ရင် လေဆိပ်တခုလုံး ကကွန်ပြုူတာတွေရပ်သွားနိုင်ပါတယ်။  
မီးအရေးပေါ်လျင် အလိုလျှောက်ပိတ်ရမယ့်တံခါးတွေ မပိတ်လို့ ပြန်ပြင်ရမှာ တံခါး တထောင်လောက်ရှိပါသတဲ့ ၊ ပြန်လုပ်ရမယ့် လျှပ်စစ်ကြိုးတွေက ကီလိုမီတာပေါင်များစွာ။
လေယာဉ်တွေပျံသန်းတဲ့ လမ်းကြောင်းနဲ့ ဆူညံသံကာကွယ်ပေးဖို့ လိုအပ်တဲ့ နေရာတွေကို တွက်ချက်တာကလဲ လွဲနေပါတယ်။ 
လေဆိပ်ဗိသုကာ Meinhard von Gerkan's က လေဆိပ်မှာ ဈေးဝယ်တာကို မကြိုက်သူဖြစ်လို့ လေဆိပ်ဒီဇိုင်းမှာ ဆိုင်တွေ နည်းနိုင်သမျှနည်းအောင် လျှော့ထားခဲ့ ပါတယ်။ ဒီအကြောင်းကို လေဆိပ်ကုမ္ပဏီက သိတာနောက်ကျလို့ ဆိုင်ခန်းတွေအတွက် အထပ်တခု ထပ်တိုးဖို့ တောင်းဆိုခဲ့ပါတယ်။ လေဆိပ်တွေက အဲဒီလိုဆိုင်ခန်းငှားခတွေကနေ ဝင်ငွေ အများအပြားရနေကြတာပါ။ 
ပြသနာက အဲလိုထပ်တိုးတဲ့ အထပ်အတွက် လိုအပ်လာတဲ့ မီးသတ်စနစ်လို မီးခိုးစုပ်ထုတ်စနစ်လို စနစ်တွေကို ထပ်ဖြည့်ရမှာဖြစ်ပြီး ဘယ်လို ထပ်ဖြည့်ထားတယ်ဆိုတာ ဘယ်သူမှ သေချာမသိဘူးဆိုပါတယ်။ 
လေဆိပ်ကြီးရဲ့ မီးဘေးကာကွယ်ရေးစနစ် စီမံကိန်းကိုရေးဆွဲသူ Alfredo di Mauro ဟာ လက်မှတ်ရအင်ဂျင်နီယာတယောက်မဟုတ်ဘဲ technical draftsman တယောက်သာဖြစ်ပါသတဲ့ ။ 

အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များ

လေဆိပ်စီမံကိန်းကို စတင်စဉ်က တနှစ်ကို ခရီးသည် ၂၇ သန်း အတွက်ရည်ရွယ်ခဲ့ပေမယ့် လေဆိပ်ဖွင့်လှစ်ဖို့ နှောင်နှေးတာနဲ့အမျှ အကယ်ဖွင့်လှစ်မယ့်အချိန်မှာ လေဆိပ်ကြီး အနေနဲ့ လက်ခံရမယ့် ခရီးစဉ်နဲ့ခရီးသည်အရေအတွက်က  အများကြီးပိုလာမှာဖြစ်ပါတယ်။  ဒါကြောင့် ဖွင့်လှစ်ပြီးတာနဲ့ တိုးချဲ့တဲ့လုပ်ငန်းကို  စတင်ရမယ့် အနေအထားမှာရှိနေပါတယ်. 
ဆောက်လုပ်တာ အချိန်ကြာတာနဲ့ အမျှ လေကြောင်းလုပ်ငန်းတွေက ပြောင်းလဲလာတော့ လိုအပ်ချက် အသစ်တွေ တိုးတိုးလာပါတယ်။ အခုနောက်ပိုင်း ဈေးသက်သာတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းတွေ အလျင်အမြန်တိုးချဲ့တွင်ကျယ်လာတဲ့အခါ လေဆိပ်တွေမှာ သူတို့ဖို့ ဈေးပေါပေါနဲ့ အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေလိုလာပါတယ်။ မူလဒီဇိုင်းမှာ အဲလို ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေမပါဘဲ  လုပ်ငန်းစရိတ်ကြီးတဲ့ "jet bridges" တွေပဲပါပါတယ်၊။ ဒါပမယ့် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် နိုင်ငံရေးသမားတွေကို လိုအပ်တဲ့ ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေ ထည့်ပေးဖို့ထက် Airbus A380 လေယာဉ်ကြီးတွေတွက် ဂိတ်တွေထည့်ဖို့ကိုတွန်းအားပေးပါတယ်။ 
တဖက်ကလည်း အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေ မဖြစ်မနေလိုအပ်လာတော့ သူတို့အတွက် နောက်ထပ် နေရာအသစ်တိုးချဲ့ရပြန်ပါတယ်၊ ဒီလို့ အသစ်ဖြည့်စွက်ရတာတွေများလာတော့ လေဆိပ်ဆောက်လုပ်သူတွေမှာလည်း ဘယ်ကဘယ်လိုဆက်လုပ်ရမယ်ဆိုတာမသိအောင် ရှုပ်ထွေးကုန်ပါတယ်။  

