Wednesday, July 31, 2019

နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတာ အသုံးမက်တဲ့ကားေတြလား (နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွား အသုံးမကျတဲ့ကားတွေလား)

နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတာ အသုံးမက်တဲ့ကားေတြလား

“ စက္ဘီးနဲ႔တိုက္မိတာ စက္ဘီးဘာမွမျဖစ္ဘဲ ကားဘန္ပါခ်ိဳင့္သြားတယ္။ တ႐ုပ္က ထုတ္တဲ့မာစီဒီးေလ။
ဆိုင္ကယ္နဲ႔တိုက္တာ ကားေခါင္းနည္းနည္းေၾကသြားတယ္။ သီလဝါကထုတ္ေတာ့ ပစၥည္းခိုထားတာကိုး၊
ေခြးကိုတိုက္မိ႐ုံနဲ႔ ဘန္ပါခ်ိဳင့္သြားတယ္၊ ဂ်ပန္ကားဆီစားသက္သာၿပီးေဈးေပါေအာင္ ပလတ္စတစ္ေတြသုံးထားတာကိုး။ “
၁ ဘီအမ္ဒဘလ်ဴပါခညာ

ေဖ့စ္ဘြတ္ေပၚက လူအမ်ားရွဲလို႔ေကာင္းေနတဲ့ နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတဲ့ အေပါစားကားေတြ အသုံးမက်တဲ့ကားေတြအေၾကာင္းနည္းနည္းေရးပါရေစ။

အဖိုးတို႔ေခတ္တုံးကေတာ့ ခပ္မာမာပဲ

တခ်ိန္က ကားထုတ္လုပ္သူေတြက ကားေတြ လွပဖို႔နဲ႔ခိုင္ခန္႔ဖို႔ ၊ စီးတဲ့သူသက္ေတာင့္သက္သာရွိဖို႔သာအေလးထားပါတယ္။

၂.  အဖိုးႀကီး ကာဒီလက္ ၁၉၄၅ ကေတာ့ ခပ္မာမာပဲ
ကားႀကီးေတြက ခန္႔ညားၿပီး သံဘန္ပါကစလို႔ ကားတေခါင္းလုံး အမာခံ သံခ်ဥ္းဘဲလို႔ဆိုရမွာပါ၊ ေဘးေတြအေရွ႕ေတြမွာလည္းထိုးထိုးေထာင္ေထာင္ေတြ နဲ႔ အလွဆင္ပါတယ္။
အခုေနာက္ပိုင္းမွာေတာ့ ကားေတြမ်ားလာ အက္ဆိဒင့္ေတြမ်ားၿပီး ထိခိုက္ဒါဏ္ရာရသူ ေသတဲ့သူေတြမ်ားလာတဲ့အခါ ကားဒီဇိုင္းအတြက္ အယူအဆေတြေျပာင္းလာပါတယ္။
ကမာၻမွာ ႏွစ္စဥ္ ယာဥ္မေတာ္တဆမႈေၾကာင့္ ထိခိုက္ဒါဏ္ရာရသူ ၁၀ သန္းနဲ႔  ေသဆုံးသူေတြ ၁.၂ သန္း ရဲ႕ သုံးပုံတပုံဟာ   နဲ႔ကားတိုက္ခံရတဲ့ လမ္းေပၚမွာသြားလာေနသူေတြျဖစ္ပါတယ္။
ဒါေၾကာင့္ကားထုတ္လုပ္သူေတြက ကားနဲ႔ အတိုက္ခံရသူေတြကို ထိခိုက္မႈ နည္းႏိုင္သမွ်နည္းေအာင္ နည္းလမ္းသစ္ေတြရွာႀကံၾကသလို ႏိုင္ငံတကာက အာဏာပိုင္ေတြကလည္းသူတို႔ႏိုင္ငံထဲမွာသုံးတဲ့ ကားေတြမွာ အဲဒီလို စနစ္မ်ိဳးပါရမယ္လို႔ သတ္မွတ္တာေတြရွိလာပါတယ္။

ကားအက္ဆိဒင့္ျဖစ္လာလ်င္ ထိခိုက္ခံရသူေတြက ၂ မ်ိဳးရွိပါတယ္၊
(၁) ယာဥ္ေမာင္းအပါအဝင္ ယာဥ္ေပၚပါလာသူ (vehicle occupants)
(၂) ယာဥ္တိုက္တာခံရသူ ( အျခားကားေပၚကသူ၊ ဆိုင္ကယ္ ၊ စက္ဘီးစီးသူ၊ လမ္းေလ်ာက္သူ၊ လမ္းေဘးရပ္ေနသူ၊ ဆိုင္ထဲထိုင္ေနသူ၊ စသည္)

ကားတိုက္ခံရသူမ်ားအတြက္ပါစဥ္းစားေပးပါ။ 

ဒီေတာ့ ေခတ္ေပၚကားေတြမွာ safety features ဆိုတဲ့ ေဘးအႏၲရာယ္ကင္းေဝးေရးစနစ္ေတြကို ထည့္သြင္းရာမွာ
(၁) ယာဥ္ေပၚပါသူမ်ား ေဘးအႏၲရာယ္ကင္းေဝးေရး နဲ႔
(၂) ယဥ္တိုက္ခံရသူမ်ားကိုထိခိုက္မႈ နည္းႏိုင္သမွ်နည္းပါးေရး (pedestrian safety) ဆိုၿပီး ထည့္သြင္းၾကပါတယ္။
ယာဥ္တိုက္မႈအမ်ားစုက ကားေခါင္းနဲ႔တိုက္ခံရတာပါ။
လမ္းေပၚကလူတေယာက္ကို ကားနဲ႔တိုက္မိလ်င္ ထိခိုက္မႈအမ်ားဆုံးက ေျခေထာက္နဲ႔ ဦးေခါင္းပါ။ ဒီေတာ့ သုေတသီေတြက ကားေတြမွာ လူကိုတိုက္မိလ်င္ ေျခနဲ႔ ဦးေခါင္းကို ကားရဲ႕ ဘယ္အစိပ္အပိုင္းေတြက အမ်ားဆုံးထိခိုက္မိလဲဆိုတာကိုရွာၿပီး ဘယ္လို ေျပာင္းလဲလိုက္လ်င္ ထိခိုက္ဒါဏ္ရာသက္သာႏိုင္မလဲလို႔ ေလ့လာႀကံဆၾကပါတယ္။  Leg form ( upper and lower), head form ( adult and child) ဆိုၿပီး သတ္မွတ္ေပးပါတယ္။

၃. https://www.slideshare.net/GlobalNCAP/2014-unrsc-18-new-york-ped-safety

၄. IIHS.org


ထိခိုက္ဒါဏ္ရာျပင္းထန္မႈက ဘာေတြ အေပၚတည္ေနသလဲ

ယာဥ္တိုက္မႈျဖစ္လ်င္ထိခိုက္ဒါဏ္ရာရေစတာက
(၁)  Impact လို႔ေခၚတဲ့ ေဆာင့္မိတဲ့အားရယ္၊
(၂) လူ႔ခႏၶာကိုယ္တဲ့ တိုက္႐ိုက္ ထိခိုက္မိတဲ့ မ်က္နာျပင္ေတြရဲ႕မာေၾကာမႈေတြေပၚတည္ပါတယ္။

(၁) ေဆာင့္မိတဲ့ အားျပင္းထန္ေလ ကားတိုက္ခံသူနဲ႔ ကားေပၚမွာရွိေနသူေတြက ကားရဲ႕အစိပ္အပိုင္းေတြနဲ႔ ေဆာင့္မိတဲ့ အားလည္းျပင္းထန္ေလပါ။  ကားရဲ႕ အစိပ္အပိုင္းေတြလည္းပိုမိုပ်က္စီးပါတယ္။
(၂) လူ႔ခႏၶာကိုယ္တဲ့ တိုက္႐ိုက္ ထိခိုက္မိတဲ့ မ်က္မွာျပင္ေတြကမာေၾကာေလ ထိခိုက္ဒါဏ္ရာက ပိုဆိုးေလပါ။

ထိခိုက္ဒါဏ္ရာသက္သာေအာင္ ဘယ္လို လုပ္လို႔ရမလဲ

(၁) ေဆာင့္မိတဲ့အားကို ေလွ်ာ့ခ်ရပါမယ္။
(၂) ကားထဲကသူကို ပ်က္စီးသြားတဲ့ကားအစိပ္အပိုင္းေတြက လာမထိခိုက္ေအာင္ လူစီးတဲ့ အခန္း မပ်က္စီးေအာင္ ကာကြယ္ရပါမယ္။ လူစီးခန္းဖရိန္ေတြကို အရွီန္ျပင္းျပင္းနဲ႔ တိုက္မိေတာင္ မက်ိဳးမေကြးႏိုင္တဲ့  သံမဏီဖရိန္ေတြကိုသုံးၾကပါတယ္။
မာစီးဒီးပုံမွာ အျပာႏု၊ အျပာရင့္နဲ႔ မရမ္းဆီအေရာင္ အပိုင္းေတြက အမာခံ ဖရိမ္ပါ။
ေအာက္က ေအာ္ဒီပုံမွာေတာ့ မီးခိုးေရာင္နဲ႔ မရမ္းဆီအေရာင္ အပိုင္းေတြက အမာခံ ဖရိမ္ပါ။
(၃) ကားထဲကသူ၊ ကားျပင္ကသူေတြ ကားနဲ႔ ေဆာင့္မိႏိုင္တဲ့ အစိပ္အပိုင္းေတြ ကို မာေၾကာမႈကိုေလွ်ာ့ခ်ရပါမယ္။ ကားအတြင္ပိုင္းမ်က္ႏွာျပင္ေတြကို ပလတ္စတစ္နဲ႔ ဖိုင္ဘာေတြ ေကာ္ေဇာအသားေတြ သုံးၿပီး အဲဒီမ်က္ႏွာျပင္နဲ႔ အမာခ့ဖရိန္အၾကားအေပ်ာ့တလႊာခံေပးပါတယ္။
မာစီးဒီးပုံမွာ အစိမ္းႏု၊ အဝါနဲ႔ လိေမၼာ္ေရာင္၊ ေအာက္က ေအာ္ဒီပုံမွာေတာ့  အစိမ္းႏု၊ အျပာႏုနဲ႔ အနီေရာင္ အပိုင္းေတြက တိုက္မိလ်င္ ေကာက္ေကြးတြန္႔လိမ္ေၾကမြရမယ့္ အေပ်ာ့ထည္ေတြပါ
ကားထဲကသူသူကို ကာကြယ္တဲ့နည္းေတြ အမ်ားႀကီးရွိေလေတာ့ ဒီပိုစ့္မွာေတာ့ စာသိပ္မရွည္ေအာင္ အဲဒီအေၾကာင္းေတြကို ခ်န္လွပ္ထားပါတယ္။
၆. 2015 Audi A6 Avant - Materials in the Body Structure


(၁) ေဆာင့္မိတဲ့အားကို ေလွ်ာ့ခ်ႏိုင္သည့္နည္လမ္းမ်ား

ကားအရွိန္ကိုကန္႔သတ္ျခင္းကေတာ့ အထူေရးျပစရာမလိုေတာ့ပါ။ မေနာက္ဆုံးေပၚကားေတြမွာလူကို မတိုက္မိခင္ အာ႐ုံခံရရိယာေတြက ႀကိဳတင္သိရွိၿပီး အခ်ိန္မွီ ရပ္တန္႔ႏိုင္ေစတဲ့ Braking to protect pedestrians  စနစ္ေတြထည့္သြင္းထားပါၿပီ။
ပစၥည္း ၂ခု ေဆာင့္မိတဲ့အခါ ထိမိတဲ့ မ်က္ႏွာျပင္ေတြ ခ်ိဳင့္ဝင္သြားတာ၊ ေကာက္ေကြးသြားတာ၊  က်ိဳးပဲ့ေၾကမြသြားတာတို႔ ျဖစ္တဲ့အခါမွာ ေဆာင့္အား အေတာ္အသင့္ေလ်ာ့သြားပါတယ္။ အဲလိုျဖစ္တာကိုစြမ္းအင္စုပ္ယူျခင္း (energy absorption) လို႔ေခၚပါတယ္။ ဒီလိုက်ိဳးပဲ့ေၾကမြသြားတဲ့ အပိုင္းက အမာခံ ၂ခုၾကားမွာ အေပ်ာ့ခံပစၥည္းတခုအေနနဲ႔ လုပ္ေဆာင္ေပးလို႔ပါ။
 ဥပမာ တလက္မ သံပိုက္တေခ်ာင္းကို အုတ္ခဲေပၚတင္ၿပီး သံတူနဲ႔ အားရပါးရထုၾကည့္ပါ။ ေဆာင့္အား impact ကိုလက္မွာခံစားရသလို ေအာက္ခံအုတ္ခဲကြဲအက္တာကလည္းျပပါတယ္။ သံပိုက္ေနရာမွာ အလူမီနီယံပိုက္ (သို႔) ေခါက္ခုံေျခေထာက္လုပ္တဲ့ ပိုက္အပါးကို အထက္ကလိုပဲ ထုၾကည့္ပါ။ ပိုက္ကျပားသြားတဲ့အတြက္ လက္ေပၚလာေဆာင့္တဲ့အားသိသိသာသာနည္းတာကို သိႏိုင္သလို ေအာက္ခံအုတ္ခဲလဲမအက္ဘဲခံႏိုင္တာကို ေတြ႕ႏိုင္ပါတယ္။
ဒီဥပမာကိုယူၿပီးကားေတြတိုက္တဲ့ အခါ အထိအမ်ားဆုံးေတြရာေတြ  ကားအေရွ႕ အေနာက္ဘန္ပါနဲ႔ မတ္ဂတ္ေတြ ေနရာေတြကို front and rear crumple zone ထိခိုက္ေၾကမြဇုံ လို႔သတ္မွတ္ပါတယ္။ ပုံထဲမွာ လိေမၼာ္ေရာင္နဲ႔ ျခယ္ထားပါတယ္။
 front and rear crumple zone ထိခိုက္ေၾကမြဇုံ 

အဲဒီ crumple zone ထိခိုက္ေၾကမြဇုံ ေနရာေတြမွာ အလြယ္တကူခ်ိဳင့္ဝင္က်ိဳးပဲ့ႏိုင္တဲ့ composite plastic, အလူမီနီယံသတၳဳစပ္ စတာတို့ကိုသုံးပါတယ္။ ကားကအမာခံကို တိုက္မိတဲ့အခါ အဲဒီအပိုင္းက ခ်ိဳင့္ဝင္က်ိဳးတြန္႔ေခါက္ေၾကမြကုန္လို႔ ေဆာင့္မိတဲ့အားရဲ႕ တစိတ္တေဒသက အဲဒီပ်က္စီးမႈထဲမွာေပ်ာက္သြားပါတယ္။ ဒါေၾကာင့္ ကားက အမာကို တိုက္တာနဲ႔မတူဘဲ အနည္းငယ္ေပ်ာ့ေျပာင္းတဲ့ အရာကို တိုက္သလိုျဖစ္သြားပါတယ္။ ဒါမွလည္းကားထဲက လူကို အကာကြယ္တကယ္ေပးတဲ့ အမာခံဖရိန္အေပၚကို သက္ေရာက္တဲ့ ေဆာင့္အား ကနည္းသြားၿပီး ဖရိန္ကိုထိခိုက္ႏိုင္မႈနည္းသြားသလို ကားထဲက လူအေပၚကို တိုက္႐ိုက္ေရာက္လာတဲ့ ေဆာင့္အား ကနည္းသြားလို႔ လူကခါးပတ္ႀကိဳးနဲ႔ ေလအိတ္ေတြကိုဖိတဲ့ေဆာင့္အားေလ်ာ့က်ၿပီး ထိခိုက္အနာတရျဖစ္တာသက္သာသြားပါတယ္။
crumple zone မွာ အမာခံ သံမဏိေခ်ာင္းေတြလုပ္ထားလ်င္ေတာ့ ေဆာင့္အားကဖရိန္ကို အားအျပည့္လာေဆာင့္လို႔ဖရိန္က်ိဳးတာ ေကြးတာျဖစ္ၿပီး အထဲကလူကို ထိခိုက္သလို လူကခါးပတ္ႀကိဳးနဲ႔ ေလအိတ္ေတြကိုဖိတဲ့ေဆာင့္အားျပင္းထန္လို႔  ထိခိုက္အနာတရျဖစ္တာပိုဆိုးပါတယ္။ ဒါေၾကာင့္ ကားက အမာကို တိုက္တာနဲ႔မတူဘဲ အနည္းငယ္ေပ်ာ့ေျပာင္းတဲ့ အရာကို တိုက္သလိုျဖစ္သြားပါတယ္။
ထိုနည္းတူစြာကားရဲ႕ နံေဘး ပတ္ပတ္လည္မွာ ထိခိုက္ေၾကမြဇုံထားေပးျခင္းျဖင့္ကားတိုက္တဲ့ခါ ကားနံေဘးကိုေဆာင့္မိတဲ့ ေဆာင့္အားကိုေလ်ာ့က်ေစပါတယ္။
အဲဒီရည္႐ြယ္ခ်က္နဲ႔ ကားေခါင္းနဲ႔ အေနာက္ ေဘးဘက္ အကာျပားေတြကို အလြယ္တကူေကာက္ေကြး ေၾကမြေစႏိုင္တဲ့ အလူမီနီယံသတၳဳစပ္ေတြ သို႔မဟုတ္ composite plastic  ေတြကိုသုံးလာပါတယ္။

