Tuesday, July 16, 2019

ရင္ခုန္စရာမ်ားနဲ႔ ျပည့္ေနတဲ့ ျပည္ေတာ္ျပန္ခရီး ( ရင်ခုန်စရာများနဲ့ ပြည့်နေတဲ့ ပြည်တော်ပြန်ခရီး)

ျပည္ေထာင္စု ျမန္မာႏိုင္ငံမွ လႈိက္လွဲစြာႀကိဆိုပါ၏

" ဒီမယ္၊ ဒါကဘာလဲ " 
ယူနီေဖါင္းဝတ္ အေကာက္ခြန္ဝန္ထမ္းမမက ျဖည့္ထားတဲ့ အေကာက္ခြန္ေၾကျငာခ်က္ပုံစံကိုၾကည့္ၿပီး မ်က္ႏွာထားနဲ႔ ေမးတာပါ။
" ရင္းဂစ္ ၅၀ ပါလာတယ္ေလ။ ႏိုင္ငံျခားေငြယူလာရင္ ေၾကျငာရမယ္ဆိုလို႔ ေၾကျငာတာေလ၊  တရားဝင္ ယူလာတာကိုေၾကျငာတာေလ" 
ငါ မဟုတ္တာဘာမွ မလုပ္ထားဘူး၊ အမွန္ကန္ အကုန္ျဖည့္ထားတယ္၊ လာရစ္ရင္ ျပန္တြယ္မယ္လို႔ ေမာင္းတင္ထားတဲ့ စိတ္နဲ႔ ျပန္ေျဖရင္းပိုက္ဆံကိုပါ ထုတ္ျပလိုက္ပါတယ္၊ 
" ဒီေလာက္နည္းနည္းကေလးနဲ႔ ဘာလုပ္မွာလဲ၊ " 
" က်ေနာ္က အျပန္က် ေလယာဥ္ေျပာင္းစီးရမွာဗ်၊ ဒီပိုက္ဆံမွ မပါရင္ ေလဆိပ္မွာ ဘာနဲ႔ စားမလဲ၊ ေလဆိပ္ကထြက္ရင္ တကၠစီခလည္းလိုေသးတယ္ေလဗ်ာ။  မ်ားမ်ားယူလာရင္ ျပသနာလုပ္မွာစိုးလို႔ ရင္းဂစ္ေလး ၅၀ ယူလာတာေလ။ ပုံစံထဲမွာ ျမန္မာႏိုင္ငံသားဆို ႏိုင္ငံျခားေငြတန္ဖိုးဘယ္ေလာက္ျဖစ္ျဖစ္ေၾကျငာရမယ္ဆိုလို႔ေၾကျငာတာေလဗ်ာ" 
" ႏိုင္ငံျခားေငြေၾကျငာရင္ ႏိုင္ငံျခားဘဏ္မွာ အေကာင့္ဖြင့္ၿပီး အပ္ခဲ့ရမယ္၊ ျပန္ထြက္မွျပန္ယူရမွာ။ ဒီေလာက္နည္းနည္းကေလးနဲ႔ ဘာလုပ္မလဲ အလုပ္ရႈပ္တယ္။ မပါဘူလို႔ ျပန္ေရး" 
" ေအာ္ ဒီလိုလား၊ မသိဘူေလဗ်ာ ေၾကျငာဆိုေတာ့ လည္းေၾကျငာရတာေပါ့၊ ကဲ ျပင္လိုက္ပါ့မယ္။ "
ေက်းဇူးတင္စြာနဲ႔ ကပ္စတန္ မမရဲ႕ ခြင့္ျပဳခ်က္နဲ႔ မေလးရွားရင္ ဂစ္ ၅၀ ကို ျမန္မာျပည္ထဲကို တရားမဝင္ယူသြင္းခဲ့ဖူးတဲ့ ျမန္မာတေယာက္ရဲ႕ တကဲ့အျဖစ္အပ်က္ကေလးပါ။ 


