Thursday, March 14, 2019

အင်တာနက်ပေါ်က အများစိတ်ဝင်စားနေတဲ့ သတင်းတခုကို ဆန်းစစ်ခြင်း ( ယူနီကုဒ်)


အင်တာနက်ပေါ်က အများစိတ်ဝင်စားနေတဲ့ သတင်းတခုကို ဆန်းစစ်ခြင်း
သတင်း ဘယ်လောက်မှန်တယ်ဆိုတာကို သိချင်လို့  ဆန်းစစ်ကြည့်တဲ့ လေ့ကျင့်ခန်းကလေးတခု လုပ်ခဲ့ပါတယ်။ 

အဓိ ဆန်းစစ်ဖို့ ကဏ္ဍ ၅နေရာကိုရွေးပါတယ်။

၁. သတင်းအပြည့်အစုံ
၂. သတင်းကို ရေးတဲ့ သတင်းစာ သတင်းဌာများကို ယုံကြည်နိုင်မှု။
၃. သတင်းပါအချက်အလက်များကိုဆန်းစစ်ခြင်း၊
၄. သတင်းမြစ်ဖျားခံရာ အရင်း အမြစ် ကို ဆန်းစစ်ခြင်း၊
၅. သီးခြားအတည်ပြုနိုင်ခြင်းရှိမရှိ ကို ဆန်းစစ်ခြင်း၊

၁. သတင်း
ပြီးခဲတဲ့ သီတင်းပတ်ကုန် ( မတ်လ ၉ ရက် နဲ့ ၁၀ ရက်) မှာ ဆော်ဒီနိုင်ငံ ဂျက်ဒါမြို့ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပွာကို ပျံတဲ့  ဆော်ဒီယားလေကြောင်း ခရီးစဉ်အမှတ် SV832 ဟာ လေဆိပ်က ထွက်လာပြီးမှ လေယာဉ်ပါခရီးသည်တဦးက သူမရဲ့ကလေးလေဆိပ် ထဲမှာကျန်ခဲ့တာ သတိရပြီး အကူအညီတောင်းလို့ လေဆိပ်ကို ပြန်လှည့်ခဲ့ရပါတယ်။
ဒီသတင်းကို နယူးစ်ဝိခ်၊ ဖေါက်စ် နရုူး။ တယ်လီဂရပ်ဖ်။ နရူးယောက် တိုင်မ်း။ စထရိတ်တိုင်းမ်း စတဲ့ နာမည်ကြီးသတင်းစာတွေ အပါဝင် အင်တာနက် သတင်းများမှာ ပလူပျံသွားခဲ့ပါတယ် ။
လေယာဉ်က လေထဲရောက်မှ ပြန်လှည်တာလား ပြေးလမ်းကိုသွားနေတုန်း ပြန်လှည့်တာလားဆိုတာတော့ မသေချာဘူးလို့ တချို့သတင်းမှာ ဖြည့်ထားသလို နောက်ဆက်တွဲ ဘာဖြစ်တယ်ဆိုတာတော့ မသိပါလို့ ဆိုတာလေးတွေလည်းရှိပါတယ်။
https://www.newsweek.com/mother-baby-airport-plane-turn-around-terminal-jeddah-saudia-saudi-arabia-1358072
https://www.telegraph.co.uk/news/2019/03/12/flight-malaysia-forced-turn-around-mother-leaves-baby-airport/
https://simpleflying.com/saudia-flight-makes-a-u-turn-after-passenger-forgets-baby-in-airport/
https://www.independent.co.uk/travel/news-and-advice/saudia-flight-baby-airport-terminal-jeddah-kuala-lumpur-a8817966.html
https://www.foxnews.com/travel/flight-returns-saudi-arabia-airport-mom-left-baby-waiting-area
https://economictimes.indiatimes.com/magazines/panache/leaving-on-a-jet-plane-mother-forgets-baby-at-jeddah-airport-makes-flight-take-a-u-turn-after-take-off/articleshow/68370611.cms





၂. သတင်းကို ရေးတဲ့ သတင်းစာ သတင်းဌာများကို ယုံကြည်နိုင်မှု။
- ရေးသားသောသတင်းစာနဲ့ သတင်းဌာနများ ကိုကြည့်ရင် နိုင်ငံတကာက နာမည်ကြီး သတင်းစာတွေပါသလို တွေ့သမျှသတင်းကိုတင်နေတဲ့ အပေါစားသတင်းပေ့ခ်ျတွေလည်းများပါတယ်။
ဘီဘီစီ၊ စီအန်အန်တို့လိုသတင်းတွေမှာတော့ မပါပါ။
ဒါကလည်း သတင်းသေးသေးတွေကို သူတို့မထည့်တာလို့ ယူဆလို့ရပါတယ်။

၃. သတင်းပါအချက်အလက်များကိုဆန်းစစ်ခြင်း၊
(က) - အမေက ကလေးကို လေဆိပ်ထဲမှာမေ့ထားခဲ့ပြီး လေယာဉ်ပေါ်ကို တက်သွားတယ်။ လေယာဉ် ထွက်မှ သတိရတယ်။ ဖြစ်နိုင်ခြေကိုရေးရင် အတော်ရှည်ပါတယ်။ အကျယ်ကို အောက်မှာရေးထားပါတယ်။ 
ဒါပေမဲ့ လောကမှာမဖြစ်နိုင်ဘူးဆိုတာရယ်လို့  " မွေးပြီးရင် မသေဘူးဆိုတာတခုပဲ ရာနှုန်းပြည့်မဖြစ်နိုင်" တာပါ။
အမေကကလေးကို လေဆိပ်ထဲမှာ မေ့ခဲ့တယ်ဆိုတာ ( ဖြစ်နိုင်ပါတယ်)
ဒါပေမဲ့ ကလေး လေယာဉ်ပေါ်ကို ပါမလာတာကို လေဆိပ်နဲ့ လေယာဉ်ဝန်ထမ်းတွေ မသိဘူးဆိုတာ (မဖြစ်နိုင်သလောက်) ပါပဲ။
ဘာကြောင့်လဲဆိုတော့ လုံခြုံရေးအရ ချက်အင်လုပ်ထားတဲ့ ခရီးသည်လူစုံ လေယာဉ်ပေါ်ရောက် မရောက် စစ်ဆေးတဲ့ စနစ်ရှိလို့ပါ။
အထူးသဖြင့်  ပစ္စည်းတင်ပေးပြီး လူကလေယာဉ်ပေါ်မတက်ဘဲ ချန်နေခဲ့တဲ့သူများရှိမှာစိုးလို့ပါ။
နောက်တခုကတော့ " လေယာဉ်ပေါ်က ဝန်ထမ်းတွေမှာ ခရီးသည်စာရင်းရှိပါတယ်။ လေယာဉ်မထွက်ခင် လူအရေတွက်စစ်ပါတယ်။ စာရင်းနဲ့ကိုက်မှထွက်တာပါ။
ပိုထူးခြားတာက သူတို့လေယာဉ်မှာပါတဲ့ ကလေးစာရင်း အတိအကျစစ်ပါတယ်၊ ကလေးအတွက် ခါးပတ်၊ ပုခက်၊ ကလေးအစာတို့ကို ကြိုတင်ပြင်ဆင်ထားတာပါ၊ ဒါ‌ေကြောင့်ခရီးသည်တွေ တက်ပြီးတာနဲ့ ကလေးပါတဲ့ ခရီးသည်တွေဆီ လေယာဉ်မယ် လေယာဉ်မောင်တွေ စာရွက်ကလေးနဲ့ လာပြီး ခါးပတ်ဘယ်လို ပတ်၊ ပုခက်ကို ဘယ်တော့ လာတပ်ပေးမယ်၊ ကလေးဘာအစားအစာ စားမယ်ဆိုတာကို ကလေးအတွက် အရုပ်လက်ဆောင်လာပေးရင်း ပြောပါတယ်။ အဲဒီတော့ လောယာဉ်ပေါ်ပါဝန်ထမ်းတွေ ကလေးတယောက်မတွေ့ရင် လေယာဉ်မထွက်မီကတည်းကသိမှာပါ။

