Showing posts with label Boeing 737 max. Show all posts
Showing posts with label Boeing 737 max. Show all posts

Wednesday, May 29, 2019

Boeing 737 MAX ေလယာဥ္ေတြလာမယ့္ ဩဂုတ္လအထိ ေလဟုန္ဆန္ႏိုင္ေျခမရွိ (Boeing 737 MAX လေယာဉ်တွေလာမယ့် ဩဂုတ်လအထိ လေဟုန်ဆန်နိုင်ခြေမရှိ)

Boeing 737 MAX ေလယာဥ္ေတြလာမယ့္ ဩဂုတ္လအထိ ေလဟုန္ဆန္ႏိုင္ေျခမရွိ


The International Air Transport Association (IATA) အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းပို႔ေဆာင္ေရးအဖြဲ႕ ၫႊန္ခ်ဳပ္ Alexandre de Juniac က သတင္းေထာက္ေတြကို ဆိုးလ္ၿမိဳ႕မွာဒီကေန႔ ေမလ ၂၉ ရက္ေန႔မွာ ေျပာၾကားလိုက္တာပါ။
တိုက္ဆိုင္စြာပဲ ေလာေလာဆယ္ 737 MAX ၁၃စီးပိုက္မိထားတဲ့ အိႏၵိယႏိုင္ငံရဲ႕ ဘတ္ဂ်က္လိုင္း  Spicejet စီးပြားေရးအမႈဆာင္အရာရွိ Kiran Koteshwar က 737 MAX ေတြ ဂ်ဴလိုင္လေလာက္မွာ ျပန္လည္ပ်ံသန္းႏိုင္မယ္လို႔ သူတို႔ကို ဘိုးအင္ကေျပာေၾကာင္းအင္တာဗ်ဴးတခုမွာေျပာ သြားပါတယ္။ 
ၿပီးခဲ့တဲ့ အပတ္က ေမလ ၂၃ ရက္က အေမရိကန္ေလေၾကာင္းအာဏာပိုင္ The Federal Aviation Administration (FAA) က 737 MAX ေတြဇြန္လမကုန္မီျပန္လည္ပ်ံသန္းခြင့္ရႏိုင္မယ္လို႔ ေကနဒါႏိုင္ငံ မြန္ထရီရယ္ၿမိဳ႕မွာ  ေျပာခဲ့တယ္လို႔ သတင္းေတြမွာ ေဖၚျပခဲ့တာပါ။ 

FAA နဲ႔ ဘိုးအင္းကုမၸဏီတို႔က 737 MAX ေတြ အျမန္ဆုံးျပန္သန္းခြင့္ေပးခ်င္ေပမယ့္ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြနဲ႔ ေလေၾကာင္းလိုင္းေတြကေတာ့ အေလာသုံးဆယ္ မလုပ္လိုဘဲ ေဘးအႏၲရာယ္ကင္းရွင္းေရးကို ေသခ်ာေစခ်င္တာပါ။

ဒါ့အျပင္ ခရီးသည္ေတြရဲ႕ ယုံၾကည္မႈ ျပန္ရဖို႔ကလိုပါေသးတယ္။
737 MAX ေတြကို ပ်ံသန္းခြင့္အတြက္ နဲ႔ ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ စစ္ေဆးမႈေတြမွာ မလုပ္သင့္တာေတြလုပ္ခဲ့တယ္ဆိုၿပီး FAA ကို ေဝဘန္မႈေတြ မ်ားေနလို႔ပါ။
ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြ၊ ဘိုးအင္းနဲ႔ FAA တို႔  မြန္ထရီရယ္ၿမိဳ႕မွာ ေမလ ၂၃ ကလုပ္ခဲ့တဲ့ 737 MAX ေတြ ကို  ျပန္လည္ပ်ံသန္းခြင့္ျပဳႏိုင္ဖို႔ အစည္းအေဝးမွာ ေရရာတဲ့ ဆုံးျဖတ္ခ်က္ေတြ မခ်မွတ္ႏိုင္ခဲ့လို႔ IATAက လာမယ့္ ဇူလိုင္လထဲမွာ အလားတူ အစည္းအေဝးေနာက္တခုကို ထပ္မံ ေခၚယူဖို႔ရွိေနပါတယ္။ 
737 MAX ေတြျပန္လည္ပ်ံသန္းခြင့္ရႏိုင္ဖို႔အဓိကလုပ္စရာ အပိုင္း ႏွစ္ပိုင္းရွိပါတယ္။