တခ်ိန္က ျပည္ပႏိုင္ငံမ်ားမွာ အလုပ္သြားလုပ္ၾကတဲ့ ျမန္မာႏိုင္ငံသားမ်ားအတြက္ ျပည္ေတာ္ျပန္ခရီးဆိုတာ အင္မတန္ ရင္ခုန္ရတဲ့ ခရီးပါ။ 
ခြဲခြာေနရတဲ့ မိသားစုနဲ႔ ျပန္ဆုံရမွာျဖစ္လို႔ စိတ္လႈပ္ရွားရတာထက္ ေလဆိပ္အဝင္မွာ ဘာမ်ား အရစ္ခံရမလဲ ဘယ္လိုေျဖရွင္းရမလဲဆိုတာက အေရးအႀကီးဆုံးျပသနာပါ။ 
တရားဝင္ အလုပ္ထြက္လုပ္ၾကတဲ့သူေတြေတာင္ မျပန္ခင္ ေနာက္ဆုံးသတင္းနဲ႔ လိုအပ္ခ်က္ေတြကို ျမန္မာျပည္က ျပန္လာသူေတြဆီက စနည္းနာၿပီးျပင္ဆင္ရတာပါ။ 
အထူးသျဖင့္ မေလးရွားက ျပန္လာသူ ေတြချမာသူတို႔ေခြၽးနည္းစာကေလးကို ဆက္ေၾကးေပးၾကရပါတယ္။ 
မေလးရွားေလဆိပ္မွာ ေလယာဥ္ေပၚမတက္ခင္ ဘုတ္ဒင္းဂိတ္ ေကာင္တာကေပးတဲ့  arrival card  နဲ႔   custom deceleration form ေတြကို ျဖည့္ၾက မသိသူကို ကူျဖည့္ေပးၾကရင္ ၁၀ တန္ကေလးေတြကို ရန္ကုန္ေလဆိပ္မွာေပးဖို႔ အဆင္သင့္ျပင္ေနၾကတဲ့ လူငယ္ကေလးေတြကိုေတြ႕ေတာ့ အေတာ္ကိုစိတ္မေကာင္းပါ။ 
စာ႐ြက္စာတန္းစုံရင္ ဘာမွ ေပးစရာမလိုပါဘူးလို႔သူတို႔ကိုေျပာလည္း သူတို႔ကေတာ့ အသားလြတ္ အရစ္ခံရမွာကို ေၾကာက္ၾကပါတယ္။ 
တကယ္ေတာ့ ကိုယ္ေတြလည္း ဟန္ကိုယ့္ဖို႔လုပ္ၿပီး ျပန္ရေပမယ့္ စိတ္ကေတာ့ တထင့္ထင့္ရယ္။ 
အခြန္ေျပစာ မူရင္း၊ မိတၱဴ၊ ဇနီးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာ၊ မိမိခြင့္စာ မူရင္းနဲ႔မိတၱဴ၊ ခြင့္စာကိုသံ႐ုံးမွာ ၁၀ ေပးၿပီး တုံးထုရေသးတယ္။ 
ကိုယ္ အလုပ္လုပ္တဲ့ ေနရာက အေရွ႕မေလးရွားဆိုေတာ့ ျမန္မာသံ႐ုံးကမရွိ၊ ကြာလာလမ္ပြာမွာ ခရီးေထာက္ေတာ့ စားရိတ္ကုန္ခံ ညအိပ္ၿပီး သံ႐ုံးသြား အခြန္ေဆာင္၊ ေထာက္ခံစာယူ. တံဆိပ္တုံးထုျပည္စုံေအာင္ လုပ္လာခဲ့ရတာ၊ 
ဒါေပမယ့္ခြင့္စာက မေလးဘာသာနဲ႔ ဆိုေတာ့ ရန္ကုန္ ေလဆိပ္မွာ ရစ္ေနမလားလို႔ ပူေနရတာေလ။ 
ေလယာဥ္ႀကီး ရန္ကုန္ေလဆိပ္ကို ေခ်ာေမြ႕စြာဆင္းၿပီ ဆိုတာနဲ႔ ေဘးအႏၲရာယ္အတြက္ အပူတခုကေလ်ာ့သြားၿပီး အင္မီဂေရးရွင္းနဲ႔ ကပ္စတန္ကို ျဖတ္ဖို႔ ရင္ေတြခုန္ ကိုယ့္ဟာကိုယ္ေမာင္းတင္ထား။ 
"Myanmar Passport holder"  ဆိုတဲ့ အတန္းမွာသြားတန္းစီ
ရင္ထဲမွာေတာ့ ေက်ာက္မီးေသြးရထာႀကီးခုတ္လို႔။ 
ကိုယ္အေရွ႕ကလူေတြတခ်ိဳ႕က ပါ့စ္ပို႔ထဲ ပိုက္ဆံကေလး ညႇပ္ေပးလိုက္တာကိုေတြ႕ပါရဲ႕။
ကိုယ္က မဟုတ္တာ လုပ္တဲ့ သူမဟုတ္သလို လာဘ္ေပးလာဘ္ယူကိုဆန္႔က်င္သူမို႔ ေစတနာရွိရင္ ေပးတတ္ေပမယ့္ ရစ္ရင္ ေတာ့ ျပန္ရစ္တတ္သူေလ။ 
ကိုယ္အလွဲ႔ေရာက္ေတာ့ မ်က္ႏွာကို ခပ္တည္တည္ထား၊ 
စပါၿပီ "အကို ကေလးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာပါလား" 
" ဘာဗ်၊ ဒီကေလး တႏွစ္ခြဲသားကို ဘယ္သူကအလုပ္ေပးလို႔လုပ္ရမွာလဲ၊ ကိုင္ထားတာက CI ေလ passport ေတာင္ မရေသးဘူး။
 ( တခ်ိန္က ၁၅ ႏွစ္ေအာက္ ကေလးေတြကို Certificate of Identity ဆိုတဲ့ စာ႐ြက္ကေလးထုတ္ေပးပါတယ္။ အဲဒီစာ႐ြက္ေတြ႕တဲ့ သူမ်ားႏိုင္ငံ passport control က immigration ဝန္ထမ္းေတြက ဘာမွန္းမသိလို႔ ျမန္မာမိဘေတြ အၿမဲလိုလို အရစ္ခံရ စိတ္ညစ္ရပါတယ္။ ေနာက္ပိုင္း အစိမ္းေရာင္ ကဒ္ကေလး နဲ႔ စာမ်က္ႏွာအလြတ္ ၈ မ်က္ႏွာပါတာကေလးရေတာ့ နည္းနည္းေတာ္သြားေပမယ့္ ၂ ႏွစ္တခါေလာက္ စာမ်က္ႏွာကုန္လို႔ အသစ္ျပန္လဲရၿပီး ႏိုင္ငံျခား  immigration  ဝန္ထမ္းေတြက အဲဒါဘာလဲလို႔ ဘာမွန္းသိပ္မသိၾကပါ၊ )