စရိတ် စရိတ် စရိတ်

၂၀၀၆ မှာ စတင်စဉ်က ယူရို ၂.၅ဘီလီယံနဲ့ ရေးဆွဲခဲ့တဲ့ စီမံကိန်းကြီးဟာ ၂၀၁၇ မှာ ယူရို ၆.၅ ဘီလီယံအထိကုန်ကျပြီးဖြစ်ပါတယ်။  လေဆိပ်ကိုမဖွင့်ရသေးလို့ ဝင်ငွေမဝင်ပေမယ့်  ၇ နှစ်ကျော် နှောင့်နှေးနေတဲ့ လေဆိပ်မှာ နေ့စဉ်နဲ့အမျှ ထိမ်းသိမ်းရတဲ့စရိတ်တွေတက်နေသလို LCD display လို တချို့ပစ္စည်းတွေဆို မသုံးရသေးခင် အသစ်နဲ့ အစားထိုးရတဲ့ အနေအထားရောက်နေပါတယ်။ စက်ပစ္စည်းတွေကိုလည်း မသုံးတာကြာပြီးဂျမ်းမဖြစ်အောင် နေ့စဉ်မောင်းပေးနေရပါတယ်။ အစိုးရပိုင် လေဆိပ်ကုမ္ပဏီကြီးက လေဆိပ်ကို ထိန်းသိမ်းရတဲ့ စရိတ်ဟာ တလကို ယူရို ၁၇ သန်းရှိပါတယ်။ 
အခုထိပြင်ရတာတွေကလည်း ပြင်မဆုံးဖြစ်နေလို့ဒီလေဆိပ်ကို ဆက်မပြင်တော့ဘဲ ဖျက်ပစ်ပြီး အသစ်တခုကို အစကပြန်စတာ အကုန်အကျ ပိုသက်သာမယ်လို့ အကြံပေးတာတွေလည်းရှိပါတယ်။ 
ပြည်သူတွေပေးထားတဲ့ အခွန်တွေကို ဒီလောက်များများသုံးထားပြီးမှ ပြန်ဖျက်ဖို့ မဖြစ်တော့ဘူး တခုခုအကောင်အထည် ပြနိုင်အောင်လုပ်ရတော့မယ် point of no reture ကိုရောက်နေပြီလို့ ဆိုပြီး ဆက်လုပ်နေကြတာပါ။
အခု နောက်ဆုံး သတ်မှတ်ထားတဲ့ လေဆိပ်ဖွင့်ရက်ကတော့ ၂၀၂၀ အောက်တိုဘာလထဲမှာ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဒီသတ်မှတ်ထားတဲ့ ရက်ကိုလည်း စိတ်ဝင်စားသူမရှိသလောက်ဖြစ်နေပါပြီ။ 
တချိန်က ကမ္ဘာကြီးကိုခြိမ်းခြောက်ခဲ့တဲ့ နာဇီ ဂျာမဏီရဲ့ မြို့တော်၊ အခုလည်းဥရောပမှာ စီးပွားရေးနဲ့နည်းပညာမှာ ရှေ့ကဦးဆောင်နေတဲ့ ခေတ်သစ်ဂျာမဏီရဲ့မြို့တော် ဘာလင်ဟာ လောလောဆယ်မှာတော့ ၁၉၃၄ ခုနှစ်ကတည်းကဆောက်ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ့ ၁၉၄၈ မှာ ရက် ၉၀ နဲ့ တည်ဆောက်ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို့ကိုပဲဆက်လက် အားထားနေရပါတယ်။ 
ဒီ Berlin Brandenburg Airport (BER) လေဆိပ်ကြီးရဲ့ပြသနာကတော့ နိုင်ငံတကာ မှာလည်း ဖြစ်တတ်တာကြောင့် တိုင်ပြည်အုပ်ချုပ်သူတွေနဲ့ ပညာရှင်တွေ အားလုံး သင်္ခန်းစာယူရမယ့် နမူကြီးတခုဖြစ်ပါတယ်။ 

ဖိုးသုည
2/7/19

Wednesday, June 19, 2019

Boeing 737 Max ဆုံးရႈံးသြားတဲ့ ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား (Boeing 737 Max ဆုံးရှုံးသွားတဲ့ ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား)

Boeing 737 Max ဆုံးရႈံးသြားတဲ့  ေဖါက္သည္ေတြရဲ႕ ယုံၾကည္မႈေတြ ျပန္ရလာၿပီလား






ပဲရစ္ ေလေၾကာင္းပြဲ ဒုတိယေန႔မွာေတာ့ ရင္တမမျဖစ္ေနတဲ့ ဘိုးအင္း အသက္ရွဴေခ်ာင္သြားပါၿပီ။
International Airlines Group IAG  ဆိုတဲ့ ဥေရာပ ကုမၠဏီႀကီးက MCAS  ျပသနာေၾကာင့္ ေလာေလာဆယ္ ေျမနားထားရတဲ့  Boeing 737 Max ေလယာဥ္ အမ်ိဴးစား ၂၀၀ ကိုဝယ္ဖို႔ ရွိတယ္လို႔ ေၾကျငာလိုက္ပါတယ္။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ႔ တျခားဥေရာပ ေလေၾကာင္းတခ်ိဳ႕ကိုပိုင္တဲ့ စီးပြားေရးအုပ္စုႀကီးပါ။ လက္ရွိ IAGရဲ႕  narrow Body ေလယာဥ္ေတြက  Airbus A320 ပဲျဖစ္ၿပီး ဘိုးအင္းေလယာဥ္ေတြကိုေတာ့ wide body ေလယာဥ္ႀကီးေတြပဲသုံးေနတာပါ။ IAG CEO က သူတို႔ရဲ႕ ႀကီးမားတဲ့ လုပ္ငန္းပမာဏအရ A320 တခုတည္းေပၚမွာ တြယ္မေနသင့္ဘူးလို႔ဆိုပါတယ္။ ဒီလို အၿပိင္အဆိုင္ျဖစ္ေအာင္ေ႐ြးလိုက္ေတာ့ Airbus ကလည္း သူတိုကို ေဈးေလွ်ာ့ၿပီး ေအာ္ဖါလုပ္ဦးမွာပါ။
ဘိုအင္းအတြက္ အလြန္ အဖိုးတန္တဲ့ ေအာ္ဒါပါ။ ေဒၚလာ ၂၄ ဘီလီယံ တန္ဖိုးရွိတဲ့ ေအာ္ဒါကို ေဈး အမ်ားႀကီးေလွ်ာ့ေပးမွာကေတာ့ ေသခ်ာပါတယ္။ ေလယာဥ္ထုတ္လုပ္သူေတြဟာ တျခား ကုန္ထုတ္လုပ္သူေတြလိုပဲ သူတို႔ပစၥည္းကို ျပပြဲမွာ ဝယ္လ်င္ ေဈးေလွ်ာေပးပါတယ္။
ဒါေပမယ့္ ဒီေအာ္ဒါက တျခားေအာ္ဒါေတြထက္ထူးျခားပါတယ္။ နာမယ္ပ်က္ကို ျပန္ အဖတ္ဆယ္ရမယ့္ Boeing 737 Max ေမာ္ဒယ္ကို အမ်ားႀကီး ဝယ္လိုက္တာဟာ အဲဒီေလယာဥ္အေပၚ ယုံၾကည္မႈရွိတာကို ျပရာေရာက္တဲ့ အတြက္ အရင္ကအရိပ္မည္းႀကီးကို  တစိပ္တေဒသ ဖယ္ေပးလိုက္ရာေရာက္ပါတယ္။
Airbus အတြက္လည္း အထိနာတယ္လို႔ဆိုရမွာပါ။ သူ႔ A320 Neo, A321 Neo , A321 XLR ေတြကိုပြဲထုတ္ ေနခ်ိန္မွာ သူတို႔ ေဖါက္သည္ေဟာင္းက သူတို႔ရဲ႕ၿပိဳင္ဖက္ကို ပါလက္တြဲလိုက္လို႔ပါ။ Airbus CEO ကေတာ့ ဒီလိုလုပ္တာ သူတို႔ကုမၸဏီကို မထိခိုက္ပါဘူးလို႔ဆိုပါတယ္။
ေလာေလာဆယ္မွာေတာ့ ပ်ံသန္းခြင့္ပိတ္ခံထားရတဲ့ Boeing 737 Max ေတြကို ဒီႏွစ္ ကုန္အထိ ေကာင္းကင္မွာျမင္ႏိုင္ဖို႔ မျမင္ေသးပါဘူး။