ပထမအပိုင္းက ျပသနာျဖစ္ေနတဲ့ MCAS စနစ္ကို update လုပ္ၿပီး ျပန္လည္စစ္ေဆးကာ အသုံးျပခြင့္ေပးဖို႔ပါ။ ဘိုအင္းက update ကို စမ္းၿပီးေပမယ့္ ၿပီးခဲ့တဲ့အပတ္အထိ FAA ကိုမတင္ေသးပါ။ FAA က ေဆာ့ ဝဲလ္ အသစ္ကို နည္းပညာပိုင္းကို ေသခ်ာစစ္ေဆးၿပီး လက္ခံႏိုင္ၿပီဆို လ်င္စမ္းသပ္ပ်ံသန္း ဦးမွာပါ။ အားလုံး အဆင္ေျပစိတ္ခ်မွအသုံးျပဳခြင့္လက္မွတ္ထုတ္ေပးမွာပါ။

ဒုတိယအပိုင္းက ပိုင္းေလာ့ ေတြကို ေလ့က်င့္ေပးဖို႔ပါ။ 737 Type rating licence ရထားတဲ့ ပိုင္းေလာ့ေတြ ၁နာရီခြဲေလာက္ အိုင္ပက္ေပၚမွာေလ့က်င့္႐ုံနဲ႔ လုံေလာက္တယ္လို႔ ေျပာထဲ့တဲ့ ဘိုးအင္းရဲ႕ စကားကို ေလေၾကာင္းလိုင္းနဲ႔ ပိုင္းေလာ့ေလာကက သံသယျဖစ္ေနပါၿပီ။ ဘိုအင္းကလည္း ထိန္ခ်န္ထာေတြ လုပ္ခဲ့မိတာကိုး။ 

ဒီေတာ့ ေနာက္တႀကိမ္အစည္းေဝးမွာ ပိုင္းေလာ့ေတြ ကို ဘယ္လိုထရိန္နင္ေပးၿပီးမွ 737 မက္စ္ ကို ေမာင္းေစမလဲဆိုတာကို ေဆြးေႏြးၾကဦးမွာကေတာ့ ေသခ်ာပါတယ္။

အကယ္၍ ႏိုင္ငံတကာ ေလေၾကာင္းအာဏာပိုင္ေတြကသာ 737 မက္စ္ ကို ေမာင္းဖို႔ ေလယာဥ္တု (simulator) နဲ႔ က်င့္ဖို႔ လိုတယ္လို႔ ဆုံးျဖတ္ လ်င္ေတာ့ 737 MAX simulator ေတြ အလြန္နည္းေနေသးတဲ့ အတြက္ ပိုင္းေလာ့ေတြကို ထရိန္နင္ေပးဖို႔ အခ်ိန္အေတာ္ၾကာႏိုင္ၿပီး  737 MAX ေတြေျမျပင္မွာ ဆက္ၿပီးအေညာင္းမိေနဦးမွာပါ။

ဖိုးသုည
29-5-19

Boeing 737 MAX လေယာဉ်တွေလာမယ့် ဩဂုတ်လအထိ လေဟုန်ဆန်နိုင်ခြေမရှိ ( Unicode) 


The International Air Transport Association (IATA) အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ ညွှန်ချုပ် Alexandre de Juniac က သတင်းထောက်တွေကို ဆိုးလ်မြို့မှာဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ပြောကြားလိုက်တာပါ။
တိုက်ဆိုင်စွာပဲ လောလောဆယ် 737 MAX ၁၃စီးပိုက်မိထားတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘတ်ဂျက်လိုင်း  Spicejet စီးပွားရေးအမှုဆာင်အရာရှိ Kiran Koteshwar က 737 MAX တွေ ဂျူလိုင်လလောက်မှာ ပြန်လည်ပျံသန်းနိုင်မယ်လို့ သူတို့ကို ဘိုးအင်ကပြောကြောင်းအင်တာဗျူးတခုမှာပြော သွားပါတယ်။
ပြီးခဲ့တဲ့ အပတ်က မေလ ၂၃ ရက်က အမေရိကန်လေကြောင်းအာဏာပိုင် The Federal Aviation Administration (FAA) က 737 MAX တွေဇွန်လမကုန်မီပြန်လည်ပျံသန်းခွင့်ရနိုင်မယ်လို့ ကေနဒါနိုင်ငံ မွန်ထရီရယ်မြို့မှာ  ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြခဲ့တာပါ။