(၂) ေဆာင့္မိႏိုင္တဲ့ အစိပ္အပိုင္းေတြရဲ႕ မာေၾကာမႈကိုေလွ်ာ့ခ်ျခင္းျဖင့္ ကားအတိုက္ ခံရသူ ကိုထိခိုက္မႈသက္သာေစနည္း

ကားတိုက္ခံရလ်င္ ေဆာင့္မိတဲ့ ေျခေထာက္အ႐ိုးမက်ိဳးမီ ေျခေထာက္ကို ေဆာင့္မိတဲ့ ဘန္ပါေတြကိုခ်ိဳင့္ဝင္က်ိဳးပဲ့ေစျခင္းေၾကာင့္ ေျခေထာက္ထိတဲ့ မ်က္ႏွာျပင္မာေက်ာမႈနည္းသလို ေဆာင့္အားကို လည္းေလ်ာ့ေစလို႔ အတိုက္ခံရတဲ့ ေျခေထာက္ကို ထိခိုက္မႈ အမ်ားႀကီးသက္သာပါတယ္။
ကားတိုက္ခံရလို႔ကားေပၚလဲက်လာသူေတြရဲ႕ ဦးေခါင္းေဆာင့္မိတဲ့ ကားေဘာနတ္နဲ႔ ေလကာမွန္ကို Head zone လို႔ေခၚပါတယ္။ မ်က္ႏွာျပင္ မာေက်ာမႈကိုေလွ်ာ့ခ်ဖို႔နဲ႔ ေဆာင့္အားကိုေလ်ာ့ေစဖို႔ ေဘာနတ္ကို ဖိမိလ်င္ ခ်ိဳင့္ဝင္ႏိုင္တဲ့ အလူမီနီယံသတၳဳစပ္ေတြကိုသုံးေလ့ရွိၿပီး ေလကာမွန္ကိုလည္း အလြယ္တကူ အစိပ္စိပ္ အမႊာမႊာအက္ကြဲၿပီး အကြဲစေတြ ကို တြဲထားေပးဖို႔ မွန္အတြင္းမွာအေပ်ာ့လႊာ တထပ္ခံေပးပါတယ္။ ဒါေၾကာင့္ မွန္ေပၚကို လူပစ္က်လ်င္ ( သို႔) ဦးေခါင္းေဆာင့္က်လ်င္ မွန္ေၾကၿပီး ခ်ိဳင့္သြားတာကိုေတြ႕ရေပမယ့္ လူက ေတာ့ ဆိုးဆိုး႐ြား႐ြား မထိခိုက္ပါ။
 ေဘာနတ္ကို မ်ားမ်ားခ်ိဳင့္ႏိုင္ဖို႔  လူကိုတိုက္မိတာနဲ႔ ေအာက္က အင္ဂ်င္ခန္းထဲကစက္ေတြထက္ ၂လက္မေလာက္ပိုႂကြလာေအာင္ တီထြင္ၾကပါတယ္။ မာစီဒီး E class ေတြမွာ စသုံးပါၿပီ။


  ေဗာ္လ္ဗိုကေတာ့ ေလအိတ္သုံးၿပီးေဘာနတ္ကို ျမႇင့္သလို ေလကာမွန္ေနရာမွာ ေလအိတ္ပါခံေပးမယ္ဆိုပါတယ္။ ဒါေၾကာင့္ကားေဘာနတ္ေတြကလည္း တြန္႔ေခါက္လြယ္လာပါတယ္။

ဆူဗာ႐ုကလည္း ကားခ်င္းတိုက္လ်င္ ေသးတဲ့ကား ေပ်ာ့တဲ့ကားက  ထိခိုက္တာမ်ားလို႔  ေပ်ာ့တဲ့ကားက  ထိခိုက္တာမ်ားလို႔ သူ႔ကားက မာၿပီး သူမ်ားကားမွာအပ်က္အစီးပိုမ်ားတာမ်ိဳးမျဖစ္ေအာင္ သူ႔ကားေခါင္း crumple zone ကို ခပ္ေပ်ာ့ေပ်ာ့လုပ္ေပးတယ္ဆိုပါတယ္။ ကားထဲက သူေတြကိုကာကြယ္တဲ့ cabin frame ဖရိန္ေဘာင္ေတြကေတာ့အလြန္ေတာင့္တင္းပါတယ္။

Subaru

ဒီသေဘာအတိုင္း ကားေဘးဘက္နဲ႔ တိုက္မိလ်င္ ထိခိုက္တာသက္သာဖို႔ ေဘးကာအျပားက ဖိလ်င္ ခ်ိဳင့္တဲ့ အလူမီနီယံသတၳဳစပ္ေတြ သို႔မဟုတ္ composite plastic  ေတြကိုသုံးလာပါတယ္။
အထက္ပါအေၾကာင္းေတြေၾကာင့္ ေနာက္ေပၚကားေတြမွာ အေရွ႕အေနာက္ ေဘးဘယ္ညာ  ဘယ္ေနရာကို တိုက္မိတိုက္မိ နည္းနည္းအားျပင္းတာနဲ႔ ကားေဘာ္ဒီ ခ်ိဳင့္ဝင္တာ တြန႔္ေၾကတာေတြကို ေတြ႕ရမွာျဖစ္ၿပီးအဲဒီလိုျဖစ္ေအာင္ တမင္တကာလုပ္ထားတယ္ဆိုတာကိုသိၾကေစခ်င္ပါတယ္။
အျပင္ပိုင္းေပ်ာ့ေပမယ့္ ကားထဲက သူေတြကိုကာကြယ္တဲ့ cabin frame ဖရိန္ေဘာင္ေတြကေတာ့အလြန္ေတာင့္တင္းပါတယ္။

ဒါေၾကာင့္ နည္းနည္းထိတာနဲ႔ကားေခါင္းေၾကမြသြားတဲ့ကားေတြက အသုံးမက်တဲ့ကားေတြမဟုတ္ဘဲ လူ႔အသက္ေတြကိုကာကြယ္ဖို႔  တိုက္ခိုက္မိတတ္တဲ့ crumple zone  ေတြကို တြန္႔ေၾကကုန္ေအာင္ တမင္ပ်ာ့ေအာင္ လုပ္ထားၿပီး လူရွိတဲ့အခန္းရဲ႕ ဖရိန္ cabin frame ေတြကိုေတာ့ အလြန္ေတာင့္တင္းတဲ့ ပစၥည္းေတြသုံးတဲ့ လူကို ပစၥည္းထက္တန္ဖိုးထားတဲ့စနစ္ေတြပါတဲ့ ကားေတြသာျဖစ္ပါတယ္။

နယူးဇီလန္ႏိုင္ငံ ေမာ္ေတာ္ယာဥ္အသင္းႀကီးကလည္း " မိမိကားဘယ္ေလာက္ အၾကမ္းခံတယ္ဆိုတာက  အတိုက္ခံႏိုင္တဲ့စြမ္းရည္မဟုတ္ပါ။ ကားေပၚပါသူကိုထိခိုက္ဒါဏ္ရာရမႈကေန ဘယ္ေလာက္ အကာကြယ္ေပးႏိုင္တယ္ဆိုတာကသာ အတိုက္ခံႏိုင္တဲ့စြမ္းရည္ပါ" လို႔ဆိုပါတယ္။
မာစီးဒီး သူ႔ရဲ႕ဝဘ္ဆိုဒ္မွာေရးထားတာက “ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္းမွာ အဖုအထစ္ကင္းတဲ့ ကားကိုယ္ထည္၊ တိုက္မိလ်င္ ခ်ိဳင့္ဝင္ႏိုင္တဲ့ဘန္ပါ၊ ဝိုက္ထားတဲ့တံခါးလက္ကိုင္၊ ပလတ္စတစ္ေပ်ာ့ညႇပ္ထားတဲ့ မွန္၊ ေခါက္လို႔ရတဲ့ ေဘးကေနာက္ၾကည့္မွန္၊ ျမႇဳပ္ထားတဲ့ ဝိုင္ဘာ စတဲ့ နည္းမ်ိဳးစုံကိုသုံးၿပီး ကားနဲ႔ တိုက္မိတဲ့ သူေတြထိခိုက္မႈနည္းေစတဲ့ နည္းေတြကို  မာစီးဒီးကစတင္သုံးခဲ့ပါတယ္လို႔ " ဆိုထားပါတယ္။ 

ဖိုးသုည
29-7-19

နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွား အသုံးမကျတဲ့ကားတွေလား (ယူနီကုဒ်) 

“ စက်ဘီးနဲ့တိုက်မိတာ စက်ဘီးဘာမှမဖြစ်ဘဲ ကားဘန်ပါချိုင့်သွားတယ်။ တရုပ်က ထုတ်တဲ့မာစီဒီးလေ။ 
ဆိုင်ကယ်နဲ့တိုက်တာ ကားခေါင်းနည်းနည်းကြေသွားတယ်။ သီလဝါကထုတ်တော့ ပစ္စည်းခိုထားတာကိုး၊ 
ခွေးကိုတိုက်မိရုံနဲ့ ဘန်ပါချိုင့်သွားတယ်၊ ဂျပန်ကားဆီစားသက်သာပြီးဈေးပေါအောင် ပလတ်စတစ်တွေသုံးထားတာကိုး။ “ 
ဖေ့စ်ဘွတ်ပေါ်က လူအများရှဲလို့ကောင်းနေတဲ့ နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွားတဲ့ အပေါစားကားတွေ အသုံးမကျတဲ့ကားတွေအကြောင်းနည်းနည်းရေးပါရစေ။ 
အဖိုးတို့ခေတ်တုံးကတော့ ခပ်မာမာပဲ
တချိန်က ကားထုတ်လုပ်သူတွေက ကားတွေ လှပဖို့နဲ့ခိုင်ခန့်ဖို့ ၊ စီးတဲ့သူသက်တောင့်သက်သာရှိဖို့သာအလေးထားပါတယ်။ 
ကားကြီးတွေက ခန့်ညားပြီး သံဘန်ပါကစလို့ ကားတခေါင်းလုံး အမာခံ သံချဉ်းဘဲလို့ဆိုရမှာပါ၊ ဘေးတွေအရှေ့တွေမှာလည်းထိုးထိုးထောင်ထောင်တွေ နဲ့ အလှဆင်ပါတယ်။ 
အခုနောက်ပိုင်းမှာတော့ ကားတွေများလာ အက်ဆိဒင့်တွေများပြီး ထိခိုက်ဒါဏ်ရာရသူ သေတဲ့သူတွေများလာတဲ့အခါ ကားဒီဇိုင်းအတွက် အယူအဆတွေပြောင်းလာပါတယ်။ 
ဒါကြောင့်ကားထုတ်လုပ်သူတွေက ကားနဲ့ အတိုက်ခံရသူတွေကို ထိခိုက်မှု နည်းနိုင်သမျှနည်းအောင် နည်းလမ်းသစ်တွေရှာကြံကြသလို နိုင်ငံတကာက အာဏာပိုင်တွေကလည်းသူတို့နိုင်ငံထဲမှာသုံးတဲ့ ကားတွေမှာ အဲဒီလို စနစ်မျိုးပါရမယ်လို့ သတ်မှတ်တာတွေရှိလာပါတယ်။ 

ကားအက်ဆိဒင့်ဖြစ်လာလျင် ထိခိုက်ခံရသူတွေက ၂ မျိုးရှိပါတယ်၊
(၁) ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါလာသူ (vehicle occupants) 
(၂) ယာဉ်တိုက်တာခံရသူ ( အခြားကားပေါ်ကသူ၊ ဆိုင်ကယ် ၊ စက်ဘီးစီးသူ၊ လမ်းလျောက်သူ၊ လမ်းဘေးရပ်နေသူ၊ ဆိုင်ထဲထိုင်နေသူ၊ စသည်) 

ကားတိုက်ခံရသူများအတွက်ပါစဉ်းစားပေးပါ။ 

ဒီတော့ ခေတ်ပေါ်ကားတွေမှာ safety features ဆိုတဲ့ ဘေးအန္တရာယ်ကင်းဝေးရေးစနစ်တွေကို ထည့်သွင်းရာမှာ 
(၁) ယာဉ်ပေါ်ပါသူများ ဘေးအန္တရာယ်ကင်းဝေးရေး နဲ့ 
(၂) ယဉ်တိုက်ခံရသူများကိုထိခိုက်မှု နည်းနိုင်သမျှနည်းပါးရေးဆိုပြီး ထည့်သွင်းကြပါတယ်။  
ယာဉ်တိုက်မှုအများစုက ကားခေါင်းနဲ့တိုက်ခံရတာပါ။
လမ်းပေါ်ကလူတယောက်ကို ကားနဲ့တိုက်မိလျင် ထိခိုက်မှုအများဆုံးက ခြေထောက်နဲ့ ဦးခေါင်းပါ။ ဒီတော့ သုတေသီတွေက ကားတွေမှာ လူကိုတိုက်မိလျင် ခြေနဲ့ ဦးခေါင်းကို ကားရဲ့ ဘယ်အစိပ်အပိုင်းတွေက အများဆုံးထိခိုက်မိလဲဆိုတာကိုရှာပြီး ဘယ်လို ပြောင်းလဲလိုက်လျင် ထိခိုက်ဒါဏ်ရာသက်သာနိုင်မလဲလို့ လေ့လာကြံဆကြပါတယ်။  Leg zone ( upper and lower), head zone ( adult and child) ဆိုပြီး သတ်မှတ်ပေးပါတယ်။ 

ထိခိုက်ဒါဏ်ရာပြင်းထန်မှုက ဘာတွေ အပေါ်တည်နေသလဲ

ယာဉ်တိုက်မှုဖြစ်လျင်ထိခိုက်ဒါဏ်ရာရစေတာက 
(၁)  Impact လို့ခေါ်တဲ့ ဆောင့်မိတဲ့အားရယ်၊ 
(၂) လူ့ခန္ဓာကိုယ်တဲ့ တိုက်ရိုက် ထိခိုက်မိတဲ့ မျက်နာပြင်တွေရဲ့မာကြောမှုတွေပေါ်တည်ပါတယ်။ 

(၁) ဆောင့်မိတဲ့ အားပြင်းထန်လေ ကားတိုက်ခံသူနဲ့ ကားပေါ်မှာရှိနေသူတွေကကားရဲ့ အစိပ်အပိုင်းတွေနဲ့ ဆောင့်မိတဲ့ အားလည်းပြင်းထန်လေပါ။  ကားရဲ့ အစိပ်အပိုင်းတွေလည်းပိုမိုပျက်စီးပါတယ်။ 
(၂) လူ့ခန္ဓာကိုယ်တဲ့ တိုက်ရိုက် ထိခိုက်မိတဲ့ မျက်မှာပြင်တွေကမာကြောလေ ထိခိုက်ဒါဏ်ရာက ပိုဆိုးလေပါ။ 


ထိခိုက်ဒါဏ်ရာသက်သာအောင် ဘယ်လို လုပ်လို့ရမလဲ

(၁) ဆောင့်မိတဲ့အားကို လျှော့ချရပါမယ်။ 
(၂) ကားထဲကသူကို ပျက်စီးသွားတဲ့ကားအစိပ်အပိုင်းတွေက လာမထိခိုက်အောင် လူစီးတဲ့ အခန်း မပျက်စီးအောင် ကာကွယ်ရပါမယ်။ လူစီးခန်းဖရိန်တွေကို အရှီန်ပြင်းပြင်းနဲ့ တိုက်မိတောင် မကျိုးမကွေးနိုင်တဲ့  သံမဏီဖရိန်တွေကိုသုံးကြပါတယ်။
မာစီးဒီးပုံ ၅ မှာ အပြာနု၊ အပြာရင့်နဲ့ မရမ်းဆီအရောင် အပိုင်းတွေက အမာခံ ဖရိမ်ပါ။
အောက်က အော်ဒီပုံ ၆မှာတော့ မီးခိုးရောင်နဲ့ မရမ်းဆီအရောင် အပိုင်းတွေက အမာခံ ဖရိမ်ပါ။ 
(၃) ကားထဲကသူ၊ ကားပြင်ကသူတွေ ကားနဲ့ ဆောင့်မိနိုင်တဲ့ အစိပ်အပိုင်းတွေ ကို မာကြောမှုကိုလျှော့ချရပါမယ်။ ကားအတွင်ပိုင်းမျက်နှာပြင်တွေကို ပလတ်စတစ်နဲ့ ဖိုင်ဘာတွေ ကော်ဇောအသားတွေ သုံးပြီး အဲဒီမျက်နှာပြင်နဲ့ အမာခ့ဖရိန်အကြားအပျော့တလွှာခံပေးပါတယ်။
မာစီးဒီးပုံ ၅မှာ အစိမ်းနု၊ အဝါနဲ့ လိမ္မော်ရောင်၊ အောက်က အော်ဒီပုံ ၆မှာတော့  အစိမ်းနု၊ အပြာနုနဲ့ အနီရောင် အပိုင်းတွေက တိုက်မိလျင် ကောက်ကွေးတွန့်လိမ်ကြေမွရမယ့် အပျော့ထည်တွေပါ
ကားထဲကသူသူကို ကာကွယ်တဲ့နည်းတွေ အများကြီးရှိလေတော့ ဒီပိုစ့်မှာတော့ စာသိပ်မရှည်အောင် အဲဒီအကြောင်းတွေကို ချန်လှပ်ထားပါတယ်။ 