 မတ္လလယ္ကစလို႔  ထုတ္ၿပီးသား Boeing 737 Max ေတြကိုလည္း ဝယ္သူေတြလက္ကို မအပ္ရဘဲ ဘိုးအင္းက ေနရာရွာၿပီး ထိန္းသိမ္းထားရပါတယ္။ လက္ထဲမွာရွိထားၿပီးနားထားရတဲ့ေလေၾကာင္းလိုင္းေတြကလည္း အဲဒီေလယာဥ္ေတြ မပ်ံရမခ်င္း ေန႔စဥ္နဲ႔ အမွ်ဆုံးရွိမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ တခ်ိဳ႕လိုင္းေတြကလည္းအဲဒီဆုံးရႈံးမႈေတြအတြက္ ဘိုးအင္းကေန ေလွ်ာ္ေၾကးေတာင္းဖို႔လုပ္ေနၾကပါတယ္။

Add caption

ေလေၾကာင္းလိုင္းေတြဟာ လုပ္ငန္ေတြခ်ဲ႕ ေနၾကေပမယ့္ အနာဂတ္မွာ သူတို႔လိုအပ္မယ့္ ေလယာဥ္အေတာ္မ်ားမ်ားကို ေအာ္ဒါလုပ္ထားၿပီးလို႔ ေစာင့္ေနၾကၿပီျဖစ္တာေၾကာင့္ ဒီႏွစ္ ပဲရစ္ျပပြဲမွာ ခရီးသည္တင္ေလယာဥ္ေဈးကြက္က အရင္ႏွစ္ေတြကေလာက္ေတာ့ သြက္မွာ ဟုတ္ဘူးလို႔ သုံးသပ္ၾကပါတယ္။
ဖိုးသုည
19-6-19


Boeing 737 Max ဆုံးရှုံးသွားတဲ့  ဖေါက်သည်တွေရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီလား  (ယူနီကုဒ်) 