(ခ)  သူမက အကူညီတောင်းလို့ပိုင်းလောက လေဆိပ်ကို ဆက်သွယ်ပြီး ပြန်လှည့်ခွင့်တောင်းတယ်။ (ဖြစ်နိုင်ပါတယ်) 
ထိန်းချုပ်မျှော်စင်က လေယာဉ်ကို ဂိတ်ကိုပြန်လာပါလို့ ပြောတယ်။
လေယာဉ်တစီး ဂိတ်ကခွာပြီးလို့ ပြန်လှည့်ချင်ရင် ခိုင်လုံသော အကြောင်းပြချက်လိုပါတယ်။ တခါက ကိုးရီးယားလိုင်း ပိုင်ရှင်သမီးပြသနာလုပ်လို့ ဂိတ်ကိုပြန်လှည့်တော့လေကြောင်းလိုင်းနဲ့ လေဆိပ် ပြသနာတွေ တက်ပါတယ်လိုင်းက ဒါဏ်ဆောင်ရပါတယ်။
ဒီကိစ္စမှာတော့ ပြန်လှည့်တယ်ဆိုတာလက်ခံလို့ရပါတယ်။ ဒါပေမဲ့ ထိန်းချုပ်မျှော်စင် ATCကနေ အိုကေ " ဂိတ်ကိုပြန်လာခဲ့" လို့ ပြောလို့မရပါ။ ပျံမတက်ရသေးလို့ ပြေးလမ်းကိုသွားနေတုန်း (Taxi လုပ်တုန်း) ပြန်လှည့်ရင်လည်း ပိုင်းလော့က ရန်ကုန်ကကားတွေ ကိုယ်လှည့်ချင်တဲ့နေရာက ဂငယ်ကွေ့ကွေ့သလို လှည့်လို့မရပါ။ တာဝါက ပိုင်းလေ့ာကို လေယာဉ် သွားနေတဲ့ နေရာကနေ ဘယ်ထွက်ပေါက် အမှတ်ကထွက် ဘယ်အမှတ်ကိုဝင် စသည်ဖြင့် အတိအကျ ညွှန်ကြားပေးရပါတယ်။ လေထဲရောက်မှ ပြန်လှည့်လျင်လည်း အတူတူပါပဲ။ မျှော်စင်ကနေ လက်ရှိကွင်းကို ဆင်းမည့်လေယာဉ်တွေ တန်းစီနေတဲ့ ကြား ဘယ်လောက်ကနေ ထည့်လို့ရမလည်း ကြည့်ပြီး လေယာဉ်ကို ဘယ်နေရာကနေပတ်ပြီးစောင့် အမြင့်ပေဘယ်လောက် ဦးတည်ရာဘယ်အရပ်ကိုပျံ၊ ဘယ်လောက်ကို နှိမ့်ဆင်း ဆင်းပြီးရင် Taxi way နံပတ်ဘယ်လောက်ကနေ ဘယ်ကိုဝင် ဘယ်ဂိတ်ကိုသွား စသည်ဖြင့် အသေးစိပ်ညွှန်ကြားရတာပါ၊ လမ်းပေါ်ကကားတွေလို လမ်းကျယ်တဲ့နေရာကနေ ကားရှင်းရင် ပြန်လှည့်ခဲ့ လို့ လုပ်လို့မရပါ။
ပိုင်းလေ့ာတွေဟာ လေထဲ ကွင်းထဲမှာ လေယာဉ်ကို ဘယ်လိုရွေ့လျားရမယ်ဆိုတာကို ATC မျော်စင်က အဆင့်ဆင့် အသေးစိပ် ညွှန်ကြားပြီး ထိန်းချုပ်ထားတာပါ။

(ဂ) သတင်းမြစ်ဖျားခံရာ ယူတျုဘ် ဗွီဒီယို
သတင်းအားလုံးမြစ်ဖျားခံရာ ယူတျူဘ်ဗွီဒီယိုမှာ စားပွဲနှစ်လုံးအဆက်မှာတင်ထားတဲ့ ရေဒီယို၊ အခန်းဖွဲ့ထားပုံ ဆက်သွယ်ရေးရေဒီယိုဌာနတွေလို ပါတီးရှင်း အရှင်ကလေးတွေနဲ့၊ ပိုင်လော့ပြောတဲ့ အသံကို အပြင်ကကြား တာဝက ထျန်းချုပ်သူဆိုသူပြန်ပြောတာကြားရ။ 
ဗွီဒီယိုထဲ့ က အခန်းပုံနဲ့ရေဒီယိုဟာ ဂျက်ဒါက အသစ်ဆောက်ပြီးသွားတဲ့ လေဆိပ်ကြီူမျိုးရဲ့ ATC မျှော်စင် ထိန်းချုပ်ခန်းနဲ့ ရေဒီယိုမဟုတ်ပါ။ ATC ထိန်းချုပ်ခန်း ဆိုတာ မှန်တွေပတ်လည်ကာထားပီး လေဆိပ်တခုလုံးကို အပေါ်စီးကမြင်ရအောင် ကြည့်ရင်း ထျန်းချုပ်သူတွေ သူတို့ရှေ့က ရေဒါမှန်ပြင်ကို ကြည့်၊ စားပွဲပေါ်က လေယာဉ်ရွေ့လျားမှုပြ အမှန်အသားတွေ ကို စီရင်းပြောင်းရင်းခေါင်းဆောင်းနားကြပ်ကနေ ပြောတာပါ။ ကြေးနန်းရုံးက ရေဒီယိုမျိုးမသုံးပါ။

ပြောဆိုသောစကားများ
လေယာဉ်ကွင်းမှာ လေယာဉ် အများကြီးက ရေဒီယိုဖွင့်ထားပြီး ဖရီကွင်စီ တခုထဲမှာ ပြောရလို့ ပြောသူက ကိုယ်ဘယ်သူလို့ ပြောရသလို ဘယ်သိုကို ပြောတယ်ဆိုတာလည်း ထည့်ပြောရပါတယ်။ ဒီဗွီဒီယိုထဲကပြောဆိုတာတွေက လက်တွေ့မဆန်ပါ။

ကမ္ဘာတလွှားက လေဆိပ်အတော်များများရဲ့ ထိန်းချုပ်တာဝါနဲ့ ပိုင်းလော့တွေပြောဆိုနေကြတာကို ဒီမှာနားထောင်လို့ရပါတယ်။  https://www.liveatc.net/