dependent pass နဲ႔ ဘယ္ႏိုင္ငံမွာမွ အလုပ္ေပးမလုပ္ဘူးေလဗ်ာ"  တင္းၿပီေလ။
" ဟုတ္ပါတယ္ ၊ ဒါေပမယ့္ စဥ္းကမ္းအရ ခြင့္စာမပါရင္ အလုပ္မလုပ္ေၾကာင္းသံ႐ုံးကေထာက္ခံစာပါရမယ္"
" ကဲဒါျဖင့္အခုက်ေနာ္ကဘာလုပ္ရမလဲ၊ ဒီကေန သံ႐ုံးကို လွမ္းေတာင္းရေအာင္သံ႐ုံလဲပိတ္ေနၿပီ၊ ခင္ဗ်ားကေပးမဝင္ရင္ ကေလး ကိုဒီမွာထားခဲ့ရမွာလား" အသံကလဲက်ယ္လာ။ ကေလးကလဲ သူ႔ကိုထားခဲ့မွာစိုးလို႔ငို။ 
" အဲဒါဆို ေထာက္ခံစာမပါရင္ ျပန္ထြက္တဲ့အခါ D from ျပန္လုပ္ရမယ္" 
" ရတယ္ လုပ္မယ္ဗ်ာ၊ ဘယ့္ႏွယ္ ဒီကေလး ပိစိ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာေပးရမတဲ့" 
အေတာ္ကို သဘာဝ မက်တဲ့ လုပ္ထုံးလုပ္နည္းေတြလား ေငြညႇစ္ေပါက္ေတြလားမသိ။ 
မေက်မနပ္နဲ႔ ဘုေျပာေတာ့လဲ  ပိုက္ဆံမရမွန္းသိသြားလို႔ ပါ့စ္ ပို႔ကို တုံးထုၿပီး လႊတ္ေပးလိုက္ပါေတာ့တယ္။
အဲဒီ အခ်ိန္ မုံ႔ဖိုးေပးဖို႔ကလဲ ေစတနာနည္းနည္းမွ မရွိေတာ့လို႔ ေမပးခဲ့။  
ထြက္လာၿပီး ပစၥည္းရါေးမယ္ဆိုေတာ့ တြန္းလွည္းေတြကို မေတြ႕၊
လားလား အလုပ္သမားဆိုသူေတြက လွည္းကိုယ္စီယူထားၿပီး ေစာင့္ေနၾကတာ။
ကိုယ့္အိတ္ကိုယ္ယူလို႔မရ၊ သူတို႔က ကူသလိုဘာလိုနဲ႔ ဒါးျပတိုက္သလို လုၾက။
ဟုတ္ပါၿပီ ကိုယ္လဲ ကေလးနဲ႔ ဆိုေတာ့ အကူရပါတယ္လို႔ စိတ္ေျဖၿပီး ေပးတြန္းလိုက္တယ္။ 
လာႀကိဳတဲ့ကားဆီေရာက္ေတာ့ ဘယ္သူေတြမွန္းမသိဝိုင္တင္ၾကျပန္လို႔ ပစၥည္းမေပ်ာက္ေအာင္ ၾကည့္ရင္း ေအာ္ရျပန္။ 
ပိုက္ဆံေပးေတာ့ သူလည္းပါတယ္ ငါလည္းပါတယ္တဲ့ ဝိုင္းလာၾကျပန္ပါေရာ။ 
ႏိုင္ငံျခားမွာ အလုပ္သြားလုပ္တာ ျပန္လာရင္ ေဝသႏၲရာလုပ္ဖို႔ လို႔ ထင္ၾကသလားမသိ။
ဟိုမွာ ဘယ္လိုဒုကၡခံရတယ္၊ ဘယ္ေလာက္ပင္ပန္းတယ္၊ သည္းခံရတယ္ဆိုတာသူတို႔အလုပ္မဟုတ္ ၊ 
ႏိုင္ငံျခားကျပန္လာရင္ ေငြ႐ြင္တယ္၊ ညႇစ္ရမယ္လို႔ပဲ ေတြးၾကပုံရတယ္။ 