(၁) ဆောင့်မိတဲ့အားကို လျှော့ချနိုင်သည့်နည်လမ်းများ

ကားအရှိန်ကိုကန့်သတ်ခြင်းကတော့ အထူရေးပြစရာမလိုတော့ပါ။ နောက်ဆုံးပေါ်ကားတွေမှာလူကို မတိုက်မိခင် အာရုံခံရရိယာတွေက ကြိုတင်သိရှိပြီး အချိန်မှီ ရပ်တန့်နိုင်စေတဲ့ Braking to protect pedestrians စနစ်တွေထည့်သွင်းထားပါပြီ။ 
ပစ္စည်း ၂ခု ဆောင့်မိတဲ့အခါ ထိမိတဲ့ မျက်နှာပြင်တွေ ချိုင့်ဝင်သွားတာ၊ ကောက်ကွေးသွားတာ၊  ကျိုးပဲ့ကြေမွသွားတာတို့ ဖြစ်တဲ့အခါမှာ ဆောင့်အား အတော်အသင့်လျော့သွားပါတယ်။ အဲလိုဖြစ်တာကိုစွမ်းအင်စုပ်ယူခြင်း (energy absorption) လို့ခေါ်ပါတယ်။ ဒီလိုကျိုးပဲ့ကြေမွသွားတဲ့ အပိုင်းက အမာခံ ၂ခုကြားမှာ အပျော့ခံပစ္စည်းတခုအနေနဲ့ လုပ်ဆောင်ပေးလို့ပါ။
 ဥပမာ တလက်မ သံပိုက်တချောင်းကို အုတ်ခဲပေါ်တင်ပြီး သံတူနဲ့ အားရပါးရထုကြည့်ပါ။ ဆောင့်အား impact ကိုလက်မှာခံစားရသလို အောက်ခံအုတ်ခဲကွဲအက်တာကလည်းပြပါတယ်။ သံပိုက်နေရာမှာ အလူမီနီယံပိုက် (သို့) ခေါက်ခုံခြေထောက်လုပ်တဲ့ ပိုက်အပါးကို အထက်ကလိုပဲ ထုကြည့်ပါ။ ပိုက်ကပြားသွားတဲ့အတွက် လက်ပေါ်လာဆောင့်တဲ့အားသိသိသာသာနည်းတာကို သိနိုင်သလို အောက်ခံအုတ်ခဲလဲမအက်ဘဲခံနိုင်တာကို တွေ့နိုင်ပါတယ်။ 
ဒီဥပမာကိုယူပြီးကားတွေတိုက်တဲ့ အခါ အထိအများဆုံးတွေရာတွေ  ကားအရှေ့ အနောက်ဘန်ပါနဲ့ မတ်ဂတ်တွေ နေရာတွေကို front and rear crumple zone ထိခိုက်ကြေမွဇုံ လို့သတ်မှတ်ပါတယ်။
ပုံ ၇ ထဲမှာ လိမ္မော်ရောင်နဲ့ ခြယ်ထားပါတယ်။ 
အဲဒီ crumple zone ထိခိုက်ကြေမွဇုံ နေရာတွေမှာ အလွယ်တကူချိုင့်ဝင်ကျိုးပဲ့နိုင်တဲ့ composite plastic, အလူမီနီယံသတ္ထုစပ် စတာတွေကိုသုံးပါတယ်။ ကားကအမာခံကို တိုက်မိတဲ့အခါ အဲဒီအပိုင်းက ချိုင့်ဝင်ကျိုးတွန့်ခေါက်ကြေမွကုန်လို့ ဆောင့်မိတဲ့အားရဲ့ တစိတ်တဒေသက အဲဒီပျက်စီးမှုထဲမှာပျောက်သွားပါတယ်။ ဒါကြောင့် ကားက အမာကို တိုက်တာနဲ့မတူဘဲ အနည်းငယ်ပျော့ပြောင်းတဲ့ အရာကို တိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့် ကားထဲက လူကို အကာကွယ်တကယ်ပေးတဲ့ အမာခံဖရိန်အပေါ်ကို သက်ရောက်တဲ့ ဆောင့်အား ကနည်းသွားပြီး ဖရိန်ကိုထိခိုက်နိုင်မှုနည်းသွားသလို ကားထဲက လူအပေါ်ကို တိုက်ရိုက်ရောက်လာတဲ့ ဆောင့်အား ကနည်းသွားလို့ လူကခါးပတ်ကြိုးနဲ့ လေအိတ်တွေကိုဖိတဲ့ဆောင့်အားလျော့ကျပြီး ထိခိုက်အနာတရဖြစ်တာသက်သာသွားပါတယ်။ 
crumple zone မှာ အမာခံ သံမဏိချောင်းတွေလုပ်ထားလျင်တော့ ဆောင့်အားကဖရိန်ကို အားအပြည့်လာဆောင့်လို့ဖရိန်ကျိုးတာ ကွေးတာဖြစ်ပြီး အထဲကလူကို ထိခိုက်သလို လူကခါးပတ်ကြိုးနဲ့ လေအိတ်တွေကိုဖိတဲ့ဆောင့်အားပြင်းထန်လို့  ထိခိုက်အနာတရဖြစ်တာပိုဆိုးပါတယ်။ ဒါကြောင့် ကားက အမာကို တိုက်တာနဲ့မတူဘဲ အနည်းငယ်ပျော့ပြောင်းတဲ့ အရာကို တိုက်သလိုဖြစ်သွားပါတယ်။ ထိုနည်းတူစွာကားရဲ့ နံဘေး ပတ်ပတ်လည်မှာ ထိခိုက်ကြေမွဇုံထားပေးခြင်းဖြင့်ကားတိုက်တဲ့ခါ ကားနံဘေးကိုဆောင့်မိတဲ့ ဆောင့်အားကိုလျော့ကျစေပါတယ်။ 
အဲဒီရည်ရွယ်ချက်နဲ့ ကားခေါင်းနဲ့ အနောက် ဘေးဘက် အကာပြားတွေကို အလွယ်တကူကောက်ကွေး ကြေမွစေနိုင်တဲ့ composite plastic တို့ အလူမီနီယံသတ္ထုစပ်တို့တွေကိုသုံးတာပါ

(၂) ဆောင့်မိနိုင်တဲ့ အစိပ်အပိုင်းတွေရဲ့ မာကြောမှုကိုလျှော့ချခြင်းဖြင့် ကားအတိုက် ခံရသူ ကိုထိခိုက်မှုသက်သာစေနည်း

ကားတိုက်ခံရလျင် ဆောင့်မိတဲ့ ခြေထောက်အရိုးမကျိုးမီ ခြေထောက်ကို ဆောင့်မိတဲ့ ဘန်ပါတွေကိုချိုင့်ဝင်ကျိုးပဲ့စေခြင်းကြောင့် ခြေထောက်ထိတဲ့ မျက်နှာပြင်မာကျောမှုနည်းသလို ဆောင့်အားကို လည်းလျော့စေလို့ အတိုက်ခံရတဲ့ ခြေထောက်ကို ထိခိုက်မှု အများကြီးသက်သာပါတယ်။ 
ကားတိုက်ခံရလို့ကားပေါ်လဲကျလာသူတွေရဲ့ ဦးခေါင်းဆောင့်မိတဲ့ ကားဘောနတ်နဲ့ လေကာမှန်ကို Head form လို့ခေါ်ပါတယ်။ မျက်နှာပြင် မာကျောမှုကိုလျှော့ချဖို့နဲ့ ဆောင့်အားကိုလျော့စေဖို့ ဘောနတ်ကို ဖိမိလျင် ချိုင့်ဝင်နိုင်တဲ့ အလူမီနီယံသတ္ထုစပ်တွေကိုသုံးလေ့ရှိပြီး လေကာမှန်ကိုလည်း အလွယ်တကူ အစိပ်စိပ် အမွှာမွှာအက်ကွဲပြီး အကွဲစတွေ ကို တွဲထားပေးဖို့ မှန်အတွင်းမှာအပျော့လွှာ တထပ်ခံပေးပါတယ်။ ဒါကြောင့် မှန်ပေါ်ကို လူပစ်ကျလျင် ( သို့) ဦးခေါင်းဆောင့်ကျလျင် မှန်ကြေပြီး ချိုင့်သွားတာကိုတွေ့ရပေမယ့် လူက တော့ ဆိုးဆိုးရွားရွား မထိခိုက်ပါ။ ဘောနတ်ကို များများချိုင့်နိုင်ဖို့  လူကိုတိုက်မိတာနဲ့ အောက်က အင်ဂျင်ခန်းထဲကစက်တွေထက် ၂လက်မလောက်ပိုကြွလာအောင် တီထွင်ကြပါတယ်။ မာစီဒီး E class တွေမှာ စသုံးပါပြီ။  ဗော်လ်ဗိုကတော့ လေအိတ်သုံးပြီးဘောနတ်ကို မြှင့်သလို လေကာမှန်နေရာမှာ လေအိတ်ပါခံပေးမယ်ဆိုပါတယ်။ ဒါကြောင့်ကားဘောနတ်တွေကလည်း တွန့်ခေါက်လွယ်လာပါတယ်။ 
ဆူဗာရုကလည်း ကားလချင်းတိုက်လျင် ေသးတဲ့ကား ပျော့တဲ့ကားက  ထိခိုက်တာများလို့ သူ့ကားက မာပြီး သူများကားမှာအပျက်အစီးပိုများတာမျိုးမဖြစ်အောင် သူ့ကားခေါင်း crumple zone ကို ခပ်ပျော့ပျော့လုပ်ပေးတယ်ဆိုပါတယ်။ ကားထဲက သူတွေကိုကာကွယ်တဲ့ cabin frame ဖရိန်ဘောင်တွေကတော့အလွန်တောင့်တင်းပါတယ်။ 
ဒီသဘောအတိုင်း ကားဘေးဘက်နဲ့ တိုက်မိလျင် ထိခိုက်တာသက်သာဖို့ ဘေးကာအပြားက ဖိလျင် ချိုင့်တဲ့ composite plastic တို့ အလူမီနီယံသတ္ထုစပ်တို့တွေကိုသုံးတာပါ 
အထက်ပါအကြောင်းတွေကြောင့် နောက်ပေါ်ကားတွေမှာ အရှေ့အနောက် ဘေးဘယ်ညာ  ဘယ်နေရာကို တိုက်မိတိုက်မိ နည်းနည်းအားပြင်းတာနဲ့ ကားဘော်ဒီ ချိုင့်ဝင်တာ တွန့်ကြေတာတွေကို တွေ့ရမှာဖြစ်ပြီးအဲဒီလိုဖြစ်အောင် တမင်တကာလုပ်ထားတယ်ဆိုတာကိုသိကြစေချင်ပါတယ်။ 
အပြင်ပိုင်းပျော့ပေမယ့် ကားထဲက သူတွေကိုကာကွယ်တဲ့ cabin frame ဖရိန်ဘောင်တွေကတော့အလွန်တောင့်တင်းပါတယ်။ 

ဒါကြောင့် နည်းနည်းထိတာနဲ့ကားခေါင်းကြေမွသွားတဲ့ကားတွေက အသုံးမကျတဲ့ကားတွေမဟုတ်ဘဲ လူ့အသက်တွေကိုကာကွယ်ဖို့  တိုက်ခိုက်မိတတ်တဲ့ crumple zone  တွေကို တွန့်ကြေကုန်အောင် တမင်ပျာ့အောင် လုပ်ထားပြီး လူရှိတဲ့အခန်းရဲ့ ဖရိန် cabin frame တွေကိုတော့ အလွန်တောင့်တင်းတဲ့ ပစ္စည်းတွေသုံးတဲ့ လူကို ပစ္စည်းထက်တန်ဖိုးထားတဲ့စနစ်တွေပါတဲ့ ကားတွေသာဖြစ်ပါတယ်

နယူးဇီလန်နိုင်ငံ မော်တော်ယာဉ်အသင်းကြီးကလည်း " မိမိကားဘယ်လောက် အကြမ်းခံတယ်ဆိုတာက အတိုက်ခံနိုင်တဲ့စွမ်းရည်မဟုတ်ပါ။ ကားပေါ်ပါသူကိုထိခိုက်ဒါဏ်ရာရမှုကနေ ဘယ်လောက် အကာကွယ်ပေးနိုင်တယ်ဆိုတာကသာ အတိုက်ခံနိုင်တဲ့စွမ်းရည်ပါ" လို့ဆိုပါတယ်။ 

မာစီးဒီး သူ့ရဲ့ဝဘ်ဆိုဒ်မှာရေးထားတာက “ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အဖုအထစ်ကင်းတဲ့ ကားကိုယ်ထည်၊ တိုက်မိလျင် ချိုင့်ဝင်နိုင်တဲ့ဘန်ပါ၊ ဝိုက်ထားတဲ့တံခါးလက်ကိုင်၊ ပလတ်စတစ်ပျော့ညှပ်ထားတဲ့ မှန်၊ ခေါက်လို့ရတဲ့ ဘေးကနောက်ကြည့်မှန်၊ မြှုပ်ထားတဲ့ ဝိုင်ဘာ စတဲ့ နည်းမျိုးစုံကိုသုံးပြီး ကားနဲ့ တိုက်မိတဲ့ သူတွေထိခိုက်မှုနည်းစေတဲ့ နည်းတွေကို  မာစီးဒီးကစတင်သုံးခဲ့ပါတယ်လို့ " ဆိုထားပါတယ်။ 

ဖိုးသုည
29-7-19



Tuesday, July 16, 2019

ရန္ကုန္ေလဆိပ္တြင္ ျပည္ပဆိုက္ေရာက္ႏွင့္ျပည္ပထြက္ခြာ ခရီးသည္မ်ားအေပၚ အေကာက္ခြန္ကင္းလြတ္ခြင့္ႏွင့္ ကန္႔သတ္ခ်က္မ်ား (ရန်ကုန်လေဆိပ်တွင် ပြည်ပဆိုက်ရောက်နှင့်ပြည်ပထွက်ခွာ ခရီးသည်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်ချက်မျာ)

ရန်ကုန်လေဆိပ်တွင် ပြည်ပဆိုက်ရောက်နှင့်ပြည်ပထွက်ခွာ ခရီးသည်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်ချက်များ

2.1 Custom Checks

Passengers are required to go through custom screening after clearing immigration and collecting their checked baggage. Passengers with nothing to declare may pass through the Green Channel while passengers with goods to declare have to pass through the Red Channel.
2.2 Custom Allowance

The custom allowances are as follows:

Duty Free Allowances
Each passenger is only permitted to bring the following with them into Yangon:
  1. A variety of liquor not more than 2 litres
  2. Perfume not exceeding 150 ml
  3. Not more than 400 sticks of cigarettes
  4. Not more than 50 Cigar rolls
  5. Not more than 250g of pipe tobacco
  6. Any jewellery that was permitted to be exported by the Central Bank of Myanmar.
    All foreigners must declare any jewellery with customs upon arrival
  7. Reasonable amount of drugs prescribed by a doctor for personal use
  8. 1 set of a portable amateur camera and its relevant accessories, excluding professional use
  9. 1 Golf set of not more than fifteen (15) clubs
  10. 2 Tennis Racquets (or) Badminton Racquets
  11. 1 set of fishing equipment, including the fishing rod with roller wheel, string, artificial bait and other accessories
  12. 1 Bicycle
  13. 1 Portable Audio Player for personal use
  14. 1 Portable Video camera, HD cam or DV cam and 1 spare (set) of dry cell parts for memorable recording
  15. 1 Portable computer and its accessories
  16. Electrical and electronic goods of value not more than US$ 500
  17. 6 Unrecorded CD Discs (Large)
  18. 12 Unrecorded CD Discs (Small)
  19. 6 Unrecorded Mini Discs
  20. 6 Unrecorded Video tapes
  21. 6 Unrecorded Cassette Tapes
  22. 6 Unrecorded Tapes for DV cam or HD cam
  23. 2 Portable Data Storage Thumb Drives
  24. Other goods that are in accordance with the current law and regulations to be used for personal uses, which the customs officer considers to be of value not more than US$ 500
  25. The following items brought in by foreigners working for governmental organisations and foreign investment companies shall be exempted from customs duties and taxes for one year as temporary importation, if the passenger produces a written undertaking that those goods will be taken out with them at their departure within one year. Otherwise, customs duties and taxes shall be imposed on those items:
    • One VCR (or) DVD Player
    • One 32” TV
    • One Portable radio (or) Cassette (except Home theatre)
    • One Laptop computer (or) Notebook
    • Operational tools and equipment
  26. Personal belongings of a passenger can be regarded as a passenger allowance after his (or) her death abroad.
2.3 Currency

There is no restriction on the amount of cash that you may carry. However, Nationals of Myanmar must declare all foreign currencies regardless of amount, by filling up a Foreign Exchange Declaration (FED) Form. All foreigners must also declare amounts exceeding US$ 10,000 (or equivalent) on the FED form, which must be submitted to customs upon entering and departing Myanmar. Additionally, all foreign currencies declared must be deposited at an authorized dealer bank within 3 months of arrival.
prrohabited items 12.4 Prohibited Items

The following goods are prohibited from being brought into Myanmar, in accordance with the Sea Customs Act, Article 18 and Article 19.
  • Counterfeit coins and currencies
  • Pornographic articles
  • Pieces of goods without stamped measurements
  • Goods bearing counterfeit trade marks
  • All kinds of narcotic drugs and psychotropic substances
  • Playing Cards
  • Antiques
  • Wildlife, endangered species and/or its by products
  • Goods bearing the imprint or reproduction of the flag on the Union of Myanmar
  • Goods bearing the emblem of Buddha and pagodas of Myanmar
2.5 Restricted Items

The following goods are restricted from being brought into Myanmar:
  • Firearms, weapons, ammunitions and explosives
  • Animals/ Birds
  • Medicines/ Drugs
  • Living plants, seeds, soil
  • Telecommunications equipment

Reference 



အေကာက္ခြန္ ဦးစီးဌာန၏၂၀၁၉ ထုတ္ျပန္ခ်က္ (အကောက်ခွန် ဦးစီးဌာန၏၂၀၁၉ ထုတ်ပြန်ချက်)

































ကိုးကား

လုံခြုံရေးဆိုင်ရာကန့်သတ်ချက်

ဟန်းကယ်ရီ 

Passengers are prohibited from carrying dangerous objects on-board aircraft. Dangerous objects include but are not limited to knives, weapons, handcuffs, sporting equipment (such as baseball bats, golf clubs) and Liquids, Aerosols and Gels (LAGs).