FAA နဲ့ ဘိုးအင်းကုမ္ပဏီတို့က 737 MAX တွေ အမြန်ဆုံးပြန်သန်းခွင့်ပေးချင်ပေမယ့်နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေနဲ့ လေကြောင်းလိုင်းတွေကတော့ အလောသုံးဆယ် မလုပ်လိုဘဲ ဘေးအန္တရာယ်ကင်းရှင်းရေးကို သေချာစေချင်တာပါ။

ဒါ့အပြင် ခရီးသည်တွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကလိုပါသေးတယ်။
737 MAX တွေကို ပျံသန်းခွင့်အတွက် နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စစ်ဆေးမှုတွေမှာ မလုပ်သင့်တာတွေလုပ်ခဲ့တယ်ဆိုပြီး FAA ကို ဝေဘန်မှုတွေ များနေလို့ပါ။ 
နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေ၊ ဘိုးအင်းနဲ့ FAA တို့  မွန်ထရီရယ်မြို့မှာ မေလ ၂၃ ကလုပ်ခဲ့တဲ့ 737 MAX တွေ ကို  ပြန်လည်ပျံသန်းခွင့်ပြုနိုင်ဖို့ အစည်းအဝေးမှာ ရေရာတဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့လို့ IATAက လာမယ့် ဇူလိုင်လထဲမှာ အလားတူ အစည်းအဝေးနောက်တခုကို ထပ်မံ ခေါ်ယူဖို့ရှိနေပါတယ်။
737 MAX တွေပြန်လည်ပျံသန်းခွင့်ရနိုင်ဖို့အဓိကလုပ်စရာ အပိုင်း နှစ်ပိုင်းရှိပါတယ်။

ပထမအပိုင်းက ပြသနာဖြစ်နေတဲ့ MCAS စနစ်ကို update လုပ်ပြီး ပြန်လည်စစ်ဆေးကာ အသုံးပြခွင့်ပေးဖို့ပါ။ ဘိုအင်းက update ကို စမ်းပြီးပေမယ့် ပြီးခဲ့တဲ့အပတ်အထိ FAA ကိုမတင်သေးပါ။ FAA က ဆော့ ဝဲလ် အသစ်ကို နည်းပညာပိုင်းကို သေချာစစ်ဆေးပြီး လက်ခံနိုင်ပြီဆို လျင်စမ်းသပ်ပျံသန်း ဦးမှာပါ။ အားလုံး အဆင်ပြေစိတ်ချမှအသုံးပြုခွင့်လက်မှတ်ထုတ်ပေးမှာပါ။

ဒုတိယအပိုင်းက ပိုင်းလော့ တွေကို လေ့ကျင့်ပေးဖို့ပါ။ 737 Type rating licence ရထားတဲ့ ပိုင်းလော့တွေ ၁နာရီခွဲလောက် အိုင်ပက်ပေါ်မှာလေ့ကျင့်ရုံနဲ့ လုံလောက်တယ်လို့ ပြောထဲ့တဲ့ ဘိုးအင်းရဲ့ စကားကို လေကြောင်းလိုင်းနဲ့ ပိုင်းလော့လောကက သံသယဖြစ်နေပါပြီဘိုအင်းကလည်း ထိန်ချန်ထာတွေ လုပ်ခဲ့မိတာကိုး။ 

ဒီတော့ နောက်တကြိမ်အစည်းဝေးမှာ ပိုင်းလော့တွေ ကို ဘယ်လိုထရိန်နင်ပေးပြီးမှ 737 မက်စ် ကို မောင်းစေမလဲဆိုတာကို ဆွေးနွေးကြဦးမှာကတော့ သေချာပါတယ်။