(ဃ) သတင်း၏နောက်ဆက်တွဲ
ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတပုဒ်ဟာ "လေယာဉ်က ကွင်းထဲက ဂိတ်ကိုပြန်လှည့်သွဦးလေသည် "  ဆိုတာကြီးနဲ့ ဆုံးတာ ဆံ့တငံ့ငံံ့ဖြစ်ပေဘူးလားဗျာ။
ဖြစ်သင့်တာာက
- ကလေးကို လေဆိပ်ဝန်ထမ်းတွေက တွေ့လို့စောင့်ရှောက်ထားပြီးအေမေ့လက်ထဲ ပြန်အပ်တာတို့။
- အမေက လေဆိပ်ထဲ ဒေါင်းတောက်အောင်ရှာ တခြားခရီးသည်တွေနဲ့ ဝန်ထမ်းတွေကဝိုင်းကူ၊ နောက်ဆုံး အိမ်သာခန်းချောင်ကလေးမှာ ကလေးက လက်တွန်းလှည်းကလေးထဲကနေ ဝူးဝူးဝါးဝါးပြောတာကြားမျ ရှိ တွေ့။
- ကလေးပြန်တွေ့တော့ အမေက လေကြောင်းလိုင်းနဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်  ကလေးနဲ့ အမေပါတွဲပြီး အမှတ်တရ ဓါတ်ဖမ်းကြ။
- လေယာဉ်ပေါ်ပါခရီးသည် ၂၀၀ ကျော်ကလည်း  သူတို့ ခရီးစဉ်နောက်ကျ ပေမဲ့ ကလေးနဲ့ အမေအတွက် ဝမ်းသာ, ဖုန်းတွေနဲ့ ဂါတ်ဖမ်း ဆိုရှယ် မီဒီယာ,တွေမှာတင်ကြ။
သတင်းစာ သတင်းဌာနဆိုတာ လူအများစိတ်ဝင်စားတဲ့ သတင်းတွေကို ရေဆုံးရေဖျားလိုက်ကြလေ့ရှိတာပါ။ 
အခုတော့ အမေက ဘယ်နိုင်ငံသား၊ ခန့်မှန်း အရွယ်၊ ဘယ်ကနေဘယ်ကိုသွားတဲ့ ခရီး၊ ကလေးက အသက်ဘယ်လောက်၊ သူခရီးဆက်ထွက်ဖြစ်သလား၊  နေခဲ့သလား၊ လေယာဉ် ဘယ်လောက်နောက်ကျသွားသလဲ၊ ဘာမှမပါတဲ့ တုံးတိတိသတင်း

(င) အထောက်အထားများ
သတင်းနဲ့ တွဲတင်ထားတဲ့ ဓါတ်ပုံတွေကတော့ သတင်းပါ အဖြစ်အပျက်က ပုံတွေတခုမှမဟုတ်ပဲ အဲဒီလေကြောင်းပိုင်လေယာဉ်တစီးစီးရဲ့ပုံ အမျိုးအစားပင် မတူကြအဲဒီလေဆိပ်ထဲကပုံတခုခု၊ လေဆိပ်တခုခုထဲက ကလေးတယောက်ယောက်ငိုနေတဲ့ပုံ စသည်ဖြင့် ထင်ယောင်ထင်များဖြစ်စရာပုံကလေးတွေကိုတွေ့ရပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်တဲ့ နေ့ကပုံတင်ထားတာ တခုမျှ မရှိပါ။


၄. သတင်းမြစ်ဖျားခံရာ အရင်း အမြစ် ကို ဆန်းစစ်ခြင်း၊ 
သတင်းအများစုက GulfNews မှာဒီလိူရေးတယ်ဆိုပြီး ဖေါ်ပြကြသလို GulfNews အပါဝင် တချို့ သတင်းတွေကတော့ ဆိုရှယ် မီဒီယာတွေမှာရေးနေတဲ့ Youtube video ကို ကိုးကားကြပါတယ်။
ဘယ်သူကမှ ဗွီဒီယိုထဲက ပြောဆိုနေတာတွေကို သေချာဆန်းစစ်ရေးထားတာမတွေ့ပါ။
အဲဒီဗွီဒီယိုက တကဲ့အဖြစ်မှန်ကိုရိုက်ထားတာပါလို့ ပြောလို့ မရပါဘူး။
အထက်မှာ ရေးထားသလို သံသယဖြစ်စရာတွေအများကြီးပါ။ 
ခိုင်မာမှုမရှိတဲ့ တခုတည်းသော အရင်းအမြစ် ဖြစ်နေပါတယ်။ 


၅. သီးခြားအတည်ပြုနိုင်ခြင်းရှိမရှိ ကို ဆန်းစစ်ခြင်း၊
သီးခြားအတည်ပြုနိုင်တဲ့ နည်းလမ်းများ
၁. သတင်းထောက်က သက်ဆိုင်ရာလေကြောင်းလိုင်းကို တိုက်ရိုက်မေးမြန်းခြင်း
၂. သတင်းထောက်က သက်ဆိုင်ရာလေယာဉ်ကွင်း အာဏာပိုင်ကိုမေးမြန်းုခင်း
၃. အဆိုပါလေယာဉ်ပါခရီးသည်များကို သတင်းထောက်က မေးမြန်းခြင်း
၄. အဆိုပါလေယာဉ်ပါခရီးသည်များ သူတို့အတွေ့အကြုံကို ဆိုရှယ်မီဒီယာများတွင် ရှဲထားတာကို ကိုးကားခြင်း။
ဒီလောက် ဖြစ်တောင့်ဖြစ်ခဲ အဖြစ်ကို ကြုံသူတွေဟာ ပါလာတဲ့ ဖုန်းတွေနဲ့ ဓါတ်ပုံ ဗွီဒီယိုတွေ ရိုက်ပြီး တင်ကြမှာသေချာပါတယ်။
( ၇၈၇ လေယာဉ်က ခရီးသည် ၂၀၀ ကျော်ဆံ့ပါတယ်)
ဒီလောက် ဖြစ်တောင့်ဖြစ်ခဲ အဖြစ်ကို ကြုံသူတခြားခ၇ီဂသည်တွေ တင်ထားတယ်ဆိုတဲ့ သတင်းတွေ ပုံတွေ အင်တာနက်နဲ့ ဆိုရှယ် မီဒီယာတွေမှာ ရှိကြည့်ပါ။ တခုမှ မတွေ့ရပါဘူး။

 အားလုံးကို ခြုံကြည့်တဲ့ အခါမှာတော့
(၁)  သတင်းကို သတင်းစာကြီးတွေရဲ့ ဆိုက်မှာဖေါ်ပြေပေမဲ့ သူတို့သတင်းထောက်ကရေးတာမဟုတ်ဘဲ သူများသတင်းကို ပြန်ရေးပြတာဖြစ်နေတယ်။
(၂) အချက် အလက်တွေက သံသယဖြစ်စရာ ပြည့်နေတယ်။
(၃) သတင်းအရင်းအမြစ်အားလုံးက ဘာမဟုတ်တဲ့ ဗွီဒီယိုကလေးတခုကမြစ်ဖျားခံတယ်။
(၄) သီးခြားအတည်ပြုနိုင်တဲ့ အခြေအနေတွေအများကြီးရှိပါလျက် အတည်မပြုနိုင်ဘူး။ 
အချုပ်ကတော့ သတင်းအတုသာဖြစ်ပါတယ် ခင်ဗျား။ 


အမေက ကလေးကို လေဆိပ်ထဲမှာမေ့ထားခဲ့ပြီး လေယာဉ်ပေါ်ကို တက်သွားတယ်ဆိုတာဖြစ်နိုင်လား
ကလေးအမေမေ့ခဲ့နိုင်တဲ့ ဥပမာတွေကတော့

- Dury free မှာ ဈေးဝယ်ပြီး လောလော လောလောထွက်လာလို့ကလေးကိုတွန်းလှည်းနဲ့ဆိုင်ထဲမှမေ့ခဲတာ။
- အိပ်နေတဲ့ကလေးကို တွန်းလှည်းထဲထည့်အိပ်သာအဝင်ေဘးမှာထားပြီး အိမ်သာဝင်၊ အထဲမှာဖုန်းပွတ်ရင်း facebook က စိတ်ဝင်စားစရာတွေ့လို့ ဖတ်ရင်းရှဲရင်း ပြန်ထွက်လာတော့ ကလေးကို မေ့ပြီး လေယာဉ်ပေါ်တက်တဲ့အထိဖုန်းဆက်ပွတ် နေတော့ အိမ်သာအဝမှာကလေး လှည်းနဲ့ ကျန်ခဲ့တာကိုမေ့။
- Boarding gate ထဲမှာ ထိုင်စောင့်ရင်း ကလေးတွန်းလှည်းကို လူတွေနဲ့လွတ်တဲ့ ချောင်တနေရာကို ရွှေ့ထား၊ သူက ဖုန်းပွတ်၊ လေယာဉ်ပေါ်တက်ဖို့ခေါ်တော့ ဖုန်းထဒက စိတ်ဝင်စားစရာကဖြတ်မရလို့ ကလေးကိုမေ့ခဲ့ပြီး ထွက်လာ။