Liquids, Aerosols and Gels (LAGs) There are regulations on the amount of Liquids, Aerosols and Gels (LAGs) that a passenger can carry in their hand-carry luggage.
The guidelines on LAGs in hand-carry luggage are: 
  • All LAGs must be stored in containers with a maximum capacity of 100 ml each. Any LAG containers that are larger than 100ml will not be accepted, even if the container is only partially filled.
  • These containers must be placed in a transparent resealable plastic bag with a total capacity not exceeding 1 litre, which must be completely closed. We recommend passengers use a bag of dimensions 20 cm by 20 cm in size.
  • Each passenger is permitted to carry only one transparent resealable plastic bag, which must be presented separately from other hand-carry luggage for inspection at the security screening point.
  • Exemptions may be made for medications, baby food and special dietary items subject to verification. These items may also require additional checks at the security screening point.
All LAGs in hand-carry luggage should be packed according to these guidelines. Any hand-carry LAGs that do not meet these guidelines will be disposed of during security screening. Thus, we highly advise passengers to check them in instead.
Liquids, Aerosols and Gels include:
  • Drinks, including water and juices
  • Soups, sauces, syrups, jams, stews and pastes
  • Foods in sauces or containing a high liquid content such as canned foods
  • Creams, balms, lotions and oils
  • Cosmetics such as mascara, lip gloss or lip balm
  • Perfumes and sprays
  • Pressurized containers, including shaving foam, hairspray and spray deodorants
  • Gels, including hair and shower gels
  • Pastes, including toothpaste
  • Contact lens solution
  • Liquid-solid mixtures
  • Any other items of similar consistency at room temperature

ရင္ခုန္စရာမ်ားနဲ႔ ျပည့္ေနတဲ့ ျပည္ေတာ္ျပန္ခရီး ( ရင်ခုန်စရာများနဲ့ ပြည့်နေတဲ့ ပြည်တော်ပြန်ခရီး)

ျပည္ေထာင္စု ျမန္မာႏိုင္ငံမွ လႈိက္လွဲစြာႀကိဆိုပါ၏

" ဒီမယ္၊ ဒါကဘာလဲ " 
ယူနီေဖါင္းဝတ္ အေကာက္ခြန္ဝန္ထမ္းမမက ျဖည့္ထားတဲ့ အေကာက္ခြန္ေၾကျငာခ်က္ပုံစံကိုၾကည့္ၿပီး မ်က္ႏွာထားနဲ႔ ေမးတာပါ။
" ရင္းဂစ္ ၅၀ ပါလာတယ္ေလ။ ႏိုင္ငံျခားေငြယူလာရင္ ေၾကျငာရမယ္ဆိုလို႔ ေၾကျငာတာေလ၊  တရားဝင္ ယူလာတာကိုေၾကျငာတာေလ" 
ငါ မဟုတ္တာဘာမွ မလုပ္ထားဘူး၊ အမွန္ကန္ အကုန္ျဖည့္ထားတယ္၊ လာရစ္ရင္ ျပန္တြယ္မယ္လို႔ ေမာင္းတင္ထားတဲ့ စိတ္နဲ႔ ျပန္ေျဖရင္းပိုက္ဆံကိုပါ ထုတ္ျပလိုက္ပါတယ္၊ 
" ဒီေလာက္နည္းနည္းကေလးနဲ႔ ဘာလုပ္မွာလဲ၊ " 
" က်ေနာ္က အျပန္က် ေလယာဥ္ေျပာင္းစီးရမွာဗ်၊ ဒီပိုက္ဆံမွ မပါရင္ ေလဆိပ္မွာ ဘာနဲ႔ စားမလဲ၊ ေလဆိပ္ကထြက္ရင္ တကၠစီခလည္းလိုေသးတယ္ေလဗ်ာ။  မ်ားမ်ားယူလာရင္ ျပသနာလုပ္မွာစိုးလို႔ ရင္းဂစ္ေလး ၅၀ ယူလာတာေလ။ ပုံစံထဲမွာ ျမန္မာႏိုင္ငံသားဆို ႏိုင္ငံျခားေငြတန္ဖိုးဘယ္ေလာက္ျဖစ္ျဖစ္ေၾကျငာရမယ္ဆိုလို႔ေၾကျငာတာေလဗ်ာ" 
" ႏိုင္ငံျခားေငြေၾကျငာရင္ ႏိုင္ငံျခားဘဏ္မွာ အေကာင့္ဖြင့္ၿပီး အပ္ခဲ့ရမယ္၊ ျပန္ထြက္မွျပန္ယူရမွာ။ ဒီေလာက္နည္းနည္းကေလးနဲ႔ ဘာလုပ္မလဲ အလုပ္ရႈပ္တယ္။ မပါဘူလို႔ ျပန္ေရး" 
" ေအာ္ ဒီလိုလား၊ မသိဘူေလဗ်ာ ေၾကျငာဆိုေတာ့ လည္းေၾကျငာရတာေပါ့၊ ကဲ ျပင္လိုက္ပါ့မယ္။ "
ေက်းဇူးတင္စြာနဲ႔ ကပ္စတန္ မမရဲ႕ ခြင့္ျပဳခ်က္နဲ႔ မေလးရွားရင္ ဂစ္ ၅၀ ကို ျမန္မာျပည္ထဲကို တရားမဝင္ယူသြင္းခဲ့ဖူးတဲ့ ျမန္မာတေယာက္ရဲ႕ တကဲ့အျဖစ္အပ်က္ကေလးပါ။ 


တခ်ိန္က ျပည္ပႏိုင္ငံမ်ားမွာ အလုပ္သြားလုပ္ၾကတဲ့ ျမန္မာႏိုင္ငံသားမ်ားအတြက္ ျပည္ေတာ္ျပန္ခရီးဆိုတာ အင္မတန္ ရင္ခုန္ရတဲ့ ခရီးပါ။ 
ခြဲခြာေနရတဲ့ မိသားစုနဲ႔ ျပန္ဆုံရမွာျဖစ္လို႔ စိတ္လႈပ္ရွားရတာထက္ ေလဆိပ္အဝင္မွာ ဘာမ်ား အရစ္ခံရမလဲ ဘယ္လိုေျဖရွင္းရမလဲဆိုတာက အေရးအႀကီးဆုံးျပသနာပါ။ 
တရားဝင္ အလုပ္ထြက္လုပ္ၾကတဲ့သူေတြေတာင္ မျပန္ခင္ ေနာက္ဆုံးသတင္းနဲ႔ လိုအပ္ခ်က္ေတြကို ျမန္မာျပည္က ျပန္လာသူေတြဆီက စနည္းနာၿပီးျပင္ဆင္ရတာပါ။ 
အထူးသျဖင့္ မေလးရွားက ျပန္လာသူ ေတြချမာသူတို႔ေခြၽးနည္းစာကေလးကို ဆက္ေၾကးေပးၾကရပါတယ္။ 
မေလးရွားေလဆိပ္မွာ ေလယာဥ္ေပၚမတက္ခင္ ဘုတ္ဒင္းဂိတ္ ေကာင္တာကေပးတဲ့  arrival card  နဲ႔   custom deceleration form ေတြကို ျဖည့္ၾက မသိသူကို ကူျဖည့္ေပးၾကရင္ ၁၀ တန္ကေလးေတြကို ရန္ကုန္ေလဆိပ္မွာေပးဖို႔ အဆင္သင့္ျပင္ေနၾကတဲ့ လူငယ္ကေလးေတြကိုေတြ႕ေတာ့ အေတာ္ကိုစိတ္မေကာင္းပါ။ 
စာ႐ြက္စာတန္းစုံရင္ ဘာမွ ေပးစရာမလိုပါဘူးလို႔သူတို႔ကိုေျပာလည္း သူတို႔ကေတာ့ အသားလြတ္ အရစ္ခံရမွာကို ေၾကာက္ၾကပါတယ္။ 
တကယ္ေတာ့ ကိုယ္ေတြလည္း ဟန္ကိုယ့္ဖို႔လုပ္ၿပီး ျပန္ရေပမယ့္ စိတ္ကေတာ့ တထင့္ထင့္ရယ္။ 
အခြန္ေျပစာ မူရင္း၊ မိတၱဴ၊ ဇနီးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာ၊ မိမိခြင့္စာ မူရင္းနဲ႔မိတၱဴ၊ ခြင့္စာကိုသံ႐ုံးမွာ ၁၀ ေပးၿပီး တုံးထုရေသးတယ္။ 
ကိုယ္ အလုပ္လုပ္တဲ့ ေနရာက အေရွ႕မေလးရွားဆိုေတာ့ ျမန္မာသံ႐ုံးကမရွိ၊ ကြာလာလမ္ပြာမွာ ခရီးေထာက္ေတာ့ စားရိတ္ကုန္ခံ ညအိပ္ၿပီး သံ႐ုံးသြား အခြန္ေဆာင္၊ ေထာက္ခံစာယူ. တံဆိပ္တုံးထုျပည္စုံေအာင္ လုပ္လာခဲ့ရတာ၊ 
ဒါေပမယ့္ခြင့္စာက မေလးဘာသာနဲ႔ ဆိုေတာ့ ရန္ကုန္ ေလဆိပ္မွာ ရစ္ေနမလားလို႔ ပူေနရတာေလ။ 
ေလယာဥ္ႀကီး ရန္ကုန္ေလဆိပ္ကို ေခ်ာေမြ႕စြာဆင္းၿပီ ဆိုတာနဲ႔ ေဘးအႏၲရာယ္အတြက္ အပူတခုကေလ်ာ့သြားၿပီး အင္မီဂေရးရွင္းနဲ႔ ကပ္စတန္ကို ျဖတ္ဖို႔ ရင္ေတြခုန္ ကိုယ့္ဟာကိုယ္ေမာင္းတင္ထား။ 
"Myanmar Passport holder"  ဆိုတဲ့ အတန္းမွာသြားတန္းစီ
ရင္ထဲမွာေတာ့ ေက်ာက္မီးေသြးရထာႀကီးခုတ္လို႔။ 
ကိုယ္အေရွ႕ကလူေတြတခ်ိဳ႕က ပါ့စ္ပို႔ထဲ ပိုက္ဆံကေလး ညႇပ္ေပးလိုက္တာကိုေတြ႕ပါရဲ႕။
ကိုယ္က မဟုတ္တာ လုပ္တဲ့ သူမဟုတ္သလို လာဘ္ေပးလာဘ္ယူကိုဆန္႔က်င္သူမို႔ ေစတနာရွိရင္ ေပးတတ္ေပမယ့္ ရစ္ရင္ ေတာ့ ျပန္ရစ္တတ္သူေလ။ 
ကိုယ္အလွဲ႔ေရာက္ေတာ့ မ်က္ႏွာကို ခပ္တည္တည္ထား၊ 
စပါၿပီ "အကို ကေလးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာပါလား" 
" ဘာဗ်၊ ဒီကေလး တႏွစ္ခြဲသားကို ဘယ္သူကအလုပ္ေပးလို႔လုပ္ရမွာလဲ၊ ကိုင္ထားတာက CI ေလ passport ေတာင္ မရေသးဘူး။
 ( တခ်ိန္က ၁၅ ႏွစ္ေအာက္ ကေလးေတြကို Certificate of Identity ဆိုတဲ့ စာ႐ြက္ကေလးထုတ္ေပးပါတယ္။ အဲဒီစာ႐ြက္ေတြ႕တဲ့ သူမ်ားႏိုင္ငံ passport control က immigration ဝန္ထမ္းေတြက ဘာမွန္းမသိလို႔ ျမန္မာမိဘေတြ အၿမဲလိုလို အရစ္ခံရ စိတ္ညစ္ရပါတယ္။ ေနာက္ပိုင္း အစိမ္းေရာင္ ကဒ္ကေလး နဲ႔ စာမ်က္ႏွာအလြတ္ ၈ မ်က္ႏွာပါတာကေလးရေတာ့ နည္းနည္းေတာ္သြားေပမယ့္ ၂ ႏွစ္တခါေလာက္ စာမ်က္ႏွာကုန္လို႔ အသစ္ျပန္လဲရၿပီး ႏိုင္ငံျခား  immigration  ဝန္ထမ္းေတြက အဲဒါဘာလဲလို႔ ဘာမွန္းသိပ္မသိၾကပါ၊ )




dependent pass နဲ႔ ဘယ္ႏိုင္ငံမွာမွ အလုပ္ေပးမလုပ္ဘူးေလဗ်ာ"  တင္းၿပီေလ။
" ဟုတ္ပါတယ္ ၊ ဒါေပမယ့္ စဥ္းကမ္းအရ ခြင့္စာမပါရင္ အလုပ္မလုပ္ေၾကာင္းသံ႐ုံးကေထာက္ခံစာပါရမယ္"
" ကဲဒါျဖင့္အခုက်ေနာ္ကဘာလုပ္ရမလဲ၊ ဒီကေန သံ႐ုံးကို လွမ္းေတာင္းရေအာင္သံ႐ုံလဲပိတ္ေနၿပီ၊ ခင္ဗ်ားကေပးမဝင္ရင္ ကေလး ကိုဒီမွာထားခဲ့ရမွာလား" အသံကလဲက်ယ္လာ။ ကေလးကလဲ သူ႔ကိုထားခဲ့မွာစိုးလို႔ငို။ 
" အဲဒါဆို ေထာက္ခံစာမပါရင္ ျပန္ထြက္တဲ့အခါ D from ျပန္လုပ္ရမယ္" 
" ရတယ္ လုပ္မယ္ဗ်ာ၊ ဘယ့္ႏွယ္ ဒီကေလး ပိစိ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာေပးရမတဲ့" 
အေတာ္ကို သဘာဝ မက်တဲ့ လုပ္ထုံးလုပ္နည္းေတြလား ေငြညႇစ္ေပါက္ေတြလားမသိ။ 
မေက်မနပ္နဲ႔ ဘုေျပာေတာ့လဲ  ပိုက္ဆံမရမွန္းသိသြားလို႔ ပါ့စ္ ပို႔ကို တုံးထုၿပီး လႊတ္ေပးလိုက္ပါေတာ့တယ္။
အဲဒီ အခ်ိန္ မုံ႔ဖိုးေပးဖို႔ကလဲ ေစတနာနည္းနည္းမွ မရွိေတာ့လို႔ ေမပးခဲ့။  
ထြက္လာၿပီး ပစၥည္းရါေးမယ္ဆိုေတာ့ တြန္းလွည္းေတြကို မေတြ႕၊
လားလား အလုပ္သမားဆိုသူေတြက လွည္းကိုယ္စီယူထားၿပီး ေစာင့္ေနၾကတာ။
ကိုယ့္အိတ္ကိုယ္ယူလို႔မရ၊ သူတို႔က ကူသလိုဘာလိုနဲ႔ ဒါးျပတိုက္သလို လုၾက။
ဟုတ္ပါၿပီ ကိုယ္လဲ ကေလးနဲ႔ ဆိုေတာ့ အကူရပါတယ္လို႔ စိတ္ေျဖၿပီး ေပးတြန္းလိုက္တယ္။ 
လာႀကိဳတဲ့ကားဆီေရာက္ေတာ့ ဘယ္သူေတြမွန္းမသိဝိုင္တင္ၾကျပန္လို႔ ပစၥည္းမေပ်ာက္ေအာင္ ၾကည့္ရင္း ေအာ္ရျပန္။ 
ပိုက္ဆံေပးေတာ့ သူလည္းပါတယ္ ငါလည္းပါတယ္တဲ့ ဝိုင္းလာၾကျပန္ပါေရာ။ 
ႏိုင္ငံျခားမွာ အလုပ္သြားလုပ္တာ ျပန္လာရင္ ေဝသႏၲရာလုပ္ဖို႔ လို႔ ထင္ၾကသလားမသိ။
ဟိုမွာ ဘယ္လိုဒုကၡခံရတယ္၊ ဘယ္ေလာက္ပင္ပန္းတယ္၊ သည္းခံရတယ္ဆိုတာသူတို႔အလုပ္မဟုတ္ ၊ 
ႏိုင္ငံျခားကျပန္လာရင္ ေငြ႐ြင္တယ္၊ ညႇစ္ရမယ္လို႔ပဲ ေတြးၾကပုံရတယ္။ 