D from  ကို online လုပ္လို႔ရတဲ့ အခ်ိန္ ျဖစ္လို႔ မျပန္ခင္ အလြယ္တကူပဲ ၂၀၀၀ က်ပ္နဲ႔ လုပ္လိုက္ရပါတယ္။ 
ကားရပ္ေတာ့ ပစၥည္းေတြကို ဝိုင္လုၾကျပန္။ 
လွည္းေပၚလုတင္ၿပီး တြန္းေတာ့ အိတ္တလုံးျပဳတ္က်ၿပီး ဘီးကြဲလို႔ စိတ္ကတိုၿပီး ေအာ္မိပါေပါ့။ 
တခါ အျပန္မွာေတာ့ Departure card ျဖည့္ရျပန္ပါတယ္။ 


အဲဒီ အခ်ိန္တုန္းက ကိုယ့္ႏိုင္ငံ ကိုယ္ျပန္သူေတြ arrival card နဲ႔departure card ျဖည့္ရတာ ျမန္မာတႏိုင္ငံပဲရွိမယ္ထင္ပါတယ္။ 
ဒီလိုနဲ႔ ရန္ကုန္ကေလယာဥ္ထြက္ၿပီး မေလးရွားကို ေရာက္ေတာ့ ေလယာဥ္ေျပာင္း၊ ကိုတာကင္နာဘာလုေရာက္ immigration မွာ အေမးအျမန္းမရွိ၊ custom ကို nothing to declare ဆိုၿပီး ျဖတ္ေတာ့ ဘာမွ မေမး။ 
အင္း   ကိုယ့္ႏိုင္ငံျပန္ရတာထက္ သူမ်ားႏိုင္ငံလာရတာက ပိုၿပီး ေပါ့ေပါ့ပါးပါးရွိလိုက္တာ။
စိတ္ထဲ ဘာပူပန္မႈ တင္းၾကပ္မႈမွမျဖစ္။ 

ေနာက္ႏွစ္ စကၤာပူကတဆင့္ျပန္ေတာ့ ကေလး က ၃ ႏွစ္။ 
သားအဖ ၂ေယာက္ ခ်န္ဂီေလဆိပ္မွာ ပါ့စ္ပို႔ကြန္ထ႐ိုး အတန္းထဲဝင္စီတာေပါ့။
ကိုယ့္အေရွ႕မွာ လူ ၁၀ ေယာက္ေလာက္။ 
ကေလးက စကားမ်ားမ်ားနဲ႔ ေငးလိုက္ေမးလိုက္လုပ္ေနတုန္း ယူနီေဖါင္းဝတ္တေယာက္ကလာေခၚတယ္။ 
ဟိုဖက္က သီးသန္႔ေကာင္တာကို လာခဲ့တဲ့၊ ကေလးနဲ႔ မို႔လို႔ေစာင့္ေနရတာၾကာမွာစိုးလို႔တဲ့။
ခ်က္ခ်င္းဘဲ စစ္ေဆးၿပီး တုံးထုေပးလိုက္တာ၊
ေဩာ္ ကိုယ့္ႏိုင္ငံျပန္တုန္းက ကေလးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာေတာင္းခံရ အရစ္ခံရနဲ႔ သူမ်ားႏိုင္ငံထဲဝင္ဖို႔မ်ား ကေလးပါလို႔ ဦးစားေပးလိုက္ပါေသးေရာလား၊ 
အဲဒီအေခါက္မွာ စကၤာပူထီထိုးဖို႔ တိုတိုဆိုင္မွာ တန္းသြားစီေတာ့ ေကာင္တာ က လွမ္းေခၚတယ္၊
"၁၈ ႏွစ္ေအာက္ကေလးေတြ ဆိုင္ထဲေခၚလာလို႔မရဘူး" တဲ့ 
" ေအးဗ်ာ၊ က်ေနာ္ကခရီးသြား၊ ကေလးနဲ႔ ၂ ေယာက္ထဲ၊ ဘယ္နားသြားထားမလဲ"  ဆိုေတာ့ "ကဲ ဘာဝယ္မလဲ အခုေျပာ" ဆိုၿပီး အတန္းေက်ာ္ကာေရာင္းေပးလိုက္ပါသဗ်ား။
ျပည္ပမွာ အလုပ္လုပ္တဲ့ ျမန္မာႏိုင္ငံသားတေယာက္ရဲ႕ ၂၀၀၀ ခုလြန္ႏွစ္မ်ားဆီက ကိုယ္ေတြ႕ဇာတ္လမ္းကေလးေတြျပန္ေျပာျပတာပါ၊
ေျပာသာေျပာရတယ္၊ ျမန္မာျပည္မွာလည္း လူသားဆန္တဲ့ ကိုယ္ခ်င္းစာစိတ္ရွိသူဝန္ထမ္းေတြရွိပါေသးတယ္။ 