ပဲရစ် လေကြောင်းပွဲ ဒုတိယနေ့မှာတော့ ရင်တမမဖြစ်နေတဲ့ ဘိုးအင်း အသက်ရှူချောင်သွားပါပြီ။
International Airlines Group IAG  ဆိုတဲ့ ဥရောပ ကုမ္ကဏီကြီးက MCAS  ပြသနာကြောင့် လောလောဆယ် မြေနားထားရတဲ့  Boeing 737 Max လေယာဉ် အမျိူးစား ၂၀၀ ကိုဝယ်ဖို့ ရှိတယ်လို့ ကြေငြာလိုက်ပါတယ်။၊
IAG ဆိုတာ Aer Lingus, British Airways၊  Iberia , နဲ့ တခြားဥရောပ လေကြောင်းတချို့ကိုပိုင်တဲ့ စီးပွားရေးအုပ်စုကြီးပါ။ လက်ရှိ IAGရဲ့  narrow Body လေယာဉ်တွေက  Airbus A320 ပဲဖြစ်ပြီး ဘိုးအင်းလေယာဉ်တွေကိုတော့ wide body လေယာဉ်ကြီးတွေပဲသုံးနေတာပါ။ IAG CEO က သူတို့ရဲ့ ကြီးမားတဲ့ လုပ်ငန်းပမာဏအရ A320 တခုတည်းပေါ်မှာ တွယ်မနေသင့်ဘူးလို့ဆိုပါတယ်။ ဒီလို အပြိင်အဆိုင်ဖြစ်အောင်ရွေးလိုက်တော့ Airbus ကလည်း သူတိုကို ဈေးလျှော့ပြီး အော်ဖါလုပ်ဦးမှာပါ။
ဘိုအင်းအတွက် အလွန် အဖိုးတန်တဲ့ အော်ဒါပါ။ ဒေါ်လာ ၂၄ ဘီလီယံ တန်ဖိုးရှိတဲ့ အော်ဒါကို ဈေး အများကြီးလျှော့ပေးမှာကတော့ သေချာပါတယ်။ လေယာဉ်ထုတ်လုပ်သူတွေဟာ တခြား ကုန်ထုတ်လုပ်သူတွေလိုပဲ သူတို့ပစ္စည်းကို ပြပွဲမှာ ဝယ်လျင် ဈေးလျှောပေးပါတယ်။
ဒါပေမယ့် ဒီအော်ဒါက တခြားအော်ဒါတွေထက်ထူးခြားပါတယ်။ နာမယ်ပျက်ကို ပြန် အဖတ်ဆယ်ရမယ့် Boeing 737 Max မော်ဒယ်ကို အများကြီး ဝယ်လိုက်တာဟာ အဲဒီလေယာဉ်အပေါ် ယုံကြည်မှုရှိတာကို ပြရာရောက်တဲ့ အတွက် အရင်ကအရိပ်မည်းကြီးကို  တစိပ်တဒေသ ဖယ်ပေးလိုက်ရာရောက်ပါတယ်။
Airbus အတွက်လည်း အထိနာတယ်လို့ဆိုရမှာပါ။ သူ့ A320 Neo, A321 Neo , A321 XLR တွေကိုပွဲထုတ် နေချိန်မှာ သူတို့ ဖေါက်သည်ဟောင်းက သူတို့ရဲ့ပြိုင်ဖက်ကို ပါလက်တွဲလိုက်လို့ပါ။ Airbus CEO ကတော့ ဒီလိုလုပ်တာ သူတို့ကုမ္ပဏီကို မထိခိုက်ပါဘူးလို့ဆိုပါတယ်။
လောလောဆယ်မှာတော့ ပျံသန်းခွင့်ပိတ်ခံထားရတဲ့ Boeing 737 Max တွေကို ဒီနှစ် ကုန်အထိ ကောင်းကင်မှာမြင်နိုင်ဖို့ မမြင်သေးပါဘူး၊ မတ်လလယ်ကစလို့  ထုတ်ပြီးသား Boeing 737 Max တွေကိုလည်း ဝယ်သူတွေလက်ကို မအပ်ရဘဲ ဘိုးအင်းက နေရာရှာပြီး ထိန်းသိမ်းထားရပါတယ်။ လက်ထဲမှာရှိထားပြီးနားထားရတဲ့လေကြောင်းလိုင်းတွေကလည်း အဲဒီလေယာဉ်တွေ မပျံရမချင်း နေ့စဉ်နဲ့ အမျှဆုံးရှိမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့လိုင်းတွေကလည်းအဲဒီဆုံးရှုံးမှုတွေအတွက် ဘိုးအင်းကနေ လျှော်ကြေးတောင်းဖို့လုပ်နေကြပါတယ်။
လေကြောင်းလိုင်းတွေဟာ လုပ်ငန်တွေချဲ့ နေကြပေမယ့် အနာဂတ်မှာ သူတို့လိုအပ်မယ့် လေယာဉ်အတော်များများကို အော်ဒါလုပ်ထားပြီးလို့ စောင့်နေကြပြီဖြစ်တာကြောင့် ဒီနှစ် ပဲရစ်ပြပွဲမှာ ခရီးသည်တင်လေယာဉ်ဈေးကွက်က အရင်နှစ်တွေကလောက်တော့ သွက်မှာ ဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။
ဖိုးသုည
19-6-19

Saturday, June 15, 2019

၂၀၁၉ ပဲရစ္ ေလေၾကာင္းျပပြဲ (၂၀၁၉ ပဲရစ် လေကြောင်းပြပွဲ)

၂၀၁၉ ပဲရစ္ ေလေၾကာင္းျပပြဲ ( Paris Airshow 2019)  

 ၅၃ ႀကိမ္ေျမာက္ ပဲရစ္ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းျပပြဲ ၂၀၁၉  ကို လာမယ့္ တနလၤာေန႔ ၁၇-၆-၁၉ ကေန ၂၃-၆-၁၉ အထိ ျပင္သစ္ႏိုင္ငံပဲရစ္ၿမိဳ႕  Paris Airport-Le Bourget ေလဆိပ္မွာ ျပဳလုပ္မွာျဖစ္ပါတယ္။
ကမာၻ႔အႀကီးဆုံး ေလေၾကာင္းနဲ႔ အာကာသဆိုင္ရာ နည္းပညာျပပြဲႀကီးလည္းျဖစ္ ကုန္စည္ျပပြဲႀကီးလည္း ျဖစ္တဲ့ ျပပြဲကို ၂ ႏွစ္တႀကိမ္က်င္းပတာျဖစ္ပါတယ္။



သမိုင္းေၾကာင္း 

၁၉၀၈ ခုမွာလုပ္ခဲ့တဲ့ ပဲရစ္ Paris Salon ေမာ္ေတာ္ကားျပပြဲ မွာ ေလယာဥ္ပ်ံေတြကိုပါ ျပသခဲ့ရာ၊  လူအမ်ားကိုဆြဲေဆာင္ႏိုင္ခဲ့ရာကစလို႔  The First aeronautical Salon ဆိုၿပီး အသိအမွတ္ျပဳကာ စတင္ခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ႏွစ္ စက္တင္ဘာ ၂၅ ကေန ေအာက္တိုဘာ ၁၇ အထိ Grand Palais မွာ ပါဝင္ျပသသူေပါင္း ၃၈၀ ရွိတဲ့ ေလေၾကာင္းျပပြဲသီးသန္ု႔ကို ဆက္လုပ္ခဲ့ၾကတာပါ။ အဲဒီေနာက္ ပိုင္းမွာေတာ့ ပထမနဲ႔ ဒုတိယကမာၻစစ္ပြဲကာလ ေတြမွာ သာ နားၿပီး ပုံမွန္က်င္းပလာခဲ့ပါတယ္။ ၁၉၅၃ ကစၿပီး Grand Palais ကေန ပဲရစ္ အေရွ႕ဘက္  Le Bourget ကို ေျပာင္းေ႐ႊ႕ က်င္းပခဲ့တာပါ။ ၁၉၆၀ ေနာက္ပိုင္းမွာ ႏိုင္ငံတကာက စိတ္ပါဝင္စားသူေတြမ်ားလာၿပီး ၁၉၆၇ မွာ ဆိုဗီယက္ ယူနီယံကပါ  သူတို႔ရဲ႕ နည္းပညာနဲ႔ ထုတ္ကုန္ေတြကို ပါဝင္ ျပသလာပါတယ္။ ၁၉၇၀ ေနာက္ပိုင္းမွာေတာ့ ေလေၾကာင္းနဲ႔ အာကာသဆိုင္ရာ ကမာၻ႔အေရးအပါဆုံး ျပပြဲျဖစ္လာပါတယ္။