D from  ကို online လုပ္လို႔ရတဲ့ အခ်ိန္ ျဖစ္လို႔ မျပန္ခင္ အလြယ္တကူပဲ ၂၀၀၀ က်ပ္နဲ႔ လုပ္လိုက္ရပါတယ္။ 
ကားရပ္ေတာ့ ပစၥည္းေတြကို ဝိုင္လုၾကျပန္။ 
လွည္းေပၚလုတင္ၿပီး တြန္းေတာ့ အိတ္တလုံးျပဳတ္က်ၿပီး ဘီးကြဲလို႔ စိတ္ကတိုၿပီး ေအာ္မိပါေပါ့။ 
တခါ အျပန္မွာေတာ့ Departure card ျဖည့္ရျပန္ပါတယ္။ 


အဲဒီ အခ်ိန္တုန္းက ကိုယ့္ႏိုင္ငံ ကိုယ္ျပန္သူေတြ arrival card နဲ႔departure card ျဖည့္ရတာ ျမန္မာတႏိုင္ငံပဲရွိမယ္ထင္ပါတယ္။ 
ဒီလိုနဲ႔ ရန္ကုန္ကေလယာဥ္ထြက္ၿပီး မေလးရွားကို ေရာက္ေတာ့ ေလယာဥ္ေျပာင္း၊ ကိုတာကင္နာဘာလုေရာက္ immigration မွာ အေမးအျမန္းမရွိ၊ custom ကို nothing to declare ဆိုၿပီး ျဖတ္ေတာ့ ဘာမွ မေမး။ 
အင္း   ကိုယ့္ႏိုင္ငံျပန္ရတာထက္ သူမ်ားႏိုင္ငံလာရတာက ပိုၿပီး ေပါ့ေပါ့ပါးပါးရွိလိုက္တာ။
စိတ္ထဲ ဘာပူပန္မႈ တင္းၾကပ္မႈမွမျဖစ္။ 

ေနာက္ႏွစ္ စကၤာပူကတဆင့္ျပန္ေတာ့ ကေလး က ၃ ႏွစ္။ 
သားအဖ ၂ေယာက္ ခ်န္ဂီေလဆိပ္မွာ ပါ့စ္ပို႔ကြန္ထ႐ိုး အတန္းထဲဝင္စီတာေပါ့။
ကိုယ့္အေရွ႕မွာ လူ ၁၀ ေယာက္ေလာက္။ 
ကေလးက စကားမ်ားမ်ားနဲ႔ ေငးလိုက္ေမးလိုက္လုပ္ေနတုန္း ယူနီေဖါင္းဝတ္တေယာက္ကလာေခၚတယ္။ 
ဟိုဖက္က သီးသန္႔ေကာင္တာကို လာခဲ့တဲ့၊ ကေလးနဲ႔ မို႔လို႔ေစာင့္ေနရတာၾကာမွာစိုးလို႔တဲ့။
ခ်က္ခ်င္းဘဲ စစ္ေဆးၿပီး တုံးထုေပးလိုက္တာ၊
ေဩာ္ ကိုယ့္ႏိုင္ငံျပန္တုန္းက ကေလးအတြက္ အလုပ္မလုပ္ေၾကာင္းေထာက္ခံစာေတာင္းခံရ အရစ္ခံရနဲ႔ သူမ်ားႏိုင္ငံထဲဝင္ဖို႔မ်ား ကေလးပါလို႔ ဦးစားေပးလိုက္ပါေသးေရာလား၊ 
အဲဒီအေခါက္မွာ စကၤာပူထီထိုးဖို႔ တိုတိုဆိုင္မွာ တန္းသြားစီေတာ့ ေကာင္တာ က လွမ္းေခၚတယ္၊
"၁၈ ႏွစ္ေအာက္ကေလးေတြ ဆိုင္ထဲေခၚလာလို႔မရဘူး" တဲ့ 
" ေအးဗ်ာ၊ က်ေနာ္ကခရီးသြား၊ ကေလးနဲ႔ ၂ ေယာက္ထဲ၊ ဘယ္နားသြားထားမလဲ"  ဆိုေတာ့ "ကဲ ဘာဝယ္မလဲ အခုေျပာ" ဆိုၿပီး အတန္းေက်ာ္ကာေရာင္းေပးလိုက္ပါသဗ်ား။
ျပည္ပမွာ အလုပ္လုပ္တဲ့ ျမန္မာႏိုင္ငံသားတေယာက္ရဲ႕ ၂၀၀၀ ခုလြန္ႏွစ္မ်ားဆီက ကိုယ္ေတြ႕ဇာတ္လမ္းကေလးေတြျပန္ေျပာျပတာပါ၊
ေျပာသာေျပာရတယ္၊ ျမန္မာျပည္မွာလည္း လူသားဆန္တဲ့ ကိုယ္ခ်င္းစာစိတ္ရွိသူဝန္ထမ္းေတြရွိပါေသးတယ္။ 

ဖိုးသုည
16-7-19

ပြည်ထောင်စု မြန်မာနိုင်ငံမှ လှိုက်လှဲစွာကြိဆိုပါ၏ (ယူနီကုဒ်) 

" ဒီမယ်၊ ဒါကဘာလဲ " 
ယူနီဖေါင်းဝတ် အကောက်ခွန်ဝန်ထမ်းမမက ဖြည့်ထားတဲ့ အကောက်ခွန်ကြေငြာချက်ပုံစံကိုကြည့်ပြီး မျက်နှာထားနဲ့ မေးတာပါ။
" ရင်းဂစ် ၅၀ ပါလာတယ်လေ။ နိုင်ငံခြားငွေယူလာရင် ကြေငြာရမယ်ဆိုလို့ ကြေငြာတာလေ၊  တရားဝင် ယူလာတာကိုကြေငြာတာလေ" 
ငါ မဟုတ်တာဘာမှ မလုပ်ထားဘူး၊ အမှန်ကန် အကုန်ဖြည့်ထားတယ်၊ လာရစ်ရင် ပြန်တွယ်မယ်လို့ မောင်းတင်ထားတဲ့ စိတ်နဲ့ ပြန်ဖြေရင်းပိုက်ဆံကိုပါ ထုတ်ပြလိုက်ပါတယ်၊ 
" ဒီလောက်နည်းနည်းကလေးနဲ့ ဘာလုပ်မှာလဲ၊ " 
" ကျနော်က အပြန်ကျ လေယာဉ်ပြောင်းစီးရမှာဗျ၊ ဒီပိုက်ဆံမှ မပါရင် လေဆိပ်မှာ ဘာနဲ့ စားမလဲ၊ လေဆိပ်ကထွက်ရင် တက္ကစီခလည်းလိုသေးတယ်လေဗျာ။  များများယူလာရင် ပြသနာလုပ်မှာစိုးလို့ ရင်းဂစ်လေး ၅၀ ယူလာတာလေ။ ပုံစံထဲမှာ မြန်မာနိုင်ငံသားဆို နိုင်ငံခြားငွေတန်ဖိုးဘယ်လောက်ဖြစ်ြဖစ်ကြေငြာရမယ်ဆိုလို့ကြေငြာတာလေဗျာ" 
" နိုင်ငံခြားငွေကြေငြာရင် နိုင်ငံခြားဘဏ်မှာ အကောင့်ဖွင့်ပြီး အပ်ခဲ့ရမယ်၊ ပြန်ထွက်မှပြန်ယူရမှာ။ ဒီလောက်နည်းနည်းကလေးနဲ့ ဘာလုပ်မလဲ အလုပ်ရှုပ်တယ်။ မပါဘူလို့ ပြန်ရေး" 
" အော် ဒီလိုလား၊ မသိဘူလေဗျာ ကြေငြာဆိုတော့ လည်းကြေငြာရတာပေါ့၊ ကဲ ပြင်လိုက်ပါ့မယ်။ "
ကျေးဇူးတင်စွာနဲ့ ကပ်စတန် မမရဲ့ ခွင့်ပြုချက်နဲ့ မလေးရှားရင် ဂစ် ၅၀ ကို မြန်မာပြည်ထဲကို တရားမဝင်ယူသွင်းခဲ့ဖူးတဲ့ မြန်မာတယောက်ရဲ့ တကဲ့အဖြစ်အပျက်ကလေးပါ။ 

တချိန်က ပြည်ပနိုင်ငံများမှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာနိုင်ငံသားများအတွက် ပြည်တော်ပြန်ခရီးဆိုတာ အင်မတန် ရင်ခုန်ရတဲ့ ခရီးပါ။ 
ခွဲခွာနေရတဲ့ မိသားစုနဲ့ ပြန်ဆုံရမှာဖြစ်လို့ စိတ်လှုပ်ရှားရတာထက် လေဆိပ်အဝင်မှာ ဘာများ အရစ်ခံရမလဲ ဘယ်လိုဖြေရှင်းရမလဲဆိုတာက အရေးအကြီးဆုံးပြသနာပါ။ 
တရားဝင် အလုပ်ထွက်လုပ်ကြတဲ့သူတွေတောင် မပြန်ခင် နောက်ဆုံးသတင်းနဲ့ လိုအပ်ချက်တွေကို မြန်မာပြည်က ပြန်လာသူတွေဆီက စနည်းနာပြီးပြင်ဆင်ရတာပါ။ 
အထူးသဖြင့် မလေးရှားက ပြန်လာသူ တွေခမြာသူတို့ချွေးနည်းစာကလေးကို ဆက်ကြေးပေးကြရပါတယ်။ 
မလေးရှားလေဆိပ်မှာ လေယာဉ်ပေါ်မတက်ခင် ဘုတ်ဒင်းဂိတ် ကောင်တာကပေးတဲ့  arrival card  နဲ့   custom deceleration form တွေကို ဖြည့်ကြ မသိသူကို ကူဖြည့်ပေးကြရင် ၁၀ တန်ကလေးတွေကို ရန်ကုန်လေဆိပ်မှာပေးဖို့ အဆင်သင့်ပြင်နေကြတဲ့ လူငယ်ကလေးတွေကိုတွေ့တော့ အတော်ကိုစိတ်မကောင်းပါ။ 
စာရွက်စာတန်းစုံရင် ဘာမှ ပေးစရာမလိုပါဘူးလို့သူတို့ကိုပြောလည်း သူတို့ကတော့ အသားလွတ် အရစ်ခံရမှာကို ကြောက်ကြပါတယ်။ 
တကယ်တော့ ကိုယ်တွေလည်း ဟန်ကိုယ့်ဖို့လုပ်ပြီး ပြန်ရပေမယ့် စိတ်ကတော့ တထင့်ထင့်ရယ်။ 
အခွန်ပြေစာ မူရင်း၊ မိတ္တူ၊ ဇနီးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာ၊ မိမိခွင့်စာ မူရင်းနဲ့မိတ္တူ၊ ခွင့်စာကိုသံရုံးမှာ ၁၀ ပေးပြီး တုံးထုရသေးတယ်။ 
ကိုယ် အလုပ်လုပ်တဲ့ နေရာက အရှေ့မလေးရှားဆိုတော့ မြန်မာသံရုံးကမရှိ၊ ကွာလာလမ်ပွာမှာ ခရီးထောက်တော့ စားရိတ်ကုန်ခံ ညအိပ်ပြီး သံရုံးသွား အခွန်ဆောင်၊ ထောက်ခံစာယူ. တံဆိပ်တုံးထုပြည်စုံအောင် လုပ်လာခဲ့ရတာ၊ 
ဒါပေမယ့်ခွင့်စာက မလေးဘာသာနဲ့ ဆိုတော့ ရန်ကုန် လေဆိပ်မှာ ရစ်နေမလားလို့ ပူနေရတာလေ။ 
လေယာဉ်ကြီး ရန်ကုန်လေဆိပ်ကို ချောမွေ့စွာဆင်းပြီ ဆိုတာနဲ့ ဘေးအန္တရာယ်အတွက် အပူတခုကလျော့သွားပြီး အင်မီဂရေးရှင်းနဲ့ ကပ်စတန်ကို ဖြတ်ဖို့ ရင်တွေခုန် ကိုယ့်ဟာကိုယ်မောင်းတင်ထား။ 
"Myanmar Passport holder"  ဆိုတဲ့ အတန်းမှာသွားတန်းစီ
ရင်ထဲမှာတော့ ကျောက်မီးသွေးရထာကြီးခုတ်လို့။ 
ကိုယ်အရှေ့ကလူတွေတချို့က ပါ့စ်ပို့ထဲ ပိုက်ဆံကလေး ညှပ်ပေးလိုက်တာကိုတွေ့ပါရဲ့။
ကိုယ်က မဟုတ်တာ လုပ်တဲ့ သူမဟုတ်သလို လာဘ်ပေးလာဘ်ယူကိုဆန့်ကျင်သူမို့ စေတနာရှိရင် ပေးတတ်ပေမယ့် ရစ်ရင် တော့ ပြန်ရစ်တတ်သူလေ။ 
ကိုယ်အလှဲ့ရောက်တော့ မျက်နှာကို ခပ်တည်တည်ထား၊ 
စပါပြီ "အကို ကလေးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာပါလား" 
" ဘာဗျ၊ ဒီကလေး တနှစ်ခွဲသားကို ဘယ်သူကအလုပ်ပေးလို့လုပ်ရမှာလဲ၊ ကိုင်ထားတာက CI လေ passport တောင် မရသေးဘူး။
( တချိန်က ၁၅ နှစ်အောက် ကလေးတွေကို Certificate of Identity ဆိုတဲ့ စာရွက်ကလေးထုတ်ပေးပါတယ်။ အဲဒီစာရွက်တွေ့တဲ့ သူများနိုင်ငံ passport control က immigration ဝန်ထမ်းတွေက ဘာမှန်းမသိလို့ မြန်မာမိဘတွေ အမြဲလိုလို အရစ်ခံရ စိတ်ညစ်ရပါတယ်။ နောက်ပိုင်း အစိမ်းရောင် ကဒ်ကလေး နဲ့ စာမျက်နှာအလွတ် ၈ မျက်နှာပါတာကလေးရတော့ နည်းနည်းတော်သွားပေမယ့် ၂ နှစ်တခါလောက် စာမျက်နှာကုန်လို့ အသစ်ပြန်လဲရပြီး နိုင်ငံခြား  immigration  ဝန်ထမ်းတွေက အဲဒါဘာလဲလို့ ဘာမှန်းသိပ်မသိကြပါ၊ ) 
dependent pass နဲ့ ဘယ်နိုင်ငံမှာမှ အလုပ်ပေးမလုပ်ဘူးလေဗျာ"  တင်းပြီလေ။
" ဟုတ်ပါတယ် ၊ ဒါပေမယ့် စဉ်းကမ်းအရ ခွင့်စာမပါရင် အလုပ်မလုပ်ကြောင်းသံရုံးကထောက်ခံစာပါရမယ်"
" ကဲဒါဖြင့်အခုကျနော်ကဘာလုပ်ရမလဲ၊ ဒီကနေ သံရုံးကို လှမ်းတောင်းရအောင်သံရုံလဲပိတ်နေပြီ၊ ခင်ဗျားကပေးမဝင်ရင် ကလေး ကိုဒီမှာထားခဲ့ရမှာလား" အသံကလဲကျယ်လာ။ ကလေးကလဲ သူ့ကိုထားခဲ့မှာစိုးလို့ငို။ 
" အဲဒါဆို ထောက်ခံစာမပါရင် ပြန်ထွက်တဲ့အခါ D from ပြန်လုပ်ရမယ်" 
" ရတယ် လုပ်မယ်ဗျာ၊ ဘယ့်နှယ် ဒီကလေး ပိစိ အလုပ်မလုပ်ကြောင်းထောက်ခံစာပေးရမတဲ့" 
အတော်ကို သဘာဝ မကျတဲ့ လုပ်ထုံးလုပ်နည်းတွေလား ငွေညှစ်ပေါက်တွေလားမသိ။ 
မကျေမနပ်နဲ့ ဘုပြောတော့လဲ  ပိုက်ဆံမရမှန်းသိသွားလို့ ပါ့စ် ပို့ကို တုံးထုပြီး လွှတ်ပေးလိုက်ပါတော့တယ်။
အဲဒီ အချိန် မုံ့ဖိုးပေးဖို့ကလဲ စေတနာနည်းနည်းမှ မရှိတော့လို့ မေပးခဲ့။  
ထွက်လာပြီး ပစ္စည်းရါေးမယ်ဆိုတော့ တွန်းလှည်းတွေကို မတွေ့၊
လားလား အလုပ်သမားဆိုသူတွေက လှည်းကိုယ်စီယူထားပြီး စောင့်နေကြတာ။
ကိုယ့်အိတ်ကိုယ်ယူလို့မရ၊ သူတို့က ကူသလိုဘာလိုနဲ့ ဒါးပြတိုက်သလို လုကြ။
ဟုတ်ပါပြီ ကိုယ်လဲ ကလေးနဲ့ ဆိုတော့ အကူရပါတယ်လို့ စိတ်ဖြေပြီး ပေးတွန်းလိုက်တယ်။ 
လာကြိုတဲ့ကားဆီရောက်တော့ ဘယ်သူတွေမှန်းမသိဝိုင်တင်ကြပြန်လို့ ပစ္စည်းမပျောက်အောင် ကြည့်ရင်း အော်ရပြန်။ 
ပိုက်ဆံပေးတော့ သူလည်းပါတယ် ငါလည်းပါတယ်တဲ့ ဝိုင်းလာကြပြန်ပါရော။ 
နိုင်ငံခြားမှာ အလုပ်သွားလုပ်တာ ပြန်လာရင် ဝေသန္တရာလုပ်ဖို့ လို့ ထင်ကြသလားမသိ။
ဟိုမှာ ဘယ်လိုဒုက္ခခံရတယ်၊ ဘယ်လောက်ပင်ပန်းတယ်၊ သည်းခံရတယ်ဆိုတာသူတို့အလုပ်မဟုတ် ၊ 
နိုင်ငံခြားကပြန်လာရင် ငွေရွင်တယ်၊ ညှစ်ရမယ်လို့ပဲ တွေးကြပုံရတယ်။ 