လေကြောင်းလိုင်းမှတ်တမ်းမှာ
ကလေးက passport သတ်သတ်ရှိသည်ဖြစ်စေ အမေရဲ့  passportထဲ့မှာဖြည့်စွက်ထားပြီး နံပတ်တခုထဲသုံးသည်ဖြစ်စေ လက်မှတ်ကိုတော့ ကလေးအတွက် တစောင် သတ်သတ်ဝယ်ရပါတယ်။
အရွယ်မရောက်သေးတဲ့ ကလေးအတွက်လက်မှတ်ဝယ်လျင် လူကြီးတယောက်နဲ့တွဲ ဝယ်ရတာဖြစ်လို့ လေကြောင်းလိုင်းရဲ့ စာရင်းမှာ ကလေးနဲ့ အမေကို တွဲထားပြီး ဦးစားပေးထဲမှာ ထားပါတယ်။
ကလေးငယ်များအတွက် ရှေ့ဆုံတန်းနဲ့ ပုခက်၊  အစာစားတဲ့ကလေးအရွယ်အတွက် ကလေးစာကို အရွယ်အလိုက်စီစဉ်ပေးရတာဖြစ်လို့ပါ။

check in
ပြည်ပခရီးစဉ်ဖြစ်လို့ မဖြစ်မနေ လေဆိပ်ကောင်တာမှာ check in လုပ်ရပါမယ်။ အကယ်၍ အဲဒီမှာ ကလေးပါမလာလျင် ကောင်တာဝန်ထမ်းက သေချာပေါက်သိပြီဂ မေးမျာဖြစ်ပါတယ်။
Boarding pass  ကို ကလေးအတွက် တစောင်ထုတ်ပေးရမှာဖြစ်ပြီး ကလေး passport နဲ့  Boarding pass ၂ခုလုံး အမေရဲ့ passport နဲ့  Boarding pass တို့ နဲ့ အတူရှိ အမေထံမှာ။
လေယာဉ်ပြောင်းစီးသူဖြစ်လျင်တော့ ဒီအဆင့်ကို ထည့်တွက်လို့မရတော့ပါ။

Boarding gate
Boarding gate မှာ passport နဲ့  Boarding pass ကို စစ်ဆေးပါတယ်၊ စစ်ဆေးပုံ ကအမျိုးမျိုးရှိပါတယ်။
တခါတလေ Boarding gate အဝင်မှာကတည်း စစ်ထားပြီး လေယာဉ်ပေါ် အတက်မှာ Boarding pass  ကိုပဲ စစ်သလို၊  တခါတလေတော့ လေယာဉ်ပေါ် အတက်မှ Boarding pass နဲ့ passport  အတူ စစ်ပါတယ်။
ဘယ်လိုပဲစစ်စစ် လေယာဉ်ပေါ် အတက်မှာ လူတယောက်ထဲနဲ့  Boarding pass ၂ခုပြလို့မရပါဘူး။ လူကုန်လျင် ဖြစ်သွားတဲ့ Boarding pass နဲ့  ခရီးသည်စာရင်းတိုက်စစ်လို့ လူကျန်နေလျင် သိပါတယ်။
နောက်တခုကတော့ ဘယ်လေဆိပ်မဆို  သက်ကြီးရွယ်အိုနဲ့ ကလေးငယ်ပါတဲ့ ခရီးသည်တွေကို အရင်တက်ဖို့ခေါ်ပါတယ်။
အဲဒါကြောင့် ကလေးပါတဲ့ အမေကို သတိပေးသလို ဖြစ်ပါတယ်။ ထားပါ ဖုန်းပွတ်နေလို့  သတိမထားမိဘူးဖြစ်ဖြစ်။ အရောက်နောက်ကျလို့ လူအများနဲ့ ရော ဝင်ရတယ်ဆိုဆို မေ့နိုင်ပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လေယာဉ်ပေါ် အတက်မှာ လူတယောက်ထဲနဲ့  Boarding pass ၂ခုပြလို့မရပါဘူး။
လူကုန်လျင် လေယာဉ်ပေါ်တက်သွားတဲ့ Boarding pass နဲ့  ခရီးသည်စာရင်းတိုက်စစ်လို့ ၊ တက်ဖို့ လူကျန်နေလျင် သိပါတယ်။
ဒါကြောင့် ကလေးမပါဘဲ အမေပဲလေယာဉ်ပေါ်ကိုတက်သွားလျင်  လေကြောင်းလိုင်းဝန်ထမ်းတွေ မသိစရာမရှိပါ။

Wednesday, March 13, 2019

အခုေခတ္ မီဒီယာဆိုတာ


မီဒီယာဆိုတာ (Zawgyi font) 
ဒီေန႔ ၁၂-၃-၂၁၀၉ မွာအင္တာနက္က သတင္းေတြမွာ ေဟာ့ေနတာကေတာ့ ေဆာ္ဒီယာ ေလေၾကာင္းက ခရီးစဥ္ SV832 ( Jeddah to Kuala Lumpur)  ေလယာဥ္ေပၚကခရီးသည္ အမ်ိဳးသမီး တေယာက္က သူမရဲ႕ ကေလး ကိုေလဆိပ္ထဲမွာ ေမ့က်န္ခဲ့ပါတယ္ဆိုလို႔ ေလယာဥ္တက္ၿပီးမွ ေလဆိပ္ကို အေၾကာင္းၾကားၿပီး ျပန္လည္ဆင္းသက္ခဲ့ရတယ္ဆိုတဲ့ သတင္းပါ။ နမူနာသတင္းတခ်ိဳ႕ကိုဖတ္ႏိုင္ဖို႔လင့္ေတြဒီမွာပါ။ newsweek တို႔ foxnews တို႔လည္းပါပါတယ္။ 

https://www.newsweek.com/mother-baby-airport-plane-turn-around-terminal-jeddah-saudia-saudi-arabia-1358072
https://www.telegraph.co.uk/news/2019/03/12/flight-malaysia-forced-turn-around-mother-leaves-baby-airport/
https://simpleflying.com/saudia-flight-makes-a-u-turn-after-passenger-forgets-baby-in-airport/
https://www.independent.co.uk/travel/news-and-advice/saudia-flight-baby-airport-terminal-jeddah-kuala-lumpur-a8817966.html
https://www.foxnews.com/travel/flight-returns-saudi-arabia-airport-mom-left-baby-waiting-area
https://economictimes.indiatimes.com/magazines/panache/leaving-on-a-jet-plane-mother-forgets-baby-at-jeddah-airport-makes-flight-take-a-u-turn-after-take-off/articleshow/68370611.cms

သတင္းအားလုံးရဲ႕ အရင္းအျမစ္ကေတာ့ Youtube video တခုထဲပါ။ အဲဒီထဲမွာ ေလဆိပ္ ထိန္းခ်ဳပ္ေမ်ာ္စင္ကလို႔ဆိုတဲ့ စကားေျပာစက္နဲ႔ ပိုင္းေလာ့ဆိုသူတို႔ေျပာဆိုေနတာေတြကို တင္ထားတာပါ။