အကယ်၍ နိုင်ငံတကာ လေကြောင်းအာဏာပိုင်တွေကသာ 737 မက်စ် ကို မောင်းဖို့ လေယာဉ်တု (simulator) နဲ့ ကျင့်ဖို့ လိုတယ်လို့ ဆုံးဖြတ် လျင်တော့ 737 MAX simulator တွေ အလွန်နည်းနေသေးတဲ့ အတွက် ပိုင်းလော့တွေကို ထရိန်နင်ပေးဖို့ အချိန်အတော်ကြာနိုင်ပြီး  737 MAX တွေမြေပြင်မှာ ဆက်ပြီးအညောင်းမိနေဦးမှာပါ။

ဖိုးသုည
29-5-19


Wednesday, March 27, 2019

နာမည္ ပ်က္ၿပီးရင္းပ်က္ေနတဲ့ ဘိုးအင္းရဲ႕ ေနာက္ဆုံးေပၚ Boeing 737 max (နာမည် ပျက်ပြီးရင်းပျက်နေတဲ့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max )


ဒီႏွစ္ မတ္လ ကေတာ့ ဘိုးအင္းရဲ႕ လငပုပ္ဖမ္းတဲ့လပါ။ (Zawgyi) 


၂၀၁၉ မတ္လ ၁၀ ရက္မွာ အီသီယိုးပီးယားေလေၾကာင္းက ေလယာဥ္ပ်က္ က်ၿပီးေနာက္သုံးရက္အၾကာမတ္လ ၁၃ ကစလို႔ ဘိုးအင္းရဲ႕ ေနာက္ဆုံးေပၚ Boeing 737 max အားလုံးေျမျပင္မွာ ေခတၱနားေနဖို႔ ကမာၻအႏွံ႔က ေလေၾကာင္းအာဏာပိုင္ေတြက ၫႊန္ၾကားထားခဲ့ပါတယ္။

ေလေၾကာင္းလိုင္းေတြလဲ ခရီး စဥ္ေတြ ဖ်က္သိမ္းရ ခရီးသည္ေတြ လက္မွတ္ေျပာင္းရနဲ႔ အေတာ္ ဒုကၡမ်ားသြားပါတယ္။

လက္ရွိမွာ Boeing 737 max အမ်ားဆုံး (၃၄စီး) ပိုင္ဆိုင္ထားတဲ့ အေမရိကားက Southwest ေလေၾကာင္းကေတာ့ အထိ အနာဆုံးပါ။


အဲဒီေလယာဥ္ေတြအတြက္ ဘိုးအင္းက ေဆာ့ဖ္ဝဲ့ အပ္ဒီပ္ကို ဖန္တီးေနၿပီး အဲဒီီေလယာဥ္ေတြဟာ  အနည္းဆုံး ဒီႏွစ္ ေမလ အထိေတာ့ ပ်ံသန္းခြင့္ရဦးမွာ မဟုတ္ပါ။ ‌

ေလေၾကာင္းလိုင္းေတြရဲ႕ ေနာက္ ျပသနာကေတာ့ ေလယာဥ္ေတြကို ေခတၱရပ္နားထားဖို႔ေနရာ ျဖစ္ပါတယ္။

တစီး ၂စီး’ရွိတဲ့လိုင္းေတြက မေထာင္းတာေပနဲ႔ ၃၄ စီးရွိတဲ့ southwest ေလေၾကာင္းက

ႏိုင္ငံအႏွံ႔မွာ ျပန႔္ႀကဲေနတဲ့ Boeing 737 max ေလယာဥ္ေတြ လနဲ႔ ခ်ီရပ္နားဖို႔ စီစဥ္ရပါတယ္။

အတက္အဆင္း အလြန္မ်ားတဲ့ အေမရိကားကေလဆိပ္ေတြမွာ အၾကားႀကီ ရပ္နားထားဖို႔ စားရိတ္ႀကီးတာေၾကာင့္ ေဈးေပါေပါနဲ႔ ေခတၱ ရပ္နားလို႔ရတဲ့ ေနရာေတြကို ေ႐ႊ႕ၾကရပါတယ္။ ( သူတိုလဲ ပါကင္ခေပးရတယ္ေပါ့ဗ်ာ။ )

Southwest ေလေၾကာင္းက ကယ္လီဖိုးနီးယားေတာင္ပိုင္းက Victorville မ်ာရွိတဲ့ Southern California Logistics Airport  ဆိုတဲ့ ေလယာဥ္ေဟာင္းေတြ နားခိုရာေနရာရွိတဲ့ ေလဆိပ္မွာသူ႔ရဲ႕ ေျမနား Boeing 737 max ကို ေခတၱထားပါတယ္။
Southern California Logistics Airport  ေရာက္ southwest ေလေၾကာင္းပိုင္ ေခတၱေျမခငွက္ႀကီးမ်ား