D from  ကို online လုပ်လို့ရတဲ့ အချိန် ဖြစ်လို့ မပြန်ခင် အလွယ်တကူပဲ ၂၀၀၀ ကျပ်နဲ့ လုပ်လိုက်ရပါတယ်။ 
ကားရပ်တော့ ပစ္စည်းတွေကို ဝိုင်လုကြပြန်။ 
လှည်းပေါ်လုတင်ပြီး တွန်းတော့ အိတ်တလုံးပြုတ်ကျပြီး ဘီးကွဲလို့ စိတ်ကတိုပြီး အော်မိပါပေါ့။ 
တခါ အပြန်မှာတော့ Departure card ဖြည့်ရပြန်ပါတယ်။ 
အဲဒီ အချိန်တုန်းက ကိုယ့်နိုင်ငံ ကိုယ်ပြန်သူတွေ arrival card နဲ့departure card ဖြည့်ရတာ မြန်မာတနိုင်ငံပဲရှိမယ်ထင်ပါတယ်။ 
ဒီလိုနဲ့ ရန်ကုန်ကလေယာဉ်ထွက်ပြီး မလေးရှားကို ရောက်တော့ လေယာဉ်ပြောင်း၊ ကိုတာကင်နာဘာလုရောက် immigration မှာ အမေးအမြန်းမရှိ၊ custom ကို nothing to declare ဆိုပြီး ဖြတ်တော့ ဘာမှ မမေး။ 
အင်း   ကိုယ့်နိုင်ငံပြန်ရတာထက် သူများနိုင်ငံလာရတာက ပိုပြီး ပေါ့ပေါ့ပါးပါးရှိလိုက်တာ။
စိတ်ထဲ ဘာပူပန်မှု တင်းကြပ်မှုမှမဖြစ်။ 

နောက်နှစ် စင်္ကာပူကတဆင့်ပြန်တော့ ကလေး က ၃ နှစ်။ 
သားအဖ ၂ယောက် ချန်ဂီလေဆိပ်မှာ ပါ့စ်ပို့ကွန်ထရိုး အတန်းထဲဝင်စီတာပေါ့။
ကိုယ့်အရှေ့မှာ လူ ၁၀ ယောက်လောက်။ 
ကလေးက စကားများများနဲ့ ငေးလိုက်မေးလိုက်လုပ်နေတုန်း ယူနီဖေါင်းဝတ်တယောက်ကလာခေါ်တယ်။ 
ဟိုဖက်က သီးသန့်ကောင်တာကို လာခဲ့တဲ့၊ ကလေးနဲ့ မို့လို့စောင့်နေရတာကြာမှာစိုးလို့တဲ့။
ချက်ချင်းဘဲ စစ်ဆေးပြီး တုံးထုပေးလိုက်တာ၊
ဩော် ကိုယ့်နိုင်ငံပြန်တုန်းက ကလေးအတွက် အလုပ်မလုပ်ကြောင်းထောက်ခံစာတောင်းခံရ အရစ်ခံရနဲ့ သူများနိုင်ငံထဲဝင်ဖို့များ ကလေးပါလို့ ဦးစားပေးလိုက်ပါသေးရောလား၊ 
အဲဒီအခေါက်မှာ စင်္ကာပူထီထိုးဖို့ တိုတိုဆိုင်မှာ တန်းသွားစီတော့ ကောင်တာ က လှမ်းခေါ်တယ်၊
"၁၈ နှစ်အောက်ကလေးတွေ ဆိုင်ထဲခေါ်လာလို့မရဘူး" တဲ့ 
" အေးဗျာ၊ ကျနော်ကခရီးသွား၊ ကလေးနဲ့ ၂ ယောက်ထဲ၊ ဘယ်နားသွားထားမလဲ"  ဆိုတော့ "ကဲ ဘာဝယ်မလဲ အခုပြော" ဆိုပြီး အတန်းကျော်ကာရောင်းပေးလိုက်ပါသဗျား။
ပြည်ပမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတယောက်ရဲ့  ၂၀၀၀ ခုလွန်နှစ်များဆီက ကိုယ်တွေ့ဇာတ်လမ်းကလေးတွေပြန်ပြောပြတာပါ၊
ပြောသာပြောရတယ်၊ မြန်မာပြည်မှာလည်း လူသားဆန်တဲ့ ကိုယ်ချင်းစာစိတ်ရှိသူဝန်ထမ်းတွေရှိပါသေးတယ်။ 

'ဖိုးသုည
16-7-19

Tuesday, July 2, 2019

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER) {တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)}

တေစၦေလဆိပ္ႀကီး Berlin Brandenburg Airport (BER)

မီးရထားတစင္းဆိုက္လာတယ္၊ တံခါးေတြပြင့္လာေတာ့ လူတေယာက္မွ မပါ။
ေလဆိပ္ခန္းမထဲေရာက္ေတာ့ ေလယာဥ္ အတက္အဆင္းခရီးစဥ္ျပ မွန္သားျပင္ေတြမွာ ေလယာဥ္ခရီးစဥ္ အမွတ္ေတြနဲ႔ အခ်ိန္ေတြက လႈပ္ရွားေနေပမယ့္ ခရီးသည္နဲ႔ ေလေၾကာင္းလိုင္း ဝန္ထမ္းေတြ တေယာက္မွမရွိ။
ပစၥည္းေ႐ြးဖို႔ ခါးပတ္ ( baggage reclaim conveyer belt) ႀကီးလႈပ္ရွားလာတယ္။ အိတ္တလုံးမွမပါ။
ဒါေတြကေန႔စဥ္ တကယ္ျဖစ္ေနတာပါ။
စီးသူမရွိတဲ့ ရထားဘူတာ

ေဆာက္ထား တပ္ထားၿပီးသားစက္ေတြ မသုံးျဖစ္လို႔ ဂ်မ္းျဖစ္ၿပီး ရပ္မသြားေအာင္ ေနစဥ္ သုံးစြဲသူမရွိဘဲ လည္ပတ္ အလုပ္လုပ္ခိုင္းထားရတာပါ။ ဘုတ္ေတြမွာ ျပေနတဲ့ ေလယာဥ္ခရီးစဥ္ေတြကေတာ့ အနားက Berlin Schönefeld Airport ေလဆိပ္ကခရီးစဥ္ေတြပါ။
ဥေရာပရဲ႕ စီးပြားေရး အေတာင့္ဆုံး၊ နည္းပညာ အတိုးတက္ဆုံး ဂ်ာမဏီႏိုင္ငံရဲ႕ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးမွာပါ။

သမိုင္းေၾကာင္း

၁၉၈၉ ခု မွာ ဘာလင္တံတိုင္းကိုၿဖိဳခ်ၿပီး အေရွ႕နဲ႔ အေနာက္ဘာလင္ ႏွစ္ျခမ္းျပန္လည္ေပါင္းစည္းခဲ့ပါတယ္.။
၁၉၉၀ မွာ ဂ်ာမဏီ၂ ႏိုင္ငံျပန္လည္ေပါင္းစည္းၿပီး Federal Republic of Germany လို႔ဖြဲစည္းလိုက္တဲ့အခါ ဘာလင္ဟာ ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ျပန္ျဖစ္လာပါတယ္။
ၿမိဳ႕ေတာ္ျပန္ျဖစ္လာတဲ့  ဘာလင္မွာ တိုးတက္လာတဲ့ ေလေၾကာင္းပို႔ေဆာင္ေရး အတြက္ ရွိၿပီးသားေလဆိပ္ေတြနဲ႔ မလုံေလာက္ေတာ့ ပါဘူး။ ႏိုင္ငံေရးေခါင္းေဆာင္ေတြက ဘာလင္ အတြက္ ေခတ္မွီေလဆိပ္သစ္ႀကီးတခုကို တည္ေဆာက္ဆို႔လိုတယ္ဆိုတာကို သေဘာတူခဲ့ၾကပါတယ္။
ဒီလိုနဲ႔ ေလဆိပ္သစ္ႀကီးကိုစီမံခန္႔ခြဲဖို႔အတြက္ ၁၉၉၁ ခုႏွစ္ ေမလမွာ  Berlin Brandenburg Airport holding company ႀကီး ကို တည္ေထာင္ ခဲ့ပါတယ္။
၁၉၉၆ ခုဇြန္လေရာက္မွ လက္ရွိ အသုံးျပဳေနတဲ့ Berlin Schönefeld Airport (SXF) အနားက ေျမေနရာကို အတည္ျပဳပါတယ္။

Berlin Brandenburg Airport (BER) နဲ့ Berlin Schönefeld Airport (SXF)


တခါ ဘယ္ပုဂၢလိကေဆာက္လုပ္ေရးအဖြဲ႕ေတြကို ေဆာက္ဖို႔  ေခၚယူမယ္ဆိုတာနဲ႔ ပတ္သက္ၿပီးျဖစ္တဲ့ ျပသနာေတြေၾကာင့္ ၂၀၀၀ ခုႏွစ္ ႏိုဝင္ဘာလေရာက္မွ ယာယီ စီမံကိန္း အတည္ျဖစ္ပါတယ္။ ေလဆိပ္ကို  ၂၀၀၇ ခုႏွစ္မွာဖြင့္လွစ္ဖို႔စီစဥ္ခဲ့ၾကပါတယ္။
လက္ေတြ႕မွာေတာ့ ေလဆိပ္ေဆာက္မယ့္ေနရာမွာေတြ႕တဲ့ ေရွးေဟာင္း သခ်ႋဳင္းကို ေရွးေဟာင္း သုေတသီေတြက ထူးေဖၚတာကို ေစာင့္ရ၊ နယ္ေျမခံျပည္သူေတြနဲ႔ျပသနာ ၊  ကုန္က်စရိတ္တြက္ခ်က္ရာမွာ မွားယြင္းမႈ စတဲ့ျပသနာေတြကိုေျဖရွင္းေနရလို႔ ၂၀၀၆ ခု စက္တင္ဘာလေရာက္မွ ေဆာက္လုပ္ေရး လုပ္ငန္းေတြကိုတကယ္စတင္ႏိုင္ခဲ့ပါတယ္။
ဒီလိုနဲ႔ ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလ ၃၀ လို႔ ျပင္ဆင္သတ္မွတ္ထားခဲ့ပါတယ္.
ဒါေပမဲ့ ေဆာက္လုပ္ေရးလုပ္ငန္းမွာ ျပသနာေတြမ်ားလို႔ ေႏွာင့္ေႏွးေနၿပီး ေလဆိပ္ဖြင့္ဖို႔ ရက္ကို ၂၀၁၂ ခု ဇႏၷဝါရီလု ၃ ရက္၊ ေနာက္ေတာ့ ၂၀၁၂ ဇြန္လလို႔ ထပ္ေျပာင္းပါတယ္။
ဝန္ႀကီးခ်ဳပ္ Angela Merkel ကို ဖိတ္ၿပီး ေလဆိပ္ႀကီးကို ဖြင့္ဖို႔ ျပင္ဆင္ထားရာ ဖြင့္ပြဲမတိုင္မီ တလအလို ၂၀၁၂ ေမလ မွာ မီးေဘးကာကြယ္ေရး စနစ္လက္မွတ္ရဖို႔ စစ္ေဆးေတာ့မွ ဘယ္လိုမွ ေမွ်ာ္မွန္းမထားတဲ့ အေတာ္ဆိုး႐ြားတဲ့ ျပသနာေတြကိုေတြ႕ရလို႔ ဖြင့္ပြဲကို ၂၀၁၃ မတ္လ ၁၇ လို႔ ေျပာင္းရပါတယ္၊ ေနာက္ေတာ့ ၂၀၁၃ ေအာက္တိုဘာ ၂၇ ကို ေ႐ႊ႕ျပန္ပါတယ္။


အခုထိအသုံးမျပဳရေသးတဲ့ ေလဆိပ္အေဆာက္ အဦႀကီး


၂၀၁၃ ဇႏၷဝါရီလအေရာက္မွာေတာ့ ေလဆိပ္တကယ္ဖြင့္မယ့္ရက္ကို မေၾကျငာႏိုင္ေတာဘဲ  ၂၀၁၄ အထိ ဖြင့္ႏိုင္မွာ မဟုတ္ဘူးလို႔သာေၾကျငာႏိုင္ပါေတာ့တယ္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္လည္း ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕က ႏႈတ္ထြက္ၿပီး Berlin Brandenburg Airportရဲ႕ စီအီးအိုကိုလဲ ရာထုးက ျဖဳတ္လိုက္ပါတယ္။
၂၀၁၄ မွာ စီအီးအို အသစ္ Hartmut Mehdorn က ေလဆိပ္ကို ၂၀၁၆ အထိ ဖြင့္လွစ္ႏိုင္ဖြယ္ မရွိလို႔ ေၾကျငာပါတယ္။ တပူေပၚ ႏွစ္ပူဆင့္တက္တက္လာတဲ့ ျပသနာေတြနဲ႔ မေရရာမႈေတြေၾကာင့္ Mehdorn လည္း ၂၀၁၄ ဒီဇင္ဘာလမွာ စီအီးအိုအျဖ့စ္မွ ႏႈတ္ထြက္ခဲ့ပါတယ္။
၂၀၁၅ ဇူလိုင္၊ ဘာလင္ၿမိဳ႕ေတာ္ဝန္သစ္ Michael Müller က ႀကီးၾကပ္ေရး ဘုတ္အဖြဲ႕ဥကၠဌ ေနရာကို ရယူၿပီး ေလဆိပ္ကို  ၂၀၁၇ မွာ ဖြင့္လွစ္ႏိုင္ေအာင္ ဦးေဆာင္ျပန္ပါတယ္။
၂၀၁၅ ဩဂုတ္လမွာေတာ့ ေလဆိပ္စီမံကိမ္း အတြင္းက ခ်စားမႈ လာယ္စားမႈေတြ တစၿပီးတစ ထြက္လာပါတယ္။ ေလဆိပ္နည္းပညာဆိုင္ရာ ဒါ႐ိုက္တာ Jochen Grossmann ဟာ ယူ႐ို သန္းတဝက္ လာယ္စားမယ္ဆိုတဲ့ စြဲခ်က္နဲ႔ တရားတေဘာင္ရင္ဆိုင္ေနရပါတယ္။

၂၀၁၆ ဒီဇင္ဘာလမွာေတာ့ ေနာက္ဆုံးရည္မွန္းထားတဲ့ ၂၀၁၇ မွာေလဆိပ္ဖြင့္လွစ္ႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူးဆိုျပန္ပါတယ္။
မီးလုံးေတြမွားတပ္တာ၊ တံခါးေတြကို နံပတ္တပ္မွားေနတာ၊ မီးခလုပ္ေတြ မရွိတာ၊ မွားယြင္းတဲ့ မီးႀကိဳးသြယ္တန္းမႈ၊ မီးေဘးအခ်က္ေပး စနစ္ မွားယြင္းမႈ စတာေတြကေန အေဆာက္အဦအမိုးက သတ္မွတ္ထားတာထက္ ၂ဆေက်ာ္ပိုေလးေနတယ္ဆိုတဲ့ ျပသနာ အႀကီးႀကီးအထိ၊ ျပသနာေပါင္း (၅၅၀၀၀၀) သန္းတဝက္ေက်ာ္ေလာက္ကိုျပင္ဆင္ရမယ္ဆိုတာ ေတြ႕ရွိလာရလို႔ပါ။

ဘာေတြမွားခဲ့တာလဲ 

ပညာရွင္နဲ႔ ႏိုင္ငံေရးသမား ေနရာမွား

အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်ေပးရတဲ့ ေလဆိပ္ေဆာက္လုပ္ေရး ႀကီးၾကပ္မႈ ဘုတ္အဖြဲ႕ဝင္ေတြဟာ လုပ္ငန္းကြၽမ္းက်င္သူ စပယ္ရွယ္လစ္ေတြ ျဖစ္ရမယ့္အစား ဒီလုပ္ငန္းေတြနဲ႔ နီးစပ္မႈ မရွိတဲ့ ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ဘာလင္ၿမိဳ႕ေတာ္ဝန္ နဲ႔  Brandenburg ျပည္နယ္ဝန္ႀကီးခ်ဳပ္ တို႔ ျဖစ္ေနပါတယ္။  စီမံကိန္းအႀကီးကဲ၊ နည္းပညာအႀကီးအကဲေတြကလည္း ဆိုင္ရာနယ္ပယ္မွာ မကြၽမ္းက်င္ၾကလို႔ လူေတြတေယာက္ၿပီး တေယာက္ေျပာင္းရပါတယ္။
သူတို႔က ေဆာက္လုပ္ေရးလုပ္ငန္းေတြကို အေတြ႕အႀကဳံရင့္ ကုမၸဏီႀကီးတခုကို အပ္ၿပီး စီမံခန္႔ခြဲေစတာမ်ိဳးမဟုတ္ဘဲ လုပ္ငန္း ကန္ထ႐ိုက္  ၃၀ -၄၀ ေလာက္ကို ေဈးသက္သက္သာသာနဲ႔ ခိုင္းလို႔ရတဲ့ ကုမၸဏီ အငယ္ကေလးေတြကို တိုက္႐ိုက္ခြဲေပးခဲ့ပါတယ္။ အဲဒီမွာလုပ္ငန္းေတြအၾကားညႇိႏႈိင္းထိန္းခ်ဳပ္ရတာေတြက ရႈပ္ေထြးကုန္ပါတယ္။