 ဒီႏွစ္မွာ ဘာေတြေတြ႕ရမွာလဲ

The Careers plane
Paris Air Lab
Air and Space Museum
Exhibitor's events
Aerospace Meetings Paris
Conferences

စတဲ့ အစီအစဥ္ေတြပါမွာျဖစ္ပါတယ္။
လက္မွတ္ေတြကိုေတာ့ လုပ္ငန္းရွင္ ပညာရွင္ေတြအတြက္နဲ႔ အမ်ားျပည္သူအတြက္ဆိုၿပီး ၂မ်ိဳးခြဲထားပါတယ္။
ဒီျပပြဲႀကီးမွာ ခရီးသည္ နဲ႔ ကုန္စည္ပို႔ေဆာင္ေရး အရပ္ဖက္ စစ္ဘက္ ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား၊ စစ္သုံးေလယာဥ္ အမ်ိဳးမ်ိဳး၊ ေမာင္းသူမဲ့ ေလယာဥ္မ်ား, အာကာသ နည္းပညာဆိုင္ရာ ယာဥ္ နဲ႔ ထုတ္ကုန္မ်ား ၊ ေလေၾကာင္း နည္းပညာဆိုင္ရာ စက္ကရိယာအမ်ိဳမ်ိဳးတိုကိုျပသပါမယ္။ ကြင္းထဲကယာဥ္မ်ား၊ ျပခန္းမ်ားထဲက စက္ကရိယာ  အစိပ္အပိုင္း နည္းပညာျပခန္းမ်ား။ အလုပ္အကိုင္အခြင့္အလမ္းမ်ား၊ ထုတ္ကုန္ျပပြဲ ေၾကာ္ျငာ၊ သတင္းထုတ္ျပန္တဲ့ မီဒီယာခန္းမ်ား၊ ေဆြးေႏြးပြဲ Meeting , forum၊ စသည္ျဖင့္ အမ်ိဳးစုံပါဝင္မွာပါ
ေလေၾကာင္း လိုင္းေတြက ကိုယ္စားလွယ္ေတြ စစ္ဘက္ဆိုင္ရာ အရာရွိႀကီးေတြလည္း တက္ေရာက္ၾကၿပီး၊ ျပပြဲအတြင္းနဲ႔ ျပပြဲအၿပီးမွာ အေရာင္းအဝယ္ေတြ အေတာ္ျဖစ္ၾကပါတယ္။
အဓိကၿပိဳင္ဖက္ ႀကီး ၂ခုျဖစ္တဲ့ ဘိုးအင္းနဲ႔ အဲယားဘတ္စ္တို႔ အၿပိဳင္အဆိုင္ေဈးေခၚ ေဈးကြက္လုၾကတဲ့ ေနရာဆိုလည္းမမွားပါဘူး။
ဝယ္သူေတြကို ဆြဲေဆာင္ဖို႔ ထုတ္လုပ္သူေတြက သူတို႔ရဲ႕ ေလယာဥ္ေတြ ရဟတ္ယာဥ္ေတြ အရဲ႕ အစြမ္းကို အစြန္းကုန္ စြမ္းရည္ျပၾကလို႔ အံ့မခန္း ျပကြက္ေတြကို ေတြ႕ရမွာ ျဖစ္သလို မေတာ္တဆျဖစ္တာေတြနဲ႔လည္းႀကဳံရႏိုင္ပါေသးတယ္။.



ဒီႏွစ္ ျပသမယ့္ေလယာဥ္စာရင္းနဲ႔ အခ်က္ အလက္ေတြကို ဒီ https://www.siae.fr/en/the_show/list_of_aircraft.htm မွာၾကည့္လို႔ရပါတယ္။
ပါဝင္ ျပသၾကမယ့္ကုမၸဏီ ေတြကိုေတာ့ https://www.siae.fr/en/exhibitors_list.htm မွာ ရွာႏိုင္ပါတယ္။
ေလေၾကာင္းဆိုင္ရာ အလုပ္အကိုင္ အခြင့္လမ္းေတြကို https://www.siae.fr/espace_exposants/avion-des-metiers.htm ဆိုၿပီး ေတြႏိုင္သလို၊ ေနာက္ဆုံးေပၚ နည္းပညာေတြအေၾကာင္းကိုေတာ့  PARIS AIR LAB https://www.siae.fr/en/events/paris.htm မွာေတြ႕ရမွာပါ။