ဖိုးသုည
16-7-19

ပြည်ထောင်စု မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိဆိုပါ၏ (ယူနီကုဒ်) 

" ဒီမယ်၊ ဒါကဘာလဲ " 
ယူနီဖေါင်းဝတ် အကောက်ခွန်ဝန်ထမ်းမမက ဖြည့်ထားတဲ့ အကောက်ခွန်ကြေငြာချက်ပုံစံကိုကြည့်ပြီး မျက်နှာထားနဲ့ မေးတာပါ။
" ရင်းဂစ် ၅၀ ပါလာတယ်လေ။ နိုင်ငံခြားငွေယူလာရင် ကြေငြာရမယ်ဆိုလို့ ကြေငြာတာလေ၊  တရားဝင် ယူလာတာကိုကြေငြာတာလေ" 
ငါ မဟုတ်တာဘာမှ မလုပ်ထားဘူး၊ အမှန်ကန် အကုန်ဖြည့်ထားတယ်၊ လာရစ်ရင် ပြန်တွယ်မယ်လို့ မောင်းတင်ထားတဲ့ စိတ်နဲ့ ပြန်ဖြေရင်းပိုက်ဆံကိုပါ ထုတ်ပြလိုက်ပါတယ်၊ 
" ဒီလောက်နည်းနည်းကလေးနဲ့ ဘာလုပ်မှာလဲ၊ " 
" ကျနော်က အပြန်ကျ လေယာဉ်ပြောင်းစီးရမှာဗျ၊ ဒီပိုက်ဆံမှ မပါရင် လေဆိပ်မှာ ဘာနဲ့ စားမလဲ၊ လေဆိပ်ကထွက်ရင် တက္ကစီခလည်းလိုသေးတယ်လေဗျာ။  များများယူလာရင် ပြသနာလုပ်မှာစိုးလို့ ရင်းဂစ်လေး ၅၀ ယူလာတာလေ။ ပုံစံထဲမှာ မြန်မာနိုင်ငံသားဆို နိုင်ငံခြားငွေတန်ဖိုးဘယ်လောက်ဖြစ်ြဖစ်ကြေငြာရမယ်ဆိုလို့ကြေငြာတာလေဗျာ" 
" နိုင်ငံခြားငွေကြေငြာရင် နိုင်ငံခြားဘဏ်မှာ အကောင့်ဖွင့်ပြီး အပ်ခဲ့ရမယ်၊ ပြန်ထွက်မှပြန်ယူရမှာ။ ဒီလောက်နည်းနည်းကလေးနဲ့ ဘာလုပ်မလဲ အလုပ်ရှုပ်တယ်။ မပါဘူလို့ ပြန်ရေး" 
" အော် ဒီလိုလား၊ မသိဘူလေဗျာ ကြေငြာဆိုတော့ လည်းကြေငြာရတာပေါ့၊ ကဲ ပြင်လိုက်ပါ့မယ်။ "
ကျေးဇူးတင်စွာနဲ့ ကပ်စတန် မမရဲ့ ခွင့်ပြုချက်နဲ့ မလေးရှားရင် ဂစ် ၅၀ ကို မြန်မာပြည်ထဲကို တရားမဝင်ယူသွင်းခဲ့ဖူးတဲ့ မြန်မာတယောက်ရဲ့ တကဲ့အဖြစ်အပျက်ကလေးပါ။ 