ဗိသုကာဆိုင္ရာျပသနာမ်ား

ဗိသုကာဆိုင္ရာ မွားယြင္းတဲ့ထဲမွာ ျပသနာ္ႀကီးတခုကေတာ့ပါ။ ဒီဇိုင္းဆြဲတဲ့ ဗိသုကာက ပူၿပီး အထက္ကိုဆန္တက္တတ္တဲ့ မီးခိုးေတြကို ေလဆိပ္ခန္းမေအာက္ေျခကေနစုပ္ထုတ္ဖို႔ လုပ္ထားပါတယ္၊  အစအဆုံးျပန္ျပင္ရပါတယ္။
ခ်က္အင္လုပ္ဖို႔ေကာင္တာေတြက သိပ္နည္းေနၿပီး ခရီးသည္ေတြအိတ္ေတြကို ျပန္ေ႐ြးဖို႔ စနစ္ကနည္းလုံေလာက္မႈမရွိပါ။
အေအးေပးစနစ္က အလြန္အားနည္းလို႔ အပူလြန္ၿပီး ကြန္ျပဴတာစနစ္ေတြကို အလိုေလွ်ာက္ျဖတ္ေတာက္ လိုက္ရင္ ေလဆိပ္တခုလုံး ကကြန္ျပဳူတာေတြရပ္သြားႏိုင္ပါတယ္။
မီးအေရးေပၚလ်င္ အလိုေလွ်ာက္ပိတ္ရမယ့္တံခါးေတြ မပိတ္လို႔ ျပန္ျပင္ရမွာ တံခါး တေထာင္ေလာက္ရွိပါသတဲ့ ၊ ျပန္လုပ္ရမယ့္ လွ်ပ္စစ္ႀကိဳးေတြက ကီလိုမီတာေပါင္မ်ားစြာ။
ေလယာဥ္ေတြပ်ံသန္းတဲ့ လမ္းေၾကာင္းနဲ႔ ဆူညံသံကာကြယ္ေပးဖို႔ လိုအပ္တဲ့ ေနရာေတြကို တြက္ခ်က္တာကလဲ လြဲေနပါတယ္။
ေလဆိပ္ဗိသုကာ Meinhard von Gerkan's က ေလဆိပ္မွာ ေဈးဝယ္တာကို မႀကိဳက္သူျဖစ္လို႔ ေလဆိပ္ဒီဇိုင္းမွာ ဆိုင္ေတြ နည္းႏိုင္သမွ်နည္းေအာင္ ေလွ်ာ့ထားခဲ့ ပါတယ္။ ဒီအေၾကာင္းကို ေလဆိပ္ကုမၸဏီက သိတာေနာက္က်လို႔ ဆိုင္ခန္းေတြအတြက္ အထပ္တခု ထပ္တိုးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ေလဆိပ္ေတြက အဲဒီလိုဆိုင္ခန္းငွားခေတြကေန ဝင္ေငြ အမ်ားအျပားရေနၾကတာပါ။
ျပသနာက အဲလိုထပ္တိုးတဲ့ အထပ္အတြက္ လိုအပ္လာတဲ့ မီးသတ္စနစ္လို မီးခိုးစုပ္ထုတ္စနစ္လို စနစ္ေတြကို ထပ္ျဖည့္ရမွာျဖစ္ၿပီး ဘယ္လို ထပ္ျဖည့္ထားတယ္ဆိုတာ ဘယ္သူမွ ေသခ်ာမသိဘူးဆိုပါတယ္။
ေလဆိပ္ႀကီးရဲ႕ မီးေဘးကာကြယ္ေရးစနစ္ စီမံကိန္းကိုေရးဆြဲသူ Alfredo di Mauro ဟာ လက္မွတ္ရအင္ဂ်င္နီယာတေယာက္မဟုတ္ဘဲ technical draftsman တေယာက္သာျဖစ္ပါသတဲ့ ။
The Magic Carpet နဲ႔ မၿပီးႏိုင္ေသာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္

အနာဂတ္အတြက္ႀကိဳတင္ျပင္ဆင္မႈအားနည္းခ်က္မ်ား

ေလဆိပ္စီမံကိန္းကို စတင္စဥ္က တႏွစ္ကို ခရီးသည္ ၂၇ သန္း အတြက္ရည္႐ြယ္ခဲ့ေပမယ့္ ေလဆိပ္ဖြင့္လွစ္ဖို႔ ေႏွာင္ေႏွးတာနဲ႔အမွ် အကယ္ဖြင့္လွစ္မယ့္အခ်ိန္မွာ ေလဆိပ္ႀကီး အေနနဲ႔ လက္ခံရမယ့္ ခရီးစဥ္နဲ႔ခရီးသည္အေရအတြက္က  အမ်ားႀကီးပိုလာမွာျဖစ္ပါတယ္။  ဒါေၾကာင့္ ဖြင့္လွစ္ၿပီးတာနဲ႔ တိုးခ်ဲ႕တဲ့လုပ္ငန္းကို  စတင္ရမယ့္ အေနအထားမွာရွိေနပါတယ္.
ေဆာက္လုပ္တာ အခ်ိန္ၾကာတာနဲ႔ အမွ် ေလေၾကာင္းလုပ္ငန္းေတြက ေျပာင္းလဲလာေတာ့ လိုအပ္ခ်က္ အသစ္ေတြ တိုးတိုးလာပါတယ္။ အခုေနာက္ပိုင္း ေဈးသက္သာတဲ့ ဘတ္ဂ်က္ေလေၾကာင္းလိုင္းေတြ အလ်င္အျမန္တိုးခ်ဲ႕တြင္က်ယ္လာတဲ့အခါ ေလဆိပ္ေတြမွာ သူတို႔ဖို႔ ေဈးေပါေပါနဲ႔ အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြလိုလာပါတယ္။ မူလဒီဇိုင္းမွာ အဲလို ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြမပါဘဲ  လုပ္ငန္းစရိတ္ႀကီးတဲ့ "jet bridges" ေတြပဲပါပါတယ္၊။ ဒါပမယ့္ ႀကီးၾကပ္ေရးဘုတ္အဖြဲ႕ဝင္ ႏိုင္ငံေရးသမားေတြကို လိုအပ္တဲ့ ဘတ္ဂ်က္ေလေၾကာင္းအတြက္ ဂိတ္ေတြ ထည့္ေပးဖို႔ထက္ Airbus A380 ေလယာဥ္ႀကီးေတြတြက္ ဂိတ္ေတြထည့္ဖို႔ကိုတြန္းအားေပးပါတယ္။
တဖက္ကလည္း အလုပ္လုပ္ေပးႏိုင္တဲ့ low cost တာမီနယ္ေတြ မျဖစ္မေနလိုအပ္လာေတာ့ သူတို႔အတြက္ ေနာက္ထပ္ ေနရာအသစ္တိုးခ်ဲ႕ရျပန္ပါတယ္၊ ဒီလို႔ အသစ္ျဖည့္စြက္ရတာေတြမ်ားလာေတာ့ ေလဆိပ္ေဆာက္လုပ္သူေတြမွာလည္း ဘယ္ကဘယ္လိုဆက္လုပ္ရမယ္ဆိုတာမသိေအာင္ ရႈပ္ေထြးကုန္ပါတယ္။

စရိတ္ စရိတ္ စရိတ္

၂၀၀၆ မွာ စတင္စဥ္က ယူ႐ို ၂.၅ဘီလီယံနဲ႔ ေရးဆြဲခဲ့တဲ့ စီမံကိန္းႀကီးဟာ ၂၀၁၇ မွာ ယူ႐ို ၆.၅ ဘီလီယံအထိကုန္က်ၿပီးျဖစ္ပါတယ္။  ေလဆိပ္ကိုမဖြင့္ရေသးလို႔ ဝင္ေငြမဝင္ေပမယ့္  ၇ ႏွစ္ေက်ာ္ ေႏွာင့္ေႏွးေနတဲ့ ေလဆိပ္မွာ ေန႔စဥ္နဲ႔အမွ် ထိမ္းသိမ္းရတဲ့စရိတ္ေတြတက္ေနသလို LCD display လို တခ်ိဳ႕ပစၥည္းေတြဆို မသုံးရေသးခင္ အသစ္နဲ႔ အစားထိုးရတဲ့ အေနအထားေရာက္ေနပါတယ္။ စက္ပစၥည္းေတြကိုလည္း မသုံးတာၾကာၿပီးဂ်မ္းမျဖစ္ေအာင္ ေန႔စဥ္ေမာင္းေပးေနရပါတယ္။ အစိုးရပိုင္ ေလဆိပ္ကုမၸဏီႀကီးက ေလဆိပ္ကို ထိန္းသိမ္းရတဲ့ စရိတ္ဟာ တလကို ယူ႐ို ၁၇ သန္းရွိပါတယ္။

All 750 of the monitors showing flight information had to be replaced earlier in 2018 - at a cost of €500,000 (Credit: Getty Images)

အခုထိျပင္ရတာေတြကလည္း ျပင္မဆုံးျဖစ္ေနလို႔ဒီေလဆိပ္ကို ဆက္မျပင္ေတာ့ဘဲ ဖ်က္ပစ္ၿပီး အသစ္တခုကို အစကျပန္စတာ အကုန္အက် ပိုသက္သာမယ္လို႔ အႀကံေပးတာေတြလည္းရွိပါတယ္။
ရထားဘူတာကထြက္လာတဲ့ စက္ေလွကားတခ်ိဳ႕ဟာ သိတ္တိုလြန္းတယ္၊ျပန္ျပင္ဖို႔ ကလည္း စားရိတ္အလြန္ႀကီးမယ္

ျပည္သူေတြေပးထားတဲ့ အခြန္ေတြကို ဒီေလာက္မ်ားမ်ားသုံးထားၿပီးမွ ျပန္ဖ်က္ဖို႔ မျဖစ္ေတာ့ဘူး တခုခုအေကာင္အထည္ ျပႏိုင္ေအာင္လုပ္ရေတာ့မယ္ point of no reture ကိုေရာက္ေနၿပီလို႔ ဆိုၿပီး ဆက္လုပ္ေနၾကတာပါ။
အခု ေနာက္ဆုံး သတ္မွတ္ထားတဲ့ ေလဆိပ္ဖြင့္ရက္ကေတာ့ ၂၀၂၀ ေအာက္တိုဘာလထဲမွာ ျဖစ္မယ္လို႔ ဆိုထားပါတယ္။ ဒီသတ္မွတ္ထားတဲ့ ရက္ကိုလည္း စိတ္ဝင္စားသူမရွိသေလာက္ျဖစ္ေနပါၿပီ။
တခ်ိန္က ကမာၻႀကီးကိုၿခိမ္းေျခာက္ခဲ့တဲ့ နာဇီ ဂ်ာမဏီရဲ႕ ၿမိဳ႕ေတာ္၊ အခုလည္းဥေရာပမွာ စီးပြားေရးနဲ႔နည္းပညာမွာ ေရွ႕ကဦးေဆာင္ေနတဲ့ ေခတ္သစ္ဂ်ာမဏီရဲ႕ၿမိဳ႕ေတာ္ ဘာလင္ဟာ ေလာေလာဆယ္မွာေတာ့ ၁၉၃၄ ခုႏွစ္ကတည္းကေဆာက္ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ႔ ၁၉၄၈ မွာ ရက္ ၉၀ နဲ႔ တည္ေဆာက္ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို႔ကိုပဲဆက္လက္ အားထားေနရပါတယ္။
ဒီ Berlin Brandenburg Airport (BER) ေလဆိပ္ႀကီးရဲ႕ျပသနာကေတာ့ ႏိုင္ငံတကာ မွာလည္း ျဖစ္တတ္တာေၾကာင့္ တိုင္ျပည္အုပ္ခ်ဳပ္သူေတြနဲ႔ ပညာရွင္ေတြ အားလုံး သခၤန္းစာယူရမယ့္ နမူႀကီးတခုျဖစ္ပါတယ္။ 

ဖိုးသုည
2/7/19

တစ္ဆေလေဆိပ်ကြီး Berlin Brandenburg Airport (BER) (ယူနီကုဒ်)

မီးရထားတစင်းဆိုက်လာတယ်၊ တံခါးတွေပွင့်လာတော့ လူတယောက်မှ မပါ။ 
လေဆိပ်ခန်းမထဲရောက်တော့ လေယာဉ် အတက်အဆင်းခရီးစဉ်ပြ မှန်သားပြင်တွေမှာ လေယာဉ်ခရီးစဉ် အမှတ်တွေနဲ့ အချိန်တွေက လှုပ်ရှားနေပေမယ့် ခရီးသည်နဲ့ လေကြောင်းလိုင်း ဝန်ထမ်းတွေ တယောက်မှမရှိ။ 
ပစ္စည်းရွေးဖို့ ခါးပတ် ( baggage reclaim conveyer belt) ကြီးလှုပ်ရှားလာတယ်။ အိတ်တလုံးမှမပါ။ 
ဒါတွေကနေ့စဉ် တကယ်ဖြစ်နေတာပါ။ 
ဆောက်ထား တပ်ထားပြီးသားစက်တွေ မသုံးဖြစ်လို့ ဂျမ်းဖြစ်ပြီး ရပ်မသွားအောင် နေစဉ် သုံးစွဲသူမရှိဘဲ လည်ပတ် အလုပ်လုပ်ခိုင်းထားရတာပါ။ ဘုတ်တွေမှာ ပြနေတဲ့ လေယာဉ်ခရီးစဉ်တွေကတော့ အနားက Berlin Schönefeld Airport လေဆိပ်ကခရီးစဉ်တွေပါ။ 
ဥရောပရဲ့ စီးပွားရေး အတောင့်ဆုံး၊ နည်းပညာ အတိုးတက်ဆုံး ဂျာမဏီနိုင်ငံရဲ့ Berlin Brandenburg Airport (BER) လေဆိပ်ကြီးမှာပါ။