ဒီသတင္းရဲ႕ ခိုင္မာမႈကို ဆန္းစစ္ၾကည့္ရေအာင္။

(၁) ေလယာဥ္ စီးဖို႔ ကေလးရဲ႕ ပါ့စ္ပို႔နဲ႔ ဘုတ္ဒင္းပါ့စ္ကို ကေလးက မကိုင္ပါ၊ အေမလက္ထဲမွာရွိရမွာ။ ကေလးက ပါ့စ္ပို႔သတ္သတ္မရွိေသးလို႔ အေမ့စာအုပ္ထဲမွာပဲ ရွိေနေတာင္ ဘုတ္ဒင္းလုပ္ရင္ ဝန္ထန္းေတြက ကေလးမပါမွန္း သိႏိုင္ပါတယ္၊  သူတိုက လူနဲ႔ ပါ့စ္ပို႔နဲ႔ ဘုတ္ဒင္းပါစ္တို႔ကို တိုက္စစ္ရပါတယ္။ 

(၂) ဘယ္အဲယားလိုင္းမဆို ကေလးပါတဲ့ ခရီးသည္ေတြကို ဦးစားေပးၿပီး အရင္တက္ခိုင္းတာမို႔ အေမအေနနဲ႔ “ ကေလးငယ္နဲ႔ ခရီးသည္မ်ားတက္လို႔ရၿပီ” လို႔ေခၚလ်င္ ကိုယ့္ကေလး ကို ေမ့စရာမရွိပါ။

(၃) ေနာက္တခုက ဘုတ္ဒင္းဂိတ္ထဲမွာ ကေလးက်န္ခဲ့ ရင္ ဂိတ္ဝန္ထမ္းေတြ မသိတာလုံးဝ မျဖစ္ႏိုင္ပါ။လူကုန္မွ ဂိတ္ပိတ္တာပါ။ 

(၄) ေလယာဥ္မထြက္ခင္ ေလယာဥ္ဝန္ထမ္းေတြက ေလယာဥ္ေပၚမွာလူစစ္ပါေသးတယ္။ ကိုယ့္ကေလး ပါမလာတာကို ေလယာဥ္ထြက္တဲ့ အထိမသိေသးဘူးဆိုတာ အေတာ္ထူးျခားပါတယ္။ 

(၅) ထူးဆန္းတာကေတာ့ ဘယ္သတင္းစာ သတင္းဌာနကမွ ဆိုင္ရာေလေၾကာင္းလိုင္းကို ဆက္သြယ္ၿပီး ေမးထားတာ ေရးထားတာမရွိတာပါပဲ။

(၆) ဒါတြင္မက ဘယ္ေန႔ကျဖစ္တယ္၊ ဘယ္ကခရီးသည္၊ ကေလးက အသက္ဘယ္ေလာက္၊ ေနာက္ဆုံကေလးကို ျပန္ေတြ႕သလား ဘယ္လိုေပါင္းစည္းသြားလည္း စတဲ့ စိတ္ဝင္စားစရာအခ်က္အလက္ေတြ လုံးဝမပါဘူး။ သတင္း အမ်ားစုက အရင္းအျမစ္တခုတည္းကေန တိုက္႐ိုက္ကူးယူထားတာျဖစ္ၿပီး သတင္းနဲ႔ နီးစပ္တဲ့ ပုံတခ်ိဳ႕ကို အင္တာနက္က ေနယူၿပီး တင္ထားပါေသးတယ္။ တခ်ိ႕က အဲဒီေလေၾကာင္းရဲ႕ ေလယာဥ္ တစီးစီးရဲ႕ ပုံအေဟာင္းေတြကိုတင္ၿပီ တခ်ိဳ႕က ေလဆိပ္ထဲကပုံကိုတင္ပါတယ္။ 

(၇) အဲဒီထဲကေရဒီယိုမ်ိဳးကို Jeddah က King Abdul Aziz International Airport  ေလဆိပ္ႀကီး ကထိန္းခ်ဳပ္ေမ်ာ္စင္မွာမသုံးပါ၊ သူတို႔က နားၾကပ္တပ္ၿပီး ေရဒါကိုလည္းၾကည့္ ကြန္ထ႐ိုးဘုတ္ေပၚက ေလယာဥ္ နံပတ္အတုံးကေလးေတြကိုလည္း စစ္ရင္း ေျပာၾကဆိုၾကတာပါ။ ဗြီဒီယိုထဲကလို ေၾကနန္းစက္လို ေရဒီယိုနဲ႔ မေျပာပါ။ ဗြီဒီယိုထဲက အခန္းကဆက္သြယ္ေရး႐ုံးကလို အခန္းဖြဲ႕ေတြနဲ႔ပါ။ ေလဆိပ္ေမ်ာ္စင္အခန္းနဲ႔ လုံးဝမတူပါ။ အဲလိုသာ ေရဒီယီုထဲက အသံေတြ အျပင္ကၾကားေနရရင္ တခ်ိန္ထဲ အလုပ္အတူလုပ္ေနတဲ့ တျခားထိန္းခ်ဳပ္သူေတြ ကို ေႏွာက္အယွက္ ျဖစ္လို႔ ဆုံးမွာမဟုတ္ပါ. 

(၈) အဲဒီ ဗြီဒီယိုကို တင္တာ ၁၁-၃-၁၉ ရက္စြဲနဲံ့ျဖစ္ၿပီး အဲဒီေလယာဥ္ခရီးစဥ္က မတ္လ ၁၀ ရက္နဲ႔ ၁၁ရက္မွာ မရွိပါဘူး။ ရွိတဲ့ အနီးဆုံး  မတိလ ၅-၈နဲ႔ ၉ ရက္ ခရီး ပ်ံသန္းရာဇဝင္မွာ ျပန္လွည့္တဲ့ မွတ္တမ္းလည္းမေတြ႕ပါ။ ေလယာဥ္ခရီးစဥ္နဲ႔ ပ်ံသန္းတဲ့ အခ်က္အလက္ေတြကို ဒီမွာၾကည့္ပါ
https://www.flightradar24.com/data/flights/sv832#1fb4a136
ေနာက္တေနရာက ( ဂရင္းနစ္ အခ်ိန္နဲ႔ ျပလို႔ ရက္စြဲကြာပါတယ္)
https://flightaware.com/live/flight/SVA832/history/20190305/2035Z/OEJN/WMKK

(၉) ေလယာဥ္ေတြ ေလဆိပ္ကိုျပန္လွည့္ရင္ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ရွိရပါတယ္။ 
(၁၀) King Abdul Aziz International Airport ဆိုတာ ေျပးလမ္းသုံးခုရွိတဲ့ ေလဆိပ္ အႀကီးစားပါ။ 
ေလဆိပ္ ထိန္းခ်ဳပ္ေမ်ာ္စင္ကေန ပိုင္းေလာ့ကို “ ေအး ဂိတ္ကို ျပန္လာခဲ့” လို႔ ေခၚလို႔မရပါ။ ေလယာဥ္ပ်ံရမဲ့ လမ္းေၾကာင္း၊ အျမင့္ေပ၊ လားရာတို႔ကို အေသးစိပ္ကို ျပန္ စီစဥ္ၿပီး ေျပာေပးရပါတယ္။ လက္ရွိ ဆင္းဖို႔ တက္ဖို႔ တန္းစီထားတဲ့ ေလယာဥ္ေတြၾကား ထည့္ေပးဖို႔ ညႇိရ ေျပာင္းရလို႔ ခ်က္ ခ်င္းလွည့္ခိုင္းလို႔မရပါ။ ပ်ံမတက္ရေသးလို႔ ေျပးလမ္းမွာ တန္းစီတုန္းဆိုလ်င္ေတာင္ ျပန္လွည့္ခ်င္တိုင္းလွည့္လို႔မရပါ။ ေျမျပင္ထိန္းခ်ဳပ္သူက ေျမျပင္ေရဒါၾကည့္ၿပီး  တျခား တန္းစီေနတဲ့ ေလယာဥ္ေတြကို မထိခိုက္ေအာင္ ဘယ္တကၠစီေဝးကေန ဘယ္ကို ဝင္ဘယ္ကိုလွည့္ စသည္ျဖင့္ အေသးစိပ္ၫႊန္ၾကားေပးၿပီးမွ ဂိတ္ကိုျပန္လွည့္လို႔ရတာပါ။ 

ၿခဳံေျပရရင္ေတာ့ မီဒီယာေတြအမ်ားစုဟာ လူ စိတ္ဝင္စားတဲ့ အဖတ္မ်ား အၾကည့္မ်ားတဲ့ သတင္းေတြေနာက္ကိုလိုက္ၿပီး သတင္းရဲ႕ အရင္းျမစ္ကို ေသခ်ာ မစိစစ္ဘဲ၊ သတင္း စတင္ တဲ့ သူကို ပုံခ်ၿပီး ေရးၾက၊ တင္ၾကတယ္ဆိုတာပါပဲ။

newsweek တို႔ foxnews တို႔ေတာင္ီဒလိုလုပ္လ်င္ ဘီ႐ုမာျပည္က သတင္းဌာနေတြကေတာ့ ..............