မီဒီယာေတြက ျပပြဲနဲ႔ပတ္သက္ၿပီး ဘာေတြေရးေနၾကလည္း

မီဒီယာသမားေတြက ဘိုအင္း စီအီးအိုကို  ေျမမွာနားထားရတဲ့ 737Max ျပသနာမွာ ခ်ိဳ႕ယြင္းခ်က္ရွိတာ သိလ်က္ ဖုံးထားတဲ့ ကိစၥအပါအဝင္ သူတို႔မဟုတ္တာလုပ္ထားတဲ့ ကိစၥေတာ္ေတာ္မ်ားမ်ားကို အစြမ္းကုန္ ေမးျမန္းႏွိပ္ကြပ္ႏိုင္တယ္၊ ဘိုးအင္းအေနနဲ႔ ပိုၿပီး သိကၡာက်ႏိုင္တယ္လို႔ သုံးသပ္တာေတြရွိေနပါတယ္။
ဘိုးအင္းရဲ႕ 737Max ျပသနာေၾကာင့္ narrow body ခရီးသည္တင္ ေလယာဥ္ေဈးကြက္မွာ  အဲယားဘတ္စ္က ေဈးကြက္ အျမတ္ရႏိုင္တဲံ့အခ်ိန္ေကာင္းျဖစ္သလို႔ A320 type rating ထဲမွာ  ပိုၿပီး ႀကီး၊ ဆီစားသက္သာ၊ ပိုေဝးေဝးပ်ံႏိုင္တဲ့ A321XLR ကို ထုတ္ျပဖို႔လည္းရွိေနပါတယ္။
ဘိုးအင္းအတြက္ေတာ့ ႏွစ္ဆင့္ဆက္ အထိုးခံရတာပါ။
သူနဲ႔ ယွဥ္ဖို႔ သတင္းထြက္ခဲ့တဲ့ NMA (New Midsize Aircraft) B797 ကိုေတာ့ ေၾကျငာဖို႔မရွိဘူးဆိုပါတယ္။ 797 ကို ေလွ်ာက္လမ္း ၂ခုပါ NMA ေလယာဥ္ type အသစ္ အေနနဲ႔ ထုတ္ရမွာျဖစ္လို႔  ထုတ္လုပ္မႈအဆင့္ေတြပိုမ်ားကာ အခ်ိန္ပိုယူရမွာျဖစ္ပါတယ္။

737 Max တုန္းကလည္း ဘိုးအင္းက သူအားထားတဲ့ ဆီစားသက္သာ Leap1B အင္ဂ်င္နဲ႔ မဆံ့မၿပဲျဖစ္ေနတဲ့ 737 ကို တည္ေဆာက္ပုံ ေျပာင္းရင္  type အသစ္ အေနတဲ့ထုတ္ရမွာျဖစ္ၿပီး အခ်ိန္နဲ႔ေငြပိုကုန္မွာကို ေၾကာက္လို႔  737 type အေနနဲ႔ မရ ရေအာင္ထုတ္ခဲ့ပါတယ္။ အင္ဂ်င္ေတြကို အေတာင္ အေရွ႕ကို ပိုထုတ္ၿပီး ျမႇင့္လိုက္တဲ့ ရလာဒ္ကေတာ့ ေလယာဥ္ ႐ုတ္တရက္ဦးေမာ့ၿပီး ပ်က္က်ႏိုင္တဲ့ ျပသနာအသစ္ေပၚလာတာပါ။ အဲဒီျပသနာကို ေျဖရွင္းဖို႔  MCAS စနစ္ကို တပ္ဆင္ခဲ့ရပါတယ္။ အဲဒီစနစ္ကိုယ္တိုင္က ျပသနာရွိခဲ့လို႔ ေလယာဥ္ ၂ စီးပ်က္က်ၿပီး လူ ၃၅၀နီးပါးေသဆုံးရတာပါ။
ဘိုအင္းနဲ႔ အဲယားဘတ္စ္တို႔ၿပိဳင္ပြဲရဲ႕ အျခားတဘက္မွာေတာ့
ေမာင္သူမဲ့ေလယာဥ္ေတြ
ပိုၿပီးေပါ့ပါးခိုင္ခံတဲ့ သတၳဳစပ္
ေရယာဥ္ပ်ံေတြမွာ အစားထိုးသုံးႏိုင္မယ့္ magniX ရဲ႕ လွ်ပ္စစ္အင္ဂ်င္နဲ႔ ေမာ္တာ
ကေနဒါနဲ႔ ခရီးတိုပ်ံေလယာည္ ေတြထုတ္တဲ့ Bombardier ကုမၸဏီကို ၂ပိုင္းခြဲေရာင္းေတာ့မယ္ဆိုတဲ့ သတင္း၊
ေလယာဥ္အင္ဂ်င္  ဒုံးပ်ံနဲ႔ စစ္လက္နက္ စနစ္ေတြကိုလည္းျပသမယ့္သတင္း
တ႐ုပ္နဲ႔ ပါကစၥတန္တြဲထုတ္ထဲ့  PAC JF-17 ထုက္ေလယာဥ္ကို လည္းျပမယ္ဆိုတာေတြကို  ေရးေနၾကပါတယ္။

အာရွမွာေတာ့ ဒီလိုေလေၾကာင္းျပပြဲႀကီးေတြကို ဒူဘိုင္းနဲ႔ စကၤာပူတို႔မွာလုပ္ပါတယ္။
နီးနီးနားနား ကိုယ္တိုင္သြားၾကည့္ခ်င္သူေတြအတြက္ စကၤာပူေလေၾကာင္းျပပြဲကို ၂၀၂၀ ခု ေဖေဖၚဝါ ရီလ  ၁၁ ရက္ ကေန ၁၆ ရက္ အထိျပသမွာျဖစ္ၿပီး  အမ်ားျပည္သူေတြအတြက္ ၁၅ ရက္ နဲ႔ ၁၆ ရက္ ကို သတ္မွတ္ထားၿပီး လက္မွတ္ေရာင္းေပးမွာပါ https://www.singaporeairshow.com/trade/ မွာ ၾကည့္ႏိုင္ပါတယ္။

ဖိုးသုည
15-6-19


၂၀၁၉
ပဲရစ် လေကြောင်းပြပွဲ ( Paris Airshow 2019)  (ယူနီကုဒ်) 


 ၅၃ ကြိမ်မြောက် ပဲရစ် အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲ ၂၀၁၉  ကို လာမယ့် တနင်္လာနေ့ ၁၇-၆-၁၉ ကနေ ၂၃-၆-၁၉ အထိ ပြင်သစ်နိုင်ငံပဲရစ်မြို့  Paris Airport-Le Bourget လေဆိပ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
ကမ္ဘာ့အကြီးဆုံး လေကြောင်းနဲ့ အာကာသဆိုင်ရာ နည်းပညာပြပွဲကြီးလည်းဖြစ် ကုန်စည်ပြပွဲကြီးလည်း ဖြစ်တဲ့ ပြပွဲကို ၂ နှစ်တကြိမ်ကျင်းပတာဖြစ်ပါတယ်။