တချိန်က ပြည်ပနိုင်ငံများမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာနိုင်ငံသားများအတွက် ပြည်တော်ပြန်ခရီးဆိုတာ အင်မတန် ရင်ခုန်ရတဲ့ ခရီးပါ။ 
ခွဲခွာနေရတဲ့ မိသားစုနဲ့ ပြန်ဆုံရမှာဖြစ်လို့ စိတ်လှုပ်ရှားရတာထက် လေဆိပ်အဝင်မှာ ဘာများ အရစ်ခံရမလဲ ဘယ်လိုဖြေရှင်းရမလဲဆိုတာက အရေးအကြီးဆုံးပြသနာပါ။ 
တရားဝင် အလုပ်ထွက်လုပ်ကြတဲ့သူတွေတောင် မပြန်ခင် နောက်ဆုံးသတင်းနဲ့ လိုအပ်ချက်တွေကို မြန်မာပြည်က ပြန်လာသူတွေဆီက စနည်းနာပြီးပြင်ဆင်ရတာပါ။ 
အထူးသဖြင့် မလေးရှားက ပြန်လာသူ တွေခမြာသူတို့ချွေးနည်းစာကလေးကို ဆက်ကြေးပေးကြရပါတယ်။ 
မလေးရှားလေဆိပ်မှာ လေယာဉ်ပေါ်မတက်ခင် ဘုတ်ဒင်းဂိတ် ကောင်တာကပေးတဲ့  arrival card  နဲ့   custom deceleration form တွေကို ဖြည့်ကြ မသိသူကို ကူဖြည့်ပေးကြရင် ၁၀ တန်ကလေးတွေကို ရန်ကုန်လေဆိပ်မှာပေးဖို့ အဆင်သင့်ပြင်နေကြတဲ့ လူငယ်ကလေးတွေကိုတွေ့တော့ အတော်ကိုစိတ်မကောင်းပါ။ 
စာရွက်စာတန်းစုံရင် ဘာမှ ပေးစရာမလိုပါဘူးလို့သူတို့ကိုပြောလည်း သူတို့ကတော့ အသားလွတ် အရစ်ခံရမှာကို ကြောက်ကြပါတယ်။ 
တကယ်တော့ ကိုယ်တွေလည်း ဟန်ကိုယ့်ဖို့လုပ်ပြီး ပြန်ရပေမယ့် စိတ်ကတော့ တထင့်ထင့်ရယ်။ 
အခွန်ပြေစာ မူရင်း၊ မိတ္တူ၊ ဇနီးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာ၊ မိမိခွင့်စာ မူရင်းနဲ့မိတ္တူ၊ ခွင့်စာကိုသံရုံးမှာ ၁၀ ပေးပြီး တုံးထုရသေးတယ်။ 
ကိုယ် အလုပ်လုပ်တဲ့ နေရာက အရှေ့မလေးရှားဆိုတော့ မြန်မာသံရုံးကမရှိ၊ ကွာလာလမ်ပွာမှာ ခရီးထောက်တော့ စားရိတ်ကုန်ခံ ညအိပ်ပြီး သံရုံးသွား အခွန်ဆောင်၊ ထောက်ခံစာယူ. တံဆိပ်တုံးထုပြည်စုံအောင် လုပ်လာခဲ့ရတာ၊ 
ဒါပေမယ့်ခွင့်စာက မလေးဘာသာနဲ့ ဆိုတော့ ရန်ကုန် လေဆိပ်မှာ ရစ်နေမလားလို့ ပူနေရတာလေ။ 
လေယာဉ်ကြီး ရန်ကုန်လေဆိပ်ကို ချောမွေ့စွာဆင်းပြီ ဆိုတာနဲ့ ဘေးအန္တရာယ်အတွက် အပူတခုကလျော့သွားပြီး အင်မီဂရေးရှင်းနဲ့ ကပ်စတန်ကို ဖြတ်ဖို့ ရင်တွေခုန် ကိုယ့်ဟာကိုယ်မောင်းတင်ထား။ 
"Myanmar Passport holder"  ဆိုတဲ့ အတန်းမှာသွားတန်းစီ
ရင်ထဲမှာတော့ ကျောက်မီးသွေးရထာကြီးခုတ်လို့။ 
ကိုယ်အရှေ့ကလူတွေတချို့က ပါ့စ်ပို့ထဲ ပိုက်ဆံကလေး ညှပ်ပေးလိုက်တာကိုတွေ့ပါရဲ့။
ကိုယ်က မဟုတ်တာ လုပ်တဲ့ သူမဟုတ်သလို လာဘ်ပေးလာဘ်ယူကိုဆန့်ကျင်သူမို့ စေတနာရှိရင် ပေးတတ်ပေမယ့် ရစ်ရင် တော့ ပြန်ရစ်တတ်သူလေ။ 
ကိုယ်အလှဲ့ရောက်တော့ မျက်နှာကို ခပ်တည်တည်ထား၊ 
စပါပြီ "အကို ကလေးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာပါလား" 
" ဘာဗျ၊ ဒီကလေး တနှစ်ခွဲသားကို ဘယ်သူကအလုပ်ပေးလို့လုပ်ရမှာလဲ၊ ကိုင်ထားတာက CI လေ passport တောင် မရသေးဘူး။
( တချိန်က ၁၅ နှစ်အောက် ကလေးတွေကို Certificate of Identity ဆိုတဲ့ စာရွက်ကလေးထုတ်ပေးပါတယ်။ အဲဒီစာရွက်တွေ့တဲ့ သူများနိုင်ငံ passport control က immigration ဝန်ထမ်းတွေက ဘာမှန်းမသိလို့ မြန်မာမိဘတွေ အမြဲလိုလို အရစ်ခံရ စိတ်ညစ်ရပါတယ်။ နောက်ပိုင်း အစိမ်းရောင် ကဒ်ကလေး နဲ့ စာမျက်နှာအလွတ် ၈ မျက်နှာပါတာကလေးရတော့ နည်းနည်းတော်သွားပေမယ့် ၂ နှစ်တခါလောက် စာမျက်နှာကုန်လို့ အသစ်ပြန်လဲရပြီး နိုင်ငံခြား  immigration  ဝန်ထမ်းတွေက အဲဒါဘာလဲလို့ ဘာမှန်းသိပ်မသိကြပါ၊ ) 
dependent pass နဲ့ ဘယ်နိုင်ငံမှာမှ အလုပ်ပေးမလုပ်ဘူးလေဗျာ"  တင်းပြီလေ။
" ဟုတ်ပါတယ် ၊ ဒါပေမယ့် စဉ်းကမ်းအရ ခွင့်စာမပါရင် အလုပ်မလုပ်ကြောင်းသံရုံးကထောက်ခံစာပါရမယ်"
" ကဲဒါဖြင့်အခုကျနော်ကဘာလုပ်ရမလဲ၊ ဒီကနေ သံရုံးကို လှမ်းတောင်းရအောင်သံရုံလဲပိတ်နေပြီ၊ ခင်ဗျားကပေးမဝင်ရင် ကလေး ကိုဒီမှာထားခဲ့ရမှာလား" အသံကလဲကျယ်လာ။ ကလေးကလဲ သူ့ကိုထားခဲ့မှာစိုးလို့ငို။ 
" အဲဒါဆို ထောက်ခံစာမပါရင် ပြန်ထွက်တဲ့အခါ D from ပြန်လုပ်ရမယ်" 
" ရတယ် လုပ်မယ်ဗျာ၊ ဘယ့်နှယ် ဒီကလေး ပိစိ အလုပ်မလုပ်ကြောင်းထောက်ခံစာပေးရမတဲ့" 
အတော်ကို သဘာဝ မကျတဲ့ လုပ်ထုံးလုပ်နည်းတွေလား ငွေညှစ်ပေါက်တွေလားမသိ။ 
မကျေမနပ်နဲ့ ဘုပြောတော့လဲ  ပိုက်ဆံမရမှန်းသိသွားလို့ ပါ့စ် ပို့ကို တုံးထုပြီး လွှတ်ပေးလိုက်ပါတော့တယ်။
အဲဒီ အချိန် မုံ့ဖိုးပေးဖို့ကလဲ စေတနာနည်းနည်းမှ မရှိတော့လို့ မေပးခဲ့။  
ထွက်လာပြီး ပစ္စည်းရါေးမယ်ဆိုတော့ တွန်းလှည်းတွေကို မတွေ့၊
လားလား အလုပ်သမားဆိုသူတွေက လှည်းကိုယ်စီယူထားပြီး စောင့်နေကြတာ။
ကိုယ့်အိတ်ကိုယ်ယူလို့မရ၊ သူတို့က ကူသလိုဘာလိုနဲ့ ဒါးပြတိုက်သလို လုကြ။
ဟုတ်ပါပြီ ကိုယ်လဲ ကလေးနဲ့ ဆိုတော့ အကူရပါတယ်လို့ စိတ်ဖြေပြီး ပေးတွန်းလိုက်တယ်။ 
လာကြိုတဲ့ကားဆီရောက်တော့ ဘယ်သူတွေမှန်းမသိဝိုင်တင်ကြပြန်လို့ ပစ္စည်းမပျောက်အောင် ကြည့်ရင်း အော်ရပြန်။ 
ပိုက်ဆံပေးတော့ သူလည်းပါတယ် ငါလည်းပါတယ်တဲ့ ဝိုင်းလာကြပြန်ပါရော။ 
နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ပြန်လာရင် ဝေသန္တရာလုပ်ဖို့ လို့ ထင်ကြသလားမသိ။
ဟိုမှာ ဘယ်လိုဒုက္ခခံရတယ်၊ ဘယ်လောက်ပင်ပန်းတယ်၊ သည်းခံရတယ်ဆိုတာသူတို့အလုပ်မဟုတ် ၊ 
နိုင်ငံခြားကပြန်လာရင် ငွေရွင်တယ်၊ ညှစ်ရမယ်လို့ပဲ တွေးကြပုံရတယ်။ 