ခုေခတ္မွာ သတင္းဆို တိုင္းမယုံနဲ႔ အတင္းကပိုမ်ားပါတယ္။
ဖိုးသုည 

13-3-19


မီဒီယာဆိုတာ (Unicode) 
ဒီနေ့ ၁၂-၃-၂၁၀၉ မှာအင်တာနက်က သတင်းတွေမှာ ဟော့နေတာကတော့ ဆော်ဒီယာ လေကြောင်းက ခရီးစဉ် SV832 ( Jeddah to Kuala Lumpur)  လေယာဉ်ပေါ်ကခရီးသည် အမျိုးသမီး တယောက်က သူမရဲ့ ကလေး ကိုလေဆိပ်ထဲမှာ မေ့ကျန်ခဲ့ပါတယ်ဆိုလို့ လေယာဉ်တက်ပြီးမှ လေဆိပ်ကို အကြောင်းကြားပြီး ပြန်လည်ဆင်းသက်ခဲ့ရတယ်ဆိုတဲ့ သတင်းပါ။ နမူနာသတင်းတချို့ကိုဖတ်နိုင်ဖို့လင့်တွေဒီမှာပါ။ newsweek တို့ foxnewsတို့လည်းပါပါတယ်။

https://www.newsweek.com/mother-baby-airport-plane-turn-around-terminal-jeddah-saudia-saudi-arabia-1358072

သတင်းအားလုံးရဲ့ အရင်းအမြစ်ကတော့ Youtubevideo တခုထဲပါ။ အဲဒီထဲမှာ လေဆိပ် ထိန်းချုပ်မျော်စင်ကလို့ဆိုတဲ့ စကားပြောစက်နဲ့ ပိုင်းလော့ဆိုသူတို့ပြောဆိုနေတာတွေကို တင်ထားတာပါ။


ဒီသတင်းရဲ့ ခိုင်မာမှုကို ဆန်းစစ်ကြည့်ရအောင်။

(၁) လေယာဉ် စီးဖို့ ကလေးရဲ့ ပါ့စ်ပို့နဲ့ ဘုတ်ဒင်းပါ့စ်ကို ကလေးက မကိုင်ပါ၊ အမေလက်ထဲမှာရှိရမှာ။ ကလေးက ပါ့စ်ပို့သတ်သတ်မရှိသေးလို့ အမေ့စာအုပ်ထဲမှာပဲ ရှိနေတောင် ဘုတ်ဒင်းလုပ်ရင် ဝန်ထန်းတွေက ကလေးမပါမှန်း သိနိုင်ပါတယ်၊  သူတိုက လူနဲ့ ပါ့စ်ပို့နဲ့ ဘုတ်ဒင်းပါစ်တို့ကို တိုက်စစ်ရပါတယ်။

(၂) ဘယ်အဲယားလိုင်းမဆို ကလေးပါတဲ့ ခရီးသည်တွေကို ဦးစားပေးပြီး အရင်တက်ခိုင်းတာမို့ အမေအနေနဲ့ “ ကလေးငယ်နဲ့ ခရီးသည်များတက်လို့ရပြီ” လို့ခေါ်လျင် ကိုယ့်ကလေး ကို မေ့စရာမရှိပါ။

(၃) နောက်တခုက ဘုတ်ဒင်းဂိတ်ထဲမှာ ကလေးကျန်ခဲ့ ရင် ဂိတ်ဝန်ထမ်းတွေ မသိတာလုံးဝ မဖြစ်နိုင်ပါ။လူကုန်မှ ဂိတ်ပိတ်တာပါ။

(၄) လေယာဉ်မထွက်ခင် လေယာဉ်ဝန်ထမ်းတွေက လေယာဉ်ပေါ်မှာလူစစ်ပါသေးတယ်။ ကိုယ့်ကလေး ပါမလာတာကို လေယာဉ်ထွက်တဲ့ အထိမသိသေးဘူးဆိုတာ အတော်ထူးခြားပါတယ်။

(၅) ထူးဆန်းတာကတော့ ဘယ်သတင်းစာ သတင်းဌာနကမှ ဆိုင်ရာလေကြောင်းလိုင်းကို ဆက်သွယ်ပြီး မေးထားတာ ရေးထားတာမရှိတာပါပဲ။

(၆) ဒါတွင်မက ဘယ်နေ့ကဖြစ်တယ်၊ ဘယ်ကခရီးသည်၊ ကလေးက အသက်ဘယ်လောက်၊ နောက်ဆုံကလေးကို ပြန်တွေ့သလား ဘယ်လိုပေါင်းစည်းသွားလည်း စတဲ့ စိတ်ဝင်စားစရာအချက်အလက်တွေ လုံးဝမပါဘူး။ သတင်း အများစုက အရင်းအမြစ်တခုတည်းကနေ တိုက်ရိုက်ကူးယူထားတာဖြစ်ပြီး သတင်းနဲ့ နီးစပ်တဲ့ ပုံတချို့ကို အင်တာနက်က နေယူပြီး တင်ထားပါသေးတယ်။ တချိ့က အဲဒီလေကြောင်းရဲ့ လေယာဉ် တစီးစီးရဲ့ ပုံအဟောင်းတွေကိုတင်ပြီ တချို့က လေဆိပ်ထဲကပုံကိုတင်ပါတယ်။

(၇) အဲဒီထဲကရေဒီယိုမျိုးကို Jeddah က King Abdul Aziz International Airport လေဆိပ်ကြီး ကထိန်းချုပ်မျော်စင်မှာမသုံးပါ၊ သူတို့က နားကြပ်တပ်ပြီး ရေဒါကိုလည်းကြည့် ကွန်ထရိုးဘုတ်ပေါ်က လေယာဉ် နံပတ်အတုံးကလေးတွေကိုလည်း စစ်ရင်း ပြောကြဆိုကြတာပါ။ ဗွီဒီယိုထဲကလို ကြေနန်းစက်လို ရေဒီယိုနဲ့ မပြောပါ။ ဗွီဒီယိုထဲက အခန်းကဆက်သွယ်ရေးရုံးကလို အခန်းဖွဲ့တွေနဲ့ပါ။ လေဆိပ်မျော်စင်အခန်းနဲ့ လုံးဝမတူပါ။
အဲလိုသာ ရေဒီယီုထဲက အသံတွေ အပြင်ကကြားနေရရင် တချိန်ထဲ အလုပ်အတူလုပ်နေတဲ့ တခြားထိန်းချုပ်သူတွေ ကို နှောက်အယှက် ဖြစ်လို့ ဆုံးမှာမဟုတ်ပါ.