သမိုင်းကြောင်း

၁၉၈၉ ခု မှာ ဘာလင်တံတိုင်းကိုဖြိုချပြီး အရှေ့နဲ့ အနောက်ဘာလင် နှစ်ခြမ်းပြန်လည်ပေါင်းစည်းခဲ့ပါတယ်.။
၁၉၉၀ မှာ ဂျာမဏီ၂ နိုင်ငံပြန်လည်ပေါင်းစည်းပြီး Federal Republic of Germany လို့ဖွဲစည်းလိုက်တဲ့အခါ ဘာလင်ဟာ ဂျာမဏီရဲ့မြို့တော်ပြန်ဖြစ်လာပါတယ်။ 
မြို့တော်ပြန်ဖြစ်လာတဲ့  ဘာလင်မှာ တိုးတက်လာတဲ့ လေကြောင်းပို့ဆောင်ရေး အတွက် ရှိပြီးသားလေဆိပ်တွေနဲ့ မလုံလောက်တော့ ပါဘူး။ နိုင်ငံရေးခေါင်းဆောင်တွေက ဘာလင် အတွက် ခေတ်မှီလေဆိပ်သစ်ကြီးတခုကို တည်ဆောက်ဆို့လိုတယ်ဆိုတာကို သဘောတူခဲ့ကြပါတယ်။
ဒီလိုနဲ့ လေဆိပ်သစ်ကြီးကိုစီမံခန့်ခွဲဖို့အတွက် ၁၉၉၁ ခုနှစ် မေလမှာ  Berlin Brandenburg Airport holding company ကြီး ကို တည်ထောင် ခဲ့ပါတယ်။ 
၁၉၉၆ ခုဇွန်လရောက်မှ လက်ရှိ အသုံးပြုနေတဲ့ Berlin Schönefeld Airport (SXF) အနားက မြေနေရာကို အတည်ပြုပါတယ်။  
MAP
တခါ ဘယ်ပုဂ္ဂလိကဆောက်လုပ်ရေးအဖွဲ့တွေကို ဆောက်ဖို့  ခေါ်ယူမယ်ဆိုတာနဲ့ ပတ်သက်ပြီးဖြစ်တဲ့ ပြသနာတွေကြောင့် ၂၀၀၀ ခုနှစ် နိုဝင်ဘာလရောက်မှ ယာယီ စီမံကိန်း အတည်ဖြစ်ပါတယ်။ လေဆိပ်ကို  ၂၀၀၇ ခုနှစ်မှာဖွင့်လှစ်ဖို့စီစဉ်ခဲ့ကြပါတယ်။ 
လက်တွေ့မှာတော့ လေဆိပ်ဆောက်မယ့်နေရာမှာတွေ့တဲ့ ရှေးဟောင်း သင်္ချိုင်းကို ရှေးဟောင်း သုတေသီတွေက ထူးဖေါ်တာကို စောင့်ရ၊ နယ်မြေခံပြည်သူတွေနဲ့ပြသနာ ၊  ကုန်ကျစရိတ်တွက်ချက်ရာမှာ မှားယွင်းမှု စတဲ့ပြသနာတွေကိုဖြေရှင်းနေရလို့ ၂၀၀၆ ခု စက်တင်ဘာလရောက်မှ ဆောက်လုပ်ရေး လုပ်ငန်းတွေကိုတကယ်စတင်နိုင်ခဲ့ပါတယ်။ 
ဒီလိုနဲ့ လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၃၀ လို့ ပြင်ဆင်သတ်မှတ်ထားခဲ့ပါတယ်. 
ဒါပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပြသနာတွေများလို့ နှောင့်နှေးနေပြီး လေဆိပ်ဖွင့်ဖို့ ရက်ကို ၂၀၁၂ ခု ဇန္နဝါရီလု ၃ ရက်၊ နောက်တော့ ၂၀၁၂ ဇွန်လလို့ ထပ်ပြောင်းပါတယ်။ 
ဝန်ကြီးချုပ် Angela Merkel ကို ဖိတ်ပြီး လေဆိပ်ကြီးကို ဖွင့်ဖို့ ပြင်ဆင်ထားရာ ဖွင့်ပွဲမတိုင်မီ တလအလို ၂၀၁၂ မေလ မှာ မီးဘေးကာကွယ်ရေး စနစ်လက်မှတ်ရဖို့ စစ်ဆေးတော့မှ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အတော်ဆိုးရွားတဲ့ ပြသနာတွေကိုတွေ့ရလို့ ဖွင့်ပွဲကို ၂၀၁၃ မတ်လ ၁၇ လို့ ပြောင်းရပါတယ်၊ နောက်တော့ ၂၀၁၃ အောက်တိုဘာ ၂၇ ကို ရွှေ့ပြန်ပါတယ်။ 
၂၀၁၃ ဇန္နဝါရီလအရောက်မှာတော့ လေဆိပ်တကယ်ဖွင့်မယ့်ရက်ကို မကြေငြာနိုင်တောဘဲ  ၂၀၁၄ အထိ ဖွင့်နိုင်မှာ မဟုတ်ဘူးလို့သာကြေငြာနိုင်ပါတော့တယ်၊ ဘာလင်မြို့တော်ဝန်လည်း ကြီးကြပ်ရေး ဘုတ်အဖွဲ့က နှုတ်ထွက်ပြီး Berlin Brandenburg Airportရဲ့ စီအီးအိုကိုလဲ ရာထုးက ဖြုတ်လိုက်ပါတယ်။ 
၂၀၁၄ မှာ စီအီးအို အသစ် Hartmut Mehdorn က လေဆိပ်ကို ၂၀၁၆ အထိ ဖွင့်လှစ်နိုင်ဖွယ် မရှိလို့ ကြေငြာပါတယ်။ တပူပေါ် နှစ်ပူဆင့်တက်တက်လာတဲ့ ပြသနာတွေနဲ့ မရေရာမှုတွေကြောင့် Mehdorn လည်း ၂၀၁၄ ဒီဇင်ဘာလမှာ စီအီးအိုအဖြ့စ်မှ နှုတ်ထွက်ခဲ့ပါတယ်။ 
၂၀၁၅ ဇူလိုင်၊ ဘာလင်မြို့တော်ဝန်သစ် Michael Müller က ကြီးကြပ်ရေး ဘုတ်အဖွဲ့ဥက္ကဌ နေရာကို ရယူပြီး လေဆိပ်ကို  ၂၀၁၇ မှာ ဖွင့်လှစ်နိုင်အောင် ဦးဆောင်ပြန်ပါတယ်။ 
၂၀၁၅ ဩဂုတ်လမှာတော့ လေဆိပ်စီမံကိမ်း အတွင်းက ချစားမှု လာယ်စားမှုတွေ တစပြီးတစ ထွက်လာပါတယ်။ လေဆိပ်နည်းပညာဆိုင်ရာ ဒါရိုက်တာ Jochen Grossmann ဟာ ယူရို သန်းတဝက် လာယ်စားမယ်ဆိုတဲ့ စွဲချက်နဲ့ တရားတဘောင်ရင်ဆိုင်နေရပါတယ်။

၂၀၁၆ ဒီဇင်ဘာလမှာတော့ နောက်ဆုံးရည်မှန်းထားတဲ့ ၂၀၁၇ မှာလေဆိပ်ဖွင့်လှစ်နိုင်ဖို့ မဖြစ်နိုင်ပါဘူးဆိုပြန်ပါတယ်။ 
မီးလုံးတွေမှားတပ်တာ၊ တံခါးတွေကို နံပတ်တပ်မှားနေတာ (၄၀၀၀)၊ မီးခလုပ်တွေ မရှိတာ၊ မှားယွင်းတဲ့ မီးကြိုးသွယ်တန်းမှု၊ မီးဘေးအချက်ပေး စနစ် မှားယွင်းမှု စတာတွေကနေ အဆောက်အဦအမိုးက သတ်မှတ်ထားတာထက် ၂ဆကျော်ပိုလေးနေတယ်ဆိုတဲ့ ပြသနာ အကြီးကြီးအထိ၊ ပြသနာပေါင်း (၅၅၀၀၀၀) သန်းတဝက်ကျော်လောက်ကိုပြင်ဆင်ရမယ်ဆိုတာ တွေ့ရှိလာရလို့ပါ။ 

ဘာတွေမှားခဲ့တာလဲ 

ပညာရှင်နဲ့ နိုင်ငံရေးသမား နေရာမှား

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချပေးရတဲ့ လေဆိပ်ဆောက်လုပ်ရေး ကြီးကြပ်မှု ဘုတ်အဖွဲ့ဝင်တွေဟာ လုပ်ငန်းကျွမ်းကျင်သူ စပယ်ရှယ်လစ်တွေ ဖြစ်ရမယ့်အစား ဒီလုပ်ငန်းတွေနဲ့ နီးစပ်မှု မရှိတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဘာလင်မြို့တော်ဝန် နဲ့  Brandenburg ပြည်နယ်ဝန်ကြီးချုပ် တို့ ဖြစ်နေပါတယ်။  စီမံကိန်းအကြီးကဲ၊ နည်းပညာအကြီးအကဲတွေကလည်း ဆိုင်ရာနယ်ပယ်မှာ မကျွမ်းကျင်ကြလို့ လူတွေတယောက်ပြီး တယောက်ပြောင်းရပါတယ်။ 
သူတို့က ဆောက်လုပ်ရေးလုပ်ငန်းတွေကို အတွေ့အကြုံရင့် ကုမ္ပဏီကြီးတခုကို အပ်ပြီး စီမံခန့်ခွဲစေတာမျိုးမဟုတ်ဘဲ လုပ်ငန်း ကန်ထရိုက်  ၃၀ -၄၀ လောက်ကို ဈေးသက်သက်သာသာနဲ့ ခိုင်းလို့ရတဲ့ ကုမ္ပဏီ အငယ်ကလေးတွေကို တိုက်ရိုက်ခွဲပေးခဲ့ပါတယ်။ အဲဒီမှာလုပ်ငန်းတွေအကြားညှိနှိုင်းထိန်းချုပ်ရတာတွေက ရှုပ်ထွေးကုန်ပါတယ်။ 

ဗိသုကာဆိုင်ရာပြသနာများ

ဗိသုကာဆိုင်ရာ မှားယွင်းတဲ့ထဲမှာ ပြသနာ်ကြီးတခုကတော့ပါ။ ဒီဇိုင်းဆွဲတဲ့ ဗိသုကာက ပူပြီး အထက်ကိုဆန်တက်တတ်တဲ့ မီးခိုးတွေကို လေဆိပ်ခန်းမအောက်ခြေကနေစုပ်ထုတ်ဖို့ လုပ်ထားပါတယ်၊  အစအဆုံးပြန်ပြင်ရပါတယ်။ 
ချက်အင်လုပ်ဖို့ကောင်တာတွေက သိပ်နည်းနေပြီး ခရီးသည်တွေအိတ်တွေကို ပြန်ရွေးဖို့ စနစ်ကနည်းလုံလောက်မှုမရှိပါ။ 
အအေးပေးစနစ်က အလွန်အားနည်းလို့ အပူလွန်ပြီး ကွန်ပြူတာစနစ်တွေကို အလိုလျှောက်ဖြတ်တောက် လိုက်ရင် လေဆိပ်တခုလုံး ကကွန်ပြုူတာတွေရပ်သွားနိုင်ပါတယ်။  
မီးအရေးပေါ်လျင် အလိုလျှောက်ပိတ်ရမယ့်တံခါးတွေ မပိတ်လို့ ပြန်ပြင်ရမှာ တံခါး တထောင်လောက်ရှိပါသတဲ့ ၊ ပြန်လုပ်ရမယ့် လျှပ်စစ်ကြိုးတွေက ကီလိုမီတာပေါင်များစွာ။
လေယာဉ်တွေပျံသန်းတဲ့ လမ်းကြောင်းနဲ့ ဆူညံသံကာကွယ်ပေးဖို့ လိုအပ်တဲ့ နေရာတွေကို တွက်ချက်တာကလဲ လွဲနေပါတယ်။ 
လေဆိပ်ဗိသုကာ Meinhard von Gerkan's က လေဆိပ်မှာ ဈေးဝယ်တာကို မကြိုက်သူဖြစ်လို့ လေဆိပ်ဒီဇိုင်းမှာ ဆိုင်တွေ နည်းနိုင်သမျှနည်းအောင် လျှော့ထားခဲ့ ပါတယ်။ ဒီအကြောင်းကို လေဆိပ်ကုမ္ပဏီက သိတာနောက်ကျလို့ ဆိုင်ခန်းတွေအတွက် အထပ်တခု ထပ်တိုးဖို့ တောင်းဆိုခဲ့ပါတယ်။ လေဆိပ်တွေက အဲဒီလိုဆိုင်ခန်းငှားခတွေကနေ ဝင်ငွေ အများအပြားရနေကြတာပါ။ 
ပြသနာက အဲလိုထပ်တိုးတဲ့ အထပ်အတွက် လိုအပ်လာတဲ့ မီးသတ်စနစ်လို မီးခိုးစုပ်ထုတ်စနစ်လို စနစ်တွေကို ထပ်ဖြည့်ရမှာဖြစ်ပြီး ဘယ်လို ထပ်ဖြည့်ထားတယ်ဆိုတာ ဘယ်သူမှ သေချာမသိဘူးဆိုပါတယ်။ 
လေဆိပ်ကြီးရဲ့ မီးဘေးကာကွယ်ရေးစနစ် စီမံကိန်းကိုရေးဆွဲသူ Alfredo di Mauro ဟာ လက်မှတ်ရအင်ဂျင်နီယာတယောက်မဟုတ်ဘဲ technical draftsman တယောက်သာဖြစ်ပါသတဲ့ ။ 

အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များ

လေဆိပ်စီမံကိန်းကို စတင်စဉ်က တနှစ်ကို ခရီးသည် ၂၇ သန်း အတွက်ရည်ရွယ်ခဲ့ပေမယ့် လေဆိပ်ဖွင့်လှစ်ဖို့ နှောင်နှေးတာနဲ့အမျှ အကယ်ဖွင့်လှစ်မယ့်အချိန်မှာ လေဆိပ်ကြီး အနေနဲ့ လက်ခံရမယ့် ခရီးစဉ်နဲ့ခရီးသည်အရေအတွက်က  အများကြီးပိုလာမှာဖြစ်ပါတယ်။  ဒါကြောင့် ဖွင့်လှစ်ပြီးတာနဲ့ တိုးချဲ့တဲ့လုပ်ငန်းကို  စတင်ရမယ့် အနေအထားမှာရှိနေပါတယ်. 
ဆောက်လုပ်တာ အချိန်ကြာတာနဲ့ အမျှ လေကြောင်းလုပ်ငန်းတွေက ပြောင်းလဲလာတော့ လိုအပ်ချက် အသစ်တွေ တိုးတိုးလာပါတယ်။ အခုနောက်ပိုင်း ဈေးသက်သာတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းတွေ အလျင်အမြန်တိုးချဲ့တွင်ကျယ်လာတဲ့အခါ လေဆိပ်တွေမှာ သူတို့ဖို့ ဈေးပေါပေါနဲ့ အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေလိုလာပါတယ်။ မူလဒီဇိုင်းမှာ အဲလို ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေမပါဘဲ  လုပ်ငန်းစရိတ်ကြီးတဲ့ "jet bridges" တွေပဲပါပါတယ်၊။ ဒါပမယ့် ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင် နိုင်ငံရေးသမားတွေကို လိုအပ်တဲ့ ဘတ်ဂျက်လေကြောင်းအတွက် ဂိတ်တွေ ထည့်ပေးဖို့ထက် Airbus A380 လေယာဉ်ကြီးတွေတွက် ဂိတ်တွေထည့်ဖို့ကိုတွန်းအားပေးပါတယ်။ 
တဖက်ကလည်း အလုပ်လုပ်ပေးနိုင်တဲ့ low cost တာမီနယ်တွေ မဖြစ်မနေလိုအပ်လာတော့ သူတို့အတွက် နောက်ထပ် နေရာအသစ်တိုးချဲ့ရပြန်ပါတယ်၊ ဒီလို့ အသစ်ဖြည့်စွက်ရတာတွေများလာတော့ လေဆိပ်ဆောက်လုပ်သူတွေမှာလည်း ဘယ်ကဘယ်လိုဆက်လုပ်ရမယ်ဆိုတာမသိအောင် ရှုပ်ထွေးကုန်ပါတယ်။  

စရိတ် စရိတ် စရိတ်

၂၀၀၆ မှာ စတင်စဉ်က ယူရို ၂.၅ဘီလီယံနဲ့ ရေးဆွဲခဲ့တဲ့ စီမံကိန်းကြီးဟာ ၂၀၁၇ မှာ ယူရို ၆.၅ ဘီလီယံအထိကုန်ကျပြီးဖြစ်ပါတယ်။  လေဆိပ်ကိုမဖွင့်ရသေးလို့ ဝင်ငွေမဝင်ပေမယ့်  ၇ နှစ်ကျော် နှောင့်နှေးနေတဲ့ လေဆိပ်မှာ နေ့စဉ်နဲ့အမျှ ထိမ်းသိမ်းရတဲ့စရိတ်တွေတက်နေသလို LCD display လို တချို့ပစ္စည်းတွေဆို မသုံးရသေးခင် အသစ်နဲ့ အစားထိုးရတဲ့ အနေအထားရောက်နေပါတယ်။ စက်ပစ္စည်းတွေကိုလည်း မသုံးတာကြာပြီးဂျမ်းမဖြစ်အောင် နေ့စဉ်မောင်းပေးနေရပါတယ်။ အစိုးရပိုင် လေဆိပ်ကုမ္ပဏီကြီးက လေဆိပ်ကို ထိန်းသိမ်းရတဲ့ စရိတ်ဟာ တလကို ယူရို ၁၇ သန်းရှိပါတယ်။ 
အခုထိပြင်ရတာတွေကလည်း ပြင်မဆုံးဖြစ်နေလို့ဒီလေဆိပ်ကို ဆက်မပြင်တော့ဘဲ ဖျက်ပစ်ပြီး အသစ်တခုကို အစကပြန်စတာ အကုန်အကျ ပိုသက်သာမယ်လို့ အကြံပေးတာတွေလည်းရှိပါတယ်။ 
ပြည်သူတွေပေးထားတဲ့ အခွန်တွေကို ဒီလောက်များများသုံးထားပြီးမှ ပြန်ဖျက်ဖို့ မဖြစ်တော့ဘူး တခုခုအကောင်အထည် ပြနိုင်အောင်လုပ်ရတော့မယ် point of no reture ကိုရောက်နေပြီလို့ ဆိုပြီး ဆက်လုပ်နေကြတာပါ။
အခု နောက်ဆုံး သတ်မှတ်ထားတဲ့ လေဆိပ်ဖွင့်ရက်ကတော့ ၂၀၂၀ အောက်တိုဘာလထဲမှာ ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဒီသတ်မှတ်ထားတဲ့ ရက်ကိုလည်း စိတ်ဝင်စားသူမရှိသလောက်ဖြစ်နေပါပြီ။ 
တချိန်က ကမ္ဘာကြီးကိုခြိမ်းခြောက်ခဲ့တဲ့ နာဇီ ဂျာမဏီရဲ့ မြို့တော်၊ အခုလည်းဥရောပမှာ စီးပွားရေးနဲ့နည်းပညာမှာ ရှေ့ကဦးဆောင်နေတဲ့ ခေတ်သစ်ဂျာမဏီရဲ့မြို့တော် ဘာလင်ဟာ လောလောဆယ်မှာတော့ ၁၉၃၄ ခုနှစ်ကတည်းကဆောက်ခဲ့တဲ့ Berlin Schönefeld Airport  (IATA: SXF, ICAO: EDDB)   နဲ့ ၁၉၄၈ မှာ ရက် ၉၀ နဲ့ တည်ဆောက်ခဲ့တဲ့ Berlin Tegel "Otto Lilienthal" Airport (IATA: TXL, ICAO: EDDT)  တို့ကိုပဲဆက်လက် အားထားနေရပါတယ်။ 
ဒီ Berlin Brandenburg Airport (BER) လေဆိပ်ကြီးရဲ့ပြသနာကတော့ နိုင်ငံတကာ မှာလည်း ဖြစ်တတ်တာကြောင့် တိုင်ပြည်အုပ်ချုပ်သူတွေနဲ့ ပညာရှင်တွေ အားလုံး သင်္ခန်းစာယူရမယ့် နမူကြီးတခုဖြစ်ပါတယ်။ 

ဖိုးသုည
2/7/19