သမိုင်းကြောင်း
၁၉၀၈ ခုမှာလုပ်ခဲ့တဲ့ ပဲရစ် Paris Salon မော်တော်ကားပြပွဲ မှာ လေယာဉ်ပျံတွေကိုပါ ပြသခဲ့ရာ၊  လူအများကိုဆွဲဆောင်နိုင်ခဲ့ရာကစလို့  The First aeronautical Salon ဆိုပြီး အသိအမှတ်ပြုကာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်နှစ် စက်တင်ဘာ ၂၅ ကနေ အောက်တိုဘာ ၁၇ အထိ Grand Palais မှာ ပါဝင်ပြသသူပေါင်း ၃၈၀ ရှိတဲ့ လေကြောင်းပြပွဲသီးသန်ု့ကို ဆက်လုပ်ခဲ့ကြတာပါ။ အဲဒီနောက် ပိုင်းမှာတော့ ပထမနဲ့ ဒုတိယကမ္ဘာစစ်ပွဲကာလ တွေမှာ သာ နားပြီး ပုံမှန်ကျင်းပလာခဲ့ပါတယ်။ ၁၉၅၃ ကစပြီး Grand Palais ကနေ ပဲရစ် အရှေ့ဘက်  Le Bourget ကို ပြောင်းရွှေ့ ကျင်းပခဲ့တာပါ။ ၁၉၆၀ နောက်ပိုင်းမှာ နိုင်ငံတကာက စိတ်ပါဝင်စားသူတွေများလာပြီး ၁၉၆၇ မှာ ဆိုဗီယက် ယူနီယံကပါ  သူတို့ရဲ့ နည်းပညာနဲ့ ထုတ်ကုန်တွေကို ပါဝင် ပြသလာပါတယ်။ ၁၉၇၀ နောက်ပိုင်းမှာတော့ လေကြောင်းနဲ့ အာကာသဆိုင်ရာ ကမ္ဘာ့အရေးအပါဆုံး ပြပွဲဖြစ်လာပါတယ်။

 ဒီနှစ်မှာ ဘာတွေတွေ့ရမှာလဲ

·         The Careers plane 
·         Paris Air Lab
·         Air and Space Museum
·         Exhibitor's events
·         Aerospace Meetings Paris
·         Conferences

စတဲ့ အစီအစဉ်တွေပါမှာဖြစ်ပါတယ်။
လက်မှတ်တွေကိုတော့ လုပ်ငန်းရှင် ပညာရှင်တွေအတွက်နဲ့ အများပြည်သူအတွက်ဆိုပြီး ၂မျိုးခွဲထားပါတယ်။
ဒီပြပွဲကြီးမှာ ခရီးသည် နဲ့ ကုန်စည်ပို့ဆောင်ရေး အရပ်ဖက် စစ်ဘက် လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ စစ်သုံးလေယာဉ် အမျိုးမျိုး၊ မောင်းသူမဲ့ လေယာဉ်များ, အာကာသ နည်းပညာဆိုင်ရာ ယာဉ် နဲ့ ထုတ်ကုန်များ ၊ လေကြောင်း နည်းပညာဆိုင်ရာ စက်ကရိယာအမျိုမျိုးတိုကိုပြသပါမယ်။ ကွင်းထဲကယာဉ်များ၊ ပြခန်းများထဲက စက်ကရိယာ  အစိပ်အပိုင်း နည်းပညာပြခန်းများ။ အလုပ်အကိုင်အခွင့်အလမ်းများ၊ ထုတ်ကုန်ပြပွဲ ကြော်ငြာ၊ သတင်းထုတ်ပြန်တဲ့ မီဒီယာခန်းများ၊ ဆွေးနွေးပွဲ Meeting , forum၊ စသည်ဖြင့် အမျိုးစုံပါဝင်မှာပါ
လေကြောင်း လိုင်းတွေက ကိုယ်စားလှယ်တွေ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေလည်း တက်ရောက်ကြပြီး၊ ပြပွဲအတွင်းနဲ့ ပြပွဲအပြီးမှာ အရောင်းအဝယ်တွေ အတော်ဖြစ်ကြပါတယ်။
အဓိကပြိုင်ဖက် ကြီး ၂ခုဖြစ်တဲ့ ဘိုးအင်းနဲ့ အဲယားဘတ်စ်တို့ အပြိုင်အဆိုင်ဈေးခေါ် ဈေးကွက်လုကြတဲ့ နေရာဆိုလည်းမမှားပါဘူး။
ဝယ်သူတွေကို ဆွဲဆောင်ဖို့ ထုတ်လုပ်သူတွေက သူတို့ရဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေ အရဲ့ အစွမ်းကို အစွန်းကုန် စွမ်းရည်ပြကြလို့ အံ့မခန်း ပြကွက်တွေကို တွေ့ရမှာ ဖြစ်သလို မတော်တဆဖြစ်တာတွေနဲ့လည်းကြုံရနိုင်ပါသေးတယ်။.
ဒီနှစ် ပြသမယ့်လေယာဉ်စာရင်းနဲ့ အချက် အလက်တွေကို ဒီ https://www.siae.fr/en/the_show/list_of_aircraft.htm မှာကြည့်လို့ရပါတယ်။
ပါဝင် ပြသကြမယ့်ကုမ္ပဏီ တွေကိုတော့ https://www.siae.fr/en/exhibitors_list.htm မှာ ရှာနိုင်ပါတယ်။
လေကြောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်လမ်းတွေကို https://www.siae.fr/espace_exposants/avion-des-metiers.htm ဆိုပြီး တွေနိုင်သလို၊ နောက်ဆုံးပေါ် နည်းပညာတွေအကြောင်းကိုတော့  PARIS AIR LAB https://www.siae.fr/en/events/paris.htm မှာတွေ့ရမှာပါ။