(၈) အဲဒီ ဗွီဒီယိုကို တင်တာ ၁၁-၃-၁၉ ရက်စွဲနဲံ့ဖြစ်ပြီး အဲဒီလေယာဉ်ခရီးစဉ်က မတ်လ ၁၀ ရက်နဲ့ ၁၁ရက်မှာ မရှိပါဘူး။ ရှိတဲ့ အနီးဆုံး  မတိလ ၅-၈နဲ့ ၉ ရက် ခရီး ပျံသန်းရာဇဝင်မှာ ပြန်လှည့်တဲ့ မှတ်တမ်းလည်းမတွေ့ပါ။ လေယာဉ်ခရီးစဉ်နဲ့ ပျံသန်းတဲ့ အချက်အလက်တွေကို ဒီမှာကြည့်ပါ

နောက်တနေရာက ( ဂရင်းနစ် အချိန်နဲ့ ပြလို့ ရက်စွဲကွာပါတယ်)

(၉) လေယာဉ်တွေ လေဆိပ်ကိုပြန်လှည့်ရင် ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရပါတယ်။

(၁၀) King Abdul Aziz International Airport ဆိုတာ ပြေးလမ်းသုံးခုရှိတဲ့ လေဆိပ် အကြီးစားပါ။ 

လေဆိပ် ထိန်းချုပ်မျော်စင်ကနေ ပိုင်းလော့ကို “ အေး ဂိတ်ကို ပြန်လာခဲ့” လို့ ခေါ်လို့မရပါ။ လေယာဉ်ပျံရမဲ့ လမ်းကြောင်း၊ အမြင့်ပေ၊ လားရာတို့ကို အသေးစိပ်ကို ပြန် စီစဉ်ပြီး ပြောပေးရပါတယ်။ လက်ရှိ ဆင်းဖို့ တက်ဖို့ တန်းစီထားတဲ့ လေယာဉ်တွေကြား ထည့်ပေးဖို့ ညှိရ ပြောင်းရလို့ ချက် ချင်းလှည့်ခိုင်းလို့မရပါ။ ပျံမတက်ရသေးလို့ ပြေးလမ်းမှာ တန်းစီတုန်းဆိုလျင်တောင် ပြန်လှည့်ချင်တိုင်းလှည့်လို့မရပါ။ မြေပြင်ထိန်းချုပ်သူက မြေပြင်ရေဒါကြည့်ပြီး  တခြား တန်းစီနေတဲ့ လေယာဉ်တွေကို မထိခိုက်အောင် ဘယ်တက္ကစီဝေးကနေ ဘယ်ကို ဝင်ဘယ်ကိုလှည့် စသည်ဖြင့် အသေးစိပ်ညွှန်ကြားပေးပြီးမှ ဂိတ်ကိုပြန်လှည့်လို့ရတာပါ။
ခြုံပြေရရင်တော့ မီဒီယာတွေအများစုဟာ လူ စိတ်ဝင်စားတဲ့ အဖတ်များ အကြည့်များတဲ့ သတင်းတွေနောက်ကိုလိုက်ပြီး သတင်းရဲ့ အရင်းမြစ်ကို သေချာ မစိစစ်ဘဲ၊ သတင်း စတင် တဲ့ သူကို ပုံချပြီး ရေးကြ၊ တင်ကြတယ်ဆိုတာပါပဲ။

newsweek တို့ foxnews တို့တောင်ီဒလိုလုပ်လျင် ဘီရုမာပြည်က သတင်းဌာနတွေကတော့ ..............
ခုခေတ်မှာ သတင်းဆို တိုင်းမယုံနဲ့ အတင်းကပိုများပါတယ်။
ဖိုးသုည
13-3-19

Monday, March 4, 2019


WORLD HEARING DAY


ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မတ်လ ၃ ရက်နေ့ကို  WORLD HEARING DAY လို့ သတ်မှတ်ထားပါတယ်။၊
မြန်မာလိုတော့ နိုင်ငံတကာ သောတအာရုံနေ့လို့ ပြန်ဆိုရမလားပဲ။
ဒီနှစ် ၂၀၁၉ WORLD HEARING DAY အတွက်ဆောင်ပုဒ်ကတော့ “ သင့်အကြားအာရုံကို စစ်ဆေးပါ “ လို့ ဆိုပါတယ်။ The theme for World Hearing Day in 2019 is “Check your hearing!”
ဘယ်လိုစစ်လို့ရတယ်ဆိုတာကိုပါတပါတည်း မျှဝေးပေးထားပါတယ်။ မိမိအကြားအာရုံကို စစ်လို့ရတဲ့ အပ် (app)  ကလေး တွေရဲ့ လင့်ကို အောက်မှာထည့်ပေးထားပါတယ်။ ဒီ app ကိုသုံးပြီးမိမိအကြားအာရုံကို စမ်းသပ်လို့ ရတဲ့ အဖြေက ဆေးရုံဆေးခန်းတွေမှာ  စနစ်တကျ စမ်းလို့ ရတဲ့ Audiometry အဖြေလိုတော့ တိကျနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုစမ်းလို့ အကြားအာရုံ ချို့ယွင်းနေတယ်လို့ အဖြေထွက်လာလျင်တော့ နား၊ နှခေါင်းဆရာဝန်နဲ့ ပြပြီး စနစ်တကျ စစ်ဆေးဖို့ လို အပ်လာပါပြီ။
ပိုအရေးကြီးတာက မိမိအကြားအာရုံကို ထိခိုက်စေနဲ့ ကိစ္စတွေကို ဂရုတစိုက်နဲ့ ရှောင်ရှားဖို့ လိုလာပြီဆိုတာကိုတော့ သတိထားနိုင်မှာ ဖြစ်ပါတယ်။
စမ်းဖို့ နားကြပ် လိုအပ်သလို တိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်လည်းလိုအပ်ပါတယ်။

ဒီနှစ်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အကြားအာရုံချို့ယွင်းမှုနဲ့ ပတ်သက်ပြီး လူအများ သိထားသင့် သတိထားသင့်တဲ့ အချက် ၁၀ ချက်ကို အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်။

၁. ကမ္ဘာမှာ လူဦးရေ သန်း ၃၆၀ ဟာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရပါတယ်။
၂. သတိမမူမိကြတဲ့ အဲဒီ အကြားအာရုံချို့တဲ့ မှုပြသနာကို ရင်ဆိုင်ရာမှာ နိုင်ငံတကာဒေါ်လာ ဘီလီယံ ၇၅၀  အကုန်အကျခံနေရပါတယ်၊
၃. လက်ရှိမှာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရတဲ့ ကလေးငယ် ၃၂ သန်းရှိပါတယ်။
၄. ရေရှည် နားပြည်ယို၊ နားကိုက် ပိုးဝင်ရောဂါများက အကြားအာရုံချို့တဲ့မှုရဲ့ အဓိကတရားခံများဖြစ်ခဲ့ပါတယ်.
၅. အသက် ၆၅နှစ် အထက်ရှိသူ များရဲ့ သုံးပုံတပုံဟာ အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရပါတယ်။
၆. ဆူညံသံဟာ ကာကွယ်လို့ရတဲ့ အဓိက အကြားအာရုံချို့တဲ့မှုကို ဖြစ်စေတဲ့တရားခံတခုဖြစ်ပါတယ်။
ရ. လုပ်ငန်းခွင် ဆူညံသံများ နဲ့နားကို ထိခိုက်စေတဲ့ ဆေးဝါးများကလည်း အကြားအာရုံချို့တဲ့မှုကို ဖြစ်စေပါတယ်။
၈. အကြားအာရုံချို့တဲ့ မှုဒုက္ခကိုခံစားနေရတဲ့သူတွေကို  အသံထိန်းညှိပေးတဲ့ နားကြားကြိယာကိုသုံးခြင်း (သို့) အတွင်းနားက အစိပ်အပိုင်းကို အစားထိုးဖြင်းဖြင့် ကူညီပေးနိုင်ပါတယ်။၊
၉. အကြားအာရုံချို့တဲ့သူများသုံးတဲ့ လက်ချောင်း သင်္ကေတ ဘာသာကို သုံးစွဲခြင်း၊ သင်္ကေတ ကိကု တွဲ၍ ဖေါ်ပြပေးခြင်းအားဖြင့်လည်း ထိုသူများကို ကူညီနိုင်ပါတယ်။
၁၀ ကလေးသူငယ်များ မှာဖြစ်တဲ့  အကြားအာရုံချွတ်ယွင်းမှူရဲ့ ၆၀ ရာခိုင်နှန်း ( ခြောက်ဆယ် ရာနှူန်း) ဟာ လူထုကျန်းမာရေး လုပ်ငန်းများမှ တဆင့် ကာကွယ် ပေးလို့ရပါတယ်။