D from  ကို online လုပ်လို့ရတဲ့ အချိန် ဖြစ်လို့ မပြန်ခင် အလွယ်တကူပဲ ၂၀၀၀ ကျပ်နဲ့ လုပ်လိုက်ရပါတယ်။ 
ကားရပ်တော့ ပစ္စည်းတွေကို ဝိုင်လုကြပြန်။ 
လှည်းပေါ်လုတင်ပြီး တွန်းတော့ အိတ်တလုံးပြုတ်ကျပြီး ဘီးကွဲလို့ စိတ်ကတိုပြီး အော်မိပါပေါ့။ 
တခါ အပြန်မှာတော့ Departure card ဖြည့်ရပြန်ပါတယ်။ 
အဲဒီ အချိန်တုန်းက ကိုယ့်နိုင်ငံ ကိုယ်ပြန်သူတွေ arrival card နဲ့departure card ဖြည့်ရတာ မြန်မာတနိုင်ငံပဲရှိမယ်ထင်ပါတယ်။ 
ဒီလိုနဲ့ ရန်ကုန်ကလေယာဉ်ထွက်ပြီး မလေးရှားကို ရောက်တော့ လေယာဉ်ပြောင်း၊ ကိုတာကင်နာဘာလုရောက် immigration မှာ အမေးအမြန်းမရှိ၊ custom ကို nothing to declare ဆိုပြီး ဖြတ်တော့ ဘာမှ မမေး။ 
အင်း   ကိုယ့်နိုင်ငံပြန်ရတာထက် သူများနိုင်ငံလာရတာက ပိုပြီး ပေါ့ပေါ့ပါးပါးရှိလိုက်တာ။
စိတ်ထဲ ဘာပူပန်မှု တင်းကြပ်မှုမှမဖြစ်။ 