ဒီလိုနဲ႔ မေန႔က မတ္လ ၂၆ ရက္မွာ Southwest ေလေၾကာင္းက အေမရိကေတာင္ပိုင္း ေအာ္လန္ဒိုေလဆိပ္မွာ ရပ္ထားတဲ့ Boeing 737 max တစီးကို သူ႔ ညီအကိုေတာ္ေတြနဲ႔ အတူနားေနဖို႔ ကယ္လီဖိုးနီးယားေတာင္ပိုင္းက Southern California Logistics Airport  ေလဆိပ္ကိုေ႐ႊ႕ဖို႔ လုပ္ပါတယ္ ။ 

အဲဒီေလယာဥ္ဟာ ခရီးစဥ္အမွတ္  SWA8701 အျဖစ္ ပ်ံတက္ၿပီးမိနစ္ပိုင္းအတြင္း အင္ဂ်င္ျပသနာျဖစ္လို႔ ခြင့္ေတာင္းၿပီး ကြင္းကို ျပန္လွည့္ကာ အေရးေပၚဆင္းတဲ့ရပါတယ္။

ခရီးသည္မပါတဲ့ ေလယာဥ္ျဖစ္ၿပီး ေခ်ာေခ်ာေမာေမာ ဆင္းသက္ႏိုင္ခဲ့တယ္ဆိုပါတယ္။ အရင္က ပ်က္က်တဲ့ Boeing 737 max ႏွစ္စီး ႀကဳံရတဲ့ ျပသနာနဲ႔ေတာ့ တူပုံမရပါဘူး။

ဘာပဲ ျဖစ္ျဖစ္ ေလယာဥ္ပ်က္က်ေစတဲ့ အဓိက အေၾကာင္းရင္းကို ေသေသခ်ာခ်ာ မသိရမခ်င္း။ တခါ အဲ ဒီခ်ိဳ႕ယြင္းခ်က္ကို ျပင္ဆင္ၿပီး ေသခ်ာ ထပ္မံ စမ္းသပ္မၿပီး မခ်င္းေတာ့ Boeing 737 max ေတြ ေျမမွာနားေနရဦးမွာ ျဖစ္လို႔ လက္ဝယ္ရွိထားတဲ့ ေလေၾကာင္းလိုင္းေတြလည္း ေန႔စဥ္နဲ႔ အမွ် ေဒၚလာေတြ ေသာင္းနဲ႔ သိန္းနဲ႔ ခ်ီၿပီး ဆုံးးရႈံးေနဦးမွာပါ.။



ဖိုးသုည


27-3-2019

ဒီနှစ် မတ်လ ကတော့ ဘိုးအင်းရဲ့ လငပုပ်ဖမ်းတဲ့လပါ။ (Unicode) 
ခရီးသည်မပါတဲ့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max တစီးအရေးပေါ်ဆင်းရပြန်ပါပြီ။

၂၀၁၉ မတ်လ ၁၀ ရက်မှာ အီသီယိုးပီးယားလေကြောင်းက လေယာဉ်ပျက် ကျပြီးနောက်သုံးရက်အကြာမတ်လ ၁၃ ကစလို့ ဘိုးအင်းရဲ့ နောက်ဆုံးပေါ် Boeing 737 max အားလုံးမြေပြင်မှာ ခေတ္တနားနေဖို့ကမ္ဘာအနှံ့က လေကြောင်းအာဏာပိုင်တွေက ညွှန်ကြားထားခဲ့ပါတယ်။
လေကြောင်းလိုင်းတွေလဲ ခရီး စဉ်တွေ ဖျက်သိမ်းရ ခရီးသည်တွေ လက်မှတ်ပြောင်းရနဲ့ အတော် ဒုက္ခများသွားပါတယ်။
လက်ရှိမှာ Boeing 737 max အများဆုံး (၃၄စီး) ပိုင်ဆိုင်ထားတဲ့ အမေရိကားက Southwest လေကြောင်းကတော့ အထိ အနာဆုံးပါ။