မီဒီယာတွေက ပြပွဲနဲ့ပတ်သက်ပြီး ဘာတွေရေးနေကြလည်း

မီဒီယာသမားတွေက ဘိုအင်း စီအီးအိုကို  မြေမှာနားထားရတဲ့ 737Max ပြသနာမှာ ချို့ယွင်းချက်ရှိတာ သိလျက် ဖုံးထားတဲ့ ကိစ္စအပါအဝင် သူတို့မဟုတ်တာလုပ်ထားတဲ့ ကိစ္စတော်တော်များများကို အစွမ်းကုန် မေးမြန်းနှိပ်ကွပ်နိုင်တယ်၊ ဘိုးအင်းအနေနဲ့ ပိုပြီး သိက္ခာကျနိုင်တယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။
ဘိုးအင်းရဲ့ 737Max ပြသနာကြောင့် narrow body ခရီးသည်တင် လေယာဉ်ဈေးကွက်မှာ  အဲယားဘတ်စ်က ဈေးကွက် အမြတ်ရနိုင်တဲံ့အချိန်ကောင်းဖြစ်သလို့ A320 type rating ထဲမှာ  ပိုပြီး ကြီး၊ ဆီစားသက်သာ၊ ပိုဝေးဝေးပျံနိုင်တဲ့ A321XLR ကို ထုတ်ပြဖို့လည်းရှိနေပါတယ်။
ဘိုးအင်းအတွက်တော့ နှစ်ဆင့်ဆက် အထိုးခံရတာပါ။
သူနဲ့ ယှဉ်ဖို့ သတင်းထွက်ခဲ့တဲ့ NMA (New Midsize Aircraft) B797 ကိုတော့ ကြေငြာဖို့မရှိဘူးဆိုပါတယ်။ 797 ကို လျှောက်လမ်း ၂ခုပါ NMA လေယာဉ် type အသစ် အနေနဲ့ ထုတ်ရမှာဖြစ်လို့  ထုတ်လုပ်မှုအဆင့်တွေပိုများကာ အချိန်ပိုယူရမှာဖြစ်ပါတယ်။

737 Max တုန်းကလည်း ဘိုးအင်းက သူအားထားတဲ့ ဆီစားသက်သာ Leap1B အင်ဂျင်နဲ့ မဆံ့မပြဲဖြစ်နေတဲ့ 737 ကို တည်ဆောက်ပုံ ပြောင်းရင်  type အသစ် အနေတဲ့ထုတ်ရမှာဖြစ်ပြီး အချိန်နဲ့ငွေပိုကုန်မှာကို ကြောက်လို့  737 type အနေနဲ့ မရ ရအောင်ထုတ်ခဲ့ပါတယ်။ အင်ဂျင်တွေကို အတောင် အရှေ့ကို ပိုထုတ်ပြီး မြှင့်လိုက်တဲ့ ရလာဒ်ကတော့ လေယာဉ် ရုတ်တရက်ဦးမော့ပြီး ပျက်ကျနိုင်တဲ့ ပြသနာအသစ်ပေါ်လာတာပါ။ အဲဒီပြသနာကို ဖြေရှင်းဖို့  MCAS စနစ်ကို တပ်ဆင်ခဲ့ရပါတယ်။ အဲဒီစနစ်ကိုယ်တိုင်က ပြသနာရှိခဲ့လို့ လေယာဉ် ၂ စီးပျက်ကျပြီး လူ ၃၅၀နီးပါးသေဆုံးရတာပါ။
ဘိုအင်းနဲ့ အဲယားဘတ်စ်တို့ပြိုင်ပွဲရဲ့ အခြားတဘက်မှာတော့
·         မောင်သူမဲ့လေယာဉ်တွေ
·         ပိုပြီးပေါ့ပါးခိုင်ခံတဲ့ သတ္ထုစပ်
·         ရေယာဉ်ပျံတွေမှာ အစားထိုးသုံးနိုင်မယ့် magniX ရဲ့ လျှပ်စစ်အင်ဂျင်နဲ့ မော်တာ
·         ကနေဒါနဲ့ ခရီးတိုပျံလေယာည် တွေထုတ်တဲ့ Bombardier ကုမ္ပဏီကို ၂ပိုင်းခွဲရောင်းတော့မယ်ဆိုတဲ့ သတင်း၊
·         လေယာဉ်အင်ဂျင်  ဒုံးပျံနဲ့ စစ်လက်နက် စနစ်တွေကိုလည်းပြသမယ့်သတင်း
·         တရုပ်နဲ့ ပါကစ္စတန်တွဲထုတ်ထဲ့  PAC JF-17 ထုက်လေယာဉ်ကို လည်းပြမယ်ဆိုတာတွေကို  ရေးနေကြပါတယ်။

အာရှမှာတော့ ဒီလိုလေကြောင်းပြပွဲကြီးတွေကို ဒူဘိုင်းနဲ့ စင်္ကာပူတို့မှာလုပ်ပါတယ်။
နီးနီးနားနား ကိုယ်တိုင်သွားကြည့်ချင်သူတွေအတွက် စင်္ကာပူလေကြောင်းပြပွဲကို ၂၀၂၀ ခု ဖေဖေါ်ဝါ ရီလ  ၁၁ ရက် ကနေ ၁၆ ရက် အထိပြသမှာဖြစ်ပြီး  အများပြည်သူတွေအတွက် ၁၅ ရက် နဲ့ ၁၆ ရက် ကို သတ်မှတ်ထားပြီး လက်မှတ်ရောင်းပေးမှာပါ https://www.singaporeairshow.com/trade/ မှာ ကြည့်နိုင်ပါတယ်။

ဖိုးသုည
15-6-19