နောက်နှစ် စင်္ကာပူကတဆင့်ပြန်တော့ ကလေး က ၃ နှစ်။ 
သားအဖ ၂ယောက် ချန်ဂီလေဆိပ်မှာ ပါ့စ်ပို့ကွန်ထရိုး အတန်းထဲဝင်စီတာပေါ့။
ကိုယ့်အရှေ့မှာ လူ ၁၀ ယောက်လောက်။ 
ကလေးက စကားများများနဲ့ ငေးလိုက်မေးလိုက်လုပ်နေတုန်း ယူနီဖေါင်းဝတ်တယောက်ကလာခေါ်တယ်။ 
ဟိုဖက်က သီးသန့်ကောင်တာကို လာခဲ့တဲ့၊ ကလေးနဲ့ မို့လို့စောင့်နေရတာကြာမှာစိုးလို့တဲ့။
ချက်ချင်းဘဲ စစ်ဆေးပြီး တုံးထုပေးလိုက်တာ၊
ဩော် ကိုယ့်နိုင်ငံပြန်တုန်းက ကလေးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာတောင်းခံရ အရစ်ခံရနဲ့ သူများနိုင်ငံထဲဝင်ဖို့များ ကလေးပါလို့ ဦးစားပေးလိုက်ပါသေးရောလား၊ 
အဲဒီအခေါက်မှာ စင်္ကာပူထီထိုးဖို့ တိုတိုဆိုင်မှာ တန်းသွားစီတော့ ကောင်တာ က လှမ်းခေါ်တယ်၊
"၁၈ နှစ်အောက်ကလေးတွေ ဆိုင်ထဲခေါ်လာလို့မရဘူး" တဲ့ 
" အေးဗျာ၊ ကျနော်ကခရီးသွား၊ ကလေးနဲ့ ၂ ယောက်ထဲ၊ ဘယ်နားသွားထားမလဲ"  ဆိုတော့ "ကဲ ဘာဝယ်မလဲ အခုပြော" ဆိုပြီး အတန်းကျော်ကာရောင်းပေးလိုက်ပါသဗျား။
ပြည်ပမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတယောက်ရဲ့  ၂၀၀၀ ခုလွန်နှစ်များဆီက ကိုယ်တွေ့ဇာတ်လမ်းကလေးတွေပြန်ပြောပြတာပါ၊
ပြောသာပြောရတယ်၊ မြန်မာပြည်မှာလည်း လူသားဆန်တဲ့ ကိုယ်ချင်းစာစိတ်ရှိသူဝန်ထမ်းတွေရှိပါသေးတယ်။ 

'ဖိုးသုည
16-7-19

No comments:

Post a Comment