အဲဒီလေယာဉ်တွေအတွက် ဘိုးအင်းက ဆော့ဖ်ဝဲ့ အပ်ဒီပ်ကို ဖန်တီးနေပြီး အဲဒီီလေယာဉ်တွေဟာ  အနည်းဆုံး ဒီနှစ် မေလ အထိတော့ ပျံသန်းခွင့်ရဦးမှာ မဟုတ်ပါ။ ‌

လေကြောင်းလိုင်းတွေရဲ့ နောက် ပြသနာကတော့ လေယာဉ်တွေကို ခေတ္တရပ်နားထားဖို့နေရာ ဖြစ်ပါတယ်။
တစီး ၂စီး’ရှိတဲ့လိုင်းတွေက မထောင်းတာပေနဲ့ ၃၄ စီးရှိတဲ့ southwest လေကြောင်းက
နိုင်ငံအနှံ့မှာ ပြန့်ကြဲနေတဲ့ Boeing 737 max လေယာဉ်တွေ လနဲ့ ချီရပ်နားဖို့ စီစဉ်ရပါတယ်။

အတက်အဆင်း အလွန်များတဲ့ အမေရိကားကလေဆိပ်တွေမှာ အကြားကြီ ရပ်နားထားဖို့ စားရိတ်ကြီးတာကြောင့် ဈေးပေါပေါနဲ့ ခေတ္တ ရပ်နားလို့ရတဲ့ နေရာတွေကို ရွှေ့ကြရပါတယ်။ ( သူတိုလဲ ပါကင်ခပေးရတယ်ပေါ့ဗျာ။ )
Southwest လေကြောင်းက ကယ်လီဖိုးနီးယားတောင်ပိုင်းက Victorville မျာရှိတဲ့ Southern California Logistics Airport  ဆိုတဲ့ လေယာဉ်ဟောင်းတွေ နားခိုရာနေရာရှိတဲ့ လေဆိပ်မှာသူ့ရဲ့ မြေနား Boeing 737 max ကို ခေတ္တထားပါတယ်။  


ဒီလိုနဲ့ မနေ့က မတ်လ ၂၆ ရက်မှာ Southwest လေကြောင်းက အမေရိကတောင်ပိုင်း အော်လန်ဒိုလေဆိပ်မှာ ရပ်ထားတဲ့ Boeing 737 max တစီးကို သူ့ ညီအကိုတော်တွေနဲ့ အတူနားနေဖို့ ကယ်လီဖိုးနီးယားတောင်ပိုင်းက Southern California Logistics Airport  လေဆိပ်ကိုရွှေ့ဖို့ လုပ်ပါတယ် ။ 
အဲဒီလေယာဉ်ဟာ ခရီးစဉ်အမှတ်  SWA8701 အဖြစ် ပျံတက်ပြီးမိနစ်ပိုင်းအတွင်း အင်ဂျင်ပြသနာဖြစ်လို့ ခွင့်တောင်းပြီး ကွင်းကို ပြန်လှည့်ကာ အရေးပေါ်ဆင်းတဲ့ရပါတယ်။

ခရီးသည်မပါတဲ့ လေယာဉ်ဖြစ်ပြီး ချောချောမောမော ဆင်းသက်နိုင်ခဲ့တယ်ဆိုပါတယ်။ အရင်က ပျက်ကျတဲ့ 
Boeing 737 max နှစ်စီး ကြုံရတဲ့ ပြသနာနဲ့တော့ တူပုံမရပါဘူး။
ဘာပဲ ဖြစ်ဖြစ် လေယာဉ်ပျက်ကျစေတဲ့ အဓိက အကြောင်းရင်းကို သေသေချာချာ မသိရမချင်း။ တခါ အဲ ဒီချို့ယွင်းချက်ကို ပြင်ဆင်ပြီး သေချာ ထပ်မံ စမ်းသပ်မပြီး မချင်းတော့ Boeing 737 max တွေ မြေမှာနားနေရဦးမှာ ဖြစ်လို့ လက်ဝယ်ရှိထားတဲ့ လေကြောင်းလိုင်းတွေလည်း နေ့စဉ်နဲ့ အမျှ ဒေါ်လာတွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ဆုံးးရှုံးနေဦးမှာပါ.။

ဖိုးသုည
27-3-2019