ကာကွယ်လို့ရပြီး လူတွေ သတိမထားမိကြတဲ့ ဆူညံသံကြောင့်ဖြစ်တဲ့ အကြားအာရုံချွတ်ယွင်းမှူ အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်၊

ဖိုးသုည
၄-၃-၂၀၁၉

app download links












WORLD HEARING DAY 
(Zawgyi font) 

ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက မတ္လ ၃ ရက္ေန႔ကို  WORLD HEARING DAY လို႔ သတ္မွတ္ထားပါတယ္။၊
ျမန္မာလိုေတာ့ ႏိုင္ငံတကာ ေသာတအာ႐ုံေန႔လို႔ ျပန္ဆိုရမလားပဲ။
ဒီႏွစ္ ၂၀၁၉ WORLD HEARING DAY အတြက္ေဆာင္ပုဒ္ကေတာ့ “ သင့္အၾကားအာ႐ုံကို စစ္ေဆးပါ “ လို႔ ဆိုပါတယ္။ The theme for World Hearing Day in 2019 is “Check your hearing!”
ဘယ္လိုစစ္လို႔ရတယ္ဆိုတာကိုပါတပါတည္း မွ်ေဝးေပးထားပါတယ္။ မိမိအၾကားအာ႐ုံကို စစ္လို႔ရတဲ့ အပ္ ( app)  ကေလး ေတြရဲ႕ လင့္ကို ေအာက္မွာထည့္ေပးထားပါတယ္။ ဒီ app ကိုသုံးၿပီးမိမိအၾကားအာ႐ုံကို စမ္းသပ္လို႔ ရတဲ့ အေျဖက ေဆး႐ုံေဆးခန္းေတြမွာ  စနစ္တက် စမ္းလို႔ ရတဲ့ Audiometry အေျဖလိုေတာ့ တိက်ႏိုင္မွာမဟုတ္ပါဘူး။ ဒါေပမဲ့ ဒီလိုစမ္းလို႔ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းေနတယ္လို႔ အေျဖထြက္လာလ်င္ေတာ့ နား၊ ႏွေခါင္းဆရာဝန္နဲ႔ ျပၿပီး စနစ္တက် စစ္ေဆးဖို႔ လို အပ္လာပါၿပီ။ 
ပိုအေရးႀကီးတာက မိမိအၾကားအာ႐ုံကို ထိခိုက္ေစနဲ႔ ကိစၥေတြကို ဂ႐ုတစိုက္နဲ႔ ေရွာင္ရွားဖို႔ လိုလာၿပီဆိုတာကိုေတာ့ သတိထားႏိုင္မွာ ျဖစ္ပါတယ္။ 
စမ္းဖို႔ နားၾကပ္ လိုအပ္သလို တိတ္ဆိတ္နဲ႔ ပတ္ဝန္းက်င္လည္းလိုအပ္ပါတယ္။

ဒီႏွစ္မွာ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက အၾကားအာ႐ုံခ်ိဳ႕ယြင္းမႈနဲ႔ ပတ္သက္ၿပီး လူအမ်ား သိထားသင့္ သတိထားသင့္တဲ့ အခ်က္ ၁၀ ခ်က္ကို ေအာက္ပါအတိုင္းထုတ္ျပန္ထားပါတယ္။ 
၁. ကမာၻမွာ လူဦးေရ သန္း ၃၆၀ ဟာ အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈဒုကၡကိုခံစားေနရပါတယ္။ 
၂. သတိမမူမိၾကတဲ့ အဲဒီ အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈျပသနာကို ရင္ဆိုင္ရာမွာ ႏိုင္ငံတကာေဒၚလာ ဘီလီယံ ၇၅၀  အကုန္အက်ခံေနရပါတယ္၊ 
၃. လက္ရွိမွာ အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈဒုကၡကိုခံစားေနရတဲ့ ကေလးငယ္ ၃၂ သန္းရွိပါတယ္။ 
၄. ေရရွည္ နားျပည္ယို၊ နားကိုက္ ပိုးဝင္ေရာဂါမ်ားက အၾကားအာ႐ုံခ်ိဳ႕တဲ့မႈရဲ႕ အဓိကတရားခံမ်ားျဖစ္ခဲ့ပါတယ္. 
၅. အသက္ ၆၅ႏွစ္ အထက္ရွိသူ မ်ားရဲ႕ သုံးပုံတပုံဟာ အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈဒုကၡကိုခံစားေနရပါတယ္။ 
၆. ဆူညံသံဟာ ကာကြယ္လို႔ရတဲ့ အဓိက အၾကားအာ႐ုံခ်ိဳ႕တဲ့မႈကို ျဖစ္ေစတဲ့တရားခံတခုျဖစ္ပါတယ္။ 
ရ. လုပ္ငန္းခြင္ ဆူညံသံမ်ား နဲ႔နားကို ထိခိုက္ေစတဲ့ ေဆးဝါးမ်ားကလည္း အၾကားအာ႐ုံခ်ိဳ႕တဲ့မႈကို ျဖစ္ေစပါတယ္။ 
၈. အၾကားအာ႐ုံခ်ိဳ႕တဲ့ မႈဒုကၡကိုခံစားေနရတဲ့သူေတြကို  အသံထိန္းညႇိေပးတဲ့ နားၾကားႀကိယာကိုသုံးျခင္း (သို႔) အတြင္းနားက အစိပ္အပိုင္းကို အစားထိုးျဖင္းျဖင့္ ကူညီေပးႏိုင္ပါတယ္။၊
၉. အၾကားအာ႐ုံခ်ိဳ႕တဲ့သူမ်ားသုံးတဲ့ လက္ေခ်ာင္း သေကၤတ ဘာသာကို သုံးစြဲျခင္း၊ သေကၤတ ကိကု တြဲ၍ ေဖၚျပေပးျခင္းအားျဖင့္လည္း ထိုသူမ်ားကို ကူညီႏိုင္ပါတယ္။ 
၁၀ ကေလးသူငယ္မ်ား မွာျဖစ္တဲ့  အၾကားအာ႐ုံခြၽတ္ယြင္းမႉရဲ႕ ၆၀ ရာခိုင္ႏွန္း ( ေျခာက္ဆယ္ ရာႏႉန္း) ဟာ လူထုက်န္းမာေရး လုပ္ငန္းမ်ားမွ တဆင့္ ကာကြယ္ ေပးလို႔ရပါတယ္။ 

ကာကြယ္လို႔ရၿပီး လူေတြ သတိမထားမိၾကတဲ့ ဆူညံသံေၾကာင့္ျဖစ္တဲ့ အၾကားအာ႐ုံခြၽတ္ယြင္းမႉ အေၾကာင္းကို ဒီမွာ ဖတ္ႏိုင္ပါတယ္၊ 


ဖိုးသုည
၄-၃-၂၀၁၉

app download links



ကိုးကား  

http://www.deafbiblemyanmar.net/en/about-us
http://www.deafbiblemyanmar.net/mm/%E1%80%95%E1%80%AF%E1%80%B6%E1%80%95%E1%80%BC%E1%80%